• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

စစ်အာဏာရှင်ကို သီချင်းတွေနဲ့ တိုက်မယ့် Rap Against Junta

by ဧရာဝတီ
29 October 2021
in အင်တာဗျူး
A A
Rap Against Junta ၏ ဒစ်ကောင်စီ အယ်လ်ဘမ် Artwork

Rap Against Junta ၏ ဒစ်ကောင်စီ အယ်လ်ဘမ် Artwork

14.4k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်းစစ်ကောင်စီကို အားရပါးရ ဆဲဆိုထားရုံမက တိုင်းရင်းသားဘာသာတွေနဲ့ပါ ခေတ်မီမီ တီးခတ်သီဆိုထားတဲ့ နိုင်ငံရေး Rap သီချင်းတွေ အင်တာနက်ပေါ်မှာ Rap Against Junta ဆိုတဲ့အဖွဲ့က ထုတ်လုပ်ဖြန့်ချိနေခဲ့ပါတယ်။ သီချင်း ၁၀ ပုဒ်ပါတဲ့ သူတို့ရဲ့ နောက်ဆုံးအယ်လ်ဘမ် “ဒစ်ကောင်စီ” ကို soundcloud ပေါ်မှာ မကြာမီကပဲ ဖြန့်ချိခဲ့ပါတယ်။

အယ်လ်ဘမ်အပြည့်အစုံကို

[irrawaddy_sound id=”247092″]

မှာ နားဆင်နိုင်ကြပါတယ်။

နားဆင်သူအတော်များများက အကြိုက်တွေ့နေကြတဲ့ Rap Against Junta စီစဉ်သူ ကိုအေးဝင်းကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါတယ်။

မေး။ ။ အရင်ဆုံး ဒီ Rap Against Junta ဆိုတာ ဘယ်လိုဖြစ်ပေါ်လာတာလဲ။

ဖြေ။ ။ ကျနော်တို့အဖွဲ့က Rap Against Junta ဆိုပြီးတော့ Hip Hop နဲ့ အာဏာရှင်တွေကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေလုပ်တာပေါ့။ ပြီးတော့ ကျနော်တို့က Hip Hop နဲ့ ဂီတယဉ်ကျေးမှုပုံစံတမျိုးလို သူတို့ကို တိုက်ထုတ်မယ်ပုံစံလိုသွားတာပေါ့။ ကျနော်တို့စလုပ်တာတော့ ဆန္ဒပြနေတဲ့ကာလအတွင်းမှာ လမ်းမပေါ်မှာ ရှိုးပွဲလေးတွေလုပ်တယ်။ လက်တန်းရွတ်ဆိုပွဲလေးတွေ လုပ်တယ်။ ပြီးတော့ ဖမ်းဆီးခံရတာတွေများလာတော့ ကျနော်တို့ Digital Platform ပေါ်ကို တက်သွားတယ်။ ဒါပါပဲ။

မေး။ ။ ဒီလှုပ်ရှားမှုမှာ ဘယ်လိုလူတွေပါဝင်လဲ။

ဖြေ။ ။ ပွင့်ပွင့်လင်းလင်းပြောရရင် အာဏာသိမ်းပြီး ဖေဖော်ဝါရီလ ၁ရက်နေ့ထဲကိုက ကျနော်တို့ Entertainment ရော အနုပညာတခုလုံးကိုက သူတို့ရဲ့ လောကကြီးတခုလုံးကိုက မရှိတော့ဘူးပဲပြောရမှာပေါ့။

ကျနော်တို့ထဲမှာ Rapper တွေတယောက်မှတော့ မပါဘူး။ ထုတ်လုပ်ရေးပိုင်းက လူတွေပါတယ်။ အနုပညာရှင်တွေလည်း ပါတယ်။ ဒါပေမယ့် Rap တော့ မရွတ်ကြဘူး။ ကျနော်တို့က ကျတော့ Platform တခုကို ဆောက်မယ်။ ပြောရရင် အခုခေတ်ကာလက သီချင်းလုပ်ရတာလည်း ခက်မယ်။ သီချင်းလုပ်တဲ့သူက သူက သီချင်းလည်း လုပ်ရဦးမယ်။ လူတွေကြားထဲကို ရောက်အောင်လည်း လုပ်ရဦးမယ်။ အဲဒါတွေအတွက် ကျနော်တို့က ကူညီပေးတဲ့သဘောမျိုး သက်ရောက်တာပေါ့။ ကျနော်တို့ထဲမှာ မြန်မာနိုင်ငံထဲကသူတွေ တဝက်ကျော်ကျော်လောက်ရှိတယ်။ ပြီးရင် နိုင်ငံခြားကို ရောက်နေတဲ့သူတွေလည်း ပါတယ်။ အားလုံးက ကိုင်းကျွန်းမြီကျွန်းကိုင်းမြီပါပဲ။ အသက်အရွယ်အပိုင်းအခြားကတော့ ၁၈ ၊ ၁၉ ကနေ ၄၀ ကျော်လောက်ထိ ရှိတယ်။

မေး။ ။ သီချင်းတွေလုပ်တဲ့အခါမှာရော ဒီကာလမှာဆိုတော့ ဘယ်လိုအခက်အခဲရှိလဲ။

ဖြေ။ ။ အဓိကကတော့ အင်တာနက်ပြတ်သွားရင် ဘာမှတော့ဆက်ပြီး လုပ်လို့မရတော့ဘူး။ ကျနော်တို့အရင်က Milk Tea Allience အတွက် သီချင်းတွေလည်းလုပ်ခဲ့တယ်။ ကျနော်တို့က ဒီဂျစ်တယ်ပေါ်မှာပဲ ရှိကြတယ်။ ကျနော်တို့မှာရှိတဲ့ အဖွဲ့သားအချင်းချင်းတောင် အသိမခံကြဘူး။ Nick Name တွေကိုပဲ သုံးနှုန်းကြတယ်။ အဓိကက အွန်လိုင်းပေါ်မှာပဲ အလုပ်လုပ်ကြတဲ့ Digital သမားတွေပါပဲ။

RelatedPosts

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
37
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
25
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
111
Rap Against Junta ၏ Dictators must die သီချင်း Artwork

မေး။ ။ ဒီလိုမျိုး လူငယ်တွေပဲ ဘယ်လိုမျိုးစုမိသွားတာလဲ။

ဖြေ။ ။ ကျနော်တို့အရွယ်တွေဆို အရွယ်ကောင်းတွေ ကျနော်တို့ ညီတွေ ဘော်ဒါတွေဆို တချို့ဆို PDF ထဲ ဝင်သွားတာတွေရှိတယ်။ တချို့ကျ နိုင်ငံခြားကို ပြေးသွားတဲ့သူတွေ ရှိတယ်။ အဖမ်းခံရတဲ့သူတွေ ရှိတယ်။ အခုထိ ပြန်မလွတ်ကြသေးဘူး။ ကျနော့်အနေနဲ့ကျတော့ လမ်းမပေါ်မှာ ဗုံးတွေပစ် သေနတ်တွေကိုင်ဖို့ကျတော့ ကြောက်တယ်။ အဲဒီတော့ ကျနော်တို့ ဒီအဖွဲ့လုပ်ရတာ ကျနော်တို့အတွက်လည်း အဆင်ပြေမယ်။ ပြီးတော့ အများကြီး အများကြီး သက်သာတယ်။ စိတ်ချရသေးတယ်။ လက်နက်ကိုင်နေတဲ့သူတွေ ထဲထဲဝင်ဝင် လုပ်နေကြတဲ့သူတွေကိုဆိုရင် လေးစားလွန်းလို့ ကျနော်တို့လည်း တခုမဟုတ် တခုလုပ်ရမယ်။ အဓိကကတော့ အာဏာရှင်စနစ်ပြုတ်ကျရေးပဲ။

မေး။ ။ အခုလတ်တလောထွက်ထားတဲ့ Dick Council ဆိုတဲ့ Album အကြောင်းလည်း ပြောပြပါဦး။

ဖြေ။ ။ ဒီအခွေတခုလုံးလုပ်တာ ၃လကြာတယ်။ ကျနော်တို့သီချင်း လက်ခံတဲ့အချိန်ရှိတယ်။ ကျနော်တို့မှာ အဆိုတော်တွေမရှိတော့ အပြင်ကလူငယ်တွေကို ခေါ်ရတာပေါ့။ ကျနော်တို့ သီချင်းစုစုပေါင်း ၂၅ ပုဒ်ရတယ်။ အဲဒီ ၂၅ ပုဒ်မှာ ၁၂ ပုဒ်ပြန်ရွေးတယ်။ ပြီးတော့ Audio Master တွေ Album Art တွေ ထုတ်လုပ်ရေးပိုင်းတွေကို ကျနော်တို့က တာဝန်ယူပြီးတော့ လုပ်ရတာပေါ့။ ပထမဆုံး သီချင်းလက်ခံတဲ့ကာလမှာတော့ အခက်အခဲတွေ ရှိသွားတာပေါ့။ ကိုဗစ်တတိယလှိုင်းနဲ့ဆိုတော့ ဒုက္ခတွေရောက်နေတယ်။ စိတ်ဆင်းရဲနေတယ်။ အဲဒီအချိန်မှာ ကျနော်တို့က သီချင်းတွေလိုက်တောင်းသလို ဖြစ်သွားတယ်။ ကျနော်တို့လည်း မတတ်နိုင်ဘူး။ ဒါပေမယ့်လည်း လုပ်ရမှာပဲပေါ့။

မေး။ ။ Dick Council Album ကို ဖန်တီးရတဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ။

ဖြေ။ ။ ကျနော်တို့ မင်းအောင်လှိုင်ကြီး သေသွားရင် ပြီးပြီပဲဆိုတာက အဖြေပေါ့။ ကျနော်တို့ မြန်မာနိုင်ငံအရေးက ဘယ်သူကမှလည်း အရေးစိုက်နေတာမဟုတ်ဘူး။ အဲဒီတော့ ကျနော်တို့လုပ်သမျှအားတွေ အကုန်လုံးသည် မြန်မာနိုင်ငံအတွက် ၅၀ ရာခိုင်နှုန်း၊ နိုင်ငံတကာအတွက် ၅၀ ရာခိုင်နှုန်း ဆိုပြီးထားတယ်။ များသောအားဖြင့် နိုင်ငံတကာကို သွားရင်းနဲ့ မြန်မာနိုင်ငံဟာကို ပစ်ထည့်တာပေါ့။ သူများတွေရဲ့အရေးမှာ မြန်မာနိုင်ငံအရေးကို ကျနော်တို့က ကြော်ငြာပြန်ထိုးသလိုမျိုး စဉ်းစားထားတာ။ အဲဒါကတော့ ကျနော်တို့ရဲ့ ရည်ရွယ်ချက်ပေါ့။ တဦးတယောက်ချင်းစီကိုတော့ ကျနော်တို့ Entertain ပေးလို့လည်း မရဘူး။

မေး။ ။ သီချင်းတွေပြန်ရွေးတဲ့အပိုင်းမှာရော ဘယ်လိုအခက်အခဲရှိလဲ။

ဖြေ။ ။ ကျနော်တို့က ဘယ်သီချင်းပဲရရ အွန်လိုင်းပေါ်ပစ်တင်ထားလိုက်တယ်။ စစ်ကောင်စီက အင်တာနက်ဖြတ်ချလိုက်ရင် ဒီဘက်မှာလုပ်နေတာတွေ ဆက်လုပ်လို့ မရတော့ဘူး။ အဲဒီတော့ ရတာတွေကို Cloud ပေါ် တင်ထားလိုက်တယ်။ ကျနော်တို့ မြန်မာဘက်က ကျသွားရင် တခြားနိုင်ငံဘက်နေ ဆက်ပြီးလုပ်လို့ရတာပေါ့။ ကျနော်တို့ သီချင်းရွေးတာတော့ တပတ်လောက်ကြာတာပေါ့။ Final ရွေးပြီးရင် အားလုံးအနေနဲ့ ကျေနပ်လား ဝိုင်းပြီးတော့ ပြောကြတယ်။ မပါသွားတဲ့သူတွေကိုလည်း စိတ်ဓာတ်မကျပါနဲ့လို့ ပြောချင်ပါတယ်။ သူတို့အကြောင်းအမျိုးမျိုးကြောင့်လည်း ဖြစ်မယ်။ ကွာလတီပိုင်းဆိုင်ရာ ခက်ခဲမှုလေးတွေ နည်းနည်းလေး လိုအပ်သွားလို့ပဲ ထင်တယ်။ အဓိကက စိတ်ဓာတ်မကျသွားဘဲနဲ့ ဆက်သွားနေဖို့ အရေးကြီးတယ်။

မေး။ ။ ဒါဆို အဓိကက Music Industry ထဲက လူငယ်တွေဝိုင်းပြီး ဖန်တီးထားတဲ့သဘောပေါ့။

ဖြေ။ ။ အဓိကက Music Industry က ပျက်သွားပြီဆိုတော့ ကျနော်တို့က ဒီသီချင်းကို မြန်မာပရိသတ်အတွက် ဦးတည်ထားတယ်ဆိုပေမယ့် Platform ကကျတော့ International Platform ကို ဦးစားပေးပြီးတော့ တင်တာပေါ့။ လူငယ်တွေကို ဦးစားပေးတယ်။ တယောက်ယောက်က Support ပေးနိုင်ဖို့ အရေးကြီးတယ်။ သူတို့ရဲ့ဖန်တီးမှုတွေ လူတွေကြားထဲကို ရောက်သွားဖို့က ကျနော်တို့တာဝန်အနေနဲ့ ကြိုးစားလိုက်တာလည်းဖြစ်တယ်။ Battle Mood ကိုကြိုက်တော့ ဖြဲရတာကို ကြိုက်တယ်။

မေး။ ။ ဒီကာလမှာ ဖန်တီးကြရတဲ့အခါမှာ အသံသွင်းတာကအစ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံရလဲ။

ဖြေ။ ။ ခက်ခဲတာကတော့ ဟုတ်တယ်။ ကျနော်တို့လည်း အဆိုတော်တွေ ဘယ်သူမှန်းမသိဘူး။ အပြင်မှာလည်း မမြင်ဖူးဘူး။ နာမည်အသစ်တွေ ပေးထားတာဆိုတော့ ဒါလည်း ကောင်းပါတယ်။ ရေရှည်လုပ်ချင်တာကို သီချင်းထွက်ဖို့က အရေးကြီးတယ်။ နာမည်တွေဘာတွေ နောက်မှထား။ အခက်အခဲကတော့ တယောက်နဲ့တယောက်မတူဘူး။ တချို့ဆို ငိုတောင်ငိုတဲ့သူရှိတယ်။ စိတ်ဓာတ်ကျနေပါပြီပေါ့။ ဒီအနုပညာလမ်းကို ဆက်ပြီးမလျှောက်နိုင်တော့ပါဘူးဆိုပြီးတော့ အဲဒီလိုကျတော့ ကျနော်တို့အနေနဲ့ ဘာကူညီပေးနိုင်မလဲပေါ့။ ငွေရေးကြေးရေးပိုင်းကျတော့လည်း ကျနော့်မှာရှိတဲ့ပိုက်ဆံလေးနဲ့ စတူဒီယိုဖိုးဆိုပြီး ပေးလိုက်လို့လည်း မရဘူး။ ဘဝအတွက် ခက်ခဲနေတာ။ စတူဒီယိုဖိုး မရှိတာမဟုတ်ဘူး။ အတတ်နိုင်ဆုံးတော့ လုပ်သွားပေးတာပဲ။

Rap Against Junta ၏ Lee coup သီချင်း Artwork

မေး။ ။ International Platform ကနေသွားတာဆိုတော့ ရလာမယ့် ငွေရေးကြေးပိုင်းကိုရော ဘယ်လိုအသုံးပြုသွားမလဲ။

ဖြေ။ ။ တချို့လူတွေကျတော့ ပိုက်ဆံကိစ္စကို မြင်ကြတာတွေ ရှိတယ်။ သူတို့ကိုပေးမယ့်အစားတော့ PDF ထဲရောက်သွားတဲ့ ကျနော့်သူငယ်ချင်းတွေပဲ ပေးတော့မှာပေါ့။ ကျနော်တို့ Album Streaming ရတာတွေ အကုန်လုံးကို လှူပါ့မယ်လို့ ပြောထားတယ်။ အလှူခံတောင်းနေတာမဟုတ်ဘူး။ ပေးရတဲ့လူတွေလည်း စိတ်ချမ်းသာအောင် သီချင်းတပုဒ်က ကျည်တတောင့်စာဖိုးရရင်လည်း ကျည်တတောင့်စာပေါ့။ ဒါမှမဟုတ် မိသားစုတစုအတွက် စားနပ်ရိက္ခာတနပ် ရသွားရင်လည်း ကာမိတာပေါ့။ ကျနော်တို့ကတော့ လှူဖြစ်မှာပါ။ စိတ်သန့်သန့်နဲ့ပဲ လုပ်ထားတာဆိုတော့ လှူသွားမှာပါ။

မေး။ ။ သီချင်းတွေထွက်ပြီး ဘယ်လို Feedback တွေ ပြန်လာလဲ။

ဖြေ။ ။ Feedback ကတော့ လူအယောက် ၁၀၀ မှာ ၁၀၀ က ကောင်းတယ်ပဲပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က အနှစ်ကြီးပဲပေးတာ ကျနော်တို့ Audio ကွာလတီကို အရမ်းကောင်းတဲ့ Version နဲ့ပေးထားတာ။ အာဏာမသိမ်းခင်ရှိနေတဲ့ Music ပုံစံတွေမဟုတ်ဘဲနဲ့ တကယ့်အကောင်းစားပုံစံမျိုးကို ပေးထားပြီးသားဖြစ်တဲ့အတွက် အားလုံးကတော့ ကောင်းတဲ့မှတ်ချက်တွေပဲ ပေးထားတွေ့တယ်။

မေး ။ ။ အရင်တုန်းကရော နိုင်ငံရေးနဲ့ပတ်သက်တဲ့ သီချင်းတွေလုပ်ဖူးလား။ နိုင်ငံရေးသီချင်းတွေ လုပ်ရတဲ့အခါမှာ စိတ်ခံစားချက်က ဘယ်လိုရှိလဲ။

ဖြေ။ ။ ဒီအခွေမတိုင်ခင်တော့ အရှေ့မှာ လုပ်ထားတာတွေရှိတယ်။ Milk Tea Allience ဆိုပြီး နိုင်ငံ ၆ နိုင်ငံပေါင်းလုပ်ထားတဲ့ သီချင်းလည်း ရှိတယ်။ အခက်အခဲကတော့ လုံးဝစိန်ခေါ်မှုအသစ်ပဲ။ ပုံမှန်လုပ်နေတာတွေနဲ့ မတူတာတွေ တွေ့ရတယ်။ ကျနော်တို့တွေက ရုပ်ဖျောက်၊ ကိုယ့်ရဲ့ဖြစ်တည်မှုကို ဖျောက်ပြီးတော့ လုပ်ရတော့ ကြော်ငြာပိုင်းဆိုင်ရာ အားနည်းတာတွေရှိတယ်။ မလွယ်တော့မလွယ်ဘူး။ အဓိကက သီချင်းကကောင်းတယ်ဆိုရင် ပေါက်တာတော့ပေါက်မှာပါပဲ။

မေး။ ။ နောက်ပိုင်းမှာရော ဘာတွေဆက်လုပ်သွားဖို့ရှိမလဲ။

ဖြေ။ ။ ဆက်လုပ်နေဦးမှာပါပဲ။ အဓိကကတော့ လူမှန်နေရာမှန်လေးတွေ ရောက်ဖို့ပေါ့။ ဒီတိုင်းနေနေရင် ဘာလုပ်လို့ လုပ်ရမှန်းမသိဘဲ စိတ်ဓာတ်တွေကျ အရက်တွေပဲသောက်ပြီး ဖြတ်သန်းနေရမယ့်ဘဝတွေ ဖြစ်နေလိမ့်မယ်။ တခုခုလုပ်နေရတဲ့အတွက် အသက်ရူထွက်ပေါက် ရှင်သန်နေရတယ်လို့ ထင်တယ်။ ကျနော်တို့အဖွဲ့ထဲက ညီမလေးတယောက်လုပ်နေတဲ့ တိုင်းရင်းသားဘာသာစကား ၈ မျိုးနဲ့ သီချင်းတွေ လုပ်နေတယ်။

မေး။ ။ ဘာများဖြည့်စွက်ပြီး ပြောချင်တာရှိဦးမလဲ။

ဖြေ။ ။ အဓိကကတော့ တယောက်ထဲမဟုတ်ပါဘူး။ ငါ စွဲလေးတွေလျော့ပြီး တခုမဟုတ် တခုတော့ လုပ်နေပေါ့။ ကိုယ်လုပ်တာက သေးသေးလေးပဲဖြစ်ပါစေ။ တဖြည်းဖြည်း ကြီးလာပါလိမ့်မယ်။ အမြန်သွားချင်ရင်တော့ တယောက်ထဲသွားပါ။ အဝေးကြီးသွားချင်ရင်တော့ အုပ်စုလိုက်သွားပါ။ တယောက်နဲ့တယောက် စည်းလုံးမှသာ ဒီပွဲက နိုင်မှာ။ မစည်းလုံးရင်တော့ ဒီပွဲက နည်းနည်းခက်မယ်။ သတိထားပါ။ အသက်ကိုလည်း ဉာဏ်စောင့်ပါ။

You may also like these stories:

လွတ်ငြိမ်းထဲ မပါလာသည့် အနုပညာရှင်များအတွက် မိသားစုဝင်များ စိုးရိမ်နေ

အာဏာရှင် မပြုတ်မချင်း ပြည်သူတယောက်အနေနဲ့ ဆက်လုပ်နေမှာပဲ

ဂျာမဏီ ရုပ်ရှင်ပွဲတော်တခုတွင် အိန္ဒြာကျော်ဇင်နှင့် ပိုင်ဖြိုးသုတို့ ဆန်ခါတင် ရွေးချယ်ခံရ

ကိုယ် ယုံကြည်ပြီး တည်ဆောက်ခဲ့သမျှ အားလုံး ပျက်စီးသွားတာပဲ

Your Thoughts …
Tags: Rap Against Juntaစစ်အာဏာရှင်စီစဉ်သူ ကိုအေးဝင်းဒစ်ကောင်စီသီချင်းတွေနဲ့ တိုက်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နိုင်ငံတော်ဈာပန ဆိုသော်ငြား ပြည်သူမချစ်ရင် ကမ္ဗည်းမတင်

နိုင်ငံတော်ဈာပန ဆိုသော်ငြား ပြည်သူမချစ်ရင် ကမ္ဗည်းမတင်

by မောင်ဘိုး
18 August 2025
7.6k

ပြည်သူလူထု လေးစားကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဈာပနတွေဆိုရင်တော့ ဘယ်လောက်ပဲ အတားအဆီး အကန့်အသတ်ရှိပါစေ မဖြစ်ဖြစ်တဲ့နည်းနဲ့ ပြည်သူတွေ ဂုဏ်ပြုကြတယ်ဆိုတာ အတိတ်ဖြစ်ရပ်တွေက သက်သေပြပြီး ဖြစ်ပါတယ်။

ဈာပနများက ဖော်ပြသော စစ်အာဏာရှင်တို့၏ သဘောထား အမှန်

ဈာပနများက ဖော်ပြသော စစ်အာဏာရှင်တို့၏ သဘောထား အမှန်

by ဇုန်းရိန်
13 June 2024
6k

သူရဦးတင်ဦး၏ နာရေးကြော်ငြာကိုလည်း စစ်ကောင်စီထိန်းချုပ် သတင်းစာ၏ စာမျက်နှာတခုတွင် မထင်မရှား ထည့်သွင်းပေးခဲ့သည်။

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

by စံရိပ်ငြိမ်
7 July 2025
4.1k

ဒေါ်အောင်ဆန်းစုကြည် အကြောင်း ရေးသားထားတဲ့ The Economist က စာကတော့ Asia’s disgraced saint လို့ ခေါင်းစဉ် တပ်ထားတဲ့ ဆောင်းပါးပဲ ဖြစ်ပါတယ်။

ခေတ်ဆိုး စနစ်ဆိုးနဲ့ ၃ နှစ်တာ

ခေတ်ဆိုး စနစ်ဆိုးနဲ့ ၃ နှစ်တာ

by ဧရာဝတီ
1 February 2024
2.4k

အာဏာသိမ်းစစ်တပ်ရဲ့ လက်အောက် အသက်ရှုကျပ်ခဲ့ရတဲ့ ပြည်သူတွေရဲ့ ၃ နှစ်တာအခြေအနေကို ပြန်ပြောင်း ပုံဖော်တဲ့ အခါ မြန်မာနိုင်ငံဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်း စလို့ အမှောင်ကျခဲ့တာလို့ ဆိုရမှာပါ။

တပ်ပေါင်း ဘာကြောင့် မစုနိုင်ကြသလဲ

တပ်ပေါင်း ဘာကြောင့် မစုနိုင်ကြသလဲ

by ရန်နိုင် (သလ္လာဝတီ)
11 September 2025
2.3k

ဘာကြောင့် တပ်ပေါင်းစု မဖွဲ့စည်းနိုင်ကြသလဲဆိုတာကို အဖြေရှာကြတဲ့အခါ မတူညီတဲ့ရှုထောင့်မျိုးစုံ ရှိပါတယ်။

ဒီပဲယင်း…

ဒီပဲယင်း…

by စိုးအောင်ဆန်း
25 August 2024
2.2k

ဒီပဲယင်းကို မျက်ရည်တွေ၊ သွေးတွေနဲ့ လိမ်းကျံ စွန်းထင်းစေခဲ့တဲ့ ရာဇဝင်ကျွေးကို တော်လှန်ရေး တပ်ဖွဲ့တွေက ပြန်လည် တောင်းယူနေပြီလို့…။

Next Post
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတခုတွင် ၂၀၀၈ ဖွဲ့စည်းပုံ စာအုပ်ကို မီးရှို့စဉ် / ဧရာဝတီ

အနာဂတ် ပြည်ထောင်စုကို ရှင်းလင်းပြတ်သားစွာ ရွေးချယ်ဆုံးဖြတ်ရန် လိုနေပြီ (အပိုင်း - ၃)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သဘာပတိ ဦးဝင်းထိန် / ဧရာဝတီ

NLD နာယက ဦးဝင်းထိန် ထောင်နှစ် ၂၀ ချခံရ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved