“တော်လှန်ရေးတပ်တွေအားလုံး စုပေါင်းပြီးတိုက်ရင် စစ်အာဏာရှင် ပြုတ်ကျနိုင်တယ်” ဆိုတာ နိုင်ငံရေး တလုံးမှ နားမလည်ရင်တောင် လူတိုင်းသိတဲ့ အမှန်တရားဖြစ်ပါတယ်။ နိုင်ငံရေးအရရော စစ်ရေးအရပါ တပ်ပေါင်းစုကြီး ဖွဲ့ပြီး စုစည်းတိုက်ကြရင် စစ်အာဏာရှင်တွေထက် အဆမတန် အင်အားကြီးမယ်ဆိုတာ နားလည်ကြပါတယ်။
ဒါပေမယ့် ဘာကြောင့် ဒီလောက်ရှင်းနေတဲ့လုပ်ငန်းစဉ်၊ ဒီလုပ်ငန်းစဉ်ကနေ လိုချင်တဲ့အဖြေထွက်မယ် ဆိုတာလည်း သိလျက်နဲ့ မလုပ်ကြတာလည်း ဆိုတာကို အဖြေရှာကြရာမှာတော့ ရှင်းလင်းမနေပြန်ပါဘူး။
အနာနဲ့ဆေး
ဘာကြောင့် တပ်ပေါင်းစု မဖွဲ့စည်းနိုင်ကြသလဲဆိုတာကို အဖြေရှာကြတဲ့အခါ မတူညီတဲ့ရှုထောင့်မျိုးစုံ ရှိပါတယ်။ ဒီမတူညီတာတွေကို အသေးစိတ် မဆွေးနွေးခင်မှာ “ရောဂါသိမှ အဖြေရှိ”၊ “အနာသိမှ ဆေးရှိ” ဆိုသလို ရောဂါရဲ့ဇာစ်မြစ်က ဘာလဲဆိုတာကို လေ့လာဖို့လိုပါတယ်။ ရောဂါရဲ့ဇာစ်မြစ်ကို ယတိပြတ် “ဒါဖြစ်တယ်” ဆိုပြီး ဆွေးနွေးချက်မဟုတ်ဘဲ ဖြစ်နိုင်ခြေဇာစ်မြစ်တခုကို အဖြေရှာခြင်းသာဖြစ်ပါတယ်။
သို့သော် ဇာစ်မြစ်ကို ရှာပုံရှာနည်းတွေကိုတော့ ပြဿနာဖြေရှင်းသူတိုင်း နားလည်သင့်တယ်ထင်လို့ တင်ပြခြင်းဖြစ်ပါတယ်။
ကျနော်တို့နိုင်ငံရဲ့ ပြည်တွင်းစစ်က ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နဲ့ ကရင်အမျိုးအသားအစည်းအရုံး (KNU) တို့ စတင်တော်လှန်ခဲ့တဲ့ ၁၉၄၈ ခုနှစ်ကတည်းကနေ နောင် သုံးနှစ်နေရင် နှစ်ပေါင်း ၈၀ ကြာမြင့်ပြီဖြစ်ပါတယ်။ ဒီပြည်တွင်းစစ် ရောဂါကပ်ဆိုး စတင်တဲ့အချိန်ကို မှတ်သားဖို့လိုပါတယ်။ ဒါမှသာ အဲဒီအချိန်ရဲ့ နိုင်ငံရေးအခြေအနေနဲ့ အဖြစ်အပျက်တွေကို ချိန်ထိုးပြီး ရောဂါရဲ့ မူလဇာစ်မြစ်ကို သိရှိနိုင်မှာဖြစ်ပါတယ်။ ရောဂါရဲ့မူလဇာစ်မြစ်ကို သိရှိမှသာ ကုသဖို့ ဆေးနည်းလည်း မှန်ကန်မှာဖြစ်ပါတယ်။

ပြည်တွင်းစစ်ရဲ့ ဇာစ်မြစ်
ဒီနေရာမှာ ဘာကြောင့် ပြည်တွင်းစစ်ဖြစ်ရတယ်ဆိုတာကို အသေးစိတ် သုံးသပ်မှာ မဟုတ်ပါ။ ခြုံငုံကြည့်ရင် တခုလုံးကို မြင်နိုင်ပေမယ့် အသေးစိတ်ကို မမြင်နိုင်သလို အသေးစိတ်ကြည့်ပြန်ရင်လည်း တခုလုံးကို မြင်နိုင်ဖို့ခက်ခဲတဲ့ ဝိရောဓိရှိပါတယ်။ ဒါကြောင့် ပြည်တွင်းစစ်ကို တခုလုံးကို ခြုံကြည့်တာဖြစ်လို့ အသေးစိတ်ကို ကြည့်နိုင်ဖို့ သတိရှိရှိပျက်ကွက်ပါတယ်။
အထက်မှာဆိုခဲ့တဲ့ ဗကပ တောခိုတော်လှန်ခြင်းနဲ့ KNU တို့ လက်နက်ကိုင်တော်လှန်ခြင်းက အခြေခံအကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ သို့သော် ခြုံကြည့်ရင် “အိုင်ဒီယိုလော်ဂျီ တော်လှန်ရေး” နဲ့ “အမျိုးသားလွတ်မြောက်ရေး တော်လှန်ရေး” အမျိုးအစား နှစ်ခုဖြစ်ပါတယ်။
ဗကပတွေရဲ့ တော်လှန်ရေးက ၁၉၄၈ ပါလီမန်အစိုးရသည် အရင်းရှင် လက်ဝေခံအစိုးရဖြစ်လို့ တနိုင်ငံလုံး ဆိုရှယ်လစ်လူ့ဘောင် တည်ထောင်ရေးအတွက် ပါလီမန်အစိုးရကို ဆန့်ကျင်ကြခြင်းဖြစ်ပါတယ်။ KNU တွေရဲ့ တော်လှန်ရေးကတော့ ကရင်အမျိုးသားတွေ အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေးအတွက် ဗမာကြီးစိုးတဲ့ ဗဟိုအစိုးရလက်အောက်ကနေ လွတ်မြောက်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းနိုင်ခွင့် ဖြစ်ပါတယ်။
မူလဘူတ တော်လှန်ရေးဇာစ်မြစ်ကြီး နှစ်ခုဖြစ်တဲ့ ဗကပ နဲ့ KNU တို့အတွက် ပါလီမန်အစိုးရက ဘုံရန်သူဖြစ်ပေမယ့် မူလအစကတည်းကပင် ပူးပေါင်းပြီး တိုက်ခိုက်နိုင်ခဲ့ကြခြင်း အလျဉ်းမရှိတာကို အထူးသတိပြုရပါမယ် (ဆွေးနွေးမှုတွေရှိခဲ့ပေမယ့် မဟာမိတ်မဖွဲ့နိုင်ခဲ့ပါ)။
ဘာကြောင့် မဟာမိတ်ဖွဲ့ပြီး တပ်ပေါင်းစုအဖြစ် မတိုက်နိုင်သလဲဆိုရင် ဗကပဟာ အိုင်ဒီယိုလော်ဂျီ တော်လှန်ရေးကို ဆင်နွှဲတာဖြစ်ပြီး KNU က ကရင်အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်ရေးကို အခြေတည်ထားကြတာဖြစ်လို့ပါ။
ဘာကြောင့် မဟာမိတ်ဖွဲ့ပြီး တပ်ပေါင်းစုအဖြစ် မတိုက်နိုင်သလဲဆိုရင် ဗကပဟာ အိုင်ဒီယိုလော်ဂျီ တော်လှန်ရေးကို ဆင်နွှဲတာဖြစ်ပြီး KNU က ကရင်အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်ရေးကို အခြေတည်ထားကြတာဖြစ်လို့ပါ။

နောက်ထူးခြားချက်က ဗကပဟာ “တနိုင်ငံလုံး” ကို “ဆိုရှယ်လစ်လူ့ဘောင် ကွန်မြူနစ်စနစ်” တည်ဆောက်ဖို့ဖြစ်ပြီး KNU “ကော်သူလေး ပြည်နယ် (သို့မဟုတ်) ကော်သူလေးနိုင်ငံ” ကို ရည်မှန်းပြီး “ကရင်လူမျိုးအချင်းချင်း အုပ်ချုပ်တဲ့စနစ်” ကို တည်ထောင်ဖို့ဖြစ်ပါတယ်။ ဒါကြောင့် တနိုင်ငံလုံး ကိစ္စရပ်ကို အခြေတည်တဲ့ ဗကပနဲ့ ကော်သူလေးဒေသကို သီးခြား အခြေတည်တဲ့ KNU တို့က ဘုံရန်သူတူသည့်တိုင် မဟာမိတ်တွေ မဖြစ်ခဲ့ကြပါဘူး။
နောက်ပိုင်းမှာ လူမျိုးအသီးသီးကို အခြေပြုတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အလျှိုလျှိုပေါ်ပေါက်လာပေမယ့် ပထမဦးဆုံး ပေါ်ပေါက်ခဲ့တဲ့ KNU နဲ့ သဘောတရားအခြေအခံက မကွာခြားလှပါဘူး။ “လူမျိုးတန်းတူညီရေး” ပဲ ခေါ်ခေါ်၊ “လူမျိုးလွတ်မြောက်ရေး” ပဲ ခေါ်ခေါ်၊ “ဖက်ဒရယ်” ပဲ ခေါ်ခေါ် “လူမျိုး” တခုခုကို အခြေပြုလှုပ်ရှားတဲ့ တော်လှန်ရေးတွေသာ ဖြစ်ပါတယ်။
ဒီလိုပဲ အိုင်ဒီယိုလော်ဂျီအခြေခံ ဗကပရဲ့ တော်လှန်ရေး အားနည်းပြိုကျသွားပေမယ့် အခြား အိုင်ဒီယိုလော်ဂျီ အခြေခံ တော်လှန်ရေးတခု အားကောင်းမောင်းသန် ပေါ်ထွက်လာပြန်ပါတယ်။ လစ်ဘရယ်ဝါဒကို အခြေခံတဲ့ လစ်ဘရယ်ဒီမိုကရေစီ တော်လှန်ရေး ဖြစ်ပါတယ်။ အားအကောင်းဆုံး အစုအဖွဲ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဖြစ်ပြီး ၁၉၈၈ မှာ စတင်ပါတယ်။
တော်လှန်ရေးရဲ့ ဘိုးအေကြီး နှစ်ခုဖြစ်တဲ့ ဗကပ နဲ့ KNU တို့ မဟာမိတ်မဖွဲ့စည်းနိုင်သလိုပဲ NLD နဲ့ အများပြားသော KNU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAO) တွေကလည်း မဟာမိတ်ဖွဲ့ဖို့ အကြိမ်ကြိမ် ကြိုးစားပေမယ့် ထိရောက်တဲ့ စုဖွဲ့မှုမျိုး မလုပ်နိုင်ခဲ့ပါဘူး။ အဲဒီအချိန်မှာ ဘုံရန်သူက ပါလီမန်အစိုးရ မဟုတ်တော့ဘဲ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) အစိုးရကို အတူတကွ တိုက်ကြတာဖြစ်ပေမယ့် ခိုင်မာတဲ့ မဟာမိတ်စုဖွဲ့မှု ဖြစ်မလာခဲ့ပါ။
၁၉၄၈ တော်လှန်ရေးဇာစ်မြစ်ကြီး နှစ်ခုဖြစ်တဲ့ ဗကပနဲ့ KNU တို့ ဘုံရန်သူ ပါလီမန်အစိုးရကိုတိုက်ဖို့ မဟာမိတ်မဖွဲ့နိုင်ခဲ့။ ၁၉၉၀ မှာ တော်လှန်ရေး အသစ်ကြီးတွေဖြစ်တဲ့ လစ်ဘရယ်ဒီမိုကရေစီတော်လှန်ရေးနဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများလည်း ဘုံရန်သူ နဝတ အစိုးရကို တော်လှန်ဖို့ မဟာမိတ်မဖွဲ့နိုင်ခဲ့ပါ။ ၂၀၂၁ ခုနှစ် လစ်ဘရယ်ဒီမိုကရေစီ တော်လှန်ရေးကို ဆက်သယ်ဆောင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ လူမျိုးအခြေပြု တော်လှန်ရေးကို ဆက်သယ်ဆောင်တဲ့ ERO များလည်း ဘုံရန်သူ စစ်အုပ်စုကို တိုက်ဖို့ မဟာမိတ်မဖွဲ့နိုင်သေး ဆိုပြီး တွေ့ရှိရမှာဖြစ်ပါတယ်။

ဘာကြောင့်
“ဘာကြောင့်” ဆိုတဲ့မေးခွန်းက နှစ် ၈၀ နီးပါး ပြည်တွင်းစစ်ရဲ့ အသက်တမျှ အရေးကြီးတဲ့မေးခွန်းဖြစ်ပါတယ်။ အဖြေမသိခင် အမေးကို မေးနိုင်မှ အဖြေက နီးစပ်လာမှာဖြစ်ပါတယ်။ အပေါ်ယံမေးပြီး အပေါ်ယံဖြေတဲ့အခါ အပေါ်ယံဖြေရှင်းနည်းတွေပဲ ထွက်လာပြီး ပြဿနာရင်းမြစ်က မပြေလည်သွားပါဘူး။
ပြည်တွင်းစစ်ကို ကင်ဆာရောဂါတခုအဖြစ် ဒါမှမဟုတ် ဗိုင်းရပ်စ် ကူးစက်မှုတခုအဖြစ် မြင်ကြည့်ရင် ရှင်းလင်းလာနိုင်ပါတယ်။
စစ်အာဏာရှင်က အရင်းအမြစ်လား၊ နောက်တွဲ ပြဿနာလား
ဒီမေးခွန်းက အထူးသတိထားမေးရမယ့် မေးခွန်းဖြစ်ပါတယ်။ ယနေ့ အများစုပြောကြတာက “တိုင်းရင်းသား ERO တွေက ဘာကြောင့် စစ်အာဏာရှင် အပြီးသတ်ပြုတ်ကျတဲ့အထိ ပြည်မအင်အားစုတွေနဲ့ ပူးပေါင်းမတိုက်ဘဲ မိမိတို့ဒေသ ကွက်ကွက်လေးတွေ လွတ်မြောက်ရေး တိုက်နေရသလဲ” ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။
အဖြေပေးကြတဲ့အခါမှာလည်း စိတ်ခံစားမှုကို အခြေခံပြီး “ERO တွေက အရှည်မတွေးတတ်လို့၊ တကိုယ်ကောင်းဆန်လို့” စသဖြင့် ဝေဖန်ကြသူတွေလည်း ရှိပါတယ်။ တဖက်မှာလည်း “ERO တွေက နှစ်ပေါင်းများစွာ အင်အားတည်ဆောက်ခဲ့ပြီး သေချာတိုက်လို့ သူ့နယ်သူ ယူကြတာ မနာလိုမဖြစ်နဲ့၊ NUG အသုံးမကျလို့သာ ERO တွေက လာပြီး မပေါင်းစည်းတာ၊ ပြည်မမှာ အသေခံတိုက်ပေးရအောင် ERO တွေက သူတို့အလုပ်လား” ဆိုပြီး ထောက်ခံနေကြသူတွေလည်း ရှိပါတယ်။
ဒီသုံးသပ်ချက် နှစ်ခုလုံးက ဆန့်ကျင်ဘက်တွေဖြစ်ကြပေမယ့် အဖြေကို ရောက်ဖို့မရှိဘဲ ဒီကနေ့ ကြုံတွေ့ရသလို လိပ်ခဲတည်းလည်းမှာပဲ ပိတ်မိနေမှာပါ။ ဥပမာ ERO တွေက တကိုယ်ကောင်းဆန်လို့ဆိုပြီး သုံးသပ်လိုက်ရင် အဖြေက တကိုယ်ကောင်းမဆန်အောင် ဘာဆက်လုပ်ရမလဲ၊ ERO တွေက NUG အသုံးမကျလို့ မပူးပေါင်းတာဆိုရင် NUG က အသုံးကျအောင် ဘာလုပ်ရမလဲဆိုပြီး အဖြေတွေက လွဲချော်ပြီး စိတ်ခံစားမှုတွေနောက်သာ ကောက်ကောက်ပါကြဖို့ ရှိပါတယ်။

ဒါကြောင့် မူလဇာစ်မြစ်ကို လေ့လာသုံးသပ်တဲ့အခါ ၁၉၄၈ ခုနှစ်မှာ စစ်အာဏာရှင် မဟုတ်ဘဲ လူထုက ရွေးကောက်တင်မြှောက်ထားတဲ့ ပါလီမန်ဒီမိုကရေစီအစိုးရကို ဗကပ နဲ့ KNU တို့ တော်လှန်ခဲ့ကြတာဆိုတာ မမေ့ဖို့လိုပါတယ်။ ပါလီမန်ဒီမိုကရေစီအစိုးရက ပြီးပြည့်စုံတဲ့ အစိုးရမဟုတ်ပါ။
သို့သော် လူထုရွေးကောက်တင်မြှောက်ထားတဲ့ အမတ်တွေချည်းပဲ မဟုတ်ဘဲ ယနေ့ de facto ခေါ် တရားဝင်မှုရှိတဲ့ ရွေးကောက်ခံမဟုတ်တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ရှမ်းစော်ဘွားတွေလို ဒေသခံပဒေသရာဇ်တွေပါ စုပေါင်းထားတဲ့ တိုင်းပြုပြည်ပြုလွှတ်တော်ကနေ ရေးဆွဲပေးတဲ့ အခြေခံဥပဒေကနေ ပေါ်ပေါက်လာတဲ့အစိုးရတရပ် ဖြစ်ပါတယ်။
ယနေ့ အများစု အထင်ရှိနေသလို တိုင်းရင်းသား ERO တွေက စစ်အာဏာရှင်စနစ်ကို နှစ်ပေါင်း ၇၀ ကျော်ကြာ တိုက်ခိုက်ခဲ့တာ မဟုတ်ပါဘူး။ ၁၉၄၈ ကနေ ပထမဆုံး စစ်အာဏာရှင်စတဲ့ ၁၉၆၂ ခုနှစ်ကြား ၁၄ နှစ်ကာလဟာ ပါလီမန်ဒီမိုကရေစီအစိုးရ ဖြစ်ပါတယ်။ ဒါကြောင့် ယနေ့ စစ်အာဏာရှင် အမြစ်ပြတ်ရေးဆိုတာ ERO တွေရဲ့ မူလဘူတ ရည်မှန်းချက်မဟုတ်ဘဲ ၁၉၆၂ နောက်ပိုင်းကျမှ ခေတ်ရေစီးကြောင်းအရ ထပ်မံဖြည့်စွက်ထားတဲ့ ရည်မှန်းချက်ဖြစ်ပါတယ်။ အပြစ်တင်လိုခြင်း မဟုတ်ပါ။
၎င်းတို့ မူလရည်မှန်းချက်က စစ်အာဏာရှင် ဖြုတ်ချရေးမဟုတ်ဘဲ လူမျိုး လွတ်မြောက်ရေး၊ ကိုယ့်လူမျိုးကိုယ် အုပ်ချုပ်နိုင်ရေး ဖြစ်တယ်ဆိုတာကို သတိချပ်ဖို့ဖြစ်ပါတယ်။
ဒါကြောင့် ဗကပလိုမျိုး တနိုင်ငံလုံး ကွန်မြူနစ်စနစ်နဲ့အုပ်ချုပ်ရေး၊ NLD လို တနိုင်ငံလုံး လစ်ဘရယ်ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်ရေး၊ NUG လို တနိုင်ငံလုံး ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်ရေးဆိုတဲ့ အရာတွေမှာ ERO တွေ အဓိက မဟာမိတ်ဖွဲ့ဖို့ အခက်အခဲဖြစ်တာက “တနိုင်ငံလုံး” ဆိုတဲ့ စကားရပ်နဲ့ အခြေခံပဲဖြစ်ပါတယ်။
ဒါကြောင့် ယနေ့အထိဖြစ်နေတဲ့ ပြည်တွင်းစစ်ဟာ စစ်အာဏာရှင်စနစ်ကြောင့် ပေါ်ပေါက်လာတာဖြစ်တယ်လို့ သုံးသပ်ဖို့ ခက်ပါတယ်။ စစ်အာဏာရှင်စနစ် မပေါ်ပေါက်ခင် အနည်းဆုံး ၁၄ နှစ်စောပြီး ပေါ်ပေါက်လာတဲ့ ပြည်တွင်းစစ် ဖြစ်နေပါတယ်။

ဒီလိုပြောလို့ စစ်အာဏာရှင်က ပြဿနာမဟုတ်ဘူးလို့ လုံးဝဆိုလိုရင်း မဟုတ်ပါ။ စစ်အာဏာရှင်စနစ်က ပြည်တွင်းစစ် ဗိုင်းရပ်စ်ပိုးကို ပိုဆိုးအောင်၊ ပျံ့နှံ့အောင်ဖန်တီးပေးတဲ့ အကြောင်းရင်းကြီး တရပ်ဖြစ်ပါတယ်။ ဆိုလိုရင်းက ဘုံရန်သူ စစ်အာဏာရှင် ရှိရုံနဲ့ အလွယ်တကူ စုစည်းလို့ရမယ်လို့ ပေးနေကြတဲ့ ဆေးနည်းတွေ လုံးဝ အလုပ်မဖြစ်နိုင်ဘူးလို့ ဆိုချင်တာပါ။
ဘုံရန်သူရှိရုံနဲ့ ပူးပေါင်းကြရင် ၁၉၄၈၊ ၁၉၉၀ ကာလတွေကတည်းက စုစည်းပြီးဖြစ်ပါတယ်။
ဗကပ၊ NLD နဲ့ NUG
ဒီတခါ အိုင်ဒီယိုလော်ဂျီဘက်အခြမ်းက တော်လှန်ရေးတွေကို ကြည့်ရပါမယ်။
ပါလီမန်ဒီမိုကရေစီအစိုးရဟာ စီးပွားရေးမှာ ဆိုရှယ်လစ်စနစ် စီးပွားရေးထက် အရင်းရှင်စီးပွားရေးစနစ်ပုံစံ ဖြစ်တာကြောင့် ဗကပ က တောခိုလက်နက်ကိုင် တော်လှန်ခဲ့ကြတာ ဖြစ်ပါတယ် (ဒီနေရာမှာ ပုဂ္ဂိုလ်ရေး ဂိုဏ်းဂဏတွေ ဘေးဖယ်ပြီး မူရင်း မတူတဲ့ အိုင်ဒီယိုလော်ဂျီတွေကို သုံးသပ်တာဖြစ်ပါတယ်)။
NLD ကတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ရဲ့ တပါတီ အာဏာရှင်စနစ်ကို ပါတီစုံ လစ်ဘရယ်ဒီမိုကရေစီစနစ် တည်ဆောက်ဖို့ တော်လှန်တာဖြစ်ပါတယ်။
NUG ကလည်း စနစ်အရ ပါတီစုံဒီမိုကရေစီဖြစ်ပေမယ့် ပြည်ထောင်စုက ဗဟိုချုပ်ကိုင်တဲ့ တပြည်ထောင်စနစ် ဖြစ်တာကြောင့် ဗဟိုမချုပ်ကိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့ တော်လှန်တာဖြစ်ပါတယ်။
အိုင်ဒီယိုလော်ဂျီနဲ့ ရည်မှန်းချက်တွေ ကွာခြားပေမယ့် “တနိုင်ငံလုံး” ကို ကိုယ်စားပြုတဲ့ ဒီတော်လှန်ရေးကြီး သုံးခုစလုံးဟာ လူထုထောက်ခံမှု၊ အထူးသဖြင့် ပြည်မမှာ ထောက်ခံမှု အားကောင်းပါတယ်။ ဒါကတိုက်ဆိုင်မှု မဟုတ်ပါ။ ဗမာအများစု နေထိုင်တဲ့ ပြည်မဟာ ခေတ်အဆက်ဆက် သီးခြား လူမျိုးလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ခဲ့ခြင်း မရှိပါ။ စနစ်ပြောင်း၊ အိုင်ဒီယိုလော်ဂျီပြောင်း တော်လှန်ရေးကြီးတွေကသာ အမြစ်တွယ်အားကောင်းလေ့ ရှိပါတယ်။

ဒါကြောင့် “ဗမာပြည်နယ် ဖွဲ့စည်းရေး” ဆိုတဲ့ ERO တွေဘက်က တင်သွင်းလာတဲ့ တော်လှန်ရေးဟာ ဗမာလူမျိုးတွေအကြား၊ ပြည်မအကြား အားမကောင်းတာ ဖြစ်ပါတယ် (၁၉၆၁ ခုနှစ်မှာ တင်သွင်းခဲ့တဲ့ ရှမ်းမူမှာလည်း ဗမာပြည်နယ်ဖွဲ့စည်းရေး ပါခဲ့ပါတယ်။)
အပြန်အလှန်ဆိုသလို ERO တိုင်းရင်းသားဒေသတွေမှာလည်း လူမျိုးအခြေပြုမဟုတ်တဲ့ “တနိုင်ငံလုံး” အခြေပြု ခေတ်ပြောင်းစနစ်ပြောင်း တော်လှန်ရေးတွေက အားမကောင်းပါဘူး။
စစ်တပ်၊ အိုင်ဒီယိုလော်ဂျီနဲ့ လူမျိုးအခြေပြုတော်လှန်ရေးများ
နိုင်ငံရေးအဖွဲ့အစည်းတိုင်းက ခေတ်အလိုက်စနစ်အလိုက် အိုင်ဒီယိုလော်ဂျီလှိုင်းတွေကို စီးကြလေ့ရှိပါတယ်။ ယနေ့စစ်တပ်ဟာ ၁၉၄၅ ခုနှစ်ကတည်းက တည်ထောင်ခဲ့တဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) မဟုတ်တော့ပါဘူး။ ၁၉၄၈ ခုနှစ်မှာ စစ်တပ်က ပါလီမန်ဒီမိုကရေစီရဲ့အောက်မှာ တိုက်တဲ့စစ်တပ်ဖြစ်ပြီး ပါလီမန်ဒီမိုကရေစီကို ဆန့်ကျင်တဲ့ လက်ဝဲဝါဒီ ဗကပ နဲ့ လူမျိုးအခြေပြု KNU တို့ရဲ့ ရန်သူဖြစ်ပါတယ်။
၁၉၆၂ ခုနှစ်နောက်ပိုင်း မဆလ ဖြစ်လာတဲ့အခါ ရန်သူတွေက မပြောင်းလဲသေးပေမယ့် စစ်တပ်က ပါလီမန်ဒီမိုကရေစီကို သစ္စာခံတဲ့ စစ်တပ် မဟုတ်တော့ဘဲ မဆလ ပါတီကို သစ္စာခံတဲ့စစ်တပ် ဖြစ်လာပါတယ်။ ၁၉၈၉ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်အထိကတော့ လုံးဝ စစ်အာဏာရှင်စနစ် တိတိကျကျကျင့်သုံးတဲ့ စစ်တပ်ဖြစ်ပါတယ်။
၂၀၁၀ ပြည့်နှစ်ကနေ ၂၀၂၁ ခုနှစ်အထိကျပြန်တော့ လျော့ရဲရဲ စစ်အာဏာရှင်မကျ လစ်ဘရယ်ဒီမိုကရေစီမကျ အစိုးရစနစ်ထဲမှာ ကျင်လည် ပြန်ပါတယ်။ မည်သို့ပင် ပြောင်းလဲစေကာမူ စစ်အာဏာရှင်တို့ ကိုင်စွဲထားတဲ့ အုတ်မြစ်က “တနိုင်ငံလုံး” ကို အခြေခံတဲ့ စနစ်တခုခုအောက်မှာ ၎င်းတို့ အာဏာတည်မြဲရေးဖြစ်ပါတယ်။
ဒါကြောင့် ဗကပ ဖြစ်ဖြစ်၊ NLD ဖြစ်ဖြစ်၊ NUG ဖြစ်ဖြစ်၊ ၎င်းတို့ အာဏာတည်မြဲဖို့ အာမခံချက်မရှိတဲ့၊ “တနိုင်ငံလုံး” ကို အခြေခံတဲ့ ဘယ်စနစ်ပဲဖြစ်ဖြစ် ရည်မှန်းတဲ့သူတိုင်းဟာ စစ်တပ်ရဲ့ရန်သူ ဖြစ်ပါတယ်။ ထို့အတူ “တနိုင်ငံလုံး” စနစ်ကို မစဉ်းစားဘဲ သီးခြား ခွဲခြားပြီး လူမျိုးအခြေပြု တော်လှန်တဲ့ တော်လှန်ရေးတိုင်းကလည်း ခွဲထွက်ရေးသမားတွေဆိုပြီး စစ်တပ်က ရန်သူအဖြစ် သတ်မှတ်တာဖြစ်ပါတယ်။
ဆိုလိုတာက စစ်တပ်အတွက် အိုင်ဒီယိုလော်ဂျီအခြေပြုဖြစ်ဖြစ်၊ လူမျိုးအခြေပြုဖြစ်ဖြစ် ရန်သူ နှစ်မျိုး နှစ်စား ရှိတယ်ဆိုတာကို စစ်တပ်က အတွင်းကျကျ သိနားလည်ပါတယ်။ ပိုထူးခြားချက်က နှစ် ၈၀ နီးပါး ပြည်တွင်းစစ်မှာ ဒီလို DNA ဗီဇမတူတဲ့ တော်လှန်ရေးကြီး နှစ်ခုက ဘယ်ခေတ်ပြောင်းပြောင်း စုစည်းလို့မရဘဲ လိပ်ခဲတည်းလည်း ဖြစ်နေတဲ့သဘောကိုလည်း စစ်တပ်က နောကြေအောင် နားလည်ပါတယ်။

မသိနားမလည်သလို ဖြစ်ကြရတာက စစ်တပ်ကို တော်လှန်ကြတဲ့ တော်လှန်ရေးအင်အားစုကြီးတွေ ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ် စစ်အာဏာရှင် မပေါ်ခင်ကတည်းက ဘုံရန်သူကလည်း ရှင်းလင်းပြီးသားအင်အားစုတွေ မစုဖွဲ့နိုင်ခြင်းကို လျှော့တွက်ကြပါတယ်။ ဒါတွေက အဖွဲ့အစည်းတခုခုကြောင့် ဖြစ်သလိုလို၊ လူတဦးကြောင့်၊ ခေါင်းဆောင်တွေကြောင့်ဖြစ်သလိုလို၊ အပေါ်ယံ မစည်းလုံးကြလို့ဖြစ်သလိုလို၊ စုစည်းရင် နိုင်မယ်ဆိုတာလောက်မှ မသိသလိုလို အပေါ်ယံတွေ သုံးသပ်ကြတာဖြစ်ပါတယ်။
တော်လှန်ရေးမျဉ်းပြိုင် နှစ်ကြောင်း
ဒီကနေ့အထိ “စုစည်းရင် နိုင်မယ်” ဆိုတဲ့ ဖန်တရာတေနေတဲ့ အကြံပြုချက်မျိုး ဘက်ပေါင်းစုံကနေ နားချသူတွေ ရှိပါတယ်။ ဒီလိုပဲ “မစုစည်းရင် အားလုံး ရှုံးကြမယ်” ဆိုတာမျိုး ဘက်ပေါင်းစုံကနေ သတိပေးနေကြတာလည်း ရှိပါတယ်။ မာန်မာနတွေ မထားကြဖို့၊ ကိုယ်ကျိုးမကြည့်ကြဖို့ စသဖြင့် စုံနေအောင် သုံးသပ်ကြပါတယ်။ ဆိုလိုတာက မစုစည်းရင် အားလုံးရှုံးမယ်၊ စုစည်းရင် နိုင်မယ်ဆိုတာက လူတိုင်းသိတဲ့ တော်လှန်ရေးမဟာဗျူဟာ လျှို့ဝှက်ချက်ကြီး ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီကနေ့အထိ ကိုယ့်ဘာသာ လိမ်နေကြတာက မတူညီတဲ့ တော်လှန်ရေးကြီး နှစ်ခုရှိတယ်ဆိုတာတချက်ရယ်၊ နောက်တချက်က ဒီမတူညီတဲ့ တော်လှန်ရေးကြီးက အခုမှပဲ ERO တဖွဲ့ဖွဲ့က မကောင်းလို့ စုစည်းမရသလိုလို၊ NUG က အားနည်းလို့ စုစည်းမရသလိုလို ပြောနေကြတာဖြစ်ပါတယ်။
အမှန်တကယ်က မူလဘူတ စစ်အာဏာရှင် မဟုတ်တဲ့ ပါလီမန်ဒီမိုကရေစီအစိုးရကို တော်လှန်ကြကတည်းက အိုင်ဒီယိုလော်ဂျီအခြေပြုနဲ့ လူမျိုးအခြေပြုတော်လှန်ရေးတွေက မျဉ်းပြိုင် နှစ်ခုလို ဆုံမှတ်မရှိခဲ့တာဖြစ်ပါတယ်။
ဒီအဖြစ်မှန်ကို သိရှိတဲ့အခါ ကျနော်တို့ဘက် တော်လှန်ရေး နှစ်ခုက မျဉ်းပြိုင်လို ဆုံမှတ်မရှိတာဖြစ်လို့ တခုခုကို ရွေးချယ်ရမလို ဖြစ်နေပါတယ်။ ဆုံမှတ်ကို ဘုံရန်သူနဲ့ရှာဖို့ အကြိမ်ကြိမ်ကြိုးစားပေမယ့် မအောင်မြင်ပါဘူး။ ဒီလိုပဲ တော်လှန်ရေးကြီး နှစ်ခုထဲက တခုကို ရွေးချယ်ပြီး ရည်မှန်းချက်တွေ ရောက်မလားလို့ သွားကြည့်တဲ့အခါမှာလည်း မရောက်ပါဘူး။

တော်လှန်ရေးတခုကိုပဲ ရွေးခဲ့ဖူးပါတယ်
၂၀၁၂ ခုနှစ် NLD နဲ့ စစ်တပ် ရင်ကြားစေ့လမ်းစဉ်ကို ရွေးချယ်တာက ပြည်တွင်းစစ်ရောဂါကို ချုပ်ငြိမ်းပြီး လစ်ဘရယ်စနစ် ပါတီစုံဒီမိုကရေစီစနစ်ကိုသွားဖို့ ကြိုးပမ်းချက်ဖြစ်ပါတယ်။ တနည်းအားဖြင့် အိုင်ဒီယိုလော်ဂျီတခုကို ကိုင်စွဲထားတဲ့ NLD နဲ့ အိုင်ဒီယိုလော်ဂျီတွေကို လိုသလို ပြုပြင်တဲ့ စစ်တပ်တို့ အားထုတ်ကြည့်မှုဖြစ်ပါတယ်။ နောက်တနည်းပြောရရင် ပြည်တွင်းစစ်ရဲ့ “အိုင်ဒီယိုလော်ဂျီ” ကွဲပြားမှုဘက်အခြမ်းကြီးကို ဖြေရှင်းဖို့ အားထုတ်မှုဖြစ်ပါတယ်။
သို့သော် ပြည်တွင်းစစ်ရဲ့ အရင်းခံ အခြားအကြောင်းရင်းကြီးဖြစ်တဲ့ “လူမျိုးအခြေပြု” တော်လှန်ရေးကို အပစ်အခတ်ရပ်စဲရေး NCA ၊ ပင်လုံ စတဲ့ ပလက်ဖောင်းတွေကနေပဲ ဖြေရှင်းနိုင်မယ်လို့ ထင်ခဲ့ကြတာဖြစ်ပါတယ်။

၁၉၉၀ ပြည့်နှစ်တွေကတည်း မဟာမိတ်ဖွဲ့လို့ မအောင်မြင်ခဲ့တဲ့ NLD နဲ့ ERO တွေက NLD အစိုးရဖြစ်တဲ့အချိန်မှာလည်း ရန်ဘက်တွေအဖြစ် စစ်တွေဆက်တိုက်ခဲ့ကြရပါတယ်။ ဒါတွေကလည်း NLD နဲ့ ERO တွေရဲ့ အားနည်းချက်ဆိုတာထက် မတူညီကြတဲ့ အခြေခံတွေရှိတယ်ဆိုတာကို ထင်ထင်ရှားရှား မီးမောင်းထိုးပြတာဖြစ်ပါတယ်။
သို့သော် ဒီအိုင်ဒီယိုလော်ဂျီကွဲပြားမှုကို ဖြေရှင်းချက်က ERO တွေကြောင့် မဟုတ်လည်း NLD နဲ့ စစ်တပ်အကြားတင် တင်းမာမှုကြောင့် ပြိုလဲသွားပါတယ်။ ဆိုလိုတာက “လူမျိုးအခြေပြု” တော်လှန်ရေးတွေအပေါ် ပြဿနာအဖြစ် NLD ရော စစ်တပ်ပါ အမြင်တူကြပေမယ့် အိုင်ဒီယိုလော်ဂျီ အတိုးအဆုတ်မှာ အခြေမခိုင်ကြတာ ဖြစ်ပါတယ်။
တော်လှန်ရေးနောက်တမျိုးကို စမ်းသပ်
၂၀၁၂ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ ၁၀ နှစ်နီးပါး အိုင်ဒီယိုလိုဂျီဘက်ခြမ်းကို ဖြေရှင်းပြီး အဆင်မပြေကြတဲ့သကာလ ယခုတခါ “လူမျိုးရေး” ဘက်ခြမ်းကို ဖြေရှင်းဖို့ ကြိုးစားကြပြန်ပါတယ်။ “ဗမာပြည်နယ် ဖွဲ့စည်းရေး”၊ အောက်ကနေ အထက်ကိုသွားတဲ့ “bottom-up ဖက်ဒရယ်”၊ “ယူနစ်များ အားကောင်းရေးမှသည် ပြည်ထောင်စု အားကောင်းရေး” စသဖြင့် ကြွေးကြော်သံတွေဖြစ်ပါတယ်။
ဒါတွေက စေ့စေ့ကြည့်ရင် ရေးရေးပေါ်ပါတယ်။ “လူမျိုးအခြေပြု” ဘက်ကို ဦးတည်ပြီး “တနိုင်ငံလုံး” ခေတ်ပြောင်း စနစ်ပြောင်းကို ဦးတည်ထားတာ မဟုတ်တော့ပါ။
လွန်ခဲ့တဲ့ နှစ် ၈၀ နီးပါးက စတင်ခဲ့တဲ့ KNU တော်လှန်ရေးရဲ့ “လူမျိုး လွတ်မြောက်ရေး” ဆိုတာကို ခေတ်အရ စကားလုံး အဆင့်မြှင့်တင်ထားတဲ့ တော်လှန်ရေးလမ်းစဉ် ဖြစ်ပါတယ်။ KNU တခုတည်းကို ဆိုလိုတာ မဟုတ်ပါဘူး။ ERO တွေရဲ့ ကိုယ့်ဒေသလွတ်မြောက်ရေးဆိုတဲ့ မူလဘူတ ရည်မှန်းချက်နဲ့ တော်လှန်ရေး အားကောင်းလာတာကို ဆိုလိုရင်းဖြစ်ပါတယ်။
အိုင်ဒီယိုလိုဂျီအကွဲကိုစေ့တဲ့ ရင်ကြားစေ့ ၁၀ နှစ်တာ မအောင်မြင်ခဲ့သလို “တနိုင်ငံလုံး” နဲ့ “လူမျိုးအခြေပြု” တော်လှန်ရေးတွေရဲ့ ရင်ကြားစေ့မှုကလည်း အောင်မြင်နိုင်ခြေနည်းပါတယ်။ ဘာကြောင့်လဲဆိုရင် ယနေ့ထိတိုင် ဒီတော်လှန်ရေးအင်အားစုတွေက ပြည်ထောင်စုနဲ့ပတ်သက်ပြီး ဘယ်လို စီမံမလဲဆိုတဲ့လမ်းစဉ် ရှာလို့မရဖြစ်နေပါတယ်။

ပြည်ထောင်စုကနေ လူမျိုးအသီးသီး လွတ်မြောက်ရေးလုပ်တဲ့သူတွေက ပြည်ထောင်စုအတွက် အစီအမံတခု ချဖို့ဆိုတာ အင်မတန်ခက်ခဲတဲ့အလုပ် ဖြစ်ပါတယ်။ သဘာဝအရကို အားကောင်းတဲ့ပြည်ထောင်စုထက် အားနည်းတဲ့ပြည်ထောင်စုဖြစ်မှသာ လူမျိုးအသီးသီးရဲ့ လွတ်မြောက်ရေးကို အာမခံချက်ရှိသကဲ့သို့ဖြစ်နေတာ အရှိတရားဖြစ်ပါတယ်။ ဘယ်သူမှ မိမိတို့လူမျိုးနဲ့ နယ်မြေကို ခြိမ်းခြောက်နိုင်တဲ့ အားကောင်းတဲ့ ပြည်ထောင်စုအစိုးရ မလိုချင်ပါဘူး။
ဒါကြောင့်လည်း NUG ကို ဗဟိုအစိုးရအဖြစ် မသတ်မှတ်ကြသေးတာ၊ အားကောင်းအောင် မလုပ်စေချင်တာဟာ သဘောထားဆိုးယုတ်လို့ မဟုတ်ဘဲ ၎င်းတို့ရဲ့ မူလဇာစ်မြစ်အရကို မဖြစ်မနေ ဆောင်ရွက်ရမယ့်အရာ ဖြစ်နေပါတယ်။
ရောဂါသိ အဖြေရှိ
ဒါကြောင့် NUG အားနည်းလို့၊ ERO တွေ တကိုယ်ကောင်းဆန်လို့၊ ဒါမှမဟုတ် ERO တွေက NUG ခေါင်းဆောင်တွေကို မယုံလို့၊ ERO တွေလို စစ်ကို စနစ်တကျမတိုက်လို့ဆိုတဲ့ အပေါ်ယံ သုံးသပ်ချက်တွေနဲ့ အဖြေရောက်ဖို့ ခက်ခဲပါတယ်။ စိတ်ခံစားမှုနဲ့ အပြန်အလှန် အပြစ်တင်ကြရင်လည်း အဖြေနဲ့ ပိုလို့တောင် ဝေးပါတယ်။
အချုပ်အနေနဲ့ မတူညီတဲ့ တော်လှန်ရေးကြီး နှစ်ခုရှိတယ် ဆိုတာရယ်၊ ဒီတော်လှန်ရေးကြီး နှစ်ခုက အခုမှမဟုတ်၊ စခဲ့တဲ့ တော်လှန်ရေး ဘိုးအေကြီး ဗကပ နဲ့ KNU ကတည်းက ပေါင်းဖို့ခက်တယ်ဆိုတာရယ်၊ တော်လှန်ရေးကြီး နှစ်ခုထဲက တခုခုကိုပဲရွေးပြီး အဖြေရှာရင် မဖြစ်နိုင်ဘူးဆိုတာရယ်ကို သိရှိသုံးသပ်ဖို့လိုပါတယ်။
ဒီတော်လှန်ရေးကြီး နှစ်ခုက အခုချိန်မှာ ဘုံရန်သူ စစ်တပ်ရှိတာ မှန်ပေမဲ့ လိုချင်တဲ့ပန်းတိုင်နဲ့ မျှော်မှန်းရလဒ်တွေ တူမနေတာကိုလည်း သတိရှိဖို့လိုပါတယ်။ ဒါမှသာ အဖြေကို ရောက်ဖို့ စိတ်ခံစားမှုမပါဘဲ မှန်မှန်ကန်ကန် သုံးသပ်နိုင်မှာ ဖြစ်ပါတယ်။

“စည်းလုံးကြပါ”၊ “တပ်ပေါင်းစုဖွဲ့ကြပါ”၊ “နွားကွဲရင် ကျားဆွဲလိမ့်မယ်” ဆိုတဲ့ လူတိုင်းသိပြီးဖြစ်တဲ့ အပေါ်ယံ တိုက်တွန်းသုံးသပ်ချက်တွေ၊ စိတ်ခံစားမှုတွေနဲ့ အချိန်ကုန်မနေဘဲ မတူတဲ့ဇာစ်မြစ်တွေကို သတ္တိရှိရှိရင်ဆိုင်ပြီး အဖြေရှာကြဖို့ အချိန်တန်ပါပြီ။
(ရန်နိုင် (သလ္လာဝတီ) သည် မြန်မာ့အရေး၊ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ လေ့လာသုံးသပ်သည့် သုတေသီ ဖြစ်သည်။)
You may also like these stories:
စစ်အာဏာရှင်တော်လှန်ရေးခရီး ဘယ်ထိရောက်နေပြီလဲ (ရုပ်/သံ)
နွေဦးတော်လှန်ရေးအတွက် “၈၈” မှ သင်ခန်းစာများ
တယောက်တပေါက်လုပ်နေသမျှ ဘာတော်လှန်ရေးမှအောင်မှာမဟုတ်ဘူး (ရုပ်/သံ)
ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်
ပြည်နယ်အခြေပြု ဖက်ဒနယ်စနစ် ပူးပေါင်းဖော်ဆောင်နေဟု တော်လှန်ရေးအဖွဲ့များ ထုတ်ပြန်