• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ဒုက္ခသည်စခန်းများမှသည် လုပ်ငန်းခွင်ဆီသို့

by Bangkok Post
11 September 2025
in သူ့အတွေး သူ့အမြင်
A A
ဒုက္ခသည်စခန်းများမှသည် လုပ်ငန်းခွင်ဆီသို့

ထိုင်း-မြန်မာနယ်စပ်အနီး မယ်လ ဒုက္ခသည်စခန်း/AFP

342
VIEWS
Share on FacebookShare on Twitter

ဖွေထိုင်းပါတီအစိုးရသည် အတိတ်တွင် ကျန်ခဲ့ပြီဖြစ်သည်။ သို့သော် ထိုင်း-မြန်မာ နယ်စပ်တလျှောက် စခန်း ကိုးခုတွင် နေထိုင်ကြသော ဒုက္ခသည်များနှင့် နေရပ်စွန့်ခွာရသူများကို အလုပ်လုပ်ခွင့်ပေးသော အလုပ်သမားမူဝါဒကို အတည်ပြုသည့် ဩဂုတ်လ ၂၆ ရက်နေ့က ဆုံးဖြတ်ချက်အတွက် ထိုအစိုးရကို အမှတ်ရနေသင့်သည်။

ထိုအလုပ်သမားလုပ်ထုံးလုပ်နည်းသည် ထိုင်းနိုင်ငံ၏ ဒုက္ခသည်မူဝါဒကို ဂုဏ်သိက္ခာတက်စေသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
993
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
3.1k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

7 January 2026
1.2k

ထိုင်းနိုင်ငံသည် အရှေ့နှင့် အနောက် နယ်စပ်ဒေသများတွင် ဒုက္ခသည်များကို လက်ခံထားသည်မှာ ဆယ်စုနှစ် ငါးခုရှိပြီဖြစ်သည်။ သို့သော် ထိုင်းနိုင်ငံ၏ ဒုက္ခသည်မူဝါဒသည် လှူဒါန်းမှုများနှင့် ယာယီခိုလှုံရာပေးခြင်းကို မှီခိုသည့် လှုပ်ရှားမှုကင်းမဲ့သော မူဝါဒဖြစ်ပြီး ထိုယာယီခိုလှုံရာနေရာများတွင် ဒုက္ခသည် ထောင်ပေါင်းများစွာတို့သည် တတိယနိုင်ငံက လက်ခံမည့်အချိန်ကို အချည်းနှီး စောင့်ဆိုင်းနေရသည်။

ထိုင်းနိုင်ငံသည် အရှေ့နှင့် အနောက် နယ်စပ်ဒေသများတွင် ဒုက္ခသည်များကို လက်ခံထားသည်မှာ ဆယ်စုနှစ် ငါးခုရှိပြီဖြစ်သည်။ သို့သော် ထိုင်းနိုင်ငံ၏ ဒုက္ခသည်မူဝါဒသည် လှူဒါန်းမှုများနှင့် ယာယီခိုလှုံရာပေးခြင်းကို မှီခိုသည့် လှုပ်ရှားမှုကင်းမဲ့သော မူဝါဒဖြစ်ပြီး ထိုယာယီခိုလှုံရာနေရာများတွင် ဒုက္ခသည် ထောင်ပေါင်းများစွာတို့သည် တတိယနိုင်ငံက လက်ခံမည့်အချိန်ကို အချည်းနှီး စောင့်ဆိုင်းနေရသည်။

အနောက်နိုင်ငံများတွင် ရွှေ့ပြောင်းအခြေချမှု ဆန့်ကျင်ရေးမူဝါဒများ ခေါင်းထောင်ထလာခြင်းနှင့် လျော့နည်းလာသော အသုံးစရိတ်နှင့်အတူ တတိယနိုင်ငံများတွင် အခြေချရေး ၎င်းတို့၏ မျှော်လင့်ချက်သည် ဝေးကွာသောအိပ်မက် ဖြစ်လာသည်။

ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ၏ အဆိုအရ ထိုင်း-မြန်မာ နယ်စပ်လျှောက် မယ်ဟောင်ဆောင်၊ တာ့ခ်၊ ကန်ချနာဘူရီနှင့် ရတ်ချာဘူရီ ပြည်နယ်များမှ ယာယီစခန်းများတွင် လက်ခံထားသည့် နေရပ်စွန့်ခွာသူ ၈၁,၀၀၀ ရှိသည်။

ထိုယာယီစခန်းများမှ လူဦးရေ၏ ၄၇ ရာခိုင်နှုန်းခန့်သည် ထိုနေရများတွင် မွေးဖွားသူများဖြစ်သည်။ တရားဝင် စကားအရ ထိုနေရာများကို ဒုက္ခသည်စခန်းများဟု ခေါ်သည်။

လက်တွေ့တွင် ထိုစခန်းများသည် လှောင်အိမ်များဖြစ်သည်။ ထိုသူများကို ပိတ်လှောင်ထားပြီး အလုပ်လုပ်ခွင့် ပိတ်ပင်ကာ ထွက်ခွာခွင့်လည်း မပေးပေ။

ထိုဒုက္ခသည်များအနက် အနည်းဆုံး ၄၂,၀၀၀ သည် လုပ်အားဈေးကွက်သို့ ဝင်ရောက်လာမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက မျှော်လင့်သည်။

ထိုဒုက္ခသည်များအနက် အနည်းဆုံး ၄၂,၀၀၀ သည် လုပ်အားဈေးကွက်သို့ ဝင်ရောက်လာမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက မျှော်လင့်သည်။

လူသားချင်းစာနာမှုအကူအညီကို မှီခိုနေမည့်အစား ထိုအလုပ်သမားများသည် သူတို့ကိုယ်တိုင်နှင့် မိသားစုများကို ထောက်ပံ့ပြီး ထိုင်းနိုင်ငံ စီးပွားရေးနှင့် လူမှုအသိုက်အဝန်းများကို အကျိုးပြုနိုင်မည်ဖြစ်သည်။

အလုပ်အကိုင်ဌာန (DOE) ၏ ပြည်ပလုပ်သားငှားရမ်းမှု စည်းကမ်းချက်များအရ ထိုဒုက္ခသည်များသည် အလုပ်ကြမ်းနှင့် လက်လီအရောင်းလုပ်ငန်းများတွင် လုပ်ကိုင်နိုင်ကြမည်ဖြစ်သည်။

၎င်းတို့ကို ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန်အတွက် တနှစ်အထိနေထိုင်ရန် အထူးခွင့်ပြုချက်ပေးမည်ဖြစ်သည်။ ၎င်းတို့ကို ထိန်းချုပ်ထားသည့်နေရာမှ ထွက်ခွာခွင့်နှင့် အလုပ်လုပ်ခွင့် လျှောက်ထားရမည်ဖြစ်သည်။

သို့သော် ထိုဒုက္ခသည်များကို အလုပ်လုပ်ခွင့်ပေးခြင်းသက်သက်မျှသည် လုံလောက်ခြင်း မရှိပေ။ အစိုးရသည် လက်ရှိ စခန်း ကိုးခုနှင့် ထိုစခန်းများတွင် ထိန်းသိမ်းထားသည့် ဒုက္ခသည် သောင်းပေါင်းများစွာကို လည်ပတ်ထိန်းကြောင်းရသည့် စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်နေရသည်။

အမေရိကန်အစိုးရနှင့် နိုင်ငံတကာအေဂျင်စီများက အသုံးစရိတ် ဖြတ်တောက်ပြီးနေက် ထိုဒုက္ခသည်စခန်း ကိုးခု စီမံမှုသည် ထိုင်းအစိုးရထံသို့ မလွဲမသွေ ရောက်လာမည်ဖြစ်သည်။

အမေရိကန်အစိုးရနှင့် နိုင်ငံတကာအေဂျင်စီများက အသုံးစရိတ် ဖြတ်တောက်ပြီးနေက် ထိုဒုက္ခသည်စခန်း ကိုးခု စီမံမှုသည် ထိုင်းအစိုးရထံသို့ မလွဲမသွေ ရောက်လာမည်ဖြစ်သည်။

ထိုသို့ဖြစ်လာသောအခါ ထိုင်းအစိုးရသည် ထိုနေရာများတွင် အရာရှိများ၊ အများပြည်သူဝန်ဆောင်မှုများနှင့် ထိုင်းဥပဒေများ နေရာတကျရှိရန် လိုအပ်သည်။ ထိုစခန်းများအတွင်း အကြမ်းဖက်မှုနှင့် အငြင်းပွားမှုများရှိသည့် သတင်းများရှိနေသောကြောင့် ၎င်းတို့ ငြိမ်းချမ်းစွာနေထိုင်ရေးအတွက် ထိုင်းဥပဒေကို လိုက်နာစေရန် ရဲတပ်ဖွဲ့ကို ခေါ်ယူရမည်ဖြစ်သည်။

ထိုစခန်းများမှ လူများအား လူကုန်ကူးမှုဖြင့် အမြတ်ထုတ်ခြင်းကို ထိုင်းအစိုးရက တားဆီးရန် ကြီးကြပ်စောင့်ကြည့်သည့် စနစ်အား တိုးတက်အောင် လုပ်ရမည်ဖြစ်သည်။

ကြိုတင်စီစဉ်မှု၊ ထောက်ပံ့မှုနှင့် လက်တွေ့ဆောင်ရွက်မှုဖြင့် တချိန်က ဝန်ထုပ်ဝန်ပိုးအဖြစ် မြင်ခဲ့ကြသည့် ဒုက္ခသည်များသည် နိုင်ငံအတွက် အပြုသဘောအကျိုးဆောင်မှုများ ပြုလုပ်ပေးနိုင်သည်။

ထိုင်းအစိုးရက ၎င်းတို့ကို စောင့်ကြည့်လေ့လာပြီး ကိုယ်ရေးအချက်အလက် ခိုးယူခြင်းအပါအဝင် အလားအလာရှိသည့် မည်သည့်ဥပဒေပြဿနာကိုမဆို တားဆီးရန် ပြည်ထဲရေးဝန်ကြီးဌာနက ဒုက္ခသည်ကတ်ကဲ့သို့ စနစ်ကျသည့် စာရွက်စာတမ်းများ ထုတ်ပေးရေးကို စဉ်းစားသင့်သည်။

ပညာရေးဝန်ကြီးဌာနသည် ထိုဒုက္ခသည်များ ထိုင်းလူ့အဖွဲ့အစည်းကို နားလည်ပြီး အဓိပ္ပာယ်ပြည့်ဝသည့် အကျိုးဆောင်မှု လုပ်နိုင်စေရန်အတွက် ထိုင်းပညာရေးကို ပံ့ပိုးပေးရမည်ဖြစ်သည်။

ကြိုတင်စီစဉ်မှု၊ ထောက်ပံ့မှုနှင့် လက်တွေ့ဆောင်ရွက်မှုဖြင့် တချိန်က ဝန်ထုပ်ဝန်ပိုးအဖြစ် မြင်ခဲ့ကြသည့် ဒုက္ခသည်များသည် နိုင်ငံအတွက် အပြုသဘောအကျိုးဆောင်မှုများ ပြုလုပ်ပေးနိုင်သည်။

(Bangkok Post ၏ အယ်ဒီတာ့အာဘော် From Camps to Jobs ကို ဘာသာပြန်သည်။)

You may also like these stories:

ဒုက္ခသည်များကို အလုပ်လုပ်ခွင့်ပေးခြင်းသည် “သမိုင်းဝင်ခြေလှမ်း”

မြန်မာဒုက္ခသည်တွေကို ထိုင်းမှာ အလုပ်လုပ်ခွင့်ပြုမယ် (ရုပ်/သံ)

အခွင့်အရေးလို့ ပြောမကောင်းပေမယ့် မြန်မာတွေ အလုပ်အကိုင် ပိုရလာမှာ သေချာတယ်

မြန်မာဒုက္ခသည်တွေ ထိုင်းအစိုးရ တရားဝင် အလုပ်လုပ်ခွင့် ပြု

ထိုင်းနယ်စပ် မြန်မာဒုက္ခသည်များ ရိက္ခာပြတ်

ထရမ့်မူဝါဒကြောင့် ထိုင်းနယ်စပ် မြန်မာဒုက္ခသည်စခန်းမှ ဆေးရုံများ ရပ်တန့်

Your Thoughts …
Tags: စီးပွားရေးထိုင်းဒုက္ခသည်နေရပ်စွန့်ခွာသူလူကုန်ကူးမှုလူသားချင်းစာနာမှုအကူအညီအလုပ်သမားမူဝါဒ
Bangkok Post

Bangkok Post

Similar Picks:

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

by ဧရာဝတီ
20 December 2024
24.7k

မောင်တောမြို့အခြေစိုက် မွတ်ဆလင်လုပ်ငန်းရှင်များထဲတွင် ဒိလ် မာမတ် မှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အလွန်ရင်းနှီးသူဖြစ်သည်။

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
21k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

အမျိုးသားလုံခြုံရေးအကြံပေး ဗိုလ်ချုပ်ကြီး မိုးအောင် ဘာကြောင့် ဖယ်ရှားခံရသနည်း

အမျိုးသားလုံခြုံရေးအကြံပေး ဗိုလ်ချုပ်ကြီး မိုးအောင် ဘာကြောင့် ဖယ်ရှားခံရသနည်း

by ဧရာဝတီ
8 August 2025
20.8k

မိုးအောင်ကို ဖယ်ရှားခြင်းသည် စစ်အုပ်စုဝန်ထမ်း ၂ သိန်းကျော်၏ ကိုယ်ရေးအချက်များ အကြီးအကျယ် ပေါက်ကြားခြင်းနှင့် ဆက်စပ်နေသည်ဟု နေပြည်တော်မှ သတင်းရင်းမြစ်များပြောသည်။

Next Post
ပေါက်ဖော်ဝင်ဖျက်တဲ့ မြန်မာ့တော်လှန်ရေး

ပေါက်ဖော်ဝင်ဖျက်တဲ့ မြန်မာ့တော်လှန်ရေး

ညောင်ဦးနယ်၌ ဆက်တိုက် စစ်ကြောင်းထိုးနေ

ညောင်ဦးနယ်၌ ဆက်တိုက် စစ်ကြောင်းထိုးနေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved