• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

အာဏာရှင် မပြုတ်မချင်း ပြည်သူတယောက်အနေနဲ့ ဆက်လုပ်နေမှာပဲ

by ဧရာဝတီ
4 October 2021
in အင်တာဗျူး
A A
သရုပ်ဆောင် ဒေါင်း

သရုပ်ဆောင် ဒေါင်း

56.3k
VIEWS
Share on FacebookShare on Twitter

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုသည် အောက်တိုဘာ ၁ ရက်နေ့တွင် ၈ လပြည့်ပြီ ဖြစ်သော်လည်း စစ်တပ် အာဏာ သိမ်းမှုအပေါ် လက်မခံသည့် ဆန့်ကျင်တော်လှန်မှုများက နိုင်ငံတဝှမ်း ဆက်လက် အားကောင်းနေဆဲ ဖြစ်သည်။

ထိုသို့ ဆန့်ကျင်တော်လှန်နေသူများထဲ ရဟန်းရှင်လူ၊ ကျောင်းသား၊ လူငယ်နှင့် နိုင်ငံရေးသမားများအပြင် စာပေ၊ ဂီတနှင့် အနုပညာရှင် အသိုင်းအဝိုင်းမှ လူထုလူတန်းစား အလွှာအသီးသီးကလည်း ကဏ္ဍစုံမှ ပါဝင်လျက် ရှိသည်။

၎င်းတို့ထဲက တဦးဖြစ်သူ နာမည်ကြီး သရုပ်ဆောင် ဒေါင်းသည်လည်း ဖေဖော်ဝါရီလကတည်းက စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ပြီး ပြည်သူ့ဝန်ထမ်းများ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင် ရန် ဆော်သြခဲ့သလို အကူအညီများ ပေးနေသူတဦးလည်း ဖြစ်သည်။

လူငယ်များ၏ အနာဂတ်အတွက် စစ်အာဏာရှင် ကျဆုံးသည်အထိ ကြိုးပမ်းသွားမည်ဟူသော ၎င်း၏ ယုံကြည်ချက် အတိုင်း ယနေ့အချိန်ထိ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်နေသည့် အနုပညာ ရှင် ဒေါင်းကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါသည်။

မေး ။ ။ လက်ရှိ စစ်အာဏာရှင် ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးမှာ ပါဝင်ဖြစ်နေတဲ့ အနုပညာရှင် တယောက်ရဲ့ တော် လှန်ရေးအပေါ် ခံယူချက်၊ ယုံကြည်ချက်ကို ပြောပြပေးပါ။

ဖြေ ။ ။ ကျနော် တော်လှန်ရေးအစ မတိုင်ခင်ကတော့ အနုပညာကို နိုင်ငံရေးနဲ့ တိုက်ရိုက် သက်ဆိုင်တယ်လို့ ခံယူထား တဲ့သူ တယောက်ပါ။ ဘာဖြစ်လို့လဲဆို ကျနော်တို့ အနုပညာမှာ ပြည်သူ့အရေးတွေ၊ ပြည်သူတွေ ခံစားချက်နဲ့ ပတ်သက်တဲ့ ထင်ဟပ်တဲ့ အကြောင်းအရာတွေ အများကြီးကို ဖန်တီးရတယ်။ ကျနော်တို့ ကိုယ်တိုင်မှာလည်း ဒီ ဖြတ်သန်းခဲ့တဲ့ဘဝမှာ ရှိတဲ့ခံစားချက်တွေကို အနုပညာနဲ့ ပြန်တည်ဆောက်ကြတာဆိုတော့ ကျနော်တို့အတွက်က နိုင်ငံရေး၊ ပြည်သူ့အရေး ဆိုတာ အနုပညာပဲလေ။

ဒါပေမဲ့ ဒီကိစ္စ (အာဏာသိမ်းမှု) ဖြစ်လာတဲ့ အချိန်မှာကျတော့ ကျနော်တို့က အဲဒီအရာတွေနဲ့ မတူတဲ့ ခံစားချက် တခုကို ထပ်ပြီး ခံစားရတယ်။ အဲဒါက ကျနော်တို့ အားလုံးရဲ့ အနာဂတ် အထူးသဖြင့် ကိုယ့်ရဲ့ အနာဂတ်ကို အရင်တွေးတာပေါ့။ လူဆိုတော့။ ကျနော်တို့ အနာဂတ်တွေက အကုန်လုံး ပျက်စီးသွားမယ်ဆိုတာကို မပြောဘဲနဲ့ သိနေကြတယ်။ ဒါက မတရား ဘူး။ အရာအားလုံးကို ပိတ်ပင်တားဆီးတော့မယ်၊ ဖျက်ဆီးတော့မယ်။

ကျနော်တို့ နိုင်ငံအတွက် မဖြစ်သင့်တဲ့ အခြေအနေ တခု ဖြစ်သွားတယ်ဆိုတဲ့ အရာတခုကို ကျနော်တို့က လက်မခံချင်ဘဲ လက်ခံလိုက်ရတယ်။ အဲဒီအရာကို ကျနော်တို့က တခုခု ပြန်မလုပ်ဘူးဆိုရင် လူ မပီသတော့ဘူး။ ကျနော်တို့က လူ့အဖွဲ့အစည်းထဲမှာ နေတာဖြစ်တဲ့အတွက် ဒီအခြေအနေ တခုကို ရိုးရိုးလေးပဲ တွေးမယ်ဆိုရင် ပြည်သူတယောက်အနေနဲ့ ဒါကို လုံး၀ လက်မခံဘူး။ အဲဒီအတွက် ဒီဟာကို တော် လှန်တယ်။ ပြည်သူတယောက်အနေနဲ့ စိတ်ထဲမှာ တွေးတယ်။

ဒါပေမဲ့ ကျနော် အနုပညာ အလုပ်လုပ်တာ ဖြစ်တဲ့အတွက်၊ ပြည်သူအများနဲ့ သက်ဆိုင်တာ ဖြစ်တဲ့အတွက် ကျနော်တို့ အနုပညာသမားတွေ ကိုယ်တိုင်လည်း ဒီဟာကို လက်မခံဘူးဆိုတာ ပြည်သူတွေနဲ့အတူ ရပ်တည်တဲ့ သဘောပဲပေါ့။ အဲဒီ လိုနဲ့ပဲ ကျနော် ဒီတော်လှန်ရေးထဲမှာ ပါဝင်ဖြစ်တာပဲ။ အစက မတရားမှုကို တွန်းလှန်တယ်။ တွန်းလှန်ရင်းနဲ့ တော်လှန်လာ တယ်။ အဲဒီသဘောပါပဲ။

မေး ။ ။ အခု အာဏာသိမ်းထားတဲ့ ၈ လအထိ စစ်အာဏာရှင်ကို လက်မခံဘူးဆိုတာ မဆုတ်မနစ် တောက်လျှောက် ပြောနေ ရေးနေတာတွေ တွေ့ရတယ်။ တချို့က ဒီ တော်လှန်ရေးကာလက ဘယ်လောက်အထိ ကြာမယ်မှန်း မသိနိုင်ဘူး လို့လည်း ပြောကြတာပေါ့။ အဲဒီအတွက် ဘယ်လို ဇွဲ၊ တွန်းအားတွေနဲ့ ဖြတ်သန်းနေလဲ။

ဖြေ ။ ။ ရိုးရိုးတွေး ပြောရရင် ကျနော်တို့က လုပ်နေရင်းနဲ့ပဲ ဒီအချိန်ကာလတွေက ရောက်မှန်းမသိ ရောက်လာတယ် ပဲ ပြောရမှာပဲ။ ဒီ အာဏာသိမ်းမှု မတိုင်ခင်မှာ ကျနော် ပို့စ်လေးတခု တင်သေးတယ်။ အဲဒါက မတရားမှု တခုကို ကျနော်တို့ သတင်းရလိုက်တယ်။ စစ်တပ်က ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့မဲကို လိမ်တယ်ဘာညာနဲ့ လျှောက်ပြောနေ တဲ့ အောက်လုံးတွေကို ကြားရတဲ့အချိန်မှာ ကျနော့်လက်သန်းက အဲဒီအချိန် မှင်မပျက်သေးဘူး။ အဲဒီအချိန် ကျနော် ပို့စ် တခုတင်ပီး ပြောလိုက်တယ်။ ငါတို့ ပြည်သူတွေ စစ်စစ်ပါ။ မဲလည်း ပေးထားပါတယ်။ အဲဒီလို ကျနော် ရေးလိုက်သေး တယ်။ ရေးပြီး နောက်တနေ့ အာဏာသိမ်းလိုက်တော့ တော်တော်ကြီးကို စိတ်ထဲမှာ ပိုပြီး ခံစားရတယ်။ အဲဒီ ခံစားချက် အရှိန်ကပဲ ဆက်သွားနေဖြစ်တယ်လို့ ကျနော်က ထင်တယ်။

ဘာဖြစ်လို့လဲဆို ကျနော်လုပ်နိုင်တဲ့ဟာ လုပ်မယ်ပေါ့နော်။ အဲဒီကတည်းကစပြီး ကျနော် ဆုံးဖြတ်လိုက်တယ်။ အာဏာ သိမ်းတဲ့ နေ့ကတည်းကစပြီး ငါ ဘာလုပ်နိုင်လဲ၊ ငါ လုပ်နိုင်တဲ့ဘက်ကနေ ပြည်သူတယောက်အနေနဲ့ လုပ်မယ်။ လုပ်နေ ရင်း လုပ်နေရင်းနဲ့ပဲ တဆင့်တဆင့် ဒီအချိန်ထိ ရောက်လာတယ်။ ကျနော့် ရည်ရွယ်ချက်ကတော့ ရှင်းရှင်းလေးပဲ။ ဒီ အာ ဏာရှင် မပြုတ်မချင်း ကျနော် ပြည်သူတယောက်အနေနဲ့ ဆက်လုပ်နေမှာပဲ။ ကျန်တဲ့အနုပညာတွေလည်း လုပ်ဖြစ်မယ် မထင်ဘူး။ လုပ်လည်း မလုပ်ချင်ဘူး။ ဘာဖြစ်လို့မှန်းတော့ ကျနော်လည်း မသိဘူး။

သေချာတာကတော့ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ အနုပညာဆိုရင် လုပ်တယ်။ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ အရာတွေ ဆိုရင် ပါဝင်တယ်။ အဲဒီတခုပဲ ကျနော့်စိတ်ထဲမှာ ဦးတည်ချက် ရှိတော့တယ်။ အဲဒါက ဘယ်သူမှ ခိုင်းစေလို့ရယ်လို့ မဟုတ် ဘဲနဲ့ ကျနော်တို့ စိတ်ထဲမှာ ဖြစ်တည်လာတဲ့ အရာလို့ ထင်တယ်။ ပြည်သူတွေ အကုန်လုံးလည်း အဲဒီအတိုင်းပဲလို့ ထင်တာ ပဲ။ အခု အခြေအနေ ဘယ်လောက်ကြာတယ်၊ မကြာဘူး ထည့်မတွေးမိဘူး။ မနေ့တနေ့က အာဏာသိမ်းတယ်လို့ပဲ ခုထက်ထိ ခံစားနေရတုန်းပဲ။ အဲဒီတော့ ဘယ်လောက်ကြာကြာလဲဆို ဒီ အာဏာရှင်မပြုတ်မချင်း သူတို့မနေ့ကမှ အာ ဏာသိမ်းခဲ့တယ်လို့ ခံစားရတဲ့ စိတ်နဲ့ပဲ သွေးပူနေမှာပဲဗျ။ အဲဒါကတော့ ဘယ်လောက်ဖြစ်ဖြစ် လျော့မယ် မထင်ဘူး။

သရုပ်ဆောင် ဒေါင်း

မေး ။ ။ ကိုဒေါင်း ကိုယ်တိုင်ရော လူငယ်တွေ အတော်များများက စစ်အာဏာရှင်ခေတ်မှာ မွေးဖွား ကြီးပြင်းခဲ့ကြ တယ်။ နောက် လွန်ခဲ့တဲ့ ၁၀ နှစ်က ဒီမိုကရေစီခေတ်ကို မှီလိုက်တယ်။ အဲဒီကနေ ရုတ်ချည်း အာဏာ သိမ်းလိုက်တော့ အဲဒီနေ့က စိတ်ထဲ ဘယ်လို ခံစားခဲ့ရလဲ။

ဖြေ ။ ။ ကျနော် ဥပမာလေးတခု အရင်ပြောပြရင် ကျနော်တို့ အရမ်းစိတ်ဝင်စားတဲ့ ဇာတ်ကားတကား ကြည့်ရင်း မီးပျက် သွားသလိုပဲ။ အရမ်းမှောင်သွားတဲ့ အချိန်မှာ ဖြစ်တဲ့ဒေါသဆိုတာ ရှိတယ်လေ။ အားလုံးက “ဟာ” ဆိုတဲ့ စကားတခွန်းက သံပြိုင်ထွက်တာ။ တနိုင်ငံလုံး ထွက်သွားတာ။ ပြီးမှ ကျနော်တို့က လမ်းပေါ်ကို ထွက်လာကြတာ။

RelatedPosts

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

8 January 2026
116
ပုံပျက်ပန်းပျက် ရွေးကောက်ပွဲ (ရုပ်/သံ)

ပုံပျက်ပန်းပျက် ရွေးကောက်ပွဲ (ရုပ်/သံ)

29 December 2025
108
လူငယ်တဦး ပြောပြတဲ့ ကမ္ဘောဒီးယား ကျားဖြန့် ငရဲခန်း အတွေ့အကြုံ

လူငယ်တဦး ပြောပြတဲ့ ကမ္ဘောဒီးယား ကျားဖြန့် ငရဲခန်း အတွေ့အကြုံ

25 December 2025
1.5k

အခုက အဲဒီ ပျက်သွားတဲ့မီးက ဘယ်တော့မှ ပြန်မလာတဲ့မီး ဖြစ်နေတာ။ အဲဒီ အခြေအနေကို ကျနော်တို့က ပြန်ပြီးရင်ဆိုင် ရတာ။ ခုနက အစ်မပြောသလို ကျနော်တို့တွေက ဒီအာဏာရှင်လက်အောက်မှာ၊ ခေတ်ဆိုးစနစ်ဆိုးအောက်မှာ ကြီးပြင်းခဲ့ ရတော့ ကျနော်တို့တွေရဲ့ ပျံသန်းနိုင်မှု စွမ်းအားတွေ အင်မတန်မှ နည်းပါးခဲ့တယ်။ ကိုယ့်ကိုယ်ကို ငှက်တကောင် ဖြစ်နေ လျက်နဲ့ ကောင်းကင်ပေါ် ပျံရမှန်းမသိတဲ့ လှောင်အိမ်ထဲက လူတွေလို ကျနော်တို့က နေခဲ့ရတာ။ အဲဒီအချိန်မှာ လှောင်အိမ် တံခါးလေး ဖွင့်လိုက်တော့ ကောင်းကင်ပေါ်ကို ပျံနေတုန်း ရှိသေးတယ်။ ပျံနေတုန်း၊ ပျံသန်းဖို့အတွက် အားယူနေ တုန်း၊ ကောင်းကင်ပေါ်မှာ ကျန်တဲ့ငှက်တွေနဲ့ အတူတူ အရောင်စုံ အတောင်အလက်စုံနဲ့ ပျံဖို့ ကျနော်တို့ နိုင်ငံက ကြိုး စားတုန်း ရှိသေးတယ်။ လှောင်အိမ်ထဲ ပြန်ထည့်ခံလိုက်ရတယ် ဆိုတော့ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူး။

လှောင်အိမ်ထဲ နေခဲ့ရတဲ့ နေ့ရက်တွေကို ကျနော်တို့ ပြည်သူတွေ ကောင်းကောင်း သိတာပေါ့။ နှစ်ပေါင်း ၇၀ ကျော် နှစ်ပေါင်းများစွာ၊ လူ့ဘ၀ သက်တမ်းပေါင်းများစွာ ကျနော်တို့ အဖေအမေတွေ လက်ထက်ကတည်းကနေ အခုထက် ထိ ကောင်းကောင်းမွန်မွန် မလွတ်လပ်သေးတဲ့ စနစ်ဆိုးတွေမှာ ရှင်သန်ခဲ့ရတာ ဖြစ်တဲ့အတွက် စနစ်ကောင်းလေး တခုကို ကျနော်တို့ စတင် ထိတွေ့ရတယ်။ ၅ နှစ်စာလောက် ထိတွေ့ရတဲ့ အချိန်မှာပဲ ကျနော်တို့တွေရဲ့ မျှော်လင့်ချက်၊ အနာဂတ်၊ လူငယ်တွေရဲ့ အနာဂတ်က မကြာခင် အရှေ့မှာ Professional လမ်းကြောင်းတွေ အများကြီး စောင့်နေတဲ့အချိန်မှာ အရာ အားလုံးကို ပိတ်ခံလိုက်ရတယ် ဆိုတော့ ဒီဟာကပဲ ကျနော်တို့ကို တွန်းအား ဖြစ်နေစေတာပေါ့နော်။

ခုထက်ထိလည်း တော်လှန်နေရတဲ့ အကြောင်းရင်းက အဲဒီအရာတွေကို ကျနော်တို့က တန်ဖိုးထားတယ်။ အဲဒီ အခြေ အနေတွေကို တန်ဖိုးထားတယ်။ ကျနော်တို့ နိုင်ငံကို တန်ဖိုးထားတယ်။ ကျနော်တို့ နိုင်ငံကို အကောင်းဆုံး ဖြစ်အောင် လုပ် ချင်တယ်ဆိုတဲ့စိတ်နဲ့ တိုက်နေတာ။ အဲဒါကို ကျနော်တို့ အားလုံးက နားလည်ဖို့ လိုတယ်လို့ ထင်တယ်။ ကျနော်တို့က ပုဂ္ဂိုလ်ရေး တခုတည်းကို ကြည့်တာ မဟုတ်ဘူး။ ကျနော်တို့ရဲ့ ဦးတည်ချက်က ရှင်းရှင်းလေးပဲ။ ဒီမိုကရေစီနိုင်ငံကို ကျနော် တို့ ပြန်ရအောင်သွားမယ်။ ကျနော်တို့ လိုအပ်တဲ့၊ ယုံကြည်တဲ့၊ ချစ်တဲ့ ခေါင်းဆောင်ကို ပြန်တင်မယ်။ အစိုးရတွေကို ကျနော်တို့ ပြန်တင်မယ်။ ဒါ ကျနော်တို့ ပြည်သူအားလုံးရဲ့ ယုံကြည်ချက်ပဲ။ ဘာဝါဒမှ ဆုပ်ကိုင်ထားတာ မဟုတ်သလို ဘာ ပုဂ္ဂိုလ်ရေးမှလည်း မပါဘူး။ ကျနော်တို့ရဲ့ ယုံကြည်ချက်တခု၊ အတွေးအခေါ်တခုပဲ။

မေး ။ ။ ကိုယ့်အနုပညာကို အားပေးသူ အလွှာစုံ ရှိနိုင်တော့ ဒီတော်လှန်ရေးမှာ ပါဝင်လာတဲ့အတွက် ပုဂ္ဂိုလ်ရေး တိုက် ခိုက်မှုတွေ၊ ခြိမ်းခြောက်မှုတွေ ကြုံရတာမျိုး ရှိလား။

ဖြေ ။ ။ ကျနော်ကြုံရတာက တော်တော်တော့ ဆိုးတယ်။ ဘာမှန်းမသိတဲ့ လူတယောက်နဲ့ ပေးစားခံရတာကို ခု ကျနော် ကြုံနေရတယ်။ သူ့ကို တခါမှ မမြင်ဖူး၊ စကားမပြောဖူးဘူး။ မတွေ့ဖူးဘူး။ ရှင်းရှင်းပြောရရင် အဲဒီ (7th Sense) Production (ထုတ်လုပ်ရေး) မှာ တကားပဲ ရိုက်ဖူးတယ်။ သူတို့တွေ (တပ်ချုပ်သမီး ခင်သီရိသက်မွန်) ဦးဆောင်တဲ့ အခြေအနေမှန်း လည်း မသိခဲ့ဘူး။ သတင်းလည်း မတက်ခဲ့ဘူး။ ရိုက်ပြီးတော့ အဲဒီ Production Launch လုပ်တဲ့ပွဲမှာ ကျနော်တို့ သရုပ်ဆောင်တွေ တခါ တွဲရိုက်ခံရဖူးတယ် ထင်တယ်။ ၄/၅ ယောက် အုပ်စုလိုက်။ အဲဒီတုန်းက ပါတယ်ပဲ သိတယ်။

အဲဒီတုန်းကတည်းက ကျနော် သူတို့ ဘယ်လောက်စာချုပ် ကမ်းလှမ်းကမ်းလှမ်း၊ ဘယ်လောက် ပေးပေးတောင် မလုပ်ဘူး ဆုံးဖြတ်ထားပြီးသား။ အဲဒီလို ကျနော် တော်လှန်ခဲ့တယ်။ သူတို့နဲ့ ပတ်သက်ရင် အကယ်ဒမီပေးပွဲလည်း တက်မယူဘူး။ သူတို့ ပေးတဲ့ဟာကို။ ကျနော် အဲဒီလောက် တော်လှန်ခဲ့တာတောင် ဒီအမျိုးသမီးနဲ့ ပတ်သက်ပြီး ပြောခံရတာ ကျနော့် ရင် ထဲမှာ တော်တော်တော့ နာတယ်။ ဒါပေမဲ့ ထားလိုက်ပါတယ်။ ကျနော်မှ မပတ်သက်တာ။ ကျနော့်ကိုကျနော် အပြည့်အ၀ ယုံကြည်တယ်။ အဲဒီလိုမျိုး တိုက်ခိုက်မှုတွေကတော့ ရှိတယ်။

အခု လက်ရှိမှာတော့ အမှန်တရားကို တန်ဖိုးထားတဲ့ သူတွေကိုပဲ ကျနော့်ရဲ့ ပတ်ဝန်းကျင်မှာ လိုချင်တယ်။ အဲဒီအတွက် ကျနော် လုပ်တဲ့လမ်းကို ယုံယုံကြည်ကြည် ဆက်လျှောက်မယ်။ ရှေ့ဆက် ကျနော်တို့မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်း ပေါ် ပြန်ရောက်သွားပြီဆိုရင် ကျနော် တန်ဖိုးထားတဲ့ ကျနော့်အနုပညာကို ပြန်လုပ်မယ်။ အဲဒီကျရင် အနုပညာက ပုံစံ အသစ်တမျိုးနဲ့ ပြန်ရောက်လာမယ်လို့ ယုံကြည်တယ်။ ဘာဖြစ်လို့ဆို ကျနော်တို့ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေက အရင်နဲ့မတူတဲ့ ရင့်ကျက်မှုတွေ အများကြီး တွေ့ကြုံနေရပြီ။ ပြည်သူတွေရော အားလုံးက နောက်ထပ် ကျနော်တို့ နိုင်ငံ အတွက် လှပတဲ့ပျံသန်းမှုတွေနဲ့ အသစ်တဖန် ပြန်ရအောင် ကြိုးစားချင်တယ်လို့ ယုံကြည်ထားတယ်။ အဲဒီအတွက် အဲဒီ အချိန်ကို မျှော်လင့်ရင်းနဲ့ပဲ ခုချိန်မှာ တော်လှန်ရေးကို ဆက်လုပ်နေတယ်။

မေး ။ ။ နိုင်ငံရေးနဲ့ အနုပညာဟာ တိုက်ရိုက် သက်ဆိုင်တယ်ဆိုတဲ့ ခံယူချက်မျိုး၊ အတွေးမျိုး ရှိလာအောင် ဘယ်သူတွေ က ရှေ့ဆောင်ပြပေးခဲ့တာလဲ။ ဘယ်သူတွေက ကိုယ့်အပေါ် လွှမ်းမိုးမှု ရှိခဲ့လဲ။

ဖြေ ။ ။ ကျနော့်ကို အဲဒီအတွေးအခေါ်တွေ အဓိက ပေးတာက စာတိုရီက ကျနော့်ရဲ့ အစ်ကိုတွေလို့ ပြောရမယ်။ သူတို့ နဲ့ တွေ့တဲ့အချိန် ကျနော့်ရဲ့ နိုင်ငံရေးရေချိန်က တဆင့်ထက်မြင့်သွားတယ်လို့ ကျနော် ယုံကြည်တယ်။ ဘာလို့ ကျနော့် နိုင် ငံရေးရေချိန် တဆင့်ထက်မြင့်သွားတယ်လို့ ပြောလဲဆိုတော့ နိုင်ငံရေးဆိုတာ ပြည်သူ့အရေးပဲလေနော်။ ကျနော်တို့က ဒီ နိုင်ငံမှာနေရင် ဒီနိုင်ငံက အရေးက အကုန်လုံးနဲ့ သက်ဆိုင်တယ်။ ဘယ်သူမှ မသက်ဆိုင်ဘူးဆိုတာ ငါတို့က ကြားနေဆိုတဲ့ လူတွေက အင်မတန် ရှက်စရာကောင်းတဲ့ စကားဆိုတာကို သိစေချင်တယ်။ ကိုယ့်နိုင်ငံမှာနေပြီး ကိုယ့်နိုင်ငံအရေးက ကိုယ်နဲ့ မသက်ဆိုင်ဘူးဆိုတဲ့ အတွေးဆိုရင် ဒါက နည်းနည်းလွဲနေပြီလို့ ထင်တယ်။

အနုပညာသမား ရပ်တည်ချက်က မှန်ကန်ဖို့ လိုတယ်။ အာဏာရှင် စိတ်ဓာတ်နဲ့ ရပ်တည်တယ်ဆိုရင် လွဲနေပြီပေါ့။ ဒါတော့ ပြည်သူတွေ ဆုံးဖြတ်ရမှာပေါ့။ အနုပညာက နိုင်ငံရေးနဲ့ အရမ်းသက်ဆိုင်တယ်။ နူးညံ့တဲ့ ဝါဒတခုလို့ သုံးချင်တယ်။

မေး ။ ။ ၈ လတာ ကာလအထိ စစ်အာဏာရှင် တော်လှန်ရေးမှာ ပါဝင်နေတဲ့ ကိုယ့်ရဲ့ အခန်းကဏ္ဍကိုရော ဘယ်လို သုံးသပ်မိလဲ။

ဖြေ ။ ။ ကျနော်က ဒီထက်ပိုပြီးတော့ လုပ်ချင်လာတယ်။ ဒါက နိုင်ငံရေးရဲ့ အာသီသလို့ ပြောရင်လည်း မငြင်းပါဘူး။ နား မယ့်အချိန်ကို မရှိချင်ဘူး။ နားပြီဆိုရင်ကို ငါ ဘာတွေလုပ်နေတာလဲပေါ့။ ကိုယ်ကိုယ့်ကို ပြန်တွေးပြီး ငါ တာဝန်မကျေဘူး လို့ ခံစားရတဲ့စိတ်က ပြန်ဝင်လာရော။ အဲဒါ ဘာကြောင့်လဲတော့ ကျနော်လည်း မသိဘူး။ ဒီထက်ပိုပြီး ကျနော် လုပ်ချင်တဲ့ စိတ်တွေကတော့ တဖွားဖွားပေါ်တယ်။ ဒါပေမဲ့ ကျနော့်ကို လူကြီးတွေက တားပါတယ်။

You may also like these stories:

ကိုယ် ယုံကြည်ပြီး တည်ဆောက်ခဲ့သမျှ အားလုံး ပျက်စီးသွားတာပဲ

အင်အားကို စုစည်းပြီးတော့ တတ်နိုင်သမျှ မြန်မြန်ရွှေ့အောင် လုပ်ရမယ်

စစ်ကောင်စီ၏ အပစ်ရပ်ရေး ကြေညာချက် လက်နက်ကိုင်အဖွဲ့တွေ မယုံကြည်

တော်လှန်ရေးကို အရှိန်အဟုန် မြှင့်လိုက်တယ်

ဘယ်နိုင်ငံကမှ လက်နက်ကိုင် ရုန်းကန်မှုကို ထောက်ပံ့မှာ မဟုတ်ဘူး

Your Thoughts …
Tags: စစ်အာဏာရှင် တော်လှန်ရေးဒေါင်းအနုပညာရှင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

by ဧရာဝတီ
10 November 2023
18k

တိုက်ပွဲဝင်နေကြသည့် စစ်သားများအား ဖျော်ဖြေပေးရန် စစ်ကောင်စီ၏ ပြန်ကြား ရေးဝန်ကြီး ဦးမောင်မောင်အုန်းက တိုက်တွန်းပြောဆိုမှုအပေါ် အနုပညာရှင်အများစုမှာ နှုတ်ဆိတ်လျက်

BC မသိလို့ Boycott လုပ်ခံရတော့မယ့် အဆိုတော်လေးဖြူ

BC မသိလို့ Boycott လုပ်ခံရတော့မယ့် အဆိုတော်လေးဖြူ

by ဧရာဝတီ
5 July 2024
7.2k

ဇူလိုင်လ ၂ ရက်က နေပြည်တော်ရှိ စစ်တပ်အသိုင်းအဝန်းနှင့် ဆက်နွယ်နေသော VIP စားသောက်ဆိုင်တွင် လေးဖြူက သွားရောက် ဖျော်ဖြေရင်း ၎င်းကို သပိတ်မှောက်မည့် BC ဆိုသော စကားလုံးကို နားမလည်ကြောင်း၊ A to Z...

မြန်မာနိုင်ငံသားဖြစ်ခွင့် ရုပ်သိမ်းခံ တော်လှန်အနုပညာရှင်များ

မြန်မာနိုင်ငံသားဖြစ်ခွင့် ရုပ်သိမ်းခံ တော်လှန်အနုပညာရှင်များ

by Will Jackson
27 September 2025
6.3k

နိုင်ငံသားဖြစ်ခွင့်သည် စစ်အုပ်စု၏ လက်နက်များအနက် တခုဖြစ်သည်။ ဒါဇင်ပေါင်းများစွာသော အတိုက်အခံ နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများနှင့် ဝေဖန်သူများကို နိုင်ငံမဲ့ဖြစ်အောင် လုပ်သည်။

ရုပ်ရှင်သရုပ်ဆောင်များ ရွေးကောက်ပွဲကြွေးကြော်သံ ရိုက်ရမည်

ရုပ်ရှင်သရုပ်ဆောင်များ ရွေးကောက်ပွဲကြွေးကြော်သံ ရိုက်ရမည်

by ဧရာဝတီ
2 November 2025
2.3k

ရွေးကောက်ပွဲနှင့်ပတ်သက်သော ကြွေးကြော်သံများကို တဦးချင်း ဖတ်ပြရမည်ဖြစ်ပြီး ရိုက်ကူးရေးကို စစ်ကော်မရှင်ဘက် ပြုလုပ်မည်ဖြစ်ကာ သတင်းနှင့် ဖျော်ဖြေရေး ပလက်ဖောင်း အားလုံးတွင် ထုတ်လွှင့်မည်ဖြစ်ကြောင်း၊ ရိုက်ကူးမှုများအား နိုဝင်ဘာလဆန်းတွင် စတင်မည်ဖြစ်ကြောင်း သိရသည်။

လိပ်ပြာလုံချင်သူ ခါရာနှင့် တွေ့ဆုံခြင်း

လိပ်ပြာလုံချင်သူ ခါရာနှင့် တွေ့ဆုံခြင်း

by ဧရာဝတီ
5 January 2025
1.7k

အဲဒီလိုမျိုး ရက်ရက်စက်စက် သတ်ဖြတ်နေတာကို သူတို့ ကြည့်ရက်နိုင်တယ်ဆိုရင် ဒါက ပြည်သူတွေ အပေါ်မှာ စေတနာရှိတာ မဟုတ်ဘူး။ သူတို့ပြောနေတဲ့စကား ပြည်သူတွေက ထမင်းရှင်တွေ ဘာတွေဆိုတာ အလကားပဲ အဓိပ္ပာယ် မရှိဘူး

စစ်တပ် ရွေးကောက်ပွဲ၏ မျက်နှာစာ သို့မဟုတ် လူသတ်ကောင်များ၊ ဆယ်လီများနှင့် အစွန်းရောက်ဝါဒီများ

စစ်တပ် ရွေးကောက်ပွဲ၏ မျက်နှာစာ သို့မဟုတ် လူသတ်ကောင်များ၊ ဆယ်လီများနှင့် အစွန်းရောက်ဝါဒီများ

by မောင်ကဝိ
25 August 2025
1.6k

ဦးခင်ရီက အဲဒီ အမျိုးသားရေးအစွန်းရောက်တွေနဲ့ အနုပညာရှင်တွေကို “မိတ်ဆွေတွေ” လို့ ရည်ညွှန်းခေါ်ဝေါ်တယ်။

Next Post
တယ်လီနော မြန်မာနိုင်ငံမှ ထွက်ခွာခြင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံမှ အရပ်ဘက်အဖွဲ့အစည်း ၄၇၄ ခုက ကန့်ကွက်ထားသည် / ဧရာဝတီ 

မြန်မာ့နိုင်ငံရေး အကျပ်အတည်းကြား တယ်လီနော ပိတ်မိ

မတူရင် မတုနဲ့

မတူရင် မတုနဲ့

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved