ဆောင်းပါး

မြန်မာ့နိုင်ငံရေး အကျပ်အတည်းကြား တယ်လီနော ပိတ်မိ

Want create site? Find Free WordPress Themes and plugins.

နော်ဝေးဆက်သွယ်ရေးလုပ်ငန်းကြီး တယ်လီနောသည် နောက်ဆုံးတွင် ဒီမိုကရေစီနိုင်ငံဖြစ်လာမည်ဟု မျှော်လင့်ရသည့် မြန်မာနိုင်ငံတွင် အရေးပါသောအခန်းမှ ပါဝင်လိုခဲ့သည်။ သို့သော် လွန်ခဲ့သော ဖေဖေါ်ဝါရီလက မြန်မာနိုင်ငံတွင် အာဏာသိမ်းလိုက်ပြီး ရက်စက်ကြမ်းကြုတ်သော စစ်အာဏာရှင်စနစ်သို့ ပြန်ရောက်သွားသောအခါ တယ်လီနောသည် အိပ်မက်ဆိုးများနှင့် ကြုံရတော့သည်။

၎င်းတို့၏ ဝန်ဆောင်မှုကို အသုံးပြုသူများအား အစိုးရကထောက်လှမ်းခြင်းကို လက်မခံရသေးချိန်တွင် မြန်မာမှထွက်ခွာရန် နော်ဝေးနိုင်ငံပိုင် ဆက်သွယ်ရေးလုပ်ငန်းဖြစ်ခဲ့ဖူးသော တယ်လီနောတွင် အဓိက ရှယ်ယာရှင်ဖြစ်နေဆဲ နော်ဝေးအစိုးရအား မြန်မာနိုင်ငံမှ လုပ်ငန်းများကို ရောင်းချခြင်းကို ဆိုင်းငံ့ရန်တောင်းဆိုထားကြသည်။ မိခင်ကုမ္ပဏီဖြစ်သော အော်စလိုမှ တယ်လီနောအုပ်စုသည် တယ်လီနော မြန်မာကို လက်ဘနွန်မှ M1 အုပ်စုသို့ရောင်းရန် လွန်ခဲ့သော လများအတွင်း သဘောတူထားသည်။ M1 အုပ်စုသည် အာဏာရှင်များအတွက် လုပ်ကိုင်ပေးသော အခြား ကုမ္ပဏီ တခုက ထိန်းချုပ်ထားသော လုပ်ငန်းဖြစ်သည်။

တယ်လီနော မြန်မာနိုင်ငံမှ ထွက်ခွာခြင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံမှ အရပ်ဘက်အဖွဲ့အစည်း ၄၇၄ ခု၏ ကန့်ကွက်ခြင်းကို ကိုင်တွယ်ရန် နိုင်ငံတကာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) က ပြီးခဲ့သည့်အပတ်အတွင်း သဘောတူလိုက်သောအခါ တယ်လီနောမြန်မာကိုရောင်းချမည့် ကိစ္စသည် မေးခွန်းထုတ်စရာဖြစ်လာသည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများအကြား အရေးပါသည့် ဆက်သွယ်မှုများ စစ်အာဏာသိမ်းသူများ လက်သို့ရောက်ပြီး အသက်ပေါင်းများစွာကို အန္တရာယ်ကျရောက်မည်ကို စိုးရိမ်ရကြောင်း အထက်ပါအဖွဲ့အစည်းများအနက် တခုက နုတ်ထွက်တော့မည့် နော်ဝေး ဝန်ကြီးချုပ် အန်နာဆိုးဘတ် နှင့် တယ်လီနော အမှုဆောင်အရာရှိချုပ် ဆစ်ဂ် ဘရက်တို့ထံ စာရေးသားပေးပို့ခဲ့သည်။

တယ်လီနော မြန်မာနိုင်ငံမှ ထွက်ခွာခြင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံမှ အရပ်ဘက်အဖွဲ့အစည်း ၄၇၄ ခု၏ ကန့်ကွက်ခြင်းကို ကိုင်တွယ်ရန် နိုင်ငံတကာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) က သဘောတူလိုက်သည်။

တယ်လီနော၏ရောင်းချမှုသည် OECD ၏ လမ်းညွှန်ချက်များနှင့် မကိုက်ညီကြောင်း အထက်ပါ အရပ်ဘက်အဖွဲ့အစည်းများက ယုံကြည်ကြသည်။ တယ်လီနောသည် တယ်လီနောမြန်မာကို ရောင်းချပြီး M1 အုပ်စုသို့ သုံးစွဲသူအချက်အလက်များ ပေးအပ်ရာတွင် ဖြစ်ပေါ်လာမည့် အန္တရာယ်များကို ထည့်သွင်းစဉ်းစားခြင်း မရှိကြောင်း ၎င်းတို့က ပြောကြားကြသည်။ လူ့အခွင့်အရေးချိုးဖေါက်မှုများကို စိုးရိမ်သောကြောင့် တယ်လီနောက မပေးလိုသည့် တယ်လီနော၏ သုံးစွဲသူအချက်အလက်များကို M1 အုပ်စုက စစ်အုပ်စုသို့ လွှဲပြောင်းပေးမည်ကိုလည်း ၎င်းတို့ စိတ်ပူကြသည်။ M1 သို့ရောင်းချခြင်းကြောင့် အထိခိုက်ဆုံးဖြစ်မည့်သူများကို တယ်လီနောမြန်မာက ဆက်သွယ်ရန် ပျက်ကွက်ကြောင်းလည်း ၎င်းတို့ပြောသည်။

ထိုသို့ကန့်ကွက်တိုင်ကြားခြင်းကို သုံးသပ်စဉ်းစားရန် OECD က ပြီးခဲ့သည့်အပတ် တနင်္လာနေ့တွင် သဘောတူပြီး ထိုကိစ္စကို ကိုင်တွယ်ရန် နော်ဝေးရှိ အမျိုးသား ဆက်ဆံရေးဌာန (NCP) သို့ လွှဲပြောင်းပေးလိုက်သည်။ ထို့ကြောင့် NCP သည် အော်စလိုအခြေစိုက် တယ်လီနော၊ အများအားဖြင့် နော်ဝေးအစိုးရက ခန့်အပ်သည့် တယ်လီနောဘုတ်အဖွဲ့ နှင့် မြန်မာနိုင်ငံမှ အရပ်ဘက်အဖွဲ့ ၄၇၄ ဖွဲ့တို့အကြား ကြားခံအဖြစ် ဆောင်ရွက်ပေးမည်ဖြစ်သည်။ တယ်လီနောသည် OECD လမ်းညွှန်ချက်များအညီ ဆောင်ရွက်ခြင်းရှိ မရှိ NCP က မည်သည့်အမြင်ကိုမျှ ထုတ်ဖေါ်ပြောဆိုခြင်း မရှိသေးကြောင်း တယ်လီနောက သတင်းထုတ်ပြန်ကြေညာချက်တခုတွင် ပြောသည်။

ထိုအခြေအနေသည် တယ်လီနောကို အကျပ်အတည်းတွင် ကျရောက်စေသည်။ မြန်မာနိုင်ငံမှ စိန်ခေါ်မှုများသော အခြေအနေနှင့်ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်းများက စိုးရိမ်သကဲ့သို့ ၎င်းတို့လည်း စိုးရိမ်ကြောင်း အော်စလိုမှ တယ်လီနော အရာရှိများပြောသည်။ တယ်လီနောကိုယ်တိုင်ကလည်း ၎င်းတို့၏ လူ့အခွင့်အရေးဆိုင်ရာမူများနှင့် ၎င်းတို့လိုက်နာရမည့် နိုင်ငံတကာဥပဒေချိုးဖေါက်မှုဖြစ်မည်ကို စိုးရိမ်သောကြောင့် မြန်မာနိုင်ငံမှ စစ်အာဏာပိုင်များက တောင်းခံသည့် သုံးစွဲသူအချက်အလက်များကို လွှဲပြောင်းပေးရန် ငြင်းဆန်သည်။

ပြဿနာ၏ ရင်းမြစ်မှာ မြန်မာနိုင်ငံ၏ စစ်အာဏာရှင်စနစ်အောက် လက်ရှိဥပဒေသည် နိုင်ငံတကာ ဥပဒေနှင့် ဆန့်ကျင်နေခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ဆက်လက်လုပ်ကိုင်ပါက ဥရောပသမဂ္ဂနှင့်နော်ဝေးတို့က ပိတ်ဆို့အရေးယူထားသည့် ကြားဖြတ်ထောက်လှမ်းသည့် ကိရိယာများ အသုံးပြုရန် လိုအပ်သည်ကို မိမိတို့ ပိုမိုရှင်းလင်းစွာ သိလာရကြောင်း အော်စလိုရှိ တယ်လီနော၏ ထိပ်တန်းစီမံခန့်ခွဲသူများနှင့် ဘုတ်အဖွဲ့က ယခုလအစောပိုင်းက ပြောသည်။ ထိုကဲ့သို့သော ကိရိယာများ အသုံးပြုခြင်းကို တယ်လီနော မြန်မာ၏ မိခင်လုပ်ငန်း တယ်လီနောအုပ်စုက လက်မခံနိုင်ပေ။

ပြဿနာ၏ ရင်းမြစ်မှာ မြန်မာနိုင်ငံ၏ စစ်အာဏာရှင်စနစ်အောက် လက်ရှိဥပဒေသည် နိုင်ငံတကာ ဥပဒေနှင့် ဆန့်ကျင်နေခြင်းဖြစ်သည်။

လတ်တလော မြန်မာနိုင်ငံတွင် တယ်လီနောမြန်မာ၏ သုံးစွဲသူများကို အကာအကွယ်ပေးရန်နှင့် အခြေခံလူ့အခွင့်အရေးနှင့် နိုင်ငံတကာဥပဒေ လိုက်နာရန် ဥပဒေ သို့မဟုတ် လုပ်ထုံးလုပ်နည်း မူဘောင်မရှိသောကြောင့် ထိုအခြေအနေတွင် ထိုကိရိယာများ အသုံးပြုခြင်းသည် ကုမ္ပဏီတခုအနေဖြင့် စံနှုန်းများနှင့်တန်ဖိုးများကို ချိုးဖေါက်ခြင်းဖြစ်ကြောင်း တယ်လီနောက မှတ်ချက်ချသည်။

ပြဿနာအနည်းဆုံးဖြေရှင်းမှု

တယ်လီနောသည် ၎င်းတို့မြန်မာနိုင်ငံတွင် ဆက်လက်လုပ်ကိုင်ရေး တောင်းဆိုသော ပြည်တွင်းပြည်ပမှ ပတ်သက်သူများ၏ အသံပိုမိုကျယ်လောင်လာသည်ကို ကောင်းစွာ သတိထားမိသည်။ သို့သော် ကုမ္ပဏီသည် ၎င်းတို့၏မူများကို ဆက်လက်လိုက်နာရန်၊ ၎င်းတို့ဝန်ထမ်းများကို အန္တရယ်ကင်းအောင်ထားရန်၊ မြန်မာနိုင်ငံတွင် ဆက်လက်လုပ်ကိုင်ရန် မဖြစ်နိုင်တော့ကြောင်း ဆုံးဖြတ်ထားပြီးဖြစ်နေသည်။ တယ်လီနောက ၎င်းတို့၏ မြန်မာလုပ်ငန်းကို M1 သို့ ရောင်းချခြင်းသည် “မိမိတို့ဝန်ဆောင်မှုအသုံးပြုသူ ၁၈ သန်း၏ ဆက်သွယ်မှုများ၊ ဘဏ်များနှင့် ဆေးရုံများကဲ့သို့သော အရေးပါသည့် ဝန်ဆောင်မှုများ၊ မိမိတို့ဝန်ထမ်းများ၏ အလုပ်အကိုင်နှင့် ယခုကဲ့သို့ ကျပ်တည်းသောအချိန်တွင် မိမိတို့ကို ပံ့ပိုးနေသာ လုပ်ငန်းများကို ဆက်လက်ထိန်းသိမ်းထားနိုင်သောကြောင့် ပြဿနာအနည်းဆုံး ဖြေရှင်းမှုဖြစ်သည်” ဟု ယူဆသည်။

အရှုံးခံရောင်းချပြီး မြန်မာနိုင်ငံမှ ထွက်လာခြင်းသည် တခုတည်းသော လက်တွေ့ကျသည့်နည်းလမ်း ဖြစ်သည်ဟု နော်ဝေးမှ သုတေသီအချို့က ယုံကြည်ကြသည်။ နော်ဝေးစီးပွားရေးကျောင်းဖြစ်သော NHH မှ ပါမောက္ခ တီနာ ဆိုရိက အခြေအနေသည် တယ်လီနောအတွက် ရုန်းထွက်ရန် ခက်ခဲသော အခြေအနေ (Catch-22) ဖြစ်ကြောင်းဖေါ်ပြပြီး တယ်လီနောအကျပ်အတည်း ဖြစ်နေကြောင်း Dagens Næringsliv (DN) သတင်းစာသို့ပြောသည်။ သို့သော် တယ်လီနော အရာရှိများသည် ၎င်းတို့ ရင်ဆိုင်နေရသည့် အန္တရာယ်ကို သိ မသိ၊ စစ်အာဏာရှင်များ ထပ်မံအာဏာသိမ်းမည့်အတွက် လုံလောက်စွာ ကြိုတင် ပြင်ဆင်ထားခဲ့ခြင်း ရှိ မရှိကို သူမေးခွန်းထုတ်သည်။ တယ်လီနောသည် မြန်မာနိုင်ငံမှ အစောပိုင်းလုပ်ငန်းများအတွက် ကောင်းစွာဝင်ငွေရရှိခဲ့သော်လည်း မြန်မာမှ ၎င်းတို့၏ ပိုင်ဆိုင်မှုများ အားလုံး၏တန်ဖိုးကို လျှော့ဈေးပေး ရောင်းသောကြောင့် နော်ဝေခရိုနာ ၆.၅ ဘီလီယံ ဆုံးရှုံးမည်ဖြစ်သည်။

ရောင်းချခြင်းကြောင့် ပြည်သူများကို အန္တရာယ်ကျရောက်စေနိုင်

တယ်လီနောသည် မြန်မာနိုင်ငံမှ ၎င်းတို့၏ ဝန်ဆောင်မှု အသုံးပြုသူများကို များစွား အန္တရာယ် ကျရောက်စေနိုင်ဆဲဖြစ်ကြောင်း အော့စလိုရှိ ငြိမ်းချမ်းရေး သုတေသနလုပ်ငန်း PRIO မှ အာရှရေးရာအထူးပြုသူ စတိန်း တွန်နက်ဆန်က အင်္ဂါနေု့ထုတ် Aftenposten သတင်းစာတွင်ရေးသားသည်။ တယ်လီနောသည် M1 သို့ မည်သည့်ရောင်းချမှုမတိုင်မီ စာတိုသတင်းစကားအားလုံးကို ဖျက်ဆီးပစ်ရန် မိမိတို့မျှော်လင့်ရမည်ဟု တွန်နက်ဆန် ရေးသော်လည်း တယ်လီနောတွင် မည်သူသည် မည်သည့်အချိန်တွင် မည်သည့်နေရာမှ မည်သူ့ကို ဆက်သွယ်ကြောင်း ကျယ်ပြန့်သော အချက်အလက်များ ရှိနေသေးသည်ဟု သူမှတ်ချက်ချသည်။ ထိုသို့ ရှိနေသောကြောင့် ၎င်းတို့ကို စစ်အာဏာရှင်က ရရှိသွားပါက ဖမ်းဆီးမှုနှင့် သေဆုံးမှုများပင် အများအပြားရှိနိုင်မည်ကို သူ စိုးရိမ်နေသည်။

အရှုံးခံရောင်းချပြီး မြန်မာနိုင်ငံမှ ထွက်လာခြင်းသည် တခုတည်းသော လက်တွေ့ကျသည့်နည်းလမ်း ဖြစ်သည်ဟု နော်ဝေးမှ သုတေသီအချို့က ယုံကြည်ကြသည်။

“တယ်လီနောအနေနဲ့ သူ့ရဲ့ဝန်ဆောင်မှု အသုံးပြုသူတွေကို ကာကွယ်ဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်ရမယ်” ဟု တွန်နက်ဆန်ပြောသည်။ သို့သော် စစ်ခေါင်းဆောင်များက အင်တာနက်လိပ်စာများကို ပိတ်ရန်၊ သုံးစွဲသူ အချက်အလက်များပေးရန် သို့မဟုတ် ကြားဖြတ်နားထောင်ရန် တောင်းဆိုသည်များကို စစ်အာဏာသိမ်းပြီးလျင်ပြီးခြင်း တယ်လီနောက အများပြည်သူသို့ အသိပေးခဲ့ကြောင်း သူမှတ်ချက်ချသည်။ နှစ်ပတ်အတွင်း စစ်ခေါင်းဆောင်များသည် ထိုသို့သောတောင်းဆိုခြင်းများကို အများပြည်သူအား အသိပေးခြင်းမှ ပိတ်ပင်ခဲ့သည်။

တယ်လီနောအတွက် ရွေးချယ်စရာနည်းလမ်း ၃ ခု

တယ်လီနောတွင် ရွေးချယ်စရာ နည်းလမ်း ၃ ခုရှိသည်ဟု တွန်နက်ဆန်ယူဆသည်။ ထိုနည်းလမ်း ၃ ခုမှာ စစ်အာဏာပိုင်များတောင်းဆိုသည်ကို လိုက်နာခြင်း၊ လုပ်ငန်းများပိတ်သိမ်း သို့မဟုတ် သိမ်းယူခံရမည်ကို သိလျက်နှင့် ထိုတောင်းဆိုမှုများကို လိုက်နာရန် ငြင်းဆန်ခြင်းနှင့် စစ်အာဏာပိုင်များတောင်းဆိုသည်ကို လိုက်လုပ်နိုင်သည့် အခြားအော်ပရေတာသို့ ရောင်းချ ထွက်ပြေးခြင်းတို့ဖြစ်သည်။

“နော်ဝေးနိုင်ငံရဲ့ ဂုဏ်သိက္ခာအတွက် တယ်လီနောက ဒုတိယနည်းလမ်းကို ရွေးချယ်စေချင်တယ်” ဟု သူ ဆက်လက်ရေးသားသည်။ “ထိုအခါ တယ်လီနော အောင်လံထူ ထွက်ခွာလာနိုင်ပြီး မြန်မာပြည်သူများ နောက်ထပ် ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်သည့် အစိုးရ ရှိလာသောအခါ ပြန်လည်သွားရောက်လုပ်ကိုင်နိုင်သည်” ဟုလည်း သူရေးသည်။

ရောင်းချခြင်းသည်သာ တခုတည်းသော နည်းလမ်းဖြစ်သည်ဟု တယ်လီနောက ယူဆနေပြီး ၎င်းတို့ ဝန်ထမ်းများ၏ လုံခြုံရေးအတွက် စိုးရိမ်သောကြောင့် ၎င်းတို့၏ အကျပ်အတည်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များအားလုံးကို မထုတ်ပြန်နိုင်ဘဲဖြစ်နေသည်။

ရောင်းချခြင်းသည်သာ တခုတည်းသော နည်းလမ်းဖြစ်သည်ဟု တယ်လီနောက ယူဆနေပြီး ၎င်းတို့ ဝန်ထမ်းများ၏ လုံခြုံရေးအတွက် စိုးရိမ်သောကြောင့် ၎င်းတို့၏ အကျပ်အတည်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များအားလုံးကို မထုတ်ပြန်နိုင်ဘဲဖြစ်နေသည်။ “ဒါက လွယ်လွယ်ကူကူချလို့ ရတဲ့ဆုံးဖြတ်ချက်မျိုး မဟုတ်ဘူး” ဟု တယ်လီနောမှ ရီတာစကဂျာဗစ်က Aftenposten တွင် အင်္ဂါနေ့က ရေးသားသည်။ “တယ်လီနောသည် နည်းလမ်းအားလုံးကို အကဲဖြတ်လေ့လာခဲ့သည်” ဟုလည်း သူဆက်လက်ရေးသားသည်။

OECD နှင့် နော်ဝေးမှ NCP တို့သည် ၎င်းတို့၏ အကဲဖြတ်ချက်ကို ချမှတ်ရန် အချိန်မည်မျှလိုမည်ကို ရှင်းလင်းစွာ မသိရသေးပါ။ ထိုဘက်မလိုက်သော ပညာရှင်အဖွဲ့ကို နိုင်ငံတော်အယူခံ တရားရုံး တခုမှ ဖရုတ်အယ်လ်ဂျက်ဆန်က ဦးဆောင်ပြီး အလုပ်ရှင်များ၊ အလုပ်သမားအဖွဲ့အစည်းများနှင့် အရပ်ဘက် အဖွဲ့အစည်းများ၏ ထောက်ခံမှုကို အခြေခံပြီး နော်ဝေး ပြည်ပနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနက ခန့်အပ်သည့် အဖွဲ့ဝင်များပါဝင်သည်။

မြန်မာနိုင်ငံမှ လုပ်ငန်းများ ရောင်းချခြင်းအား တယ်လီနောက ရပ်ဆိုင်းရန် နော်ဝေး ကုန်သွယ်ရေး ဝန်ကြီးဌာနတွင် တောင်းဆိုနေကြသည်။ သို့သော် ထိုဝန်ကြီးဌာနသည် အစိုးရက ရှယ်ယာပိုင်ဆိုင်သည့် ကုမ္ပဏီများ၏ စီမံခန့်ခွဲမှု ဝင်ရောက်စွက်ဖက်လေ့ မရှိသလောက်ပင် ဖြစ်ပြီး ဝန်ကြီးဌာနပြောခွင့်ရသူတဦးက တယ်လီနော၏ စီမံခန့်ခွဲရေးအဖွဲ့နှင့် ဘုတ်အဖွဲ့တွင်သာ တာဝန်ရှိကြောင်း DN သို့ပြောကြားထားသည်။

ကိုးကား။ ။ newsinenglish.no တွင် Nina Berglund ရေးသားသော Telenor caught in Myanmar dilemma

You may also like these stories:

မြန်မာနိုင်ငံတွင် ဆက်ရှိနေရေး မဖြစ်နိုင်ဟု တယ်လီနော ကြေညာ

ဖုန်းများကို ကြားဖြတ်သတင်းယူရန် စစ်တပ် ဘယ်လိုလုပ်ခဲ့သလဲ

ကျပ်ငွေ တန်ဖိုး ဆက်တိုက်ကျ စက်သုံးဆီဈေးနှုန်း နှစ်ဆကျော် မြင့်လာ

အခြေခံကုန်ပစ္စည်း ဈေးနှုန်းများ ထိုးတက်လာနေ

Did you find apk for android? You can find new Free Android Games and apps.
Loading