• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

တယ်လီနောမြန်မာကို M1 နှင့် ရွှေဗျိုင်းဖြူကုမ္ပဏီတို့ လက်လွှဲ

by ဧရာဝတီ
19 March 2022
in စီးပွားရေး
A A
ရန်ကုန်မြို့လယ်ရှိ တယ်လီနောမြန်မာ အရောင်းပြခန်း  / ဧရာဝတီ

ရန်ကုန်မြို့လယ်ရှိ တယ်လီနောမြန်မာ အရောင်းပြခန်း / ဧရာဝတီ

11k
VIEWS
Share on FacebookShare on Twitter

နော်ဝေးအခြေစိုက် တယ်လီနောလုပ်ငန်းစု၏ မြန်မာနိုင်ငံရှိ လုပ်ငန်းခွဲဖြစ်သော တယ်လီနောမြန်မာကို လက်ဘနွန် အခြေစိုက် M1 အုပ်စုနှင့် အာဏာသိမ်းစစ်တပ်နှင့်နီးစပ်မှုရှိသည့် ရွှေဗျိုင်းဖြူကုမ္ပဏီတို့ထံ ရောင်းချခြင်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံကော်မရှင်က အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း လက်ဘနွန်အခြေစိုက် M1 က မတ် ၁၈ တွင် ထုတ်ပြန်သည်။

ထို့ကြောင့် တယ်လီနောမြန်မာ၏ ဆက်သွယ်ရေးလုပ်ငန်းများကို M1 အုပ်စုနှင့် ရွှေဗျိုင်းဖြူကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်သည့် Investcom PTE Ltd ကုမ္ပဏီက ဆက်လက် လုပ်ကိုင်သွားမည် ဖြစ်သည်။

ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော်သည် စက်သုံးဆီလုပ်ငန်းကို အဓိက လုပ်ကိုင်သူဖြစ်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း (ရေတပ်ဦးစီးချုပ်ဟောင်း) အပါအဝင် ထိပ်ပိုင်းစစ်ဗိုလ်ချုပ်များနှင့် နီးကပ်စွာ ဆက်ဆံရေးရှိသူတဦး ဖြစ်သည်။

M1 လုပ်ငန်းစုသည် လက်ဘနွန်ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ် မီကာတီနှင့် ညီအကိုများ ပိုင်ဆိုင်သော လုပ်ငန်းဖြစ်ပြီး မိုဘိုင်းလ် နှင့် ဂြိုလ်တုဆက်သွယ်ရေးစနစ်များ တီထွင်ထုတ်လုပ်သော ဆက်သွယ်ရေးနည်းပညာကုမ္ပဏီဖြစ်သည်။

M1 Group ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Azmi T. Mikati က “M1 Group အနေနဲ့ လုပ်ငန်းလည်ပတ်ရာ နိုင်ငံရဲ့ ဥပဒေများကို လေးစားလိုက်နာပြီး စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အထူးသဖြင့် ဒေတာ လုံခြုံရေး၊ ဒေတာများထိန်းသိမ်းခြင်း၊ အချက်အလက်လုံခြုံရေး၊ ချိတ်ဆက်ခြင်း၊ ကွန်ယက်မဲ့ချိတ်ဆက်ခြင်းနှင့် အင်တာနက် ရရှိရေးတို့တွင် ထောက်ခံအားပေးခြင်းနှင့် လူ့အခွင့်အရေးများကို အမြဲတစေ ကဲ့သို့ပင် ထိန်းသိမ်းစောင့်ရှောက် သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

သို့ရာတွင် တယ်လီနောက မြန်မာပြည်မှ ပြန်လည်ဆုတ်ခွာရခြင်း အဓိကအကြောင်းရင်းမှာ အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ကြားဖြတ်စောင့်ကြည့်ရေး စနစ်များ တပ်ဆင်လာခိုင်းခြင်းကြောင့်ဟု ပြောဆိုထားသည်။

လတ်တလောတွင် Investcom PTE Ltd တွင် M1 Group က ရှယ်ယာ ၅၁ ရာခိုင်နှုန်းနှင့် ရွှေဗျိုင်းဖြူကုမ္ပဏီက ရှယ်ယာ ၄၉ ရာခိုင်နှုန်း ပါဝင်ပြီး နောက်ပိုင်းတွင် ရွှေဗျိုင်းဖြူကုမ္ပဏီက ထိုဖက်စပ်ကုမ္ပဏီတွင် ရှယ်ယာ ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့် ပိုင်ဆိုင်ရရန် စီစဉ်ထားကြောင်း ဧရာဝတီသတင်းဌာနက စုံစမ်းသိရှိထားသည်။

ထိုသို့ အာဏာသိမ်းစစ်အုပ်စုနှင့် နီးစပ်သည့် ကုမ္ပဏီက တယ်လီနောမြန်မာ၏ အဓိကရှယ်ယာရှင် ဖြစ်လာမည့် အခြေအနေ ကြောင့် အဆိုပါ လွှဲပြောင်းရောင်းချမှုသည် တယ်လီနောမြန်မာ သုံးစွဲသူပေါင်း ၁၈ သန်း၏ အချက်အလက်များ စစ်ကောင်စီ လက်တွင်းသို့ ကျရောက်သွားနိုင်သည့်အတွက် လူ့အခွင့်အရေးအဖွဲ့များက ထိုရောင်းချမှုကို လုံးဝ ရပ်ဆိုင်းရန် တယ်လီနောနှင့် တယ်လီနော၏ ရှယ်ယာအများစု ပိုင်သော နော်ဝေအစိုးရကို တောင်းဆိုခဲ့ကြသည်။

နော်ဝေအစိုးရက လုပ်ထုံးလုပ်နည်းများအရ တယ်လီနောအမှုဆောင်အရာရှိများ၏ ဆုံးဖြတ်ချက်ကို ဝင်စွက်မရကြောင်း ပြောသည်။

တဖက်တွင်လည်း တယ်လီနောမြန်မာ၏ အကြီးအကဲဖြစ်သော နော်ဝေးနိုင်ငံသား ၁ ဦး အပါအဝင် အခြားသော ဝန်ထမ်း များကို နိုင်ငံမှပေးမထွက်ဘဲ စစ်ကောင်စီဘက်က အကျပ်ကိုင်ထားပြီး ထိုရောင်းချမှုကို တွန်းအားပေးသည့် အခြေအနေ ရှိခဲ့သည်။

ယခုလို ရောင်းချမှု အတည်ဖြစ်သွားသည့် အချိန်ရောက်လာမှ အဆိုပါ တယ်လီနော မြန်မာဝန်ထမ်းများကို နိုင်ငံပြင်ပသို့ ထွက်ခွာခွင့်ပေးခဲ့ကြောင်း သိရသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.9k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
238
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164

တယ်လီနောကလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီ လကုန်ပိုင်းက ၎င်း၏ ရင်းနှီးမြှုပ်နှံသူများနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ဖိအားပေးမှုများကို ၎င်းတို့၏ ဝန်ထမ်းများအား ကာကွယ်ရန် မြန်မာဥပဒေများကို လိုက်နာနေရမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

M1 Group အနေဖြင့် “လုပ်ငန်းစဉ်ဆက်မပြတ်ရေး၊ အခြေကျရေးနှင့် Telenor Myanmar သုံးစွဲသူများ၊ ဝန်ထမ်းများနှင့် စီးပွားရေးမိတ်ဖက်များအားလုံး ယုံကြည်စိတ်ချရမှု ရှိရေးတို့အတွက် တယ်လီနောလုပ်ငန်းစု အပါအဝင် သက်ဆိုင်သူအားလုံးနှင့် နီးကပ်စွာ လုပ်ဆောင်သွားမည်ဖြစ်ပြီး လုပ်ငန်းလွှဲပြောင်းရယူမှုအား အမြန်ဆုံး အပြီးသတ်နိုင်ရန် ဆောင်ရွက်သွားမည်” ဖြစ်ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

You may also like these stories:

ရေပေါ်ဆီဆိုင်တည်ရာမှ တယ်လီနောမြန်မာကို ပိုင်ဆိုင်လာမည့်သူ

ဖုန်းများကို ကြားဖြတ်သတင်းယူရန် စစ်တပ် ဘယ်လိုလုပ်ခဲ့သလဲ

ရေတပ်ဦးစီးချုပ် နှစ်ဦးကြားက တယ်လီနောမြန်မာ အရောင်းအဝယ်

မြန်မာစစ်တပ်နှင့် ပေါင်းပြီး စီးပွားရေးမလုပ်ရန် အမေရိကန် သတိပေး

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၃ ဘီလီယံ ကျော် ပြန်ထွက်

Your Thoughts …
Tags: M1ဆက်သွယ်ရေးလုပ်ငန်းတယ်လီနောမြန်မာရွှေဗျိုင်းဖြူကုမ္ပဏီအာဏာသိမ်းစစ်အုပ်စု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဘိန်းဘုရင်မှသည် စစ်တပ်ခရိုနီဆီသို့ အပိုင်း-၂

ဘိန်းဘုရင်မှသည် စစ်တပ်ခရိုနီဆီသို့ အပိုင်း-၂

by အောင်သစ်
9 May 2024
5.1k

နေပြည်တော်၏ အရေးပါသည့် အဆောက်အဦးများကို အေးရှားဝေါလ်က ဆောက်လုပ်ခွင့် ရခဲ့သကဲ့သို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အိမ်ကိုလည်း ဆောက်ခွင့်ရခဲ့သည်။

တပ်မတော်(ရေ) ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် လက်ရှိ တပ်မတော်(ရေ)ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင် / ဧရာဝတီ

ရေတပ်ဦးစီးချုပ် နှစ်ဦးကြားက တယ်လီနောမြန်မာ အရောင်းအဝယ်

by အောင်ခမ်း
2 December 2021
25.1k

ရေတပ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးတင်အောင်စန်း ကျောထောက်နောက်ခံပြုသည့် ရွှေဗျိုင်းဖြူကုမ္ပဏီနှင့် လက်ရှိ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမိုးအောင်၏ ညီ ဦးနေအောင်၏ Amara Communications Co.,Ltd (ACS)တို့ အကြား အကျိုးစီးပွားခြင်း တဖြည်းဖြည်း အားပြိုင်မှု ဖြစ်လာနေကြောင်း ဧရာဝတီက စုံစမ်းသိရသည်။

ဘိန်းဘုရင်မှသည် စစ်တပ်ခရိုနီဆီသို့ အပိုင်း-၃

ဘိန်းဘုရင်မှသည် စစ်တပ်ခရိုနီဆီသို့ အပိုင်း-၃

by အောင်သစ်
11 May 2024
4k

စစ်အာဏာသိမ်းမှု နောက်ပိုင်း အေးရှားဝေါလ် ကုမ္ပဏီ၏ လက်အောက်ခံ ကုမ္ပဏီများသည် အာဏာသိမ်း စစ်ကောင်စီက ခွင့်ပြုသည့် ဆိုလာစီမံကိန်းများကိုလည်း လုပ်ကိုင်ခွင့်ရခဲ့သည်။

တယ်လီနောမြန်မာ၏ အဓိက ပိုင်ဆိုင်သူဖြစ်လာမည့် ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စု၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌ ဖြစ်သူမှာ အသက် ၅၉ နှစ်အရွယ် ဦးသိန်းဝင်းဇော် ဖြစ်သည်။

ရေပေါ်ဆီဆိုင်တည်ရာမှ တယ်လီနောမြန်မာကို ပိုင်ဆိုင်လာမည့်သူ

by ဧရာဝတီ
15 February 2022
20.3k

တယ်လီနောမြန်မာ၏ အဓိက ပိုင်ဆိုင်သူဖြစ်လာမည့် ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စု၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌ ဖြစ်သူမှာ အသက် ၅၉ နှစ်အရွယ် ဦးသိန်းဝင်းဇော် ဖြစ်သည်။

နော်ဝေးအစိုးရ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေက Cognyte ကို ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုစာရင်းမှ လွန်ခဲ့သောလက ထုတ်ပယ်ခဲ့သည်

ကြားဖြတ်နားထောင်သည့် ဆော့ဖ်ဝဲလ် အစ္စရေးကုမ္ပဏီက မြန်မာသို့ ရောင်းချခဲ့

by ဧရာဝတီ
17 January 2023
2.4k

Cognyte ၏ စနစ်ကို MPT က စမ်းသပ်ခဲ့ကြောင်း မြန်မာမှ ကြားဖြတ်နားထောင်မှု စီမံကိန်းများကို သိသူ နှစ်ဦးက Reuters သို့ သီးခြားစီပြောသည်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သမီးဖြစ်သူ ဒေါ်ခင်သီရိသက်မွန် / nwayoomyanmar.com

တယ်လီနောမြန်မာ ဝယ်ခွင့်ရသည့် ကုမ္ပဏီတွင် တပ်ချုပ်သမီး ရှယ်ယာပါ

by ဧရာဝတီ
24 March 2022
28.4k

တပ်ချုပ်မိသားစုသည် စီးပွားရေးလုပ်ငန်းများတွင် ၎င်းတို့နှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်တချို့ကို ရှေ့ထွက်လုပ်ခိုင်းပြီး နောက်ကွယ်ကနေ ငွေကြေးရင်းနှီးမြှုပ်နှံမှုကို အကြီးအကျယ် လုပ်ဆောင်လျက် ရှိသည်။

Next Post
အင်တာနက် ဖြတ်ခံထားရသည့် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ယခုမတ်လအတွင်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၃၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့  / CJ

အင်တာနက်ဖြတ်တောက်မှုနှင့် စစ်ကောင်စီ၏ အရိပ်မဲ့စစ်ဆင်ရေး

၂၀၁၉ NLD အစိုးရလက်ထက် မန္တလေးသင်္ကြန်ဖွင့်ပွဲ မြင်ကွင်း  / ဧရာဝတီ

စစ်ကောင်စီလုပ်မည့် မန်းသင်္ကြန် မြို့ခံအများစု မဆင်နွှဲဟုဆို

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

8 hours ago
2.9k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.5k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved