• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ရေပေါ်ဆီဆိုင်တည်ရာမှ တယ်လီနောမြန်မာကို ပိုင်ဆိုင်လာမည့်သူ

by ဧရာဝတီ
15 February 2022
in ဆောင်းပါး
A A
တယ်လီနောမြန်မာ၏ အဓိက ပိုင်ဆိုင်သူဖြစ်လာမည့် ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စု၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌ ဖြစ်သူမှာ အသက် ၅၉ နှစ်အရွယ် ဦးသိန်းဝင်းဇော် ဖြစ်သည်။

တယ်လီနောမြန်မာ၏ အဓိက ပိုင်ဆိုင်သူဖြစ်လာမည့် ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စု၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌ ဖြစ်သူမှာ အသက် ၅၉ နှစ်အရွယ် ဦးသိန်းဝင်းဇော် ဖြစ်သည်။

20.3k
VIEWS
Share on FacebookShare on Twitter

လက်ဘနွန် အခြေစိုက် M1 Group က ဝယ်ယူခွင့်ရရှိထားသော တယ်လီနောမြန်မာတွင် အာဏာသိမ်း စစ်အုပ်စုနှင့် နီးစပ်သော ရွှေဗျိုင်းဖြူကုမ္ပဏီက ရှယ်ယာ ၄၉ ရာခိုင်နှုန်းအထိ ဝယ်ယူခွင့်ရရှိသွားပြီ ဖြစ်သည်။

Investcom အမည်ရှိ ကုမ္ပဏီကို M1 Group နှင့် ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုတို့က ပူးပေါင်းထူထောင်လိုက်ပြီး အဆိုပါကုမ္ပဏီက သုံးစွဲသူ ၁၈ သန်းကျော်ရှိသော တယ်လီနောမြန်မာ၏ ပိုင်ရှင်အသစ် ဖြစ်လာနိုင်ဖွယ်ရှိနေသည်။

ရွှေဗျိုင်းဖြူကုမ္ပဏီသည် M1 ထံမှ တယ်လီနောမြန်မာကို နှစ်စဉ်ရှယ်ယာများ တိုးဝယ်ယူခွင့် တောင်းဆိုထားပြီး ၈၀ ရာခိုင်နှုန်းအထိ ဝယ်ယူခွင့်ရသည်အထိ စီစဉ်ထားကြောင်း ဆက်သွယ်ရေးလုပ်ငန်း ကဏ္ဍရှိ ဧရာဝတီ၏ သတင်းရစ်မြစ်များက ပြောသည်။

တယ်လီနောမြန်မာ၏ အဓိက ပိုင်ဆိုင်သူဖြစ်လာမည့် ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စု၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌ ဖြစ်သူမှာ အသက် ၅၉ နှစ်အရွယ် ဦးသိန်းဝင်းဇော် ဖြစ်သည်။

တယ်လီနောမြန်မာ၏ အဓိက ပိုင်ဆိုင်သူဖြစ်လာမည့် ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စု၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌ ဖြစ်သူမှာ အသက် ၅၉ နှစ်အရွယ် ဦးသိန်းဝင်းဇော် ဖြစ်သည်။

သူသည် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ( ရန်ကုန် )၏ ဥက္ကဌအဖြစ်လည်း တာဝန်ယူထားသည်။ ၂၀၁၉ ခုနှစ်၌ နိုင်ငံတော်အတွက် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်သည့် ကုမ္ပဏီ ၅၀ ထဲတွင်လည်း ဦးသိန်းဝင်းဇော် ပိုင်ဆိုင်သော ရွှေဗျိုင်းဖြူကုမ္ပဏီက အဆင့် ၆ နေရာတွင် ရှိခဲ့သည်။

သူသည် မြန်မာစစ်တပ်နှင့် ဗီယက်နမ်စစ်တပ်တို့အကြား ပူးပေါင်းဆောင်ရွက်သည့် ဆက်သွယ်ရေး အော်ပရေတာ MyTel တွင် ရှယ်ယာတစိတ်တပိုင်း ပါဝင်သော မဟာရိုးမ အများပိုင်ကုမ္ပဏီ၏ ဒါရိုက်တာတဦးလည်း ဖြစ်သည်။

သူသည် ရွှေဗျိုင်းဖြူ လုပ်ငန်းစုကို ၁၉၉၆ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး မြန်မာစစ်တပ်နှင့် ဆက်နွှယ်သော ကုမ္ပဏီဖြစ်သည့် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် (MEHL) နှင့် စက်သုံးဆီတင်သွင်း ဖြန့်ဖြူးခြင်း လုပ်ငန်းနှင့် ကျောက်မျက်သတ္တု တူးဖော်ရေး လုပ်ငန်းများ အဓိက လုပ်ကိုင်ခဲ့သော လုပ်ငန်းရှင်တဦး ဖြစ်သည်။

ဦးသိန်းဝင်းဇော်သည် တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ် အနီးရှိ ပင်လယ်ပြင်များမှ မှောင်ခိုနှင့် တရားမဝင် တင်ဆောင်လာသော စက်သုံးဆီများကို ပြည်တွင်းသို့ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကို အကြီးအကျယ် လုပ်ဆောင်ပြီး စီးပွားဖြစ်ခဲ့သူဖြစ်ပြီး မြန်မာစစ်တပ် (ရေ) ၏ ထိပ်ပိုင်းခေါင်းဆောင်များနှင့် လွန်စွာ နီးစပ်ခဲ့သည် (ပြည်ပမှ မှောင်ခိုတင်သွင်းသော စက်သုံးဆီများကို အခွန်မဆောင်ဘဲ၊ ပြည်တွင်း ဈေးကွက်သို့ ဖြန့်ဖြူး ရောင်းချခြင်းဖြစ်သည်)။

ထိုသို့ တရားမဝင်စက်သုံးဆီ တင်သွင်းရောင်းချမှုများ အတွက် မြန်မာစစ်တပ် (ရေ) ၏ စစ်ရေယာဉ်များက လုံခြုံရေး ယူပေးမှုများ ရှိသည်။

ထိုသို့ စီးပွားရှာခဲ့ခြင်းကြောင့် သူ့ကို စက်သုံးဆီတင်သွင်းဖြန့်ဖြူးသော လုပ်ငန်းကဏ္ဍ အသိုင်းအဝိုင်းတွင် “ရေပေါ်မှာ ဆီဆိုင်တည်ထားသူ” ဟု ခေါ်ဆိုကြကြောင်း ဧရာဝတီ၏ စီးပွားရေးလုပ်ငန်းရှင် သတင်း ရင်းမြစ်များက ပြောကြသည်။

၂၀၂၁ ခုနှစ် မြန်မာစစ်တပ် အာဏာသိမ်းမှုကို ထောက်ခံအားပေးသော ယခင် ဦးသန်းရွှေလက်ထက် ရေတပ်ဦးစီးချုပ်ဟောင်း ဒုဗိုလ်ချုပ်ကြီး စိုးသိန်းမှသည် ဗိုလ်ချုပ်ကြီး သူရသက်ဆွေနှင့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း အစရှိသော အစဉ်အဆက် ရေတပ်ဦးစီးချုပ်များနှင့် ဆက်ဆံရေး ကောင်းမွန်ခဲ့သူ ဖြစ်သည်။

၂၀၂၁ ခုနှစ် မြန်မာစစ်တပ် အာဏာသိမ်းမှုကို ထောက်ခံအားပေးသော ယခင် ဦးသန်းရွှေလက်ထက် ရေတပ်ဦးစီးချုပ်ဟောင်း ဒုဗိုလ်ချုပ်ကြီး စိုးသိန်းမှသည် ဗိုလ်ချုပ်ကြီး သူရသက်ဆွေနှင့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း အစရှိသော အစဉ်အဆက် ရေတပ်ဦးစီးချုပ်များနှင့် ဆက်ဆံရေး ကောင်းမွန်ခဲ့သူ ဖြစ်သည်။

“သူ (ဦးသိန်းဝင်းဇော်) က ဦးစိုးသိန်းနဲ့ ပိုပြီး ရင်းနှီးတယ်။ လူအရင်းပေါ့” ဟု စီးပွားရေးလုပ်ငန်းရှင် တဦးက ဧရာဝတီသို့ ပြောသည်။

ဒုဗိုလ်ချုပ်ကြီး (ဟောင်း) ဦးစိုးသိန်းသည် ရေတပ်ချုပ်ရာထူးမှ ၂၀၀၈ ခုနှစ်တွင် အနားယူခဲ့ပြီး စက်မှု ဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ် ဆက်တာဝန်ယူခဲ့ကာ သမ္မတ ဦးသိန်းစိန်လက်ထက်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌအဖြစ်လည်း ၂၀၁၀ မှ ၂၀၁၃ ခုနှစ်အထိ တာဝန်ယူခဲ့ပြီးနောက် နိုင်ငံတော် သမ္မတရုံး၏ ဝန်ကြီးအဖြစ် ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့အထိ တာဝန်ယူခဲ့သူဖြစ်သည်။

ဦးစိုးသိန်းသည် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ အစိုးရတာဝန်ယူခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD) အစိုးရကို အပုတ်ချထားသော အကြောင်းအရာများနှင့် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းမှုကို ထောက်ခံရေးသားထားသော ဒီမိုကရေစီ ဒုတိယ အစိုးရသစ်နှင့် မြန်မာနိုင်ငံ (ဒုတိယတွဲ) အမည်ရှိ စာအုပ်ကို တိတ်တဆိတ် ထုတ်ဝေရေးသားခဲ့သူလည်း ဖြစ်သည်။

မြန်မာစစ်တပ်၏ ရေတပ်ဦးစီးချုပ်ဟောင်း တဦးက လက်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး အဖြစ် တာဝန်ယူနေချိန်တွင် ဆက်သွယ်ရေးလုပ်ငန်းနှင့် ပတ်သက်ပြီး အတွေ့အကြုံ မရှိသည့် ရွှေဗျိုင်းဖြူကုမ္ပဏီကို နှစ်စဉ်အမေရိကန်ဒေါ်လာ သန်းနှင့်ချီ ဝင်ငွေရရှိနေသော တယ်လီနော မြန်မာကို ဝယ်ယူခွင့်ပေးလိုက်ခြင်းက အံ့ဩစရာ ကောင်းမည် မဟုတ်ပေ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ရေတပ်ဦးစီးချုပ် ရာထူးမှ လျှော့ချခံခဲ့ရပြီး စစ်ကောင်စီအဖွဲ့ဝင်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးအဖြစ် တာဝန်ပေးခံခဲ့ရသူဖြစ်သည်။

တယ်လီနောမြန်မာ အရောင်းအဝယ်ကိစ္စတွင် လက်ရှိရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမိုးအောင်၏ညီ ဦးနေအောင်ပိုင်ဆိုင်သော IGE အုပ်စုနှင့် ဦးသိန်းဝင်းဇော်တို့ အုပ်စုများအကြားတွင် အားပြိုင်မှုများရှိခဲ့၍ ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဆက်ဆံရေး အဆင်မပြေတော့ကြောင်း ဦးသိန်းဝင်းဇော်နှင့် စီးပွားရေး နီးနီးကပ်ကပ်လုပ်ခဲ့ဖူးသည့် စီးပွားရေး လုပ်ငန်းရှင်တဦးက ပြောသည်။

ဦးသိန်းဝင်းဇော်သည် အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိမ်တော်သို့ ဝင်ထွက်ခွင့်ရသော စီးပွားရေး လုပ်ငန်းရှင်ကြီး အနည်းငယ်ထဲမှ တယောက်လည်း ဖြစ်သည်။

ဦးသိန်းဝင်းဇော်သည် အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိမ်တော်သို့ ဝင်ထွက်ခွင့်ရသော စီးပွားရေး လုပ်ငန်းရှင်ကြီး အနည်းငယ်ထဲမှ တယောက်လည်း ဖြစ်သည်။

ထို့အပြင် ဦးသိန်းဝင်းဇော်၏ ဇနီး ဒေါ်တင်လတ်မင်းသည်လည်း စစ်ဗိုလ်ချုပ်ကတော်များနှင့် ရင်းနှီး ကျွမ်းဝင်သူဖြစ်သလို စစ်တပ်၏ စီးပွားရေးလုပ်ငန်းခွဲ ဖြစ်သော သစ်တောထွက်ပစ္စည်း ဖက်စပ် ကော်ပိုရေးရှင်း (Forest Products Joint Venture Corporation Ltd.) ၏ အစုရှယ်ယာရှင်တဦး ဖြစ်သည်။ FPJVC သည် ဥရောပသမဂ္ဂက စီးပွားရေးအရ အရေးယူပိတ်ဆို့မှု လုပ်ထားသည့် အဖွဲ့အစည်း ဖြစ်သည်။

ရွှေဗျိုင်းဖြူကုမ္ပဏီသည် လက်လီစက်သုံးဆီ ဈေးကွက်ထက် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်း ဒေသများရှိ ရွှေလုပ်ကွက်များနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများကို အဓိကထား ဖြန့်ဖြူးရောင်းချသော လက်ကားဈေးကွက်ကို အဓိကလုပ်ကိုင်ခြင်း ဖြစ်သည်။

အဓိကအားဖြင့် မြန်မာ့ကျောက်စိမ်းအများဆုံးထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်ဒေသအတွက် စက်သုံးဆီတင်သွင်းရောင်းချခွင့်ရရှိထားသူ ဖြစ်သည်။ထို့အပြင် သတ္တုတူးဖော်ရေးလုပ်ငန်းများတွင်အသုံးပြုသော ယမ်းတင်သွင်းရောင်းချခွင့်ကိုလည်း ဦးသိန်းဝင်းဇော်၏ ကုမ္ပဏီက ကိုယ်စားလှယ်အဖြစ်ရရှိထားကြောင်း ဧရာဝတီ၏ သတင်းရင်းမြစ်များက ဆိုသည်။

ထို့အပြင် မြန်မာစစ်တပ် (ရေ) က စစ်ရေယာဉ်များအတွက် စက်သုံးဆီဝယ်ယူရေး တင်ဒါများကို ဦးသိန်းဝင်းဇော် ကုမ္ပဏီကပင် ရရှိသလို စစ်ရေယာဉ်မောင်း ကပ္ပတိန်များကလည်း စက်သုံးဆီများ ပြန်ထုတ် ရောင်းရာတွင်လည်း ၎င်း၏ ကုမ္ပဏီသို့ ပြန်ရောင်းလေ့ရှိကြောင်း စက်သုံးဆီ တင်သွင်းရောင်းချသော လုပ်ငန်းကဏ္ဍရှိ သတင်းရင်းမြစ်တဦးက ပြောသည်။

၎င်းက “သူက စကားပြောလည်းကောင်းတယ်၊ နာမည်လည်း အရမ်းမထွက်ဘဲ နောက်ကွယ်ကပဲ နေတာများတယ်။ အလျှော်အစား အပေးအကမ်းကတော့ ကြီးတယ်။ ရေတပ်မှာ အရာရှိဖြစ်လာမယ့် သူတွေဆိုရင် သူ (ဦးသိန်းဝင်းဇော်) က သန်လျင် Star City မှာ အခန်းဝယ်ပေးတာအထိ လုပ်ပေးတာ” ဟု ဧရာဝတီသို့ ဆိုသည်။

သူသည် ယခင် စစ်ဗိုလ်ချုပ်နှင့် နီးကပ်စွာနေကာ စီးပွားရှာခဲ့ပြီး နာမည်မထွက်အောင် သိုသိုသိပ်သိပ် နေခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသော တယ်လီနောမြန်မာ အရောင်းအဝယ် ကိစ္စတွင်မူ သူနှင့် သူ့ကုမ္ပဏီသည် ရှေ့သို့ ထွက်လာခဲ့သည်။

သူသည် ယခင် စစ်ဗိုလ်ချုပ်နှင့် နီးကပ်စွာနေကာ စီးပွားရှာခဲ့ပြီး နာမည်မထွက်အောင် သိုသိုသိပ်သိပ် နေခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသော တယ်လီနောမြန်မာ အရောင်းအဝယ် ကိစ္စတွင်မူ သူနှင့် သူ့ကုမ္ပဏီသည် ရှေ့သို့ ထွက်လာခဲ့သည်။

ထိုသို့ ရှေ့ထွက်လာရခြင်းမှာ ဦးသိန်းဝင်းဇော်သည် စစ်ဗိုလ်ချုပ်မှုများနှင့် ၎င်းတို့၏ မိသားစုဝင်များက ရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်လို၍ ကိုယ်စားဝယ်ယူပေးခြင်း ဖြစ်နိုင်ကြောင်း ဧရာဝတီ၏ စီးပွားရေး သတင်းရင်းမြစ်များက ပြောဆိုကြသည်။

သတင်းရင်းမြစ်တဦးကမူ ပြီးခဲ့သည့် ကိုဗစ်ကာလအတွင်းတွင် ကမ္ဘာ့ရေနံဈေး အကြီးအကျယ် ကျဆင်းသွားသည့် ဂယက်ကြောင့် စင်ကာပူအခြေစိုက် ရေနံနှင့် စက်သုံးဆီကုမ္ပဏီ Hin Leong Trading Pte Ltd. သည် ဒေဝါလီခံလိုက်ရကာ ထိုကုမ္ပဏီတွင် စက်သုံးဆီဝယ်ယူရေးအတွက် ကြိုတင် ပေးသွင်းထားရသော စရံငွေများနှင့် အခြားငွေကြေးများကို ဦးသိန်းဝင်းဇော်က ဆုံးရှုံးလိုက်ရပြီးနောက် စစ်ဗိုလ်ချုပ်တချို့က သူ့ကို ဘဏ္ဍာငွေဖြည့်တင်းမှုများ လုပ်ဆောင်ပေးခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။

၎င်းက “အဲဒီအချိန်တုန်းက သူ (ဦးသိန်းဝင်းဇော်) တော်တော်ပြာသွားတယ်ကြားတယ်။ နောက်ပိုင်းမှာ စစ်ဗိုလ်ချုပ်တချို့က သူ့ကို ငွေကြေးအကူအညီပေးတာတွေ၊ သူ့ကုမ္ပဏီ ရှယ်ယာတွေ ဝယ်တာတွေ ဝင်လုပ်ပေးကြတယ်” ဟု ဆိုသည်။

ရွှေဗျိုင်းဖြူကုမ္ပဏီကသာ ဝယ်ယူခွင့်ရရှိသွားပါက တယ်လီနောသုံးစွဲသူ မြန်မာပြည်သူ ၁၈ သန်း၏ ပုဂ္ဂိုလ်ရေး အချက်အလက်များသည် စစ်ကောင်စီထံ ရောက်ရှိသွားမည့် အန္တရာယ်နှင့် ကြုံတွေ့ရနိုင်သည်။

ထိုအခြေအနေများကြောင့် တယ်လီနောမြန်မာ ဝယ်ယူရေးတွင် စစ်ဗိုလ်ချုပ်များကိုယ်စား ဦးသိန်းဝင်းဇော်က ရှေ့ထွက်လာရခြင်းမှာ ပို၍ ဖြစ်နိုင်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။

ဦးသိန်းဝင်းဇော်သည် အာဏာသိမ်းစစ်ဗိုလ်ချုပ်များနှင့် နီးကပ်သည့် ဆက်ဆံရေးရှိသော လုပ်ငန်းရှင်အဖြစ် သတင်းများ ထွက်ပေါ်လာမှုကြောင့် စင်ကာပူနိုင်ငံက သူ့ကို စက်သုံးဆီရောင်းချမှု အကန့်အသတ်များ လုပ်လာပြီး လုပ်ငန်းလက်တွဲလုပ်ကိုင်နေမှုကို တဖြည်းဖြည်းလျှော့ချနေကြောင်း ပြည်တွင်း စက်သုံးဆီ အသိုင်းအဝိုင်းရှိ သတင်းရင်းမြစ်များထံမှ သိရသည်။

ယခု သတင်းဆောင်းပါးနှင့် ပတ်သက်ပြီး ရွှေဗျိုင်းဖြူကုမ္ပဏီထံ ဧရာဝတီက အီးမေလ်ဖြင့် ဆက်သွယ် မေးမြန်း ထားသော်လည်း ပြန်လည်ဆက်သွယ်ဖြေကြားခြင်း မရှိပေ။

တယ်လီနောမြန်မာကို မြန်မာ့စစ်ဗိုလ်ချုပ်များနှင့် ပတ်သက်ဆက်နွှယ်နေသော ရွှေဗျိုင်းဖြူကုမ္ပဏီကသာ ဝယ်ယူခွင့်ရရှိသွားပါက တယ်လီနောသုံးစွဲသူ မြန်မာပြည်သူ ၁၈ သန်း၏ ပုဂ္ဂိုလ်ရေး အချက်အလက်များသည် စစ်ကောင်စီထံ ရောက်ရှိသွားမည့် အန္တရာယ်နှင့် ကြုံတွေ့ရနိုင်ခြင်းကြောင့် ယခု အရောင်းအဝယ်ကို ပြန်လည်သုံးသပ်ရန် နော်ဝေးအခြေစိုက် တယ်လီနော အုပ်စုကို လူ့အခွင့် အရေးအဖွဲ့များက ဖိအားပေးလျှက်ရှိသလို၊ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းစုများ စောင့်ထိန်းရမည့် စံနှုန်းများကို လိုက်နာရန် ပျက်ကွက်မှုကြောင့်လည်း တရားစွဲဆိုခံရမည့် အခြေအနေနှင့်လည်း ရင်ဆိုင်နေရသည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
47
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
278
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
553

You may also like these stories:

တယ်လီနောမြန်မာရောင်းချမှု စစ်တပ်နှင့် နီးစပ်သည့်ကုမ္ပဏီပါ၍ ကန့်ကွက်ခံနေရ

ရေတပ်ဦးစီးချုပ် နှစ်ဦးကြားက တယ်လီနောမြန်မာ အရောင်းအဝယ်

ဖုန်းများကို ကြားဖြတ်သတင်းယူရန် စစ်တပ် ဘယ်လိုလုပ်ခဲ့သလဲ

စစ်ကောင်စီ ဆိုက်ဘာဥပဒေကို စီးပွားရေးလုပ်ငန်းများ ဆန့်ကျင်

Your Thoughts …
Tags: ဆက်သွယ်ရေးတယ်လီနောမြန်မာဒုဗိုလ်ချုပ်ကြီးစိုးသိန်းမြန်မာစစ်တပ် (ရေ)ရေပေါ်ဆီဆိုင်ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုဦးသိန်းဝင်းဇော်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်းဇော် ထိန်းသိမ်းခံရ

ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်းဇော် ထိန်းသိမ်းခံရ

by ဧရာဝတီ
13 September 2023
33k

ရွှေဗျိုင်းဖြူလုပ်ငန်းစု (SBP) ပိုင်ရှင်ဖြစ်သူ ဦးသိန်းဝင်းဇော်ကို စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.4k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

ကွမ်းလုံတိုက်ပွဲနှင့် ၁၀၂၇ စစ်ဆင်ရေး အလှည့်အပြောင်း

ကွမ်းလုံတိုက်ပွဲနှင့် ၁၀၂၇ စစ်ဆင်ရေး အလှည့်အပြောင်း

by မိုးစက်ငြိမ်းချမ်း
17 November 2023
14.4k

ကွမ်းလုံတိုက်ပွဲသည် နေပြည်တော်အား ကိုင်လှုပ်လိုက်ပြီ ဖြစ်၏။ ထို့အတူ ယခင်က မြို့သိမ်းတိုက်ပွဲဟုပြောလျှင် လှောင်ပြောင်သရော်ခဲ့သူများလည်း ပါးစပ်ပိတ်သွားကြ၏။

ကောလင်းမြို့ကို ဆက်သွယ်သည့် လမ်းကြောင်း စစ်ကောင်စီ ဖြတ်ထား

ကောလင်းမြို့ကို ဆက်သွယ်သည့် လမ်းကြောင်း စစ်ကောင်စီ ဖြတ်ထား

by ဧရာဝတီ
26 December 2023
5.1k

ကချင်ပြည်နယ်ဘက်မှတဆင့် ကောလင်းမြို့နယ်အတွင်း ဝင်ရောက်မည့် မော်တော်ယာဉ်များကို အင်းတော်မြို့ နယ်ကနေ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသလို မန္တလေးတိုင်းနှင့် အခြားမြို့နယ်များမှတဆင့် ကောလင်းမြို့နယ် အတွင်း သွားရောက်မည့် မော်တော်ယာဉ်များကိုလည်း မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကိုးပင်ကျေးရွာ စစ်ဆေးရေးဂိတ်မှ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားကြောင်း

တပ်မတော်(ရေ) ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် လက်ရှိ တပ်မတော်(ရေ)ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင် / ဧရာဝတီ

ရေတပ်ဦးစီးချုပ် နှစ်ဦးကြားက တယ်လီနောမြန်မာ အရောင်းအဝယ်

by အောင်ခမ်း
2 December 2021
25.1k

ရေတပ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးတင်အောင်စန်း ကျောထောက်နောက်ခံပြုသည့် ရွှေဗျိုင်းဖြူကုမ္ပဏီနှင့် လက်ရှိ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမိုးအောင်၏ ညီ ဦးနေအောင်၏ Amara Communications Co.,Ltd (ACS)တို့ အကြား အကျိုးစီးပွားခြင်း တဖြည်းဖြည်း အားပြိုင်မှု ဖြစ်လာနေကြောင်း ဧရာဝတီက စုံစမ်းသိရသည်။

စစ်တပ် တယ်လီကွန်းလုပ်ငန်း၏ အရေးပါသည့် ရှယ်ယာရှင် ဒေါက်တာ မြဟန်

စစ်တပ် တယ်လီကွန်းလုပ်ငန်း၏ အရေးပါသည့် ရှယ်ယာရှင် ဒေါက်တာ မြဟန်

by အောင်သစ်
26 October 2024
3.7k

ဧရာဝတီက စုံစမ်းရရှိသည့် အချက်အလက်များထဲတွင်လည်း ဦးမြဟန်၏ ကုမ္ပဏီက စစ်ထောက်ချုပ်ရုံးပိုင်မြေ ၅ ဒသမ ၆၅ ဧကအား ဟိုတယ် ဆောက်လုပ်ရန် ခွင့်ပြုမိန့်ကို ၂၀၁၅ ခုနှစ်တွင် ရရှိထားသည်ကို တွေ့ရသည်။

Next Post
၂၀၂၁ ခုနှစ်၊ မေလ ၂ ရက်နေ့က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦး တော်လှန်ရေးနေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်စဉ်  / AFP

အချုပ်အခြာအာဏာပိုင်မှုတွင် စာမေးပွဲကျသော စစ်ကောင်စီ

ကြွကြပါ

ကြွကြပါ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.7k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved