• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

စစ်တပ် တယ်လီကွန်းလုပ်ငန်း၏ အရေးပါသည့် ရှယ်ယာရှင် ဒေါက်တာ မြဟန်

by အောင်သစ်
26 October 2024
in ဆောင်းပါး
A A
စစ်တပ် တယ်လီကွန်းလုပ်ငန်း၏ အရေးပါသည့် ရှယ်ယာရှင် ဒေါက်တာ မြဟန်
3.7k
VIEWS
Share on FacebookShare on Twitter

မြန်မာပြည် ခရိုနီများစွာထဲ သိုသိုသိပ်သိပ်ဖြင့် စစ်တပ်နှင့် အကျိုးစီးပွား ထဲထဲဝင်ဝင် ပတ်သက်ကာ တိတ်တဆိတ် ကြွယ်ဝ ချမ်းသာနေသူ ခရိုနီကြီးများလည်း ရှိသည်။

ထိုအထဲတွင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) ၏ ဘဏ္ဍာရေးမှူးရာထူးကို ယူထားသူလည်းဖြစ်၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၏ ဥက္ကဋ္ဌလည်းဖြစ်သည့် Fortune International စီးပွားရေးလုပ်ငန်းစုကြီး၏ ပိုင်ရှင် ဒေါက်တာ မြဟန် (ခ) ဦးမြဟန်လည်း အပါဝင် ဖြစ်သည်။

ဦးမြဟန်သည် စစ်တပ်ပိုင် တယ်လီကွန်း စီးပွားရေး လုပ်ငန်းကြီး ဖြစ်သော Myanmar National Tele & Communications Co., Ltd (Mytel) ကုမ္ပဏီ၏ အရေးပါသည့် ရှယ်ယာရှင်ဖြစ်ပြီး ဒါရိုက်တာ ဘုတ်အဖွဲ့ဝင် တဦးလည်း ဖြစ်သည်။

Mytel ကုမ္ပဏီကို မြန်မာစစ်တပ်ပိုင် Star High Company, ဗီယက်နမ် စစ်တပ်ပိုင် Viettel Global နှင့် မြန်မာကုမ္ပဏီ ၁၁ ခု စုပေါင်း ဖွဲ့စည်းထားသော Myanmar National Telecom Holding Public Limited (MNTH) အများပိုင် ကုမ္ပဏီတို့ အကျိုးတူ ဖက်စပ်ပူးပေါင်း ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ဦးမြဟန်က အဆိုပါ မြန်မာကုမ္ပဏီ ၁၁ ခု စုပေါင်း ဖွဲ့စည်းထားသော MNTH အများပိုင်ကုမ္ပဏီ၏ အဓိက အရေးပါသူဖြစ်ပြီး ထိုမြန်မာကုမ္ပဏီအစုအဖွဲ့၏ ကိုယ်စားပြုသူနေရာကို ယူထားသူလည်း ဖြစ်သည်။

Mytel ၏ မြန်မာကုမ္ပဏီအစုအဖွဲ့ ရှယ်ယာဝင်ကုမ္ပဏီ MNTH ကိုယ်စားပြုသူ နေရာကို ယူထားသူပီပီ အဆိုပါ ကုမ္ပဏီ ၁၁ ခုတွင် ရှယ်ယာအများဆုံး ပိုင်ဆိုင်သည့် ကုမ္ပဏီ နှစ်ခုနှင့် အခြားကုမ္ပဏီတခု စုစုပေါင်း သုံးခုတို့တွင် ဦးမြဟန်က ဒါရိုက်တာအဖြစ် ပါဝင်သည်။

Mytel ၏ မြန်မာကုမ္ပဏီအစုအဖွဲ့ ရှယ်ယာဝင်ကုမ္ပဏီ MNTH ကိုယ်စားပြုသူ နေရာကို ယူထားသူပီပီ အဆိုပါ ကုမ္ပဏီ ၁၁ ခုတွင် ရှယ်ယာအများဆုံး ပိုင်ဆိုင်သည့် ကုမ္ပဏီ နှစ်ခုနှင့် အခြားကုမ္ပဏီတခု စုစုပေါင်း သုံးခုတို့တွင် ဦးမြဟန်က ဒါရိုက်တာအဖြစ် ပါဝင်သည်။

MNTH တွင် ရှယ်ယာအများဆုံး ပိုင်ဆိုင်သည့် Royal Yatanarpon Telecom Public Co.,Ltd (RYTP) ကုမ္ပဏီတွင် ဦးမြဟန်က ဒါရိုက်တာတဦး ဖြစ်သည်။

ရှယ်ယာ ဒုတိယ အများဆုံး ပိုင်ဆိုင်သည့် Mahar Yoma Public Company တွင်လည်း ဦးမြဟန်က ဒါရိုက်တာရာထူးနှင့် ကိုယ်စားပြုသူအဖြစ် တာဝန်ယူထားကာ ၎င်း၏ သမီးနှစ်ဦးကလည်း ထိုကုမ္ပဏီတွင် ဒါရိုက်တာနှင့် ရှယ်ယာရှင်များ ဖြစ်ကြသည်။

MNTH တွင် ရှယ်ယာ ပိုင်ဆိုင်သည့် အခြားကုမ္ပဏီတခုဖြစ်သော Myanmar Information & Communication Technology Development Corporation Limited (MICTD) တွင်လည်း ဦးမြဟန်က ဒါရိုက်တာဘုတ်အဖွဲ့ဝင် ဖြစ်သည်။

ဂရပ်ဖစ်ပါ ရာခိုင်နှုန်းများသည် စစ်တပ်အာဏာသိမ်းပြီးကာလအတွင်း ဧရာဝတီက ရရှိထားသည့် အချက်အလက်များကို ထုတ်နှုတ်ဖော်ပြထားခြင်း ဖြစ်ပြီး ရှယ်ယာပိုင်ဆိုင်မှု ရာခိုင်နှုန်းများ လက်ရှိတွင် အပြောင်းအလဲ ရှိကောင်း ရှိနိုင်ပါသည်။

Mahar Yoma ၏ ရှယ်ယာများရှင်

Mahar Yoma Public Company တွင် ဦးမြဟန်၏ သမီးများ ဖြစ်ကြသည့် ဒေါ်မြမာလာဟန်၊ ဒေါ်လင်းလတ်ဝင်းတို့ကလည်း ရှယ်ယာရှင်နှင့် ဒါရိုက်တာများ ဖြစ်ကြပြီး ထိုကုမ္ပဏီတွင် ဦးမြဟန်တို့ မိသားစုက ရှယ်ယာ အများဆုံး ပိုင်ဆိုင်ထားသည်။

ဒုတိယ ရှယ်ယာအများဆုံး ပိုင်ဆိုင်ထားသူမှာ တယ်လီနောမြန်မာကို လွှဲပြောင်းလုပ်ကိုင်နေသည့် ATOM Myanmar Limited ၏ ဒါရိုက်တာလည်းဖြစ် ရွှေဗျိုင်းဖြူ ကုမ္ပဏီအုပ်စု၏ ဥက္ကဋ္ဌလည်း ဖြစ်သည့်  ဦးသိန်းဝင်းဇော် ဖြစ်သည်။

Mahar Yoma Public Company တွင် ရှယ်ယာပိုင်ဆိုင်ထားမှုများ

Mytel အစ Yatanarpon Teleport က

ဦးမြဟန်သည် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရခေတ် ၂၀၀၉ ခုနှစ်၊ ဩဂုတ်လတွင် တည်ထောင်ခဲ့သည့် Yatanarpon Teleport Company စတင်စဉ် ကတည်းက တည်ထောင်သူတဦးအဖြစ် ပါဝင်ခဲ့သူ ဖြစ်သည်။

Yatanarpon Teleport  Company ကို နအဖ အစိုးရ လက်အောက်ခံ ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်း တည်ထောင်ခြင်း ဖြစ်ပြီး ရတနာပုံ နည်းပညာမြို့သစ်ကိုမှု စစ်အစိုးရက ၂၀၀၆ ခုနှစ်ကတည်းက ပြင်ဦးလွင်၌ ဆောက်လုပ်ခဲ့သည်။

ထိုကုမ္ပဏီသည် ၂၀၁၃ ခုနှစ်တွင် Yatanarpon Teleport Public Company အဖြစ် အများပိုင် အသွင်ပြောင်းလဲခဲ့ပြီး ဒါရိုက်တာများ စာရင်းတွင် မြန်မာပြည် ထိပ်သီးခရိုနီများနှင့် စစ်တပ်ဘက်မှ လူများ ပါဝင်သည်။

ဒါရိုက်တာများမှာ ဦးမြဟန်၊ စစ်တပ်ဘက်မှ စစ်မှုထမ်းဟောင်း ဦးစိုးသိန်း (နောင်တွင် Mytel ဒါရိုက်တာဘုတ်အဖွဲ့ဝင် ဖြစ်လာသူ)၊ ဦးမင်းဇေယျာလှိုင် (ဒု ဗိုလ်ချုပ်ကြီးဟောင်း ခင်မောင်သန်း၏ သားမက်)၊ ဦးဇော်မင်း (ခ) ချန်ကွမ်းလု (ထူးအုပ်စု လုပ်ငန်းရှယ်ယာရှင်)၊ ဒေါ်အေးအေးအောင် (အေးရှာဝေါလ်အုပ်စု)၊ ဦးရန်ဝင်း (အေဝမ်းကုမ္မဏီအုပ်စု) နှင့် ဧရာဝတီက စုံစမ်းဆဲဖြစ်သည့် အခြား ဒါရိုက်တာ အမည်အချို့ ပါဝင်သည်။

ဦးစိုးသိန်းမှာ ၎င်း၏ နိုင်ငံသား စိစစ်ရေးကတ်ပါ ဖော်ပြထားသည့် အချက်အလက်အရ စစ်မှုထမ်းတဦးဖြစ်ပြီး နောင်တွင် Mytel ၏ ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်အဖြစ် တာဝန်ယူရသူ ဖြစ်သည်။

ဦးမင်းဇေယျာလှိုင်မှာ ယခင် နအဖ စစ်အစိုးရလက်ထက် ၁၉၉၅ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး တာဝန်ယူခဲ့သူ ဒု ဗိုလ်ချုပ်ကြီး ခင်မောင်သန်း၏ သားမက်ဖြစ်သည်။ ဒု ဗိုလ်ချုပ်ကြီး ခင်မောင်သန်း၏ သမီး ဒေါ်နွေနှောင်းခင်မောင်သန်းကို ယူထားသူဖြစ်သည်။

ဦးမင်းဇေယျာလှိုင်မှာ ယခင် နအဖ စစ်အစိုးရလက်ထက် ၁၉၉၅ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှုး တာဝန်ယူခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး ခင်မောင်သန်း၏ သားမက်ဖြစ်သည်။ ဒုဗိုလ်ချုပ်ကြီးခင်မောင်သန်း၏ သမီး ဒေါ်နွေနှောင်းခင်မောင်သန်းကို ယူထားသူဖြစ်သည်။

ဦးဇော်မင်း (ခ) ချန်ကွမ်လု (ခ) လုလု မှာ Htoo Group of Companies ၏ ဥက္ကဌ လက်နက်ပွဲစား ခရိုနီသူဌေး ဦးတေဇ၏ စီးပွားဖက် ဖြစ်ပြီး ယခင်က Air Bagan လေကြောင်းလိုင်း၏ ဒုဥက္ကဋ္ဌ ဖြစ်သည်။ ကော်ပိုရိတ် မှတ်တမ်းအချက်အလက်များအရ ၎င်းသည် ထူးအုပ်စု၏ Elite Telecom Public Company Limited ၏ ဒါရိုက်တာ တဦးလည်းဖြစ်သကဲ့သို့ Htoo Jewellery Company ၏ ရှယ်ယာရှင်လည်း ဖြစ်သည်။

ဝိကိလိခ်တွင် တွေ့ရသည့် ပေါက်ကြားထားသည့် အချက်အလက်များတွင်မှု ချန်ကွမ်လု (ခ) လုလုသည် နအဖ စစ်အစိုးရအရာရှိများ နိုင်ငံခြားခရီးစဉ် ထွက်သည့်အခါ စင်းလုံးငှား လေယာဉ်များကို စီစဉ်ပေးရသူ ဖြစ်သည်ဟု ပါရှိသည်။

ဒေါ်အေးအေးအောင်ကမှု အေးရှားဝါးလ် ကုမ္ပဏီအုပ်စုသို့ ၁၉၉၅ ခုနှစ်ကတည်းက စတင် လုပ်ကိုင်ခဲ့သူ ဖြစ်ပြီး Asia World Industries ကုမ္ပဏီ၏ ဒါရိုက်တာအဖြစ်နှင့် PP Woven အိတ်စက်ရုံ၊ မြန်မာ့စက္ကူစက်ရုံ (Myanmar Paper Mill Factory) တို့တွင် စီမံခဲ့သူ ဖြစ်သည်။

ထို့ပြင် အေးရှားဝေါလ် ကုမ္ပဏီခွဲများဖြစ်သော Asia Mega Link Co., Ltd နှင့် Asia Mega Link Services Co., Ltd. တို့၏ ဒါရိုက်တာတဦးဖြစ်ကာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ သတင်းအချက်အလက် ဆက်သွယ်ရေးနှင့် နည်းပညာကဏ္ဍ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝငတဦးလည်း ဖြစ်သည်။

ဦးရန်ဝင်းမှာ မြန်မာပြည် ထိပ်သီးလုပ်ငန်းစုကြီးများထဲမှ တခုဖြစ်သော A1 Group of Companies ၏ ဥက္ကဌ ဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်ကတည်းက အေဝမ်းဆောက်လုပ်ရေး အမည်ဖြင့် ထင်ပေါ်လာသူ ဖြစ်သည်။

အဆိုပါ ဒါရိုက်တာများ စာရင်းနှင့် ၎င်းတို့၏ နောက်ခံ အချက်အလက်များကို ကြည့်လျှင် Yatanarpon Teleport Public Company သည် စစ်တပ်နှင့် ခရိုနီကြီးများ ပူးပေါင်းဖွဲ့စည်းထားသော စစ်တပ်နောက်ခံ စီးပွားရေး လုပ်ငန်းစုကြီးတခု ဖြစ်သည်။

နောင်တချိန်တွင် Mytel ၏ မြန်မာအစုအဖွဲ့ဖြစ်သော MNTH အများပိုင်ကုမ္ပဏီ၏ ရှယ်ယာများကို အများဆုံး ရယူလိုက်သည့် Royal Yatanarpon Telecom Public Company (RYTP) သည်လည်း အထက်ပါ ကုမ္ပဏီမှ ဆင်းသက်လာခြင်းဖြစ်ပြီး ဒါရိုက်တာများကလည်း ၎င်းတို့ပင် ဖြစ်ကြသည်။

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖော်ပြခဲ့သည့် ရိုက်တာသတင်းဌာန၏ သတင်းတွင် ဗီယက်နမ် စစ်တပ်ပိုင် Viettel Global က မြန်မာအစိုးရ ကျောထောက်နောက်ခံပြု Yatanarpon Teleport ကုမ္ပဏီနှင့် ဆက်သွယ်ရေး အခြေခံအဆောက်အဦများ တည်ဆောက်ရန် အမေရိကန် ဒေါ်လာ သန်း ၈၀၀ ရင်းနှီးမြှုပ်နှံရေး ညှိနှိုင်း စောင့်ဆိုင်းနေသည်ဟု ပါရှိခဲ့သည်။

နောင် သုံးနှစ်အကြာ ၂၀၁၇ ခုနှစ်တွင် Vittel Global က မြန်မာ့ ဆက်သွယ်ရေးလိုင်စင်ကို စစ်တပ်နှင့် ပေါင်းကာ ရယူခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် Mytel ကို စတင် လည်ပတ်ခဲ့ကြသည်။ Royal Yatanarpon Telecom Public Company (RYTP) သည်လည်း Mytel ၏ မြန်မာဖက်စပ် အစုအဖွဲ့ရှယ်ယာ အများဆုံး ပိုင်ရှင်ဖြစ်လာခဲ့သည်။

RYTP ကို တည်ထောင်ချိန်တွင်မှု IGE အုပ်စု၏ ဥက္ကဌ ဦးနေအောင်က ရှယ်ယာရှင်အဖြစ် ပါဝင် လာခဲ့သည်။ IGE ကုမ္ပဏီအုပ်စု၏ ကုမ္ပဏီခွဲ International Power Generation Public Company (IPGP) ကလည်း Mytel ၏ မြန်မာအစုအဖွဲ့ကုမ္ပဏီ MNTH တွင် ရှယ်ယာ ၁ ဒသမ ၂၄ ရာခိုင်နှုန်း ထပ်မံ ပိုင်ဆိုင်ထားသည်။

စစ်ထောက်ချုပ်ရုံးနှင့် Fortune အုပ်စုကြားက မြေငှားစာချုပ်များ

ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ထောက်ချုပ်ရုံးပိုင် မြေနေရာဖြစ်သော မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ မြေကွက်အမှတ် (၂၃/၂၄)၊ မြေဧက ၂၀ ဒသမ ၈၃၇ ရှိ နေရာကို Mindama Complex စီမံကိန်း လုပ်ဆောင်ရန် ဦးမြဟန်က ငှားရမ်းချုပ်ဆိုခဲ့သည်။

စစ်ထောက်ချုပ်ရုံးပိုင်မြေကို စစ်ထောက်ချုပ်ရုံးနှင့် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ ၂၀၁၄ ခုနှစ်တွင် မြေငှားစာချုပ် ချုပ်ဆိုပြီး ၂၀၁၇ ခုနှစ်တွင် MEC ထံမှ ဦးမြဟန်က ထပ်ဆင့် မြေငှားစာချုပ်ဖြင့် ငှားရမ်းချုပ်ဆို လုပ်ကိုင်ခြင်း ဖြစ်သည်။

ငှားရမ်းသည့်သက်တမ်း နှစ် ၅၀ ဖြင့် အဆိုပါ မြေငှားရမ်းမှုတွင် စစ်တပ်က မြေအသုံးချမှု ပရီမီယံကြေးအဖြစ် အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၉၂၀၇ သန်း ရရှိမည် ဖြစ်သည်။ ထို့အပြင် မြေငှားရမ်းခအဖြစ် တနှစ်လျှင် မြန်မာကျပ်ငွေ သိန်းပေါင်း ၂၂၄၃ ဒသမ ၉၃ ကို ရရှိမည်ဖြစ်သည်။

Mindama Complex မြေအသုံးချမှုပရီမီယံကြေးအဖြစ် စစ်တပ်က အမေရိကန်ဒေါ်လာ ၂၂.၉၂၀၇ သန်း ရရှိသည်။

ဧရာဝတီက ဖတ်ရှုရသည့် အဆိုပါ Mindama Complex စီမံကိန်း မြေငှားစာချုပ် တာဝန်ခံ လက်မှတ်ထိုးသူ နေရာများတွင် စစ်တပ်ဘက်က ရေးထိုးသူတဦးမှာ ဗိုလ်ကြီး သန့်ဆွေ ဖြစ်သည်။ ၎င်း၏ နိုင်ငံသားစိစစ်ရေးကတ်ပါ အချက်အလက်များအရ အလုပ်အကိုင်နေရာတွင် စစ်မှုထမ်း ဗိုလ်ကြီးဟု ဖော်ပြထားသည်။

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
110
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
1.5k
သဇင်ပန်း

သဇင်ပန်း

10 January 2026
101

နိုင်ငံသားစိစစ်ရေးကတ် နံပါတ်ဖြင့် ဧရာဝတီက တိုက်ဆိုင် စစ်ဆေးကြည့်သည့်အခါ ထိုဗိုလ်ကြီး သန့်ဆွေဆိုသူနှင့် Mytel တွင် အဓိက ရှယ်ယာယူထားသူ စစ်တပ်ပိုင် Star High ကုမ္ပဏီ၏ ကိုယ်စားပြုသူ နေရာကိုယူထားသူ ဦးသန့်ဆွေမှာ တဦးတည်း ဖြစ်သည်။

Mytel အဓိက ရှယ်ယာရှင် စစ်တပ်ပိုင် Star High ကုမ္ပဏီတာဝန်ခံနေရာ ယူထားသူ ဦးသန့်ဆွေနှင့် Mindama Complex စီမံကိန်းမြေငှားစာချုပ်တွင် စစ်တပ်ဘက်က လက်မှတ်ထိုးပေးသူ ဗိုလ်ကြီးသန့်ဆွေမှာ တဦးတည်း ဖြစ်သည်။

ဦးမြဟန်သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလထဲတွင် Goldman Fortune International Limited ကို တရုတ်လူမျိုး သုံးဦးနှင့် ပူးတွဲတည်ထောင်ခဲ့ပြီး Mindama Complex စီမံကိန်းကို စတင် အကောင်အထည်ဖော်ခဲ့သည်။ စီမံကိန်း ခွင့်ပြုမိန့်ကိုမှု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ ၂၀၁၉ ခုနှစ် နိုဝင်ဘာလထဲတွင် ရရှိခဲ့သည်။

ဦးမြဟန်နှင့် တရုတ်လူမျိုး သုံးဦး ပူးတွဲတည်ထောင်ထားသည့် Goldman Fortune International Limited က အဆိုပါ Mindama Complex စီမံကိန်းကို အမေရိကန်ဒေါ်လာ သန်း ၃၅၀ ကျော် ရင်းနှီးမြှုပ်နှံမည်ဟု ကြေညာခဲ့သည်။

စစ်ထောက်ချုပ်ရုံးနှင့် Fortune အုပ်စုကြား မြေငှားစာချုပ်တွင် ပါရှိသည့် အဆိုပြု ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ မြန်မာကျပ်ငွေ သန်းပေါင်း ၂၃၅,၈၈၉ ဖြစ်သည်။ ထိုစဉ်က ပျမ်းမျှ အမေရိကန် ဒေါ်လာဈေး ၁ ဒေါ်လာ ၁,၄၀၀ ကျပ်နှုန်းဖြင့် တွက်ချက်ပါက ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၁၆၈ သန်းကျော်သာ ရှိသည်။

ဦးမြဟန်နှင့် တရုတ်လူမျိုးများကြား ထပ်ဆင့် လုပ်ငန်းညှိနှိုင်းမှု အပေးအယူများကိုမှု ဧရာဝတီက မသိရသော်လည်း ရင်းနှီးမြှုပ်နှံမှု တန်ကြေးမှာ ဒေါ်သာသန်း ၃၅၀ ကျော်ဖြစ်သွားရာ နှစ်ဆခန့် မြင့်တက်သွားသည်ကို တွေ့ရသည်။

ဦးမြဟန်နှင့် တရုတ်လူမျိုးများကြား ထပ်ဆင့် လုပ်ငန်းညှိနှိုင်းမှု အပေးအယူများကိုမှု ဧရာဝတီက မသိရသော်လည်း ရင်းနှီးမြှုပ်နှံမှု တန်ကြေးမှာ ဒေါ်သာသန်း ၃၅၀ ကျော်ဖြစ်သွားရာ နှစ်ဆခန့် မြင့်တက်သွားသည်ကို တွေ့ရသည်။

ဦးမြဟန် ပိုင်ဆိုင်သော Blue Ocean Bay Resort

စစ်ထောက်ချုပ်ရုံးနှင့် မြေငှားရမ်းစာချုပ် ချုပ်ဆိုသည့် ဦးမြဟန်၏ အခြားသော လုပ်ငန်း တခုမှာ ငပလီရှိ ဇီးဖြူကုန်းကျေးရွာရှိ Blue Oceanic Bay Resort ဖြစ်သည်။

အဆိုပါ ဟိုတယ်ကို ၎င်းက စစ်တပ်ထံမှ မြေငှားရမ်း၍ လုပ်ကိုင်သည်ဟု Justice For Myanmar အဖွဲ့က ပြောဆိုထားသည်။

ဧရာဝတီက စုံစမ်းရရှိသည့် အချက်အလက်များထဲတွင်လည်း ဦးမြဟန်၏ ကုမ္ပဏီက စစ်ထောက်ချုပ်ရုံးပိုင်မြေ ၅ ဒသမ ၆၅ ဧကအား ဟိုတယ် ဆောက်လုပ်ရန် ခွင့်ပြုမိန့်ကို ၂၀၁၅ ခုနှစ်တွင် ရရှိထားသည်ကို တွေ့ရသည်။

စစ်တပ်ကို ဓာတ်လှေကား ဆက်စပ် ဝန်ဆောင်မှုများ ပေးရသူ

ဦးမြဟန်၏ Fortune International ကုမ္ပဏီသည် ကိုးရီးယားအခြေစိုက် Sigma Elevators (LG Elevator) ၏ မြန်မာပြည် ကိုယ်စားလှယ်အဖြစ် ၁၉၉၁ ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့သည်။

၂၀၀၁ ခုနှစ်တွင်မှု LG မှ Sigma Elevator အဖြစ် အမည်သစ်ပြောင်း မိတ်ဆက်ပွဲကို ရန်ကုန်မြို့၊ ကုန်သည်ကြီးများ ဟိုတယ် (ယခု ဆူးလေရှန်ဂရီလာ ဟိုတယ်) ၌ ပြုလုပ်ခဲ့ပြီး ထိုစဉ်က နအဖ အစိုးရ အတွင်းရေးမှုး (၁) ဒု ဗိုလ်ချုပ်ကြီး ခင်ညွန့် တက်ရောက်ခဲ့သည်။

နောက်ပိုင်းနှစ်ကာလများတွင် Fortune အုပ်စုသည် ဓာတ်လှေကား၊ စက်လှေကားများ ထုတ်လုပ်သော Suzhou Fuji Lift Co., Ltd. နှင့် Hyundai Elevator Co., Ltd. တို့၏ မြန်မာပြည် ကိုယ်စားလှယ် ထပ်မံဖြစ်လာခဲ့သည်။

ဦးမြဟန်သည် စစ်တပ်နှင့် နီးကပ်သည့် ဆက်ဆံရေးရှိသူပီပီ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာတို့ကို ဓာတ်လှေကားများနှင့် ဆက်စပ်ပစ္စည်း ဝန်ဆောင်မှုများ  ပံ့ပိုးခွင့် ရခဲ့သည်။ အခြား ဝန်ကြီးဌာနများ ဖြစ်သည့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မီးရထား ဝန်ကြီးဌာနတို့နှင့်လည်း ချိတ်ဆက်လုပ်ကိုင်ခွင့်များ ရရှိခဲ့သည်။

Fortune ကုမ္ပဏီသည် Hyundai Elevator အပြင် Hyundai Motor ၏ ဖြန့်ချိရေး ကိုယ်စားလှယ် အဖြစ်လည်း လုပ်ကိုင်ခဲ့သည်။

အင်တာနက်ဝန်ဆောင်မှုနှင့် ရုပ်သံလုပ်ငန်း

ဦးမြဟန်သည် တယ်လီကွန်းကဏ္ဍတွင် ရှေ့ရောက်ခဲ့သူ ဖြစ်သည့်အလျောက် 2600MHz လှိုင်းနှုန်း ဝိုင်ယာလက် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများ လည်ပတ်ခွင့်ကို နေပြည်တော်၊ မကွေး၊ ပဲခူး၊ မွန်၊ ကရင်၊ တနင်္သာရီတိုင်းတို့တွင် လုပ်ကိုင်ခွင့် ရရှိခဲ့သည်။

ထို့ပြင် မြန်နှုန်းမြင့် ဖိုက်ဘာကွန်ရက် ဝန်ဆောင်မှု လုပ်ငန်းတွင်လည်း လုပ်ကိုင်နေပြီး ၎င်းတို့ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရဆိုလျှင် Fortune ၏ ဝန်ဆောင်မှုကို ရယူထားသူများ စာရင်းတွင် အမေရိကန်သံရုံး၊ ဗြိတိန်သံရုံး တို့လည်း ပါဝင်လျက် ရှိသည်။

ဒေါက်တာမြဟန်နှင့် သီတဂူ ဆရာတော် အရှင်ဉာဏိဿရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် ၂၀၁၈ ခုနှစ်တွင် ရုပ်သံလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ၅ ခု ချထားပေးခဲ့ရာတွင်လည်း ဦးမြဟန်၏ Fortune အုပ်စုက Fortune TV အမည်ဖြင့် ရုပ်သံလိုင်း ထုတ်လွှင့်ခွင့် ရရှိခဲ့သည်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် စတင်၍ Fortune TV ကို ထုတ်လွှင့်ခဲ့သည်။

ဦးမြဟန်၏ Fortune အုပ်စုသည် ဆေးဝါးလုပ်ငန်းကိုလည်း လုပ်ကိုင်ပြီး အိမ်မွေးတိရိစ္ဆာန် အစားအသောက်များ ထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်းကိုလည်း လုပ်ကိုင်သည်။

IGE အုပ်စုနှင့် လက်တွဲသည့် စက်သုံးဆီလုပ်ငန်း

ဦးမြဟန်သည် မြန်မာ့ထိပ်သီး ခရိုနီတဦးဖြစ်သော IGE ကုမ္ပဏီအုပ်စု ပိုင်ရှင် ဦးနေအောင်နှင့် နီးကပ်သည့် ဆက်ဆံရေးရှိပြီး စက်သုံးဆီလုပ်ငန်းကို ပူးတွဲလုပ်ကိုင်နေသူ ဖြစ်သည်။

မြန်မာ့စက်သုံးဆီ ဖြန့်ဖြူးရောင်းချရေးလောကတွင် ဆိုင်ခွဲများစွာရှိသည့် New Day Energy Company နှင့် New Day Energy Services Company တို့တွင် ဦးမြဟန်နှင့် ဦးနေအောင်တို့ နှစ်ဦးစလုံးက ဒါရိုက်တာများ ဖြစ်ကြသည်။

ဦးသိန်းစိန် အစိုးရ တက်ခါစ နိုင်ငံပိုင် စက်သုံးဆီဆိုင်များကို ပုဂ္ဂလိက လွှဲပြောင်းသည့်အချိန်တွင် New Day Energy Company က ၁၉ ဆိုင်အထိ လွှဲပြောင်းရရှိခဲ့ပြီး ယင်းမှာ ထိုအချိန်က ဒုတိယ အများဆုံး ရရှိသည့် အခွင့်အရေး ဖြစ်ခဲ့သည်။

နိုင်ငံပိုင်စက်သုံးဆီဆိုင်များ ပုဂ္ဂလိက လွှဲပြောင်စဉ်က New Day Energy က ဒုတိယ အများဆုံး ရရှိခဲ့သည်။

New Day Energy Services Company သည် သီလဝါဆိပ်ကမ်း၌ စက်သုံးဆီ သိုလှောင်ကန်များနှင့် ဆီတင်ချဆိပ်ကမ်း ဆောက်လုပ်ခွင့်ကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရရှိခဲ့ပြီး IGE Service Company ကလည်း သိုလှောင်ကန်နှင့် ဆီတင်ချဆိပ်ကမ်းများ ဆောက်လုပ်ခွင့်ကို ၂၀၁၃ ခုနှစ်၊ မေလတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ ခွင့်ပြုချက် ရခဲ့သည်။

ဦးမြဟန်နှင့် ဦးနေအောင်တို့ နှစ်ဦးသည် အာဏာသိမ်းအပြီး ငါးလအကြာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် New Day IGE Energy Company ကို ပူးတွဲတည်ထောင်ထားကြသေးသည်။ သို့သော် ထိုကုမ္ပဏီက မည်သည့်လုပ်ငန်းများ လုပ်သည်ကိုမှု ဧရာဝတီက မတွေ့ရပါ။

ဦးမြဟန်နှင့် ဦးနေအောင်တို့ နှစ်ဦးသည် အာဏာသိမ်းအပြီး ငါးလအကြာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် New Day IGE Energy Company ကို ပူးတွဲတည်ထောင်ထားကြသေးသည်။ သို့သော် ထိုကုမ္ပဏီက မည်သည့်လုပ်ငန်းများ လုပ်သည်ကိုမှု ဧရာဝတီက မတွေ့ရပါ။

ရွှေဗျိုင်းဖြူအုပ်စုနှင့် ဦးမြဟန်

ဦမြဟန်သည် အခြားနာမည်ကြီး ခရိုနီတဦးဖြစ်သော တယ်လီနောမြန်မာကို လွှဲပြောင်းရယူထားသူ၊ ATOM Myanmar Ltd ၏ ဒါရိုက်တာ၊ ရွှေဗျိုင်းဖြူအုပ်စု ပိုင်ရှင် ဦးသိန်းဝင်းဇော်နှင့်လည်း လုပ်ငန်းပါတနာ ဖြစ်သည်။

မြန်မာစစ်တပ်နှင့် အကျိုးစီးပွား ယှက်နွယ်ရယူနေသည့် ရွှေဗျိုင်းဖြူအုပ်စုနှင့် ပိုင်ရှင် ဦးသိန်းဝင်းဇော်၊ ၎င်း၏ဇနီး၊ သားနှင့်သမီးဖြစ်သူတို့ကို အမေရိကန်အစိုးရက ယခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။

အဆိုပါ အရေးယူမှုအပြီး တပတ်ကျော်အကြာတွင် ရွှေဗျိုင်းဖြူအုပ်စု၏ ရင်းနှီးမြှုပ်နှံမှုများကို ပယ်ဖျက်လိုက်ကြောင်း ATOM က ထုတ်ပြန်ခဲ့သည်။ ရွှေဗျိုင်းဖြူအုပ်စု၏ ATOM ရှယ်ယာများကို Myancom Holding Ltd. သို့ လွှဲပြောင်း လိုက်ကြောင်းနှင့် ဦးသိန်းဝင်းဇော်နှင့် ဇနီး ဒေါ်တင်လတ်မင်း၊ ၎င်းတို့၏သား ဦးဝင်းပိုင်ကျော်တို့သည်လည်း ATOM ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခဲ့ပြီးဖြစ်ကြောင်း ယခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ATOM က ထုတ်ပြန်ခဲ့သည်။

Mytel တွင် အစုရှယ်ယာ ပါဝင်ထားသော မဟာရိုးမ အများပိုင်ကုမ္ပဏီတွင် ဦးသိန်းဝင်းဇော်နှင့် ဦးမြဟန်တို့က ဒါရိုက်တာများ ဖြစ်ကြသကဲ့သို့ မဟာရိုးမ ကျောက်ဖြုအများပိုင် ကုမ္ပဏီတွင်လည်း နှစ်ဦးစလုံးက ဒါရိုက်တာများဖြစ်ကြသည်။

ထို့ပြင် ဦးမြဟန်၏ ကုမ္ပဏီဖြစ်သော Han Yoma Energy Company တွင်လည်း ဦးသိန်းဝင်းဇော်၏သား ဦးဝင်းပိုင်ကျော်က ဒါရိုက်တာအဖြစ် ပါဝင်ပတ်သက်နေသည်။

You may also like these stories:

ရေတပ်ဦးစီးချုပ် နှစ်ဦးကြားက တယ်လီနောမြန်မာ အရောင်းအဝယ်

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဆွေမျိုး မိတ်ဆွေ ကောင်းစားရေးနှင့် စစ်ဗိုလ်ချုပ်များ

Mytel မှ ဘဏ္ဍာရေးမှူးချုပ် ပစ်ခတ်ခံရ၍ သေဆုံး

တိုက်ကွန်းလား၊ ခရိုနီလား၊ အခွင့်ထူးခံ သူဌေးကြီးတွေလား

စစ်တပ်ကျောထောက်နောက်ခံမရှိဘဲ ခရိုနီတွေချမ်းသာဖို့ မလွယ်ဘူး (ရုပ်/သံ)

Your Thoughts …
Tags: Fortune InternationalFortune TVIGEIPGPMECMICTDMNTHMytelNLDRYTPUMFCCIခရိုနီစစ်ကောင်စီစစ်ထောက်ချုပ်ရုံးစစ်အာဏာသိမ်းမှုစီးပွားရေးဆက်သွယ်ရေးထူးကုမ္ပဏီအုပ်စုဒေါက်တာ မြဟန်နအဖနေအောင်ဗီယက်နမ်မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မြမာလာဟန်ရွှေဗျိုင်းဖြူ ကုမ္ပဏီအုပ်စုလင်းလတ်ဝင်းသိန်းဝင်းဇော်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အောင်သစ်

အောင်သစ်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အာဆီယံ၏ မြန်မာ့အရေး တွေ့ဆုံဆွေးနွေးမှု မအောင်မြင်နိုင်

အာဆီယံ၏ မြန်မာ့အရေး တွေ့ဆုံဆွေးနွေးမှု မအောင်မြင်နိုင်

NLD အစိုးရ စီးပွားရေး ပြုပြင်ပြောင်းလဲရေး အားထုတ်မှုများ၏ အတွင်းသရုပ်

NLD အစိုးရ စီးပွားရေး ပြုပြင်ပြောင်းလဲရေး အားထုတ်မှုများ၏ အတွင်းသရုပ်

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

11 hours ago
1.5k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved