စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံ့စီးပွားရေး အခြေအနေ ယိုယွင်းသွားပေမယ့် စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ ခရိုနီတွေ၊ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ပိုင်းတွေနဲ့ လက်နက်မှောင်ခိုလုပ်နေကြတဲ့ ခရိုနီလက်သစ်တွေကတော့ ပိုပြီးကြွယ်ဝလာခဲ့ကြပါတယ်။
ဦးအောင်လှိုင်ဦး၊ ဦးနိုင်ထွဋ်အောင်၊ ဂျော်နသန်ကျော်သောင်း၊ ဦးထွန်းလှိုင် အစရှိတဲ့ ခရိုနီ အသစ်တွေဟာ အာဏာသိမ်းပြီးနောက် ပေါ်ထွက်လာခဲ့ပြီး ဒီသူတွေဟာ စစ်တပ်ကို ကျောထောက် နောက်ခံပြုကာ ၃ နှစ်ကျော်ကာလအတွင်း ချမ်းသာကြွယ်ဝလာကြသူတွေ ဖြစ်လာခဲ့ပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းကာစမှာ စစ်ကောင်စီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်ခဲ့တဲ့ ခရိုနီတွေကို ခေါ်ယူစစ်ဆေးတာ၊ ဖမ်းဆီးထောင်ချတာတွေ လုပ်ခဲ့ပါတယ်။
ဧရာဝတီက အပတ်စဉ် ထုတ်လွှင့်နေတဲ့ အယ်ဒီတာစကားဝိုင်း အစီအစဉ်ထဲက အယ်ဒီတာချုပ် အောင်ဇော်ရဲ့ ဆွေးနွေးချက်ကို ကောက်နုတ်ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR