စစ်ကောင်စီတပ်က သူ၏ကျောင်းကို ဖေဖော်ဝါရီလတွင် လေကြောင်းတိုက်ခိုက်မှုအား မြင်တွေ့ရပြီးနောက်ပိုင်း သူငယ်တန်း ကျောင်းဆရာမ မိဆားသည် ထိုဖြစ်ရပ်၏ ခြောက်လှန့်မှု ခံနေရသည်။
ထိုနေ့သည် ကရင်နီပြည်နယ် အရှေ့တောင်ပိုင်း၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါဆီးအီကျေးရွာမှ စာသင်ကျောင်းတွင် အခြားနေ့များကဲသို့ပင် စတင်ခဲ့သည်။ ကလေးများသည် ကျောင်းခေါင်းလောင်းတီးသည်အထိ တချို့ ဘောလုံးကစားနေပြီး တချို့ ဆော့ကစားကာ မုန့်များ မျှဝေစားသောက်နေသည်။ အပတ်စဉ် စုဝေးပွဲအတွက် စာသင်ခန်းပြင်ပတွင် စုဝေးနေသည် ကျောင်းသားကျောင်းသူ ၁၇၀ သည် ဆရာ ဆရာမများ စကားပြောနေသည်ကို နားထောင်နေသည်။ သို့သော် ၎င်းတို့၏ ဦးခေါင်းပေါ်တွင် စစ်ဒရုန်းတစင်း တဝီဝီမြည်နေသည်ကို ဆရာမ မိဆားရော အခြားတစုံတဦးပါ သတိမထားမိပေ။
ထိုကျေးရွာသည် စစ်ဖြင့်ရင်ဆိုင်နေရသည်မှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုကြောင့် အကြမ်းမဖက် ဆန္ဒပြပွဲများမှသည် လက်နက်ကိုင်ပုန်ကန်မှု စတင်စဉ်ကတည်းကပင် ဖြစ်သည်။ နိုင်ငံမှ အခြားဒေသများကဲ့သို့ပင် ကယားပြည်နယ်ဟုခေါ်သည့် ကရင်နီပြည်နယ်သည် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများအကြား ပြင်းထန်သည့် ပဋိပက္ခများကိုသာမက အရပ်သားများကို ရက်စက်ကြမ်းကြုတ်သော စစ်ကောင်စီ၏ တိုက်ခိုက်မှုများကိုပါ ရင်ဆိုင်ရသည်။
သို့တိုင် ဆရာမ မိဆား၏ ကျေးရွာသည် အနီးဆုံး ပဋိပက္ခဇုန်မှ ၂၇ ကီလိုမီတာ (၁၇ မိုင်) ဝေးပြီး သူနှင့်သူ၏ ကျောင်းသား ကျောင်းသူများသည် ဘေးကင်းမည်ဟု ဆရာမ မိဆား ယုံကြည်သည်။ သို့သော် ထိုနေ့ နံနက်နှောင်းပိုင်း အတန်းနားချိန်တွင် သူနှင့်သူ၏ ၁၁ လသားအရွယ်သားတို့ ပြင်ပထွက်လိုက်သောအခါ ဂျက်လေယာဉ်တစင်းသည် ကောင်းကင်တွင် ဆူညံစွာ ပျံဝဲနေသည်။ ပြင်းထန်သည့် ပေါက်ကွဲမှုကြောင့် အဆောက်အအုံ မတုန်သွားမီ အခြား လုပ်ဖော်ကိုင်ဖက်တဦးက သူတို့ကို အဆောက်အအုံအတွင်း ပြန်ဆွဲသွင်းလိုက်သည်။ သူ၏ပတ်ဝန်းကျင်တွင် အုတ်ကျိုးအုပ်ပဲ့များ ကျလာသည်ကို ဆရာမ မိဆား တွေ့ပြီး အရာရာသည် မှောင်မိုက်သွားသည်။
သူပြန်လည် သတိရလာသောအခါ ကျောင်းသားတယောက်သည် ကတုတ်ကျင်းတွင် လဲလှောင်းနေပြီး သူတို့၏ ဦးခေါင်းများမှ သွေးများ စီးယိုနေသည်။ ဆရာတယောက်သည် သတိရရုံသာရှိသည့် အခြားကျောင်းသားတဦးကို ပွေ့ပိုက်ထားသည်။ စုစုပေါင်း ကျောင်းသား လေးဦးသေဆုံးပြီး အငယ်ဆုံးမှာ ၁၂ နှစ်အရွယ်သာ ရှိသေးကာ အခြားကျောင်းသား ၄၀ ကျော် ဒဏ်ရာရသည်။ ဆရာမ မိဆားသည် ထိုအခြေအနေကို တုံ့ပြန်ရည် စက္ကန့်ပိုင်းသာ အချိန်ရသော်လည်း အခြားသူများအတွက် လုံလောက်စွာ မကူညီနိုင်သောကြောင့် သူ့ကိုယ်သူ အပြစ်တင်သည်။
“ကျောင်းသား ကျောင်းသူတွေကို ကာကွယ်ဖို့တာဝန် ကျမ ပျက်ကွက်တယ်” ဟု ဆရာမ မိဆားက Al Jazeera သို့ နောက်တလ ကြာသောအခါ ပြောသည်။
ထိုတိုက်ခိုက်မှုနောက်ပိုင်းတွင် သူသည် အကြောက်တရားကြောင့် ဘဝတွင် ပုံမှန်အတိုင်း မနေနိုင်တော့ပေ။ ကျောင်းသို့ ပြန်မသွားနိုင်၊ သူပိုင်ပစ္စည်းများကိုလည်း ပြန်လည် မသိမ်းဆည်းနိုင်တော့ဘဲ အိပ်မပျော်တော့ပေ။ “ကျမ မျက်လုံးတွေ ကြောင်ပြီး နားတွေက ဂျက်လေယာဉ်နဲ့ ဒရုန်းသံကိုပဲ နားစွင့်နေမိတယ်။ ခေါင်မိုးပေါ်မှာ ကြောင်ပြေးတာတောင်မှ ကျမကို ထိတ်လန့်စေတယ်” ဟု ၎င်းက ပြောသည်။
ထိုတိုက်ခိုက်မှုနောက်ပိုင်းတွင် သူသည် အကြောက်တရားကြောင့် ဘဝတွင် ပုံမှန်အတိုင်း မနေနိုင်တော့ပေ။ ကျောင်းသို့ ပြန်မသွားနိုင်၊ သူပိုင်ပစ္စည်းများကိုလည်း ပြန်လည် မသိမ်းဆည်းနိုင်တော့ဘဲ အိပ်မပျော်တော့ပေ။ “ကျမ မျက်လုံးတွေ ကြောင်ပြီး နားတွေက ဂျက်လေယာဉ်နဲ့ ဒရုန်းသံကိုပဲ နားစွင့်နေမိတယ်။ ခေါင်မိုးပေါ်မှာ ကြောင်ပြေးတာတောင်မှ ကျမကို ထိတ်လန့်စေတယ်” ဟု ၎င်းက ပြောသည်။
စစ်တပ်က လက်စားချေမည့် အန္တရာယ် လျှော့ချရန် ဖေဖော်ဝါရီလနှင့် မတ်လ အစောပိုင်းက လူကိုယ်တိုင် တွေ့ဆုံမေးမြန်းခဲ့သည့် သူနှင့် စစ်တပ်၏တိုက်ခိုက်မှုမှ အသက်မသေ လွတ်မြောက်လာသူများ၏ အမည်များကို ပြောင်းလဲထားပါသည်။
ရှည်ကြာသော မလုံခြုံမှု
မြန်မာတွင် စစ်တပ်နှင့် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး အင်အားစုများအကြား ပြင်းထန်သော တိုက်ပွဲများ စတင်ပြီး သုံးနှစ်အတွင်း စစ်တပ်သည် လေကြောင်းတိုက်ခိုက်မှုများ၊ အမြောက်များဖြင့် ပစ်ခတ်မှုများ၊ ပုံစံ အမျိုးမျိုးဖြင့်သတ်ဖြတ်မှုများနှင့် မီးရှို့တိုက်ခိုက်မှုများဖြင့် အရပ်သားများကို လက်စားချေသည်။ ထိုလုပ်ရပ်များသည် စစ်ရာဇဝတ်မှုများဖြစ်ကြောင်း ကုလသမဂ္ဂက ခန့်အပ်သည့် လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူများက ပြောသည်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး တိုက်ခိုက်ရေးသမားများက စစ်တပ်ကို လွန်ခဲ့သောနှစ် နှောင်းပိုင်းတွင် ထိုးစစ်သစ် စတင်ပြီးနောက် ကရင်နီပြည်နယ်နှင့် မြန်မာနိုင်ငံတဝန်းမှ အကျပ်အတည်း ပိုမိုပြင်းထန်လာသည်။ မြန်မာနိုင်ငံတဝန်း နေရပ်စွန့်ခွာထွက်ပြေးရသူ အရေအတွက် ၃ သန်းကျော်ပြီဖြစ်ကြောင်း ကုလသမဂ္ဂက ယခုလအစောပိုင်းတွင် ပြောသည်။ ထိုသူများ၏ ၃ ပုံ ၁ ပုံ နီးပါးသည် ကရင်နီပြည်နယ် အပါအဝင် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းမှ ဖြစ်သည်ဟုလည်း ဖော်ပြသည်။
မြန်မာတွင် အခြေအနေသည် မဆုံးနိုင်သော အိပ်မက်ဆိုးအဖြစ် ပြောင်းလဲသွားပြီး နိုင်ငံမှပြည်သူများ မခံစားနိုင်သည့်အဆင့်ရှိ ဒုက္ခနှင့် ရက်စက်ကြမ်းကြုတ်မှုများကို ခံစားရစေသည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက မတ်လတွင် ပြောသည်။ အာဏာသိမ်းပြီးနောက် စစ်တပ်သည် အမျိုးသမီး ၆၅၉ ဦးနှင့် ကလေးငယ် ၄၉၀ အပါအဝင် အရပ်သား အနည်းဆုံး ၄,၆၀၀ သေဆုံးမှုအတွက် တာဝန်ရှိကြောင်း ကုလသမဂ္ဂက ပြောသည်။
ဒေါဆီးအီကျေးရွာမှ စာသင်ကျောင်းကို တိုက်ခိုက်မှုသည် တခုတည်းသော သီးခြားဖြစ်ရပ် မဟုတ်ပေ။ ထိုနေ့တွင်ပင် စစ်တပ်သည် အနီးရှိ လွိုင်နန်းဖကျေးရွာ ကျောင်းတခုကိုလည်း ဗုံးကြဲတိုက်ခိုက်ပြီး ကပ်လျက်ရှိသော ဆန်စက်မှပိုင်ရှင်ဖြစ်သူ သေဆုံးသည်။
ဒေါဆီးအီကျေးရွာမှ စာသင်ကျောင်းကို တိုက်ခိုက်မှုသည် တခုတည်းသော သီးခြားဖြစ်ရပ် မဟုတ်ပေ။ ထိုနေ့တွင်ပင် စစ်တပ်သည် အနီးရှိ လွိုင်နန်းဖကျေးရွာ ကျောင်းတခုကိုလည်း ဗုံးကြဲတိုက်ခိုက်ပြီး ကပ်လျက်ရှိသော ဆန်စက်မှပိုင်ရှင်ဖြစ်သူ သေဆုံးသည်။
ထိုကျောင်း နှစ်ကျောင်းလုံးသည် စစ်တပ်က ဖြုတ်ချခဲ့သည့် အရပ်သားအစိုးရအောက်တွင် ဖွင့်ခဲ့သည့်ကျောင်းများဖြစ်ပြီး အာဏာသိမ်းပြီးနောက် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ သပိတ်မှောက်ခြင်း အပါအဝင် အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုကြောင့် ပိတ်ထားရသည်။ ထို့နောက်တွင် နိုင်ငံတဝန်းမှ အခြားကျောင်း ထောင်ပေါင်းများစွာကဲ့သို့ပင် ထိုကျောင်းများသည် သပိတ်မှောက်သည့် ဆရာ၊ ဆရာမများ အပါအဝင် လူမှုအသိုက်အဝန်း စေတနာ့ဝန်ထမ်းများ၏ ဦးဆောင်မှုဖြင့် ပြန်လည်ဖွင့်လှစ်ကြသည်။
စစ်တပ်သည် ထိုသို့သောကျောင်းများနှင့် ၎င်း၏ထိန်းချုပ်မှုပြင်ပမှ အခြားဝန်ဆောင်မှုပေးသည့် လုပ်ငန်းများကို ပစ်မှတ်ထားသည်။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် စစ်တပ်သည် စစ်ကိုင်းတိုင်းမှ ကျောင်းတကျောင်းကို ဗုံးကြဲသောကြောင့် ကလေးငယ် ၁၁ ဦး သေဆုံးသည်။ တလကြာသောအခါ စစ်သားများသည် မကွေးတိုင်းမှ စေတနာ့ဝန်ထမ်း ဆရာတဦးကို ခေါင်းဖြတ်သတ်ပြီး သူ၏ဦးခေါင်းကို ကျောင်းတံခါးဂိတ်တွင် စိုက်ထားသည်။
ရှည်ကြာသော လက်နက်ကိုင် ပဋိပက္ခနှင့် ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွင် နေထိုင်ရခြင်းသည် လူတဦးစီ၊ မိသားစုနှင့် လူမှုအသိုက်အဝန်းများ၏ စိတ်ကျန်းမာရေးကို ထိခိုက်ပျက်စီးစေကြောင်း လက်နက်ကိုင်ပဋိပက္ခတွင် မသေဘဲ လွတ်မြောက်လာသူများ၏ စိတ်ဒဏ်ရာ၊ ဝမ်းနည်းပူဆွေးမှုနှင့် ဆုံးရှုံးမှုများကို အထူးပြုလေ့လာသည့် မာရီလန်းပြည်နယ် လိုယိုလာ တက္ကသိုလ်မှ စိတ်ကု ပါမောက္ခ နော့ဖ်ဘဇက်က ပြောသည်။
“ပဋိပက္ခရှည်ကြာလေလေ ကုသမှုနဲ့ဆက်စပ်မှုအတွက် ကျမတို့ မှီခိုအားထားရတဲ့ လူမှုဆက်ဆံရေးနဲ့ အင်စတီကျူးရှင်းတွေ ပျက်စီးလေလေပဲ။ အထူးသဖြင့် ကလေးတွေအတွက် အဓိကကျတဲ့ ဖွံ့ဖြိုးတိုးတက်မှုအဆင့်တွေမှာ ကြုံရတဲ့ စိတ်ဒဏ်ရာက ကျမတို့နဲ့ ကမ္ဘာကြီးကို ဆက်စပ်ပေးတဲ့ အာရုံကြောစနစ် တည်ဆောက်ပုံတွေကို ပြောင်းလဲသွားစေနိုင်တယ်” ဟု ပါမောက္ခ နော့ဖ်ဘဇက်က ပြောသည်။
အထူး စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ အထောက်အကူသည် မြန်မာတွင် လက်ရှိဖြစ်ပေါ်နေသည့် တုန်လှုပ်ဖွယ်ဖြစ်ရပ်များ၏ ရိုက်ခတ်မှုကို လျှော့ချပေးနိုင်သော်လည်း ထိုသို့သော ဝန်ဆောင်မှုများသည် ကရင်နီပြည်နယ်တွင် လွန်စွာ အကန့်အသတ်ရှိကြောင်း အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အောက်မှ အဝေးရောက် စိတ်ကျန်းမာရေး အထောက်အကူအစီအစဉ် အဖွဲ့တခု၏ခေါင်းဆောင် စိတ်ဝေဒနာကုသပေးသူ မော်နီကာက ပြောသည်။
ဒေသခံ ဆရာဝန်များ၊ သူနာပြုများနှင့် စေတနာ့ဝန်ထမ်းလုပ်သားများကို လေ့ကျင့်ပေးရန် သူ၏အဖွဲ့အစည်းက တတ်နိုင်သမျှ လုပ်ကိုင်ပေးနေသော်လည်း စစ်အာဏာသိမ်းမှုသည် မြန်မာမှ စိတ်ကျန်းမာရေး လိုအပ်ချက်များနှင့် ဝန်ဆောင်မှုများအကြား ကြီးမားသော ကွာဟမှုကို ပိုမိုဆိုးရွားစေကာ အဝေးရောက် စိတ်ကျန်းမာရေး ဝန်ဆောင်မှုပေးခြင်းကို ကရင်နီပြည်နယ်ကဲ့သို့ ပဋိပက္ခ ဖြစ်ပွားနေသော ဒေသများတွင် ပိုမိုခက်ခဲစေကြောင်း မော်နီကာက ပြောသည်။
ဒေသခံ ဆရာဝန်များ၊ သူနာပြုများနှင့် စေတနာ့ဝန်ထမ်းလုပ်သားများကို လေ့ကျင့်ပေးရန် သူ၏အဖွဲ့အစည်းက တတ်နိုင်သမျှ လုပ်ကိုင်ပေးနေသော်လည်း စစ်အာဏာသိမ်းမှုသည် မြန်မာမှ စိတ်ကျန်းမာရေး လိုအပ်ချက်များနှင့် ဝန်ဆောင်မှုများအကြား ကြီးမားသော ကွာဟမှုကို ပိုမိုဆိုးရွားစေကာ အဝေးရောက် စိတ်ကျန်းမာရေး ဝန်ဆောင်မှုပေးခြင်းကို ကရင်နီပြည်နယ်ကဲ့သို့ ပဋိပက္ခ ဖြစ်ပွားနေသော ဒေသများတွင် ပိုမိုခက်ခဲစေကြောင်း မော်နီကာက ပြောသည်။
“မြန်မာစစ်တပ်က အင်တာနက် ဖြတ်တောက်ထားလို့ အဝေးရောက် ကျန်းမာရေးဝန်ဆောင်မှုက ကရင်နီပြည်နယ်က သာမန်လူတွေအတွက် အရမ်းခက်ခဲတယ်” ဟုလည်း ၎င်းကပြောသည်။
စိတ်ထဲစွဲနေဆဲ
ဒေါဆီးအီ ကျေးရွာတွင် ဆရာမ မိဆားသည် စိတ်ဝေဒနာ ခံစားနေရသည့် တဦးတည်းသောသူ မဟုတ်ပေ။ ရက်သတ္တပတ် အတန်ကြာပြီးနောက် သူ၏ ၇ နှစ်အရွယ် သမီးငယ်သည် အိပ်ပျော်နေစဉ် လမ်းလျှောက်နေသည်။ ညဘက်တွင် မိဆားသည် ယခုအခါ တနှစ်ကျော်သာရှိသောသားကို ချီရင်း သူအော်ဟစ်နေသည်ကို ချော့မော့ရသည်။
ရွာမှကလေးများသည် ကားအင်ဂျင်သံကိုပင် ကြောက်လန့်နေပြီး ကျောင်းပြန်တက်သူ အနည်းငယ်သာ ရှိတော့သည်။ ရွာမှလူများ ပြန်လည်နာလန် မထူတော့မည်ကို ဆရာမ မိဆား စိုးရိမ်သည်။ “ပျော်ရွှင်မှုတွေအားလုံး ပျောက်ကွယ်သွားပြီး ကလေးတွေ အရင်လို မပြုံးနိုင်တော့ဘူး။ တက်တက်ကြွကြွလည်း မရှိတော့ဘူး။ ကလေးတွေ အရင်လို ဘဝမျိုး ပြန်မရတော့ဘူး” ဟု ၎င်းကပြောသည်။
ထိုသို့သော ခံစားချက်မျိုးကို မိထူးထူး (အမည်လွှဲ) လည်း ခံစားရသည်။ သူ၏သားသည် ၁၄ နှစ်မြောက်မွေးနေ့ မတိုင်မီ နှစ်ပတ်အလိုတွင် သတ်ဖြတ်ခံရခြင်းဖြစ်သည်။ ထို့နောက် ရက်သတ္တပတ်အတန်ကြာအောင် သူသည် သူ့သားကို အသိမဲ့ အော်ခေါ်နေမိသည်။ “သူက ကျမစိတ်ထဲမှာ အသက်ရှိနေသေးတယ်” ဟု Al Jazeera သို့ ငိုရင်း ပြောသည်။
သူ၏သားကို နောက်ဆုံးတွေ့ရချိန်တွင် သားဖြစ်သူသည် ဦးခေါင်းဒဏ်ရာများဖြင့် အခေါင်းအတွင်း ရောက်နေသော်လည်း မိထူးထူးသည် သားဖြစ်သူကို တနင်္ဂနွေဘုရားကျောင်း ဝတ်စုံဖြင့်ဖြစ်စေ၊ လေယာဉ်ဆီဖြင့် မမောင်းဘဲ ရေဖြင့်မောင်းသော သူပုံစံရေးဆွဲမည့်လေယာဉ်အကြောင်း ပြောနေသည့်ပုံဖြင့် ဖြစ်စေသာ တွေ့မြင်နေသည်။
သူ၏သားကို နောက်ဆုံးတွေ့ရချိန်တွင် သားဖြစ်သူသည် ဦးခေါင်းဒဏ်ရာများဖြင့် အခေါင်းအတွင်း ရောက်နေသော်လည်း မိထူးထူးသည် သားဖြစ်သူကို တနင်္ဂနွေဘုရားကျောင်း ဝတ်စုံဖြင့်ဖြစ်စေ၊ လေယာဉ်ဆီဖြင့် မမောင်းဘဲ ရေဖြင့်မောင်းသော သူပုံစံရေးဆွဲမည့်လေယာဉ်အကြောင်း ပြောနေသည့်ပုံဖြင့် ဖြစ်စေသာ တွေ့မြင်နေသည်။
သူ၏သားကို သေဆုံးစေသည့် တိုက်ခိုက်မှုသည် မိထူးထူးကို နေ့စဉ် နာရီတိုင်း ခြောက်လှန့်နေပြီး အချိန်ပြည့် စိုးရိမ်ထိတ်လန့်မှု ဖြစ်စေသည်။ “လေယာဉ်သံကြားတိုင်း ကြောက်လန့်ပြီး တကိုယ်လုံးတုန်တယ်။ လုံးဝ အားအင်မရှိတော့သလို ခံစားရတယ်” ဟု ၎င်းကပြောသည်။
သူ၏ အသက်ရှင်ကျန်ရစ်သော ကလေး သုံးဦးသည် အိမ်အပြင် မထွက်ရဲလောက်အောင် ကြောက်နေကြပြီး ၎င်းတို့ ပျော်ရွှင်စွာသွားခဲ့ကြသည့် ဘုရားကျောင်းမှ ဂီတသင်တန်းသို့ပင် မသွားရဲအောင် ဖြစ်နေကြကာ ၁၁ နှစ်အရွယ်ကလေးသည် အိပ်မပျော်ဖြစ်နေသည်။
နာကျင်မှုများရှိသော်လည်း မိထူးထူးသည် စိတ်ကိုတည်ငြိမ်အောင် ထိန်းသိမ်းထားရသည်။ “ကျမရဲ့ ကျန်တဲ့ကလေးတွေ ပညာတတ်ပြီး မိသားစုကို၊ လူမှုအသိုက်အဝန်းကို၊ နိုင်ငံကို အကျိုးပြုနိုင်ဖို့ သူတို့ကို စောင့်ရှောက်ဖို့လိုတယ်” ဟု ၎င်းကပြောသည်။
ထိတ်လန့်တုန်လှုပ်
NUG အောက်တွင် တာဝန်ထမ်းဆောင်နေသည့် စိတ်ကုပညာရှင် မော်နီကာက မြန်မာလူငယ်မျိုးဆက်အပေါ် ပဋိပက္ခ၏ ရိုက်ခတ်မှုအတွက် စိုးရိမ်ကြောင်း ပြောသည်။ ၎င်းတို့သည် အရွယ်ရောက်သည့်တိုင် စိတ်ဒဏ်ရာများ ဆက်လက် ခံစားရဖွယ်ရှိသည်။ “သူတို့ရဲ့စိတ်ကျန်းမာရေးက ကျမတို့ လူ့အဖွဲ့အစည်းအပေါ် အကြီးအကျယ် သက်ရောက်တယ်” ဟု ၎င်းကပြောသည်။
ဒေါဆီးအီကျေးရွာ အရှေ့ဘက် ကီလိုမီတာ ၅၀ (၃၁ မိုင်) ရှိ ရှားတောမှ ဒေသခံများသည်လည်း စိတ်ဒဏ်ရာ ခံစားနေရသည်။ ထိုဒေသသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစတင်ပြီး စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေး အင်အားစုများအကြား ပြင်းထန်သော တိုက်ပွဲများကို ရင်ဆိုင်နေရပြီး စစ်တပ်သည် ခံစစ်အနေအထားတွင် ရောက်နေသည်။ ဒေါဆီးအီကျေးရွာနှင့် လွိုင်နန်းဖကျေးရွာများကို မတိုက်ခိုက်မီ စစ်ရဟတ်ယာဉ် ရှားတောတွင် ဆင်းပြီး စစ်သား ၆၀ ခန့်ကို ချသွားကြောင်း မျက်မြင်သက်သေများနှင့် မီဒီယာသတင်းများတွင် ဖော်ပြသည်။
ထိုအချိန်တွင် အသက် ၄၅ နှစ်အရွယ် နော်ကောလေးသည် သူ၏ခင်ပွန်း၊ ကလေး နှစ်ယောက်နှင့်အတူ သူတို့၏ စပါးခင်းတွင် ရောက်နေပြီး မီတာ ၂၀၀ (၂၁၉ ကိုက်) တွင် ထိုရဟတ်ယာဉ်ကို တွေ့နေရသည်။
“ကျမတို့ သေတော့မှာပဲ ဆိုပြီး အရမ်းကြောက်သွားတယ်” ဟု နော်ကောလေးက ပြောသည်။ သူနှင့် သူ့မိသားစုသည် ကျောက်တောင်စောင်းတခုတွင် ငါးနာရီခန့် ပုန်းအောင်းနေခဲ့ရသည်။ သူ၏အမည်ကိုလည်း ပြောင်းလဲထားသည်။
ထိုညနေတွင် ၎င်းတို့ အိမ်ပြန်သောအခါ စစ်သားများက အိမ်ကိုဖျက်ဆီးပြီး အဖိုးတန်သည့်ပစ္စည်းများကို လုယက် ယူဆောင်သွားသည်ကို တွေ့ရသည်။ သို့သော် အဆိုးဆုံးသတင်းသည် နောက်တနေ့တွင် ရောက်လာပြီး ထိုသတင်းမှာ ရွာမှအမျိုးသမီး သုံးဦး၏ အလောင်းများ၊ အသက် ၃ နှစ်၊ ၅ နှစ်နှင့် ၇ နှစ်ကလေး သုံးဦး၏ အလောင်းများကို ခုခံတော်လှန်ရေး အင်အားစုများက ရှာဖွေတွေ့ခြင်းဖြစ်သည်။ ထိုအမျိုးသမီးများအနက် တဦးသည် ကိုယ်ဝန်ဆောင်ဖြစ်ပြီး ကျန် နှစ်ဦးသည် မသန်စွမ်းသူများဖြစ်သည်။ သေဆုံးသူများ၏ မိသားစုများအဆိုအရ ၎င်းတို့သည် ဖမ်းဆီးခံရချိန်တွင် စပါးခင်းများအနီး ပုန်းနေသူများဖြစ်ကြောင်း သိရသည်။
ဒေသခံ မှတ်တမ်းတင်သည့် လူ့အခွင့်အရေးအဖွဲ့ဖြစ်သော ကရင်နီ လူ့အခွင့်အရေးအဖွဲ့က ထိုသတ်ဖြတ်မှုများကို စစ်တပ်က ကျူးလွန်ခြင်းဖြစ်ကြောင်း ပြောသည်။
ထိုဖြစ်ရပ် နောက်ပိုင်းတွင် နော်ကောလေး သစ်တောအတွင်းသို့ ထွက်ပြေးပြီး သူနှင့် တခြား အမျိုးသမီးများ၊ ကလေးအများစု ပါဝင်သော အရပ်သားများသည် ဝါးများ၊ တာပေါ်လင်များဖြင့် ဆောက်ထားသည် တဲများတွင် နေထိုင်ကြသည်။ နောက် နှစ်ပတ်ကြာသည့်တိုင် သူအိပ်မပျော်ဘဲ အမြဲတမ်း ကြောက်နေရသည်။ “ကျမရဲ့စိတ်နဲ့ ခန္ဓာ မမြဲသလိုခံစားရပြီး အာရုံစူးစိုက်လို့ မရတော့ဘူး” ဟု ၎င်းကပြောသည်။
(Al Jazeera ပါ Esther J နှင့် Emily Fishbein ၏ Scarred by war, Myanmar children ‘cannot have the life they used to have’ ကို ဘာသာပြန်သည်။)
You may also like these stories:
မျက်မြင်သက်သေတွေ ပြောတဲ့ ဒေါဆီးအီ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှု
ပဇီကြီး လေကြောင်းတိုက်ခိုက်မှုတွင် အမျိုးသမီးနှင့် ကလေး အများဆုံး သေဆုံး
စစ်ကောင်စီ၏ လေကြောင်းရန်ကြောင့် ထန်တလန်ရှိ စာသင်ကျောင်းများ ယာယီပိတ်
သူရဲဘောကြောင်သော စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ
ကောလင်း လေကြောင်းတိုက်ခိုက်မှု စာသင်ကျောင်းနှင့်အိမ်များ ပျက်စီး
ဖာပွန်တွင် စစ်ကောင်စီ ရက်ဆက်ဗုံးကြဲ၊ စာသင်ကျောင်းနှင့်နေအိမ်များ ပျက်စီး