• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဖာပွန်တွင် စစ်ကောင်စီ ရက်ဆက်ဗုံးကြဲ၊ စာသင်ကျောင်းနှင့်နေအိမ်များ ပျက်စီး

by ဧရာဝတီ
17 February 2023
in သတင်း
A A
စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ပျက်စီးခဲ့ရသည့် ဖာပွန်ခရိုင်အတွင်းရှိ ကျေးရွာနေအိမ်တချို့ / The Karen Post

စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ပျက်စီးခဲ့ရသည့် ဖာပွန်ခရိုင်အတွင်းရှိ ကျေးရွာနေအိမ်တချို့ / The Karen Post

5.8k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီတပ်သည် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ တပ်မဟာ- ၅ ထိန်းချုပ်ရာ ဖာပွန်မြို့နယ်အတွင်း တိုက် လေယာဉ်များဖြင့် နှစ်ရက်ဆက် ဗုံးကြဲမှုကြောင့် စာသင်ကျောင်းနှင့် နေအိမ်အချို့ ထိမှန်ကာ မီးလောင်ပျက်စီးခဲ့ရ ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဖာပွန်ခရိုင်၊ လူသောမြို့နယ်၊ ဒေဘုနိုကျေးရွာအတွင်း ဖေဖော်ဝါရီ ၁၄ ရက် ည ၁၀ နာရီခန့်က တိုက်လေယာဉ် သုံးစင်းဖြင့် ဗုံးသီး ၆ လုံးကြဲချခဲ့ရာတွင် လူနေအိမ် ၆ လုံး မီးလောင်ပြာကျခဲ့ရကြောင်း KNU ထုတ်ပြန် ချက်၌ ဖော်ပြထားသည်။

ယင်းပြင် ဖေဖော်ဝါရီ ၁၅ ရက် ည ၁၁ နာရီခွဲခန့်တွင်လည်း လူသောမြို့နယ်၊ ပေးကေးဒဲကျေးရွာအုပ်စု၊ ထော့ထီးပယ် ကျေးရွာအတွင်းသို့ တိုက်လေယာဉ် သုံးစင်းဖြင့် ဗုံးသီး ၆ လုံး ထပ်မံကြဲချခဲ့ရာတွင် အဆောက်အအုံ ၇ လုံးပါရှိသည့် စာသင်ကျောင်း တကျောင်းနှင့် လူနေ အိမ် ၆ လုံး၊ ဈေးဆိုင် ၃ ဆိုင်၊ စက်ပစ္စည်းအချို့နှင့် စပါးကျီ ၂ လုံးတို့ မီးလောင် ပျက်စီးခဲ့ရကြောင်းလည်း သိရသည်။

ဗုံးကြဲတိုက်ခိုက်ခံရသည့် ကျေးရွာများ၌ မြေပြင်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ယခုကဲ့သို့ ဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ် ပြီး ကြိုတင်သတိပေးထားနိုင်မှုကြောင့် ဒေသခံများ ထိခိုက်ဒဏ်ရာရမှု မရှိသော်လည်း အဆောက်အအုံနှင့်ပစ္စည်း ထိခိုက်ပျက်စီးမှုအနေဖြင့် ထိုင်းဘတ်ငွေ သုံးသန်းခန့် တန်ဖိုးရှိကြောင်းလည်း KNU က ဆိုထားသည်။

စစ်ကောင်စီအနေဖြင့် တပ်မဟာ-၅ နယ်မြေ မူတြော်ခရိုင် (ဖာပွန်ခရိုင်) အတွင်း ယခုကဲ့သို့ စာသင်ကျောင်း၊ ဆေးရုံ ဆေးခန်းနှင့် နေအိမ်များ၊ ဘာသာရေး အဆောက်အအုံများပါမချန် ဗုံးကြဲတိုက်ခိုက်မှုများအား ဆက်တိုက်ဆိုသလို ပြု လုပ်နေခြင်းဖြစ်ပြီး အကြမ်းဖက် အဖွဲ့အစည်းလုပ်ရပ်များသာဖြစ်ကြောင်း KNU တပ်မဟာ-၅ ပြောခွင့်ရှိသူ ပဒိုမန်းမန်း က ပြောသည်။

စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ပျက်စီးခဲ့ရသည့် ဖာပွန်ခရိုင်အတွင်းရှိ ကျေးရွာနေအိမ်တချို့ (ဓာတ်ပုံ- The Karen Post)

၎င်းက “အကြမ်းဖက် စစ်အုပ်စုဖြစ်တဲ့အတွက် အကြမ်းဖက်အလုပ်ကိုတော့ ကမ်းကုန်အောင် လုပ်သွားပါပြီ၊ အခုမှ မဟုတ်ပါဘူး။ ကျနော်တို့က ဒီအပေါ်မှာ ဘယ်လို ခုခံတုံ့ပြန်ရမလဲဆိုတာပဲ စဉ်းစားရမယ်။ ဘာကြောင့် အခုလိုတွေ လုပ်နေလဲဆိုတာ သူတို့ပဲ သိပါလိမ့်မယ်။ အကြမ်းဖက်လုပ်ရပ်တွေလုပ်နေတာ သူတို့အတွက် အထူးအဆန်း ဟုတ် ချင်မှ ဟုတ်မှာပေါ့” ဟု ပြောသည်။

KNU တပ်မဟာ-၅ နယ်မြေအတွင်း စစ်ကောင်စီမှ မြေပြင်၊ ဝေဟင်ဖြင့် တိုက်ခိုက်ခြိမ်းခြောက်မှုများရှိနေသော်လည်း ၂၀၂၂-၂၃ ခုနှစ် ပညာသင်နှစ်အတွက် အတန်းတင် စာမေးပွဲများအား ကျောင်းများအားလုံး၌ ဖေဖော်ဝါရီ ၁၁ ရက်နေ့ က အောင်မြင်စွာ စစ်ဆေးနိုင်ခဲ့ကြောင်းလည်း သိရသည်။

အတန်းတင် စာမေးပွဲများ ကျင်းပရာတွင် ဒေသအတွင်း နိုင်ငံရေး၊ စစ်ရေး အခြေအနေများကြောင့် KNU ကရင်ပညာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ဗဟို) ၏ ညွှန်ကြားချက်အရ ၇ တန်းနှင့် ၁၀ တန်းအတွက် အစိုးရစစ်စာမေးပွဲအား ကျင်းပခြင်း မပြုဘဲ ၁ နှစ် ယာယီဆိုင်းငံ့ထားခဲ့ရကြောင်းလည်း KNU ကထုတ်ပြန်ထားသည်။

စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ပျက်စီးခဲ့ရသည့် ဖာပွန်ခရိုင်အတွင်းရှိ ကျေးရွာနေအိမ်တချို့ (ဓာတ်ပုံ- The Karen Post)

KNU တပ်မဟာ-၅ ထိန်းချုပ်ရာ ဖာပွန်ခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တို့ကြား နေ့စဉ်နီးပါး တိုက်ပွဲများဖြစ်ပွားလျက်ရှိရာတွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း၌လည်း တိုက်ပွဲ ပေါင်း ၂၀၉ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲမှု ၂၄ ကြိမ်ပြုလုပ်ခဲ့သည့်အတွက် ဒေသခံ ပြည် သူ ၁၄ ဦး သေဆုံးကာ ၁၁ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း KNU တပ်မဟာ-၅ က သတင်းထုတ်ပြန်ထား သည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
52
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
41
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
62

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုများကြောင့်လည်း ဒေသခံပြည်သူ နေအိမ် ၅၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ဆေးရုံဆေးခန်း ၄ လုံးနှင့် ဘာသာရေး အဆောက်အအုံတချို့လည်း ပျက်စီးခဲ့ရကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီတလတာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်နှင့် ၎င်းတို့ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တို့ဘက်မှ တပ်ခွဲမှူးတဦး အပါအဝင် ၄၇ ဦး သေဆုံးခဲ့ပြီး ၅၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်တန်းလျား ၆ လုံး အား ဖျက်ဆီးနိုင်ခဲ့ကြောင်းလည်း KNU ဘက်က ဆိုထားသည်။

You may also like these stories :

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ခင်ဦးမြို့နယ်တွင် စစ်ကောင်စီ မီးလိုက်ရှို့

ကွတ်ခိုင်၌ စစ်ကောင်စီတပ်နှင့် KIA တို့ကြား တိုက်ပွဲထပ်ဖြစ်နိုင်

စစ်ကောင်စီ မာရှယ်လော ထုတ်တဲ့နောက်ကွယ်

Your Thoughts …
Tags: KNUစစ်ကောင်စီတိုက်လေယာဉ်ဖာပွန်ခရိုင်ဗုံးကြဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ရန်ကုန်တွင် ဖေဖော်ဝါရီလ ၆ ရက်နေ့က နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ ဖွင့်ပွဲ အခမ်းအနားသို့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်စဉ် / Cincds

စစ်ကောင်စီနှင့် ရုရှား နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု အမေရိကန် စိုးရိမ်

ထန်တလန်မြို့မ ရဲစခန်းအား CNA နှင့် ပူးပေါင်းအဖွဲ့များ သိမ်းပိုက်နေစဉ် / CJ

ထန်တလန်မြို့ကို ပြန်လည်ခြေကုပ်ယူနိုင်ရေး စစ်ကောင်စီ ကြိုးပမ်း

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved