ရခိုင်ပြည်နယ်၊ စစ်တွေမြို့ က ဆတ်ရိုးကျရပ်ကွက် (ခေါ်) ဗျိုင်းဖြူ ကျေးရွာကဒေသခံတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုမှာ သေဆုံးသူ ၈၀ နီးပါးထိ တိုးလာနေပြီလို့ အာရက္ခတပ်တော် (AA) က ဇွန်လ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အဲ့ဒီဖြစ်ရပ်မှာ အမျိုးသမီး ၅ ဦးသေဆုံးခဲ့ရပြီး အဲ့ဒီထဲက အမျိုးသမီး ၃ ဦးကို အဓမ္မ ပြုကျင့်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ဒီအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ကျူးလွန်သူတွေဟာ စစ်ကောင်စီရဲ့ စစ်တွေအခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) လက်အောက်ခံ တပ်ဖွဲ့ဝင်တွေ၊ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ တပ်ဖွဲ့ဝင်တွေ၊ တခြားတပ်တွေက ထုတ်နုတ်အင်အားတွေနဲ့ အတူ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော် (ALP/ALA) တပ်ဖွဲ့ဝင်တွေ ပါဝင်တယ်လို့ AA က ဖော်ပြထားပါတယ်။
ကျူးလွန်ရာမှာ ပါဝင်တယ်လို့ဆိုထားတဲ့ ALP/ALAအဖွဲ့ ဟာ နိုင်ငံရေး ရပ်တည်ချက်ကြောင့် ၂ ဖွဲ့ကွဲသွားတာဖြစ်ပြီး စစ်အာဏာရှင် ဆန့်ကျင်တဲ့ ဘက်မှာ ရပ်တည်နေတဲ့ ခိုင်ရဲခိုင် ဦးဆောင်တဲ့ ALP/ALA အဖွဲ့ကတော့ ဗျိုင်းဖြူကျေးရွာ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်နဲ့ ဒေါ်စောမြရာဇာလင်း ဦးဆောင်တဲ့ ALP/ALA အဖွဲ့ကို ရှုတ်ချထားပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR