• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဆွေမျိုး မိတ်ဆွေ ကောင်းစားရေးနှင့် စစ်ဗိုလ်ချုပ်များ

by ဧရာဝတီ
12 February 2023
in ဆောင်းပါး
A A
အာဏာသိမ်းအပြီး ၂ နှစ် ပြည့်သည့်နေ့တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုဝန်ကြီး အချို့ကို အပြောင်းအလဲ ပြုလုပ်ခဲ့သည်

အာဏာသိမ်းအပြီး ၂ နှစ် ပြည့်သည့်နေ့တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုဝန်ကြီး အချို့ကို အပြောင်းအလဲ ပြုလုပ်ခဲ့သည်

9.4k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်းအပြီး ၂ နှစ် ပြည့်သည့်နေ့တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုဝန်ကြီး အချို့ကို အပြောင်းအလဲ ပြုလုပ်ခဲ့ရာ အသစ်ခန့်အပ်သူထဲတွင် သူ၏ သူငယ်ချင်းလည်း ပါဝင်သလို ပြောင်းလဲခန့်အပ်လိုက် သူ အများစုမှာ ဗိုလ်ချုပ်ဟောင်းများ ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာစအချိန် ၎င်းအား ဆွေမျိုးမိတ်ဆွေ ကောင်းစားရေး လုပ်ဆောင်သူ၊ မူဝါဒ မရှိသူဟု စစ်ဗိုလ်ချုပ်အချို့က ဝေဖန်ခဲ့သလို စစ်တပ်တွင်း ရာထူးပေးရာတွင်လည်း မူဝါဒမရှိဘဲ ပေးချင်သူကို ပေးချင်သလို တိုးပေးလေ့ ရှိကြောင်း တွေ့ရသည်။

၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက် ဆွေမျိုးစပ်လျှင် ခမည်းခမက်ဟု ဆိုနိုင်သည့် ဦးခင်ရီကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌတာဝန် ပေးခဲ့သလို မယားညီအစ်ကို တော်စပ်သူ ဦးဝဏ္ဏမောင်လွင်ကို နိုင်ငံခြား ရေးဝန်ကြီးတာဝန် ပေးခဲ့သည်။ ဦးဝဏ္ဏမောင်လွင်၏ ဇနီးဖြစ်သူ ဒေါ်လင်းလင်းတင်နှင့် ဒေါ်ကြူကြူလှတို့မှာ ညီအစ်မ တဝမ်းကွဲ တော်စပ်သူများ ဖြစ်သည်။

ထို့ပြင် စစ်ခေါင်းဆောင်သမီး ဒေါ်ခင်သီရိသက်မွန်နှင့် ခင်မင်ရင်းနှီးသော ဒေါက်တာ အိမို့မို့အောင်၏ ဖခင် ဗိုလ်ချုပ်ဟောင်း ဦးမောင်မောင်အုန်းအား ပြန်ကြားရေးဝန်ကြီးတာဝန် ပေးခဲ့သည်။

သို့သော် စစ်တပ်က အာဏာသိမ်းသည့် ၂ နှစ်တာ ကာလအတွင်း အာဏာသိမ်း စစ်ကောင်စီ၏ နိုင်ငံတကာသံတမန် စစ်မျက်နှာမှာ ကျဆုံးခဲ့ပြီး အမေရိကန်၊ တရုတ်၊ ဥရောပအပြင် အာဆီယံနိုင်ငံများနှင့်ပါ အဆင်မပြေ ဖြစ်ခဲ့သလို စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို အမေရိကန် အပါအဝင် အနောက်နိုင်ငံများက မနှစ်သက်ကြပေ။

ထို့အတွက် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ၂ နှစ် ပြည့်သည့်အခါ အပြောင်းအလဲ လုပ်ခဲ့ခြင်း ဖြစ်သည်။

ပုံမှန်အားဖြင့် စွမ်းဆောင်ရည် မရှိသောသူများအား အနားပေးလေ့ရှိသည့် စစ်ခေါင်းဆောင်သည် ၎င်းနှင့် မယားညီအစ်ကို တော်စပ်သူ ဦးဝဏ္ဏမောင်လွင်ကိုမူ ဝန်ကြီးရာထူးမှ အနားပေးခဲ့သော်လည်း စစ်ကောင်စီ အဖွဲ့ဝင်အဖြစ် ပြန်လည် ခန့် ထားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးအသစ်

ဦးဝဏ္ဏမောင်လွင် နေရာသို့ ရောက်ရှိလာသည့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေမှာ စစ်တက္ကသိုလ်အပတ်စဉ်-၁၆ (DSA-16) ကျောင်းဆင်း ဖြစ်ပြီး စစ်တပ်တွင် ဗိုလ်မှူးကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၀၀ ခုနှစ်တွင် အငြိမ်းစားယူခဲ့သူ ဖြစ်သည်။

နအဖ အစိုးရမှလက်ထက်မှ ဦးသိန်းစိန်အစိုးရတိုင် အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီးအဖြစ် တာဝန်ထမ်း ဆောင် ခဲ့သူလည်း ဖြစ်ပြီး သမ္မတဦးသိန်းစိန်၏ ၂၀၁၂ ခုနှစ် အမေရိကန်ခရီးစဉ်တွင် စီစဉ်ပေးရသူဖြစ်ပြီး သမ္မတရုံး ဝန်ကြီးများဖြစ်သည့် ဦးအောင်မင်း၊ ဦးစိုးသိမ်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီတို့လည်း လိုက်ပါသွားသည်။

ထိုခရီးစဉ်တွင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့်အတူ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန်းဆွေ၊ ဦးလှမောင် ရွှေ၊ ဦးကျော်ရင်လှိုင်၊ ဦးသီဟမျိုးညွှန့်တို့ လွတ်လပ်သော အာရှအသံ (RFA) ဌာနချုပ်သို့ သွားရောက်ရာ ဝန်ကြီးဦးအောင်မင်းက အမေရိကန်ပြည်ထောင်စု၏ ထောက်ခံမှုမှာ အရေးကြီးကြောင်း ပြောဆိုခဲ့သည်။

ယခုတဖန် သံတမန်စစ်မျက်နှာတွင် ကျရှုံးနေသော စစ်ကောင်စီသည် အမေရိကန်ပြည်ထောင်စုတွင် သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ဦးသန်းဆွေကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ပေးကာ အမေရိကန် အပါအဝင် အနောက်နိုင်ငံများနှင့် အဆင်ပြေစေရန် ကြိုးစားလာခြင်း ဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။

သို့သော် အမေရိကန်ပြည်ထောင်စုနေ တပ်မတော်ထောက်လှမ်းရေးအရာရှိဟောင်း ဦးအောင်လင်းထွဋ် ကမူ စစ်ကောင်စီ အနေဖြင့် အမေရိကန်ကို ချဉ်းကပ်ရန် လမ်းပိတ်နေပြီဖြစ်ကြောင်း ယခင်စစ်အစိုးရများလက်ထက်ကကဲ့သို အဆက် အသွယ်များ မရှိတော့သလို ရုရှားကို ထောက်ခံသည့်အတွက် အမေရိကန်နှင့် ဆက်ဆံရေးကောင်းဖို့ ထင်သလို မလွယ် ကြောင်း သုံးသပ်သည်။

ယခု နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာသူ ဦးသန်းဆွေမှာ ၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၂ တွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံခဲ့ ရပြီးနောက် ၂၀၂၃ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်း ၂ နှစ် ပြည့်သည့်နေ့၌ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခံ ရခြင်း ဖြစ်သည်။

စစ်ဗိုလ်ချုပ်များ ဝန်ကြီးနှင့် ဝန်ကြီးချုပ်များ ဖြစ်လာ

အာဏာသိမ်း စစ်ကောင်စီက အသစ်ခန့်အပ်လိုက်သော ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဦးအောင်သော်မှာ စစ်ခေါင်း ဆောင်နှင့် အတူ စစ်တက္ကသိုလ်အပတ်စဉ်-၁၉ (DSA-19) တွင် တက်ရောက်ခဲ့သူ ဖြစ်ပြီး တပ်မတော်(ရေ)၌ ဗိုလ်မှူးချုပ်အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲ၌ ကြံ့ခိုင်ရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကိုကိုးကျွန်းမြို့နယ်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ် ပြိုင်ခဲ့သည်။

၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက် ရုရှားမြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခြင်း ခံခဲ့ရကာ စစ်ခေါင်းဆောင် ရုရှားနိုင်ငံ သွားရောက်သည့်အခါတိုင်း ဦးအောင်သော် လိုက်ပါသွားခဲ့သည်။

ခရီးသွားလုပ်ငန်းအကြောင်း နားမလည် မနီးစပ်သော်လည်း စစ်ခေါင်းဆောင်သည် ၎င်း၏ သူငယ်ချင်း ဖြစ်နေသည်က ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် ဖြစ်လာခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း မြန်မာ့ခရီးသွား ကဏ္ဍမှာ တိုးတက်လာရန် လမ်းမမြင်ပေ။

ထို့ပြင် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖြစ်လာသူ ဦးမင်းနောင်မှာလည်း စစ်ဗိုလ် ချုပ်တဦး ဖြစ်သည်။
ဦးမင်းနောင်သည် ဗိုလ်သင်တန်းကျောင်းဆင်းတဦး (OTS-66) ဖြစ်ပြီး အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး စစ်ဆင် ရေးအထူးအဖွဲ့မှူး (ကစထ-၄) နှင့် တပ်မတော် စစ်ဆေးရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီ လက်ထက်တွင် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) တွင် အတွင်းရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်တွင် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖြစ်လာခဲ့သည်။

နဝတ အစိုးရလက်ထက်မှစ၍ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် ဂွင်ကောင်းသည့်ဌာနတခုအဖြစ် နာမည်ကြီးခဲ့ ပြီး ယင်းဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ကြီးများမှာလည်း အလွန်ကြီးပွားချမ်းသာသူများ ဖြစ်လာခဲ့သည်။

အဆိုပါ ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ရသည့် ဝန်ကြီး မဆိုထားနှင့် ဆည်မြောင်းဌာနတွင် တာဝန်ထမ်းဆောင်ရသူ များပင် ကြီးပွားချမ်းသာကြသည်။ ဆည်မြောင်းညွှန်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတဦးပင် မြန်မာနိုင်ငံတွင် ခရိုနီများကဲ့သို့ ကြီးပွားချမ်းသာသူဖြစ်ပြီး ဘဏ်ပိုင်ရှင်များကပင် သူ့ထံတွင် ပိုက်ဆံချေးယူခဲ့ရသည်ဟု နာမည်ထွက် လူပြောများသည်။

၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် အနေဖြင့် ၎င်းနှင့် ခင်မင်ရင်းနှီးသည့် ဒုဗိုလ်ချုပ်ကြီးများနှင့် ဗိုလ်ချုပ်များအား ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ရာထူးများ ပေးလာခဲ့သည်။

ဖေဖော်ဝါရီ ၁ ရက်က ပြောင်းလဲ ခန့်အပ်လိုက်သော ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးမှာ စစ်တပ်တွင် ဒုဗိုလ် ချုပ်ကြီးအဆင့်ဖြင့် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး-၂ (ကစထ-၂) တာဝန်ယူခဲ့သူ ဖြစ်ပြီး အာဏာသိမ်း ပြီးနောက် ကယား (ကရင်နီ) ပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင် စစ်ဆင်ရေးများကို တာဝန်ယူခဲ့ရသူ ဖြစ်သည်။

ထို့ပြင် ဖေဖော်ဝါရီ ၁ ရက်က ခန့်အပ်လိုက်သည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်မှာလည်း ဦးသိန်းစိန် အစိုးရလက်ထက်တွင် ရခိုင်ပြည်နယ် နယ်လုံဝန်ကြီးတာဝန် ယူခဲ့သည့် ဗိုလ်မှူးကြီး ထိန်လင်း ဖြစ်သည်။

စစ်ခေါင်းဆောင် အနေဖြင့် အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်တွင် သက်ပြည့်ပင်စင် ယူရသည့် ဒုဗိုလ်ချုပ်ကြီးများနှင့် စစ်ဗိုလ်ချုပ်များအား ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်များအဖြစ် ပြန်လည် ခန့်အပ်ခဲ့သည်ကို တွေ့ရပြီး အာဏာသိမ်းပြီး နောက် စစ်တပ်မှ အငြိမ်းစားယူရသည့် ဒုဗိုလ်ချုပ်ကြီး ၃ ဦးမှာ ပြည်နယ်တိုင်းဝန်ကြီးချုပ်များ ဖြစ်လာခဲ့ကာ ပြည်ထောင်စု ဝန်ကြီး ၁ ဦး ဖြစ်လာခဲ့သည်။

အာဏာသိမ်းပြီးနောက် ကယားပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာသူမှာ စစ်တပ်တွင် ဒုဗိုလ်ချုပ်ကြီးတာဝန် ယူခဲ့သူ ဒုဗိုလ်ချုပ် ကြီး ဇော်မျိုးတင် ဖြစ်ပြီး ဧရာဝတီတိုင်းဝန်ကြီးချုပ် ဖြစ်လာသူ ဦးတင်မောင်ဝင်းမှာလည်း စစ်တပ်၌ ဒုဗိုလ်ချုပ်ကြီးရာထူးဖြင့် လေကြောင်းရန်အရာရှိချုပ် တာဝန်ယူခဲ့သူ ဖြစ်သည်။

စစ်အာဏာရှင်စနစ် သက်ဆိုးရှည်လာသည်နှင့်အမျှ စစ်တပ်မှ အရာရှိများသည် အရပ်ဘက်ဝန်ကြီးဌာနများသို့ ပြောင်းရွှေ့မှု များလာခဲ့သည်။ ၂ နှစ်တာ ကာလအတွင်း စစ်အရာရှိ ထောင်ဂဏန်းနီးပါး အရပ်ဘက်ဝန်ကြီးဌာနများသို့ ပြောင်းလဲလာခဲ့ သည်။

ထို့ပြင် အုပ်ချုပ်ရေးပိုင်းတွင်လည်း စစ်တပ်ကအရာရှိများ တဖြည်းဖြည်း ပိုများလာတော့မည် ဖြစ်သည်။ အထူးသဖြင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဆွေမျိုး၊ မိတ်ဆွေများ၊ စစ်ခေါင်းဆောင် သားသမီးများနှင့် ရင်းနှီးသော သူများမှာ စစ်ဘက်နှင့်အရပ်ဘက်တွင် ရာထူးနေရာများ ပိုမို ရရှိလာဦးမည် ဖြစ်သည်။ ။

You may also like these stories:

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
71
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
353
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
163

ရာဇပလ္လင်ကို ဖက်တွယ်ရေး ကြိုးစားနေသည့် မင်းအောင်လှိုင်

စစ်အုပ်ချုပ်ရေး ၃၇ မြို့နယ် ထပ်တိုးကာ ဖိနှိပ်ရေး အရှိန်မြှင့်

ရက်စက်ကြမ်းကြုတ်သော စစ်တပ် အက်ကြောင်း မထတော့ပြီလော

တပါတီတည်း ကြီးစိုးရေး စစ်ကောင်စီရဲ့ ကလိမ်ကကျစ် အကြံအစည်

Your Thoughts …
Tags: စစ်ခေါင်းဆောင်ဆွေမျိုးမိတ်ဆွေ ကောင်းစားရေးပြည်ထောင်စုဝန်ကြီးအာဏာသိမ်းမှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နံပါတ် ၁ တပ်မရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လေယာဉ် နှစ်စီး

နံပါတ် ၁ တပ်မရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လေယာဉ် နှစ်စီး

by ဧရာဝတီ
22 March 2024
40.9k

မင်းအောင်လှိုင်သည် သမ္မတ မဟုတ်သောကြောင့် သူ့လေယာဉ်ကို "Air Force One" ဟု တပ်မရပေ။ Air Force 002 နှင့် 003 သာ အမည်တပ်ရသည်။

Authentic ကြောင့် စစ်ခေါင်းဆောင်မိသားစု ပိုချမ်းသာလာ

Authentic ကြောင့် စစ်ခေါင်းဆောင်မိသားစု ပိုချမ်းသာလာ

by ဧရာဝတီ
25 February 2024
25.4k

လက်ရှိအချိန်တွင် စစ်လက်နက်ပစ္စည်းထုတ် ကာကွယ်ရေးပစ္စည်း စက်ရုံ (ကပစ) များနှင့် ပတ်သက်သော လုပ်ငန်းများ အား အဓိက လုပ်ပိုင်ခွင့်ရ ကုမ္ပဏီမှာ စစ်ခေါင်းဆောင်၏သား ကိုအောင်ပြည့်စုံ ပိုင်ဆိုင်သည့် Authentic Group of Company ဖြစ်သည်ဟု...

ကိုးကန့်ကို အနာကြည်းဆုံးပုဂ္ဂိုလ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပဲ

ကိုးကန့်ကို အနာကြည်းဆုံးပုဂ္ဂိုလ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပဲ

by ဧရာဝတီ
29 December 2023
19.9k

ဒီကနေ့တိုက်ပွဲတွေကို ဒီကနေ့အခြေအနေမှာ ရပ်လိုက်တယ်ဆိုရင် တချိန်မှာ စစ်ကောင်စီဟာ သူအားပြန်ပြည့်တာနဲ့ ပြန်ပြီးတိုက်မှာ။ ဒါက ရှင်းတယ်။အခုနေအခါမှာ သူအင်မတန် အားနည်းနေတဲ့အတွက် ညှိနှိုင်းရေးလမ်းကြောင်းကို သူလာတာဖြစ်တယ်။အင်မတန်အားနည်းတဲ့အချိန်မှာ လာပေမယ့်လို့ သူ့ကို နားခွင့်ပေးလိုက်ရင် သူအချိန်ယူလို့ သူအားပြန်ပြည့်သွားရင် ကိုယ့်ကို ပြန်ပြီးတော့...

စစ်ခေါင်းဆောင်နေရာ တည်မြဲရေး လူယုံများကို ရာထူးတိုးပေး

စစ်ခေါင်းဆောင်နေရာ တည်မြဲရေး လူယုံများကို ရာထူးတိုးပေး

by ဧရာဝတီ
17 August 2024
13.7k

ဒုဗိုလ်ချုပ်ကြီးအောင်လင်းဒွေးသည် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် ၂၅ ကျောင်းဆင်း ဖြစ်ကာ လက်ရှိ စစ်ကောင်စီ အတွင်းရေးမှူးလည်းဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဘဝကတည်းက တာဝန်အတူထမ်းဆောင်ခဲ့ကြသူများဖြစ်ကြောင်း

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းရဲ့ အဂတိမှုများ ပွင့်လင်းမြင်သာ စစ်ဆေးဖို့လို

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းရဲ့ အဂတိမှုများ ပွင့်လင်းမြင်သာ စစ်ဆေးဖို့လို

by ဧရာဝတီ
30 September 2023
12.5k

စစ်ခေါင်းဆောင် ချီးမြှင့်မြှောက်စားခဲ့သူတဦးရဲ့ တိုင်းသိပြည်သိ အဂတိလိုက်စားမှုတွေ ပေါ်နေပေမယ့် “ကိုယ်ကျိုးစီးပွား ရှာတဲ့ အဖွဲ့ဝင်အချို့ကို အနားပေးပြီး ထိရောက်တဲ့ အရေးယူမှုတွေ လုပ်သွားမယ်”လို့ အရိပ်အမြွက်ပြောရုံ၊ နေရာဖယ်ရှား ရုံက လွဲလို့ ဒီကနေ့တိုင် ပွင့်လင်းမြင်သာတဲ့ အရေးယူ စုံစမ်းမှုတွေမလုပ်ဘဲ...

လ၀က ၀န်ကြီးသားမက် စစ်ခေါင်းဆောင် ကိုယ်ရံတော်ဖြစ်လာ

လ၀က ၀န်ကြီးသားမက် စစ်ခေါင်းဆောင် ကိုယ်ရံတော်ဖြစ်လာ

by ဧရာဝတီ
14 October 2025
11.9k

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဇနီး‌ ဒေါ်ကြူကြူလှနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့် ဒုတိယဗိုလ်မှူးကြီးကျော်ဇောရဲအား စစ်ခေါင်းဆောင်၏ ကိုယ်ရံတော် (PSO)အဖြစ် မကြာသေးခင်က ခန့်အပ်လိုက်ကြောင်း သိရသည်။

Next Post
ဖက်ဒရယ်တစ္ဆေ ကြောက်နေရမယ့်အချိန် မဟုတ်တော့ဘူး (ရုပ်/သံ)

ဖက်ဒရယ်တစ္ဆေ ကြောက်နေရမယ့်အချိန် မဟုတ်တော့ဘူး (ရုပ်/သံ)

အတွေးအခေါ်တိုက်ပွဲကိုလည်း တပြိုင်တည်း ဆင်နွှဲရမယ် (ရုပ်/သံ)

အတွေးအခေါ်တိုက်ပွဲကိုလည်း တပြိုင်တည်း ဆင်နွှဲရမယ် (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved