လွတ်လပ်ရေးရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တဲ့ အနေနဲ့ သတ်မှတ်ခဲ့တဲ့ ပြည်ထောင်စုနေ့ဟာ ဒီကနေ့ ဖေဖော်ဝါရီ ၁၂ ရက်မှာ ၇၆ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။
လွတ်လပ်ရေးရပြီးနောက် နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်ဖြစ်နေခဲ့တဲ့ မြန်မာနိုင်ငံဟာ ပြည်ထောင်စုရဲ့ အနှစ်သာရကို အမှန်တကယ် ခံစားခဲ့ကြရရဲ့လား၊ ဖယ်ဒရယ်စံနစ်ကို တကယ်သွားနေရဲ့လား ဆိုတာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ရဲ့ ဗဟိုဦးဆောင်ကော်မတီဝင် ဖြစ်တဲ့ မိဆူးပွင့် ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားသည်။