• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းရဲ့ အဂတိမှုများ ပွင့်လင်းမြင်သာ စစ်ဆေးဖို့လို

by ဧရာဝတီ
30 September 2023
in ဆောင်းပါး
A A
ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းရဲ့ အဂတိမှုများ ပွင့်လင်းမြင်သာ စစ်ဆေးဖို့လို

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် ၇၅၀ မီလီလီတာ တပုလင်းလျှင် အမေရိကန်ဒေါ်လာ ၄၀၀၀ တန်ကြေးရှိ Louis XIII cognac ကော့ညက်အရက်ကို လွန်စွာ သဘောကျသည်။

12.5k
VIEWS
Share on FacebookShare on Twitter

စစ်တပ်အာဏာသိမ်းတဲ့နေ့က သမ္မတ ဦးဝင်းမြင့်နဲ့ ဇနီးတို့ကို ဦးဆောင်ဖမ်းဆီးခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ အဂတိ လိုက်စားမှု စွဲချက်တွေနဲ့ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်၊ ကုန်သွယ်မှုနှင့် ကုန်သွယ်စီးဆင်းမှု မြန်ဆန်ရေးကော်မတီ၊ နိုင်ငံခြားသုံး ငွေကြီးကြပ်ရေးကော်မတီတို့ရဲ့ ဥက္ကဋ္ဌအဖြစ်က ရပ်စဲခံလိုက်ရသလို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် အဖြစ်ကလည်း စက်တင်ဘာ ၂၅ရက်မှာ ဖယ်ရှားခံခဲ့ရပါတယ်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ သူတာဝန်ယူခဲ့တဲ့ ၂ နှစ်အတွင်း စီးပွားရေးသမားတွေဆီက လာဘ်ငွေ ဒေါ်လာသန်းချီရ ယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပြီး ဧရာဝတီက မေးမြန်းခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင်တဦးရဲ့ အဆိုအရ သူနဲ့တွေ့ဆုံခွင့် ရဖို့ကိုပဲ အနည်းဆုံး အမေရိဒေါ်လာနှစ်သောင်း ဒါမှမဟုတ် ဒီငွေနဲ့ ညီမျှတဲ့ ရွှေနဲ့လက်ဆောင်တွေပေးရတယ်လို့သိရပါတယ်။

စီးပွားရေးသမားတွေဆီက အကြီးအကျယ် လာဘ်စားခဲ့တဲ့ ထိပ်ပိုင်း နစကအဖွဲ့ဝင်တဦးနဲ့ ပတ်သက်လို့ စစ်ကောင်စီဟာ ဒီကနေ့တိုင် ပြည်သူကို ပွင့်လင်းမြင်သာချပြတာမျိုး တလုံးတပါဒမှ မရှိသေးသလို “အဂတိ ဖယ်ခွာ ပြည်သာယာ” ဆိုကာ ကြွေးကြော်နေတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကြီးဟာလည်း ရေငုံနှုတ်ပိတ်ဖြစ်နေပါတယ်။

စစ်တက္ကသိုလ်အပတ်စဉ် ၃၀ ကျောင်းဆင်း ၅၅ နှစ်အရွယ် ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဓာတ်ပုံကို ခေါင်းရင်းထားကာ ဘုရားလိုကိုးကွယ်သူ၊ ညာလက်ရုံး လူယုံဖြစ်တာကြောင့် အနာဂတ်စစ်ခေါင်းဆောင်နေရာ ဆက်ခံမည့်သူလို့တောင် ခန့်မှန်းသုံးသပ်မှုတွေ အရင်ကရှိခဲ့ပါတယ်။

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ)ခေတ် ဒုတပ်ချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ ကိုယ်ရေးအရာရှိ အဖြစ် တာဝန်ယူခဲ့ဖူးသူ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ စစ်ရေး၊ အုပ်ချုပ်ရေးပိုင်းမှာ ထူးချွန်တဲ့ စွမ်းဆောင်မှုတွေမရှိခဲ့ ပေမယ့် အဂတိလိုက်စားတဲ့ နေရာမှာတော့ ပြောင်မြောက်သူတဦးလို့ ဆိုရမှာပါ။

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ချီးမြှင့်မြှောက်စားမှုနဲ့အတူ စစ်တပ်မှာ နံပါတ် ၆ အဆင့်ထိ နေရာပေးခံရတဲ့ အသက် အငယ်ဆုံး န.စ.က ကောင်စီဝင် ဖြစ်လာသလို ရာထူးအတက်မြန်လို့ စူပါဗိုလ်ချုပ်လို့ နာမည်ပြောင်ရထားပြီး မိသားစုက လည်း ဆောက်လုပ်ရေးနဲ့ အခြားလုပ်ငန်းတွေမှာ ကုမ္ပဏီသုံးခုထက်မနည်း တည်ထောင်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

စစ်ခေါင်းဆောင် ချီးမြှင့်မြှောက်စားခဲ့သူတဦးရဲ့ တိုင်းသိပြည်သိ အဂတိလိုက်စားမှုတွေ ပေါ်နေပေမယ့် “ကိုယ်ကျိုးစီးပွား ရှာတဲ့ အဖွဲ့ဝင်အချို့ကို အနားပေးပြီး ထိရောက်တဲ့ အရေးယူမှုတွေ လုပ်သွားမယ်”လို့ အရိပ်အမြွက်ပြောရုံ၊ နေရာဖယ်ရှား ရုံက လွဲလို့ ဒီကနေ့တိုင် ပွင့်လင်းမြင်သာတဲ့ အရေးယူ စုံစမ်းမှုတွေမလုပ်ဘဲ ဆက်လက်ဖုံးကွယ်ထားဆဲလို့ ဆိုရမှာပါ။

ဒီလို ပွင်လင်းမြင်သာမှုမရှိဘဲ ဖုံးကွယ်ထားပြီး ပြင်းပြင်းထန်ထန် အရေးယူမှုမလုပ်တာတွေဟာ တပ်တွင်းပြိုကွဲမှုတွေ၊ ပုန်ကန်မှုတွေ ဖြစ်လာမှာ စိုးတဲ့အတွက်လို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

“ဒါတွေလုပ်ရင် ဒီလူတွေ ဘယ်လောက်သန်းနဲ့ချီပြီး အဂတိလိုက်စားမှုတွေ လုပ်ခဲ့တယ်။ ခေါင်းဆောင်ဖြစ်ပြီးတော့ ဒီလို တွေလုပ်တယ်ဆိုရင် တပ်အောက်ခြေကနေပြီးတော့ မကျေလည်မှုတွေ ပိုပြီးပြင်းထန်လာနိုင်ပါတယ်။ ပြင်းလည်းပြင်းထန် နေဆဲပါ။ အခုက တပ်အောက်ခြေက ပြဿနာမဟုတ်ပါဘူး။ တိုင်းမှူး၊ တပ်မမှူးတွေကနေစပြီးတော့ ဗိုလ်ချုပ်မှူးကြီး တွေအထိ ပြဿနာက ရှိနေတာ” လို့ သူက ပြောပါတယ်။

စစ်ကောင်စီဟာ ထိပ်တန်းစစ်အရာရှိကြီးရဲ့ ကြီးမားတဲ့ အဂတိလိုက်စားမှုကို ပေါ်ပေါ်တင်တင် အရေးမယူပေမယ့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ အဂတိလိုက်စားတယ်ဆိုကာ အမှု ၁၂မှုနဲ့ စွပ်စွဲခဲ့တဲ့ပြင် စုစုပေါင်း အမှု ၁၉ မှုနဲ့ ထောင် ၃၃ နှစ် ချမှတ်ထားပါတယ်။

ဒါ့အပြင် ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုယ်တိုင် ဦးဆောင်ဖမ်းဆီးခဲ့တဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုလည်း အဂတိမှု ၅ မှုနဲ့ စွပ်စွဲကာ ထောင် ၇ နှစ် ချမှတ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လို နိုင်ငံရေးသိက္ခာ၊ သမာဓိ၊ သြဇာကြီးမားသူကို အပုတ်ချဖို့ အဂတိလိုက်စားတယ်ဆိုကာ အမှု ဆင်ထောင်ချခဲ့ပေမယ့် အခုစစ်ကောင်စီအတွင်းပိုင်းက ခြစားမှုတွေကို ထင်သာမြင်သာမရှိ ကိုင်တွယ်နေပုံနဲ့ ပတ်သက်ပြီး အများက ထောက်ပြဝေဖန်ကြပါတယ်။

စစ်ကောင်စီရဲ့ အမှုကိုင်တွယ်ပုံနဲ့ ပတ်သက်လို့ တရားလွှတ်တော်ရှေ့နေတဦးက “သူတို့ကိုယ် သူတို့ကျတော့ သိက္ခာအကျ မခံဘူး၊ ကြိတ်လုပ်တာပေါ့။ ဒေါ်အောင်ဆန်းစုကြည်တို့ကျတော့ သိက္ခာချတယ်ဆိုတာ လူတွေကသိပါတယ်”လို့ ဆိုပါ တယ်။

ဒီလို ရွေးကောက်ခံ အရပ်သားအစိုးရ ခေါင်းဆောင်တွေအပေါ် ပွင့်လင်းမြင်သာမှုမရှိတဲ့ စစ်ဆေးကြားနာမှုတွေ၊ စွပ်စွဲချက် တွေ၊ ပြင်းထန်တဲ့ထောင်ဒဏ်တွေ ချခဲ့ပေမယ့် အခုစစ်အုပ်စုအတွင်းက အဂတိလိုက်စားမှုတွေကိုတော့ စစ်ကောင်စီက ရေငုံနှုတ်ပိတ်နေဆဲပါ။

“သမ္မတဦးဝင်းမြင့် ပြောသလို နိုင်ငံရေးလုပ်ကြံတာပါ၊ အမှုတွေမှာ ထင်ရှားတဲ့သက်သေအထောက်အထား ဘာမှလောက် လောက် လားလားမရှိဘူး။ ကျန်တာတွေကတော့ မောင်ဝိတ်အမှုမျိုး ဆိုလည်း ပိုက်ဆံတွေက ဘဏ်စာရင်းအကောင့်ထဲမှာ ရှိနေတာပဲ။ သူကိုယ်တိုင် ဖောင်ဒေးရှင်း ကို လှူတယ်ဆိုတာ ပြောတယ်။ ဖြိုးမင်းသိန်းဆိုရင်လည်း ဘာမှ အထောက် အထား မပြနိုင်ဘူး။ နှုတ်ပြောကိုပဲ အခြေခံပြီး မကျေနပ်လို့ လုပ်တဲ့ပုံစံမျိုးပဲတွေ့ရပါတယ်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း မြေကိစ္စတွေလည်း စည်ပင်သတ်မှတ်ဈေးအတိုင်းပဲ ဖောင်ဒေးရှင်းက ပေးခဲ့တာပဲလေ။ ဒါကိုပဲ ဥက္ကဋ္ဌဖြစ်တဲ့သူက တာဝန်ရှိတယ်ဆိုပြီးလုပ်တာပဲ” လို့လည်း ပြောပါတယ်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းရဲ့ အဂတိမှုတွေမှာ စစ်ခေါင်းဆောင် နှုတ်ဆိတ်နေတာဟာ တပည့်ရင်းမို့ ညှာတာမှုလား၊ သူ့အကျိုးစီးပွားတွေကို ပြန်လည်ထိခိုက်စေမယ့် တန်ပြန်မှုတွေကို ရှောင်ဖို့အတွက်လားဆိုတဲ့ မေးခွန်းထုတ်မှုတွေလည်း ရှိလာပါတယ်။

ဝါရင့်ရှေ့နေကြီးတဦးက “အချင်းချင်း စားခွက်လုကြတာလားပေါ့။ သူတို့ တယောက်နဲ့တယောက် မယုံတော့တာ။ သူ့လူ ငါ့လူ မယုံဘဲဖြစ်ကြတာ။ အမှန်တော့ စားတာက လူတိုင်းစားနေကြတာ။ သူတို့ပြိုကွဲသွားပြီ။ တယောက်နဲ့တယောက် မယုံတော့ ဘူး” လို့ မှတ်ချက်ပြုပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တပ်ချုပ်ဖြစ်လာကတည်းက မိသားစုကိုယ်ကျိုးစီးပွား ရှာတာ၊ တပ်ပိုင်မြေတွေကို ဂရန်အမည်ပြောင်း အပိုင်သိမ်းတာတွေအပြင် သားသမီးတွေကိုလည်း ကုမ္ပဏီအများအပြား ထူထောင်စေကာ လုပ်ပိုင်ခွင့်တွေရရှိစေခဲ့သူ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်သားဖြစ်သူ ဦးအောင်ပြည့်စုံနဲ့ ဒေါ်ခင်သီရိသက်မွန်တို့အနေနဲ့ နိုင်ငံ့ရဲ့စီးပွားရေးကဏ္ဍပေါင်းစုံမှာ အမည် အမျိုးမျိုးနဲ့ ကုမ္ပဏီဆယ်ချီ ထူထောင်ထားတဲ့အပြင် ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းတွေအထိပါ ပါဝင်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်အနေနဲ့ သားဖြစ်သူပိုင်ကုမ္ပဏီတွေကို စစ်တပ်နဲ့သက်ဆိုင်တဲ့ လုပ်ငန်တွေချထားပေးရာမှာ ရန်ကုန်မြို့က အမှတ် (၁) စစ်ဆေးရုံအထူးကုစင်တာ၊ ပြင်ဦးလွင်က ကုတင် ၇၀၀ ကင်ဆာကုဆေးရုံနဲ့ ဒလမြို့နယ်က တော်ပီဒို စက်ရုံ ဆောက်လုပ်ခွင့်တွေ ပါဝင်တယ်လို့လည်း သိရပါတယ်။

ဒီလို စီးပွားရေးလုပ်ငန်း အများအပြား လုပ်ကိုင်နေကြတဲ့ စစ်ခေါင်းဆောင်ရဲ့ သားနဲ့သမီးကို အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေကလည်း ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ထားကြပါတယ်။

ဒါ့ပြင် ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါးမှု အပါအဝင် အခြားသောအမှုတွေနဲ့ ဖမ်းဆီးခံထားရတဲ့ စစ်ကောင်စီလက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အမှုတွဲမှာလည်း စစ်ခေါင်းဆောင်ရဲ့ သားနဲ့သမီးဖြစ်သူ ပိုင်ဆိုင်မှုတွေ ပါဝင်နေကြောင်း ထိုင်းရဲတပ်ဖွဲ့ဘက် က ဖော်ထုတ်ထားပါတယ်။

ဒီအချက်တွေနဲ့ ပတ်သက်လို့ ဦးသန်းစိုးနိုင်က “ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်ရော အဂတိလိုက်စားမှုတွေနဲ့ပတ်သက်ပြီး လွတ်ကင်းလားဆိုတာက ထိုင်းဘက်ရောက်နေတဲ့ သူ့မိသားစုရဲ့ ပိုင်ဆိုင်မှုသတင်းတွေ တောက်လျှောက်တွေ့နေရတာပဲ။ သူကိုယ်တိုင်က မတော်မတရား လာဘ်ယူလာဘ်စားမှုတွေ၊ အဂတိလိုက်စားမှုတွေ အစွပ်စွဲမခံရဘဲ လွတ်ကင်းစွာ ဖြစ်နေ တဲ့အခြေအနေမှာ ကျန်တဲ့ဗိုလ်ချုပ်တွေ ဒီလိုမတော်မတရားမှုတွေ လုပ်လာတာနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် အရေးယူ မယ့်သဘောထား မရှိဘူး။ အရေးယူလို့လည်း မဖြစ်ပါဘူး” လို့ ပြောပါတယ်။

ခေတ်အဆက်ဆက် စစ်အစိုးရတွေအတွင်း ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ စီးပွားရေးမသမာမှုတွေ၊ ငွေကြေးဆိုင်ရာ အကျင့် ပျက်ခြစားမှုတွေကို လူစားထိုးအရေးယူမှုတွေနဲ့သာ လုပ်ဆောင်လေ့ရှိတဲ့အတွက် စစ်အုပ်စုအတွင်း အဂတိလိုက်စားမှုတွေ ဟာ အမြစ်တွယ်နေခဲ့တာ ဖြစ်တယ်လို့လည်း ၎င်းက သုံးသပ်ပြောဆိုပါတယ်။

ဒါ့ပြင် စစ်ခေါင်းဆောင်ကိုယ်တိုင်နဲ့ အခြားစစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေဟာ နိုင်ငံရဲ့စီးပွားရေးလုပ်ငန်းများစွာကို လက်ဝါးကြီးအုပ်ထားတဲ့ ဦးပိုင်လုပ်ငန်းတွေကနေလည်း အကျိုးအမြတ်များစွာရရှိပြီး ချမ်းသာကြွယ်ဝနေတာ ဖြစ်ပါတယ်။

ဒီလိုအရေးပါတဲ့ စစ်တပ်ပိုင်ဦးပိုင်လုပ်ငန်းစုကို လက်ရှိ ဦးဆောင်နေတာကလည်း စစ်ခေါင်းဆောင်ရဲ့ လူယုံတဦးဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး ညိုစော ဖြစ်ပြီး သူဟာ မကြာသေးခင်ကမှ စစ်ခေါင်းဆောင်ရဲ့ အထူးအကြံပေးအဖြစ် ခန့်အပ်ခံရသလို ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို ဖယ်ရှားကာ အသစ်ဖွဲ့စည်းတဲ့ကောင်စီမှာလည်း အဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။

စစ်တပ်ရဲ့ လေးလပတ်အစည်းအဝေးတွေမှာ အောက်ခြေ တိုင်းမှူး၊ တပ်မှူးတွေကနေ ဆက်သကြတဲ့ တံစိုးလက်ဆောင် တွေကိုလည်း ကိုယ်ရေးအရာရှိတွေကနေတဆင့် လက်ခံရယူနေကြတာ ဖြစ်တယ်လို့လည်း CDM တပ်အရာရှိတဦးဖြစ်တဲ့ ကိုညီသုတက ပြောပါတယ်။

ဒီလိုအခြေအနေမှာ အရေးပါတဲ့ စီးပွားရေးကော်မတီတွေကို ကိုင်တွယ်ရတဲ့ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်လိုလူတွေကို ပေး ထားတဲ့ရာထူးနေရာတွေက ဖယ်ရှားလိုက်တာဟာ အဂတိလိုက်စားမှုတွေကို တိုက်ဖျက်လိုတာထက် သူတို့ရဲ့ အကျိုးစီးပွား တွေကို ထိခိုက်စေတဲ့ လုပ်ဆောင်ချက်တွေ ရှိလာတယ်လို့ ယူဆတာကြောင့် ရှင်းပစ်လိုက်တဲ့သဘောသာ ဖြစ်တယ်လို့ လည်း ကိုညီသုတက သုံးသပ်ပါတယ်။

၎င်းက “သူတို့အတွက် အသုံးဝင်နေတဲ့ဌာနတွေ၊ အဲဒီမှာရှိနေတဲ့ ပေးထားတဲ့သူတွေက သူတို့အကျိုးစီးပွား အထူးသဖြင့် တပ်ချုပ်၊ ဒုချုပ်တွေရဲ့ အကျိုးစီးပွားကို ပျက်အောင်လုပ်တဲ့ အနေအထားမျိုးလို့ ယူဆလာတဲ့အခါမှာ ရှင်းပစ်လိုက်တာပါပဲ။ သူတို့က အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်တာမဟုတ်ဘူး။ သူတို့အတွက် အနှောင့်အယှက်ဖြစ်နိုင်တဲ့၊ ကောင်းကောင်း အလုပ်မလုပ်ပေးဘူးလို့ ယူဆလို့သာ ရှင်းပစ်လိုက်တာပါ” လို့ ပြောပါတယ်။

စစ်တပ်အတွင်း အကျင့်ပျက်ခြစားတဲ့ စွပ်စွဲချက်နဲ့ ရာထူးနေရာတွေကနေ ဖယ်ရှားရှင်းလင်းတာတွေက ဖြစ်ရိုးဖြစ်စဉ်လို ဖြစ်နေပြီး ထိပ်ပိုင်းကစလို့ တိုင်းမှူး၊ တပ်မှူးတွေအထိ လွတ်ကင်းတာမရှိတဲ့အတွက် အကျင့်ပျက်ခြစားမှုစွဲချက်ဟာ ချုပ်ကွက်တကွက်လို ဖြစ်နေတယ်လို့လည်း နိုင်ငံရေးလေ့လာသူတဦးက ပြောပါတယ်။

ယခုတခါ စစ်ကောင်စီအတွင်း အဂတိမှုပေါ်ပေါက်လာတာဟာ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းတယောက်တည်း မဟုတ်ပါဘူး။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီးဖြစ်သူ ဦးညွန့်အောင်လည်း ဖမ်းဆီးစစ်ဆေးခံရကာ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့အတူ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

ဦးညွန့်အောင်ဟာ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ စစ်တက္ကသိုလ်တပတ်စဉ်ထဲ တက်ရောက်ခဲ့ကြတဲ့ သူငယ်ချင်းတွေဖြစ်ပြီး သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသကို စက်ယန္တရားကြီးတွေ၊ တရားမဝင်သယ် ယူခွင့်ပေးတာနဲ့ နယ်စပ်ကုန်သွယ်ရေးမှာ လာဘ်စားမှုတွေ ပေါ်ပေါက်ခဲ့တာကြောင့် စီးပွားကူးသန်းညွှန်ချုပ်ကနေ ဖြုတ်ချခံ ရဖူးတဲ့ ပြစ်ချက်ဟောင်းရှိသူ ဖြစ်ပါတယ်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းအနေနဲ့ အဲဒီလိုပြစ်ချက်ဟောင်းရှိတဲ့ သူငယ်ချင်းဖြစ်သူကို သူဦးစီးရတဲ့ စီးပွားရေးကဏ္ဍထဲ ပြန်လည်ဆွဲသွင်းခဲ့ပြီးမှ အခုလိုအဂတိလိုက်စားမှုတွေ ပေါ်ပေါက်လာတာဖြစ်လို့ ဒါဟာ အုပ်စုဖွဲ့ကျူးလွန်မှုအသွင်ကို ဆောင်နေတယ်လို့ ဆိုနိုင်ပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေကြားမှာ လုပ်ကိုင်ရအဆင်ပြေချောမွေ့ဖို့အတွက် တာဝန်ရှိလူကြီးဆိုသူတွေကို ဒေါ်လာ ၁ သောင်းတန်လောက် လက်ဆောင်ပေးရတဲ့ကိစ္စဟာ ယဉ်ကျေးမှုတခုလိုတောင် ဖြစ်နေပြီဆိုတဲ့ ပြောဆိုချက်တွေဟာလည်း စစ်ကောင်စီအတွင်းက အဂတိလိုက်စားမှုတွေကို မီးမောင်းထိုးပြနေပါတယ်။

တကယ်တမ်း အဂတိလိုက်စားမှုဟာ တိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုရဲ့ အဓိကရန်သူတရပ်အဖြစ် စစ်ကောင်စီရဲ့ မြန်မာ့အလင်း သတင်းစာ အယ်ဒီတာ့အာဘော်မှာ မကြာသေးခင်က ဖော်ပြခဲ့သလို အာဏာသိမ်းစစ်ခေါင်းဆောင် ကိုယ်တိုင်ကလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဟာ အစိုးရရဲ့ စိတ်ဆန္ဒလိုအပ်တယ်လို့ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက် ရေးနေ့ (၂၀၂၁) မှာ လေထုံးထွားခဲ့ပါသေးတယ်။

၎င်းက “အဂတိလိုက်စားမှု ပြဿနာများကို ဖြေရှင်းဆောင်ရွက်ရာမှာ နိုင်ငံတော်အစိုးရရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အပေါ် စိတ်ဆန္ဒပြင်းပြစွာနဲ့ မူဝါဒချမှတ်ဆောင်ရွက်နိုင်ဖို့လိုသလို ဥပဒေမူဘောင်ခိုင်မာရေးကလည်း အရေးကြီးပါတယ်” လို့ ဆိုခဲ့ဖူးပါတယ်။

ဒါ့အပြင် ယမန်နေ့က ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီ အစည်းအဝေးမှာလည်းပဲ စစ်ခေါင်းဆောင်က ယုံကြည်စွာတာဝန်ပေးအပ် တဲ့အပေါ် ရာထူးနဲ့လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး ကိုယ်ကျိုးစီးပွားပြုလုပ်မှုကြောင့် အဖွဲ့ဝင်အချို့ကို အနားပေးတာ၊ ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

သို့သော် သူ့ရဲ့လူယုံတဦးဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ အပေါင်းအပါတွေရဲ့ အဂတိလိုက်စားမှုစွဲချက်တွေကိုတော့ စစ်ခေါင်းဆောင်အနေနဲ့ ရာထူးအနားပေးတာလောက်နဲ့ပဲ ပြီးသွားမလား ဒါမှမဟုတ် တကယ့်ကို ပွင့်လင်းမြင်သာမှုရှိရှိနဲ့ အရေးယူပြမလားဆိုတာကတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအပေါ် စစ်ကောင်စီရဲ့ စိတ်ဆန္ဒရှိမရှိအပေါ်မှာ မူတည်နေ ပါတယ်။ ။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
72
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
354
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
586

You may also like these stories:

အဂတိစွဲချက်များကြောင့် စစ်ကောင်စီ ပြင်ဆင်ဖွဲ့စည်း

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း MIC ဥက္ကဋ္ဌအသစ် ဖြစ်လာ

Your Thoughts …
Tags: Sliderကိုယ်ကျိုးစီးပွားရှာမှုစစ်ခေါင်းဆောင်မိုးမြင့်ထွန်းအဂတိ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
ရန်ကုန်တွင် မီးပျက်မှု နှစ်ဆပိုဆိုးလာ

ရန်ကုန်တွင် မီးပျက်မှု နှစ်ဆပိုဆိုးလာ

တုန်ခြင်း မှုန်ခြင်း သည်းခံပါ

တုန်ခြင်း မှုန်ခြင်း သည်းခံပါ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved