• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အဂတိစွဲချက်များကြောင့် စစ်ကောင်စီ ပြင်ဆင်ဖွဲ့စည်း

by ဧရာဝတီ
26 September 2023
in သတင်း
A A
အဂတိစွဲချက်များကြောင့် စစ်ကောင်စီ ပြင်ဆင်ဖွဲ့စည်း

နစက အဖွဲ့ဝင်အဖြစ်မှ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ကို ထုတ်ပယ်ကာ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုဗိုလ်ချုပ်ကြီး ညိုစောတို့ဖြင့် ယမန်နေ့က အစားထိုးလိုက်သည်။

9.2k
VIEWS
Share on FacebookShare on Twitter

အဂတိလိုက်စားမှု၊ ကိုယ်ကျိုးစီးပွားရှာမှု စွဲချက်များဖြင့် စစ်ဆေးခံနေရသော ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (န.စ.က) အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ပြီး ဗိုလ်ချုပ်ကြီး မောင်မောင် အေး နှင့် ဒုဗိုလ်ချုပ်ကြီး ညိုစောတို့ဖြင့် အစားထိုးလိုက်ကြောင်း စစ်ကောင်စီက ယမန်နေ့ညက ကြေညာခဲ့သည်။

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းမှာ စစ်ခေါင်းဆောင်၏ ယုံကြည်အားထားခြင်းခံရပြီး အရေးပါသည့် စီးပွာရေးကော်မတီများကို ကိုင်တွယ်ခဲ့ရသူဖြစ်ကာ လက်ရှိတွင် အဂတိလိုက်စားမှုစွဲချက်များဖြင့် စစ်ဆေးခံနေရသည်။

ထို့ပြင် မိသားစုစီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ တိုင်ကြားစိစစ်ခံနေရသူ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကိုလည်း စစ်ကောင်စီ က န.စ.က အဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားလိုက်ပြီး စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေလိုက်ခြင်း ဖြစ်သည်။

န.စ.က အဖွဲ့ဝင် ဖြစ်လာသူ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် စစ်တက္ကသိုလ် အပတ်စဉ် (၂၅) ဆင်းဖြစ်ပြီး ၂၀၂၀ နှစ်ကုန်ပိုင်းတွင် တပ်မတော်အရန်အင်အားသို့ ပြောင်းရွှေ့ခံခဲ့ရသော်လည်း စစ်တပ် က အာဏာသိမ်းပြီး ရက်ပိုင်း၌ပင် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ် စစ်ခေါင်းဆောင်က ခန့်အပ်ခဲ့သူ ဖြစ်သည်။

ဒုဗိုလ်ချုပ်ကြီး ညိုစောမှာ စစ်တက္ကသိုလ်အပတ်စဉ် (၂၃) ဆင်းဖြစ်ပြီး စစ်ခေါင်းဆောင် အထူးယုံကြည်ရသူတဦးဖြစ်သလို စစ်ခေါင်းဆောင်မိသားစုပိုင် စီးပွားရေးလုပ်ငန်းများအား ကာကွယ်ပေးရသူအဖြစ်လည်း စီးပွားရေးလုပ်ငန်းရှင်များ အသိုင်း အဝိုင်းကြား ထင်ရှားသူ ဖြစ်သည်။

၎င်းသည် စစ်တပ်အာဏာမသိမ်းမီက စစ်ထောက်ချုပ်ရာထူး တာဝန်ယူခဲ့သော်လည်း အာဏာသိမ်းပြီးချိန်တွင် စစ်တပ်၏ အဓိကစီးပွားရေးလုပ်ငန်းစုဖြစ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ဥက္ကဋ္ဌ၊ အင်းဝဘဏ်ဥက္ကဋ္ဌနှင့် မြန်မာ့ စီးပွားရေးဦးပိုင် အများပိုင်ကုမ္ပဏီ (UMEHL) တို့၌ အရေးပါသည့် ထိပ်ပိုင်းရာထူးတာဝန်များကို ဆက်လက်ချုပ်ကိုင် ခွင့်ရထားသူလည်း ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း စစ်ခေါင်းဆောင်က ဒုဗိုလ်ချုပ်ကြီး ညိုစောအား ၎င်း၏အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးအဆင့် ပေးအပ်ခဲ့သည်။

ယခုကဲ့သို့ အရေးပါသည့် ထိပ်ပိုင်းရာထူးများ အပြောင်းအလဲ ခပ်စိပ်စိပ် ပြုလုပ်နေသော စစ်ကောင်စီလုပ်ရပ်သည် စစ်တပ် အရာရှိကြီးများ၏ အဂတိလိုက်စားမှုများအား ဖုံကွယ်ရုံသာမကဘဲ ၎င်းတို့အုပ်စုအတွင်းက အားပြိုင်မှုအဖြစ်လည်း နိုင်ငံရေး လေ့လာသူတချို့က သုံးသပ်ရှုမြင်သည်။

နိုင်ငံရေးလေ့လာသူတဦးက “အဂတိလိုက်စားမှုကတော့ သူတို့အားလုံး မလွတ်ပါဘူး။ အဂတိလိုက်စားမှုအပြင် ဂိုဏ်းအုပ်စု ဖွဲ့မှုတွေကလည်း အရေးပါလိမ့်မယ်ထင်တယ်။ လက်ရှိ ကောင်စီဝင် စစ်တပ်က ၉ ဦးထဲမှာ ညိုစောက မင်းအောင်လှိုင်လူ၊ ရာပြည့်က စိုးဝင်းနဲ့တပတ်စဉ်ထဲ။ ဒါကြောင့် သူတို့နှစ်ဦးက ပိုနီးစပ်တယ်လို့ ကောက်ချက်ချကြတယ်။ မင်းအောင်လှိုင်နဲ့ စိုးဝင်းကြား အုပ်စုဖွဲ့အားပြိုင်မှုလို့တော့ သုံးသပ်ရတယ်။ အောင်လင်းဒွေး၊ ရဲဝင်းဦး၊ ညိုစော ၃ ဦးကတော့ မင်းအောင်လှိုင် လူလို့ပြောလို့ရပေမယ့် ကျန်တဲ့သူတွေကတော့ သူ့လူလို့ပြောဖို့က နည်းနည်းခက်တယ်။ သူတို့အချင်းချင်းကြားထဲမှာတော့ အားပြိုင်မှုတွေ ပေါ်လာမယ်လို့ထင်တယ်” ဟု သုံးသပ်မှတ်ချက်ပြုသည်။

ဒု ဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးအား စက်တင်ဘာ ၁၀ရက်မှ ၁၃ရက်အထိ ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ မြို့တွင်ကျင်းပသည့် အရှေ့ဖျား စီးပွားရေးဖိုရမ်တွင် တွေ့ရစဉ်

လက်ရှိ န.စ.က အဖွဲ့ဝင် တဦးဖြစ်သူ ဒုဗိုလ်ချုပ်ကြီး ရာပြည့်သည် ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် စစ်တက္ကသိုလ်အပတ်စဉ် (၂၂) အတူတက်ခဲ့သူဖြစ်ပြီး မကြားသေးမီက စစ်ခေါင်းဆောင်လူယုံ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်နေရာ၌ ပြည်ထဲရေးဝန်ကြီးအဖြစ် အစားထိုးခန့်အပ်ခံရကာ န.စ.က အဖွဲ့ဝင်ဖြစ်လာသူ ဖြစ်သည်။

စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်တွင် ၎င်းအနေဖြင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်အပ်ခံရ သည့်အပြင် စစ်ဥပဒေချုပ်၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် တာဝန်များလည်း ယူခဲ့ဖူးပြီး စစ်တပ် အာဏာမသိမ်းမီ ၂၀၂၀ခုနှစ်က တပ်မတော်အရန်အင်အားသို့ ပို့ဆောင်ခံခဲ့ရသည်။

စစ်တပ် အာဏာသိမ်းအပြီးတွင် ဒုဗိုလ်ချုပ်ကြီး ရာပြည့်သည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးနှင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များကိုသာ န.စ.က အဖွဲ့ဝင်မဖြစ်ခင်အချိန်ထိ ဦးဆောင်ခဲ့ရသည်။

စစ်ကောင်စီအုပ်စုတွင် အားပြိုင်မှုတခုအဖြစ် နိုင်ငံရေးလေ့လာသူများက သုံးသပ်ထောက်ပြသည့် အခြားရာထူး အပြောင်း အလဲတခုမှာ စစ်ကောင်စီလူယုံ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ချုပ်ကိုင်ခဲ့သည့် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်၊ ကုန်သွယ် မှုနှင့် ကုန်သွယ်စီးဆင်းမှုမြန်ဆန်လွယ်ကူစေရေးကော်မတီနှင့် နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီတို့၏ ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး မြထွန်းဦးအား ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

စစ်တက္ကသိုလ်အပတ်စဉ် (၂၅) ဗိုလ်လောင်းသင်တန်းဆင်း ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ဦးသန်းရွှေ၏ လူရင်းဖြစ်ပြီး စစ်တပ်အာဏာမသိမ်းမီက စစ်ဘက်ထိပ်တန်းရာထူးဖြစ်သည့် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးရာထူး ယူခဲ့သူ ဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်တွင် ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရပြီး ၂၀၂၃ ဩဂုတ်လ၌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခံခဲ့ရသည်။ အဆိုပါ ရာထူးရွှေ့ပြောင်းခန့်အပ်မှုအပေါ် လေ့လာသူအချို့က ရာထူးချခြင်းအဖြစ် သုံးသပ်ခဲ့သည်။

သို့သော် စစ်ခေါင်းဆောင်လူယုံ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း အဂတိစွဲချက်ဖြင့် စစ်ဆေးခံရသည့်အခါ အဓိကအရေးပါသည့် စီးပွားရေးကော်မတီများအား ဗိုလ်ချုပ်ကြီး မြထွန်းဦး ပြန်လည်ချုပ်ကိုင်ခွင့်ရလာခဲ့သည်။

နိုင်ငံရေးလေ့လာသူတဦးက “မိုးမြင့်ထွန်းကိုဖယ်ပြီး စီးပွားရေးတလျှောက်လုံးကိုင်လာတဲ့ ညိုစောကို တာဝန်ပေးလို့မရတာ ဒီအုပ်စုထဲမှာ အကျပ်အတည်း၊ အပြန်အလှန် အားပြိုင်တာတွေကြောင့်ဖြစ်မယ်လို့ ယူဆရတယ်။ ဒါကြောင့် မြထွန်းဦး နေရာရလာတာလို့ ပြောလို့ရတယ်။ စစ်အုပ်စုအခြေအနေက အာဏာသိမ်းစကလိုတော့ စည်းလုံးညီညွတ်မှုမရှိဘူး။ သူတို့အတွင်းမှာ ပဋိပက္ခတွေ စပြီးတော့ဖြစ်နေပြီ။ အဲဒီအခြေအနေကိုတော့ မပြတ်စောင့်ကြည့်ဖို့ လိုလိမ့်မယ်ထင်ပါတယ်” ဟု ဆိုသည်။

စီးပွားရေးကဏ္ဍနှင့်ပတ်သက်ပြီး စစ်ကောင်စီ၏ နောက်ထပ်ရာထူးရွှေ့ပြောင်းမှုတခုအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဖြစ်သူ ဦးအောင်နိုင်ဦးအား ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၁) ဝန်ကြီးအဖြစ် ပြောင်းရွှေ့လိုက်ပြီး ၎င်း၏နေရာတွင် ဦးထွန်းအုံအား အစားထိုးခန့်အပ်ခဲ့သည်။

ဦးထွန်းအုံသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနတို့တွင် ဒုဝန်ကြီးအဖြစ် အာဏာသိမ်းစစ်ကောင်စီလက်ထက် ခန့်အပ်ခံရသူဖြစ်ပြီး လက်ရှိ၌ စီးပွားကူးသန်းဝန်ကြီး ဖြစ်လာသည်။

၎င်းနှင့်ပတ်သက်၍ နိုင်ငံရေးလေ့လာသူတဦးက “စစ်ကောင်စီက သယံဇာတဒုဝန်ကြီးတို့၊ သာသနာရေးဒုဝန်ကြီးတို့ ခန့်ခဲ့ တဲ့သူကို အခုလာပြီးတော့ စီးပွားကူးသန်းဝန်ကြီးခန့်တာကိုကြည့်ရင် သူတို့ယုံကြည်တဲ့ အရည်အချင်းရှိသူ မရှိတာလား၊ ဒါမှမဟုတ်ရင် သူတို့နဲ့တွဲပြီး လုပ်ချင်တဲ့သူမရှိတာလား မေးခွန်းရှိလာတယ်” ဟု ပြောသည်။

အခြားသော ရာထူးပြောင်းလဲမှုအဖြစ် အဂတိစွပ်စွဲချက်များဖြင့် စစ်ဆေးခံနေရသူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး ဦးညွန့်အောင်ကိုလည်း စစ်ကောင်စီက ရာထူးမှ ထုတ်ပယ်လိုက်သည်။

ဦးညွန့်အောင်သည် ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် စစ်တက္ကသိုလ်အပတ်စဉ် (၃၀) တွင် အတူတက်ရောက်ခဲ့သူဖြစ်ပြီး သမ္မတ ဦးသိန်းစိန် လက်ထက်၌ ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသသို့ စက်ယန္တရားကြီးများ တရားမဝင်သယ်ယူခွင့် ပြုခြင်းနှင့် နယ်စပ်ကုန်သွယ်မှုများတွင် လာဘ်စားမှုများ ပေါ်ပေါက်ခဲ့သည့်အတွက် စီးပွားကူးသန်း ညွှန်ချုပ်ရာထူးမှ အနားပေးခြင်းခံခဲ့ရဖူးသူ ဖြစ်သည်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
34
ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
183
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
58

၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင်မူ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် အပတ်စဉ်တူ ဦးညွန့်အောင်မှာ စီးပွားကူး သန်း ဒုဝန်ကြီးအဖြစ် ပြန်လည်နေရာရလာခဲ့သည်။

နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများကြောင့် ထိခိုက်လာသည့် စီးပွားရေးကဏ္ဍအား ကိုင်တွယ်ရန် စစ်ခေါင်းဆောင်အနေ ဖြင့် ၎င်း ယုံကြည်အားထားရသူများအား စီးပွားရေးကော်မတီများဖွဲ့စည်းကာ ကိုင်တွယ်စေခဲ့သော်လည်း အဂတိလိုက်စားမှု များသာ ပေါ်ပေါက်လာခဲ့ပြီး စီးပွားရေးကျဆင်းမှုနှင့် အထွေထွေကုန်ဈေးနှုန်းကြီးမြင့်မှု၊ ကျပ်ငွေတန်ဖိုးကျဆင်းမှုများအား ဖြေရှင်းနိုင်ခြင်းမရှိကြောင်း နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က ဝေဖန်သည်။

၎င်းက “စစ်ကောင်စီတပ်ဟာ အခြေအနေကို မထိန်းသိမ်းနိုင်ဘူးဆိုတာ တဆင့်တိုးပြီး သက်သေခံနေတာပဲ။ စစ်ကောင်စီရဲ့ လက်ရှိယန္တရားထဲမှာ စီးပွားရေးမသမာမှုတွေ၊ ငွေရေးကြေးရေး ခြစားမှုတွေဆိုတာက အတွင်းကနေ စိမ့်ပြီးဖြစ်နေတဲ့ ကိစ္စ တွေဖြစ်လို့ လူစားထိုးတဲ့နည်း၊ အရေးယူတဲ့နည်းတွေနဲ့လည်း ဖြေရှင်းလို့ရနိုင်ဖို့မရှိဘူး။ အခု မိုးမြင့်ထွန်းနေရာမှာ ဗိုလ်ချုပ် ကြီး မြထွန်းဦးကို အစားထိုးလိုက်ပေမယ့် မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး ချွတ်ခြုံကျမှုက ပိုပိုပြီးဆိုးဝါးလာဖို့ပဲ ရှိပါတယ်” ဟု သုံးသပ်ပြောဆိုသည်။

စက်တင်ဘာ ၂၅ ရက် ညပိုင်းက စစ်ကောင်စီထုတ်ပြန်သော ရာထူးအပြောင်းအရွှေ့များထဲ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးဘရန်ရှောင်အား ဖယ်ရှားကာ ၎င်း၏နေရာ၌ ဦးခင်ဇော်ဆိုသူအား အစားထိုးခန့်အပ်လိုက်ကြောင်း လည်း ဖော်ပြထားသည်။

စစ်ကောင်စီသည် ၆ လတကြိမ် အရေးပေါ်ကာလသက်တမ်းတိုးတိုင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (န.စ.က) အဖွဲ့ ဝင်များအား အချိန်းအပြောင်း ပြုလုပ်လေ့ရှိသော်လည်း ယခုတကြိမ် အပြောင်းအလဲမှာ န.စ.က အဖွဲ့ဝင်တချို့၏ အဂတိ လိုက်စားမှု၊ ကိုယ်ကျိုးစီးပွားရှာမှုတို့ကြောင့် စတုတ္ထအကြိမ် သက်တမ်းတိုးပြီး ၁ လကျော်အကြာတွင် ယခုကဲ့သို့ ပြင်ဆင် ဖွဲ့စည်းမှုများ ထပ်မံပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

You may also like these stories:

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးအား ခန့်အပ်

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

Your Thoughts …
Tags: စစ်ကောင်စီန.စ.ကအဂတိလိုက်စားမှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
တရုတ်သတ္တုမိုင်းများ စစ်ကောင်စီ အကြမ်းဖက်စစ်ဆင်ရေးကို အားပေးနေ

တရုတ်သတ္တုမိုင်းများ စစ်ကောင်စီ အကြမ်းဖက်စစ်ဆင်ရေးကို အားပေးနေ

ပုသိမ်ထောင်ဆူမှု၌ ပါဝင်သူ ၆၃ ဦးကို ပြစ်ဒဏ်များထပ်တိုးချ

ပုသိမ်ထောင်ဆူမှု၌ ပါဝင်သူ ၆၃ ဦးကို ပြစ်ဒဏ်များထပ်တိုးချ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.7k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved