• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

တရုတ်သတ္တုမိုင်းများ စစ်ကောင်စီ အကြမ်းဖက်စစ်ဆင်ရေးကို အားပေးနေ

by ယုဇန
27 September 2023
in ဆောင်းပါး
A A
တရုတ်သတ္တုမိုင်းများ စစ်ကောင်စီ အကြမ်းဖက်စစ်ဆင်ရေးကို အားပေးနေ

၂၀၁၆ ခုနှစ်၊ မေလက လက်ပံတောင်းတောင် ကြေးနီးသတ္တုတွင်းအနီး ပိတ်ဆို့ထားသည့် လုံခြုံရေးဂိတ်တွင် ဆားလင်းကြီး ဒေသခံတဦး ဖြတ်သန်းသွားစဉ် / ဧရာဝတီ

1.8k
VIEWS
Share on FacebookShare on Twitter

သူနှင့် သူ့မိသားစု နေအိမ်မှ ထွက်ပြေးရသည်မှာ အကြိမ်ရေမည်မျှ ရှိပြီကို ဦးမြင့်လွင် မမှတ်မိတော့ပေ။ ကျန်တရွာလုံးကဲ့သို့ပင် ၎င်းတို့သည် တရုတ်က တူးဖော်နေသည့် တမိုင်မျှသာဝေးသော လက်ပံတောင်း ကြေးနီသတ္တုတွင်းမှ စစ်ကောင်စီတပ်များ ချဉ်းကပ်လာသည်ကို အမြဲတမ်း သတိထားနေရသည်။

အသက် ၄၇ နှစ်ရှိပြီဖြစ်သော ဦးမြင့်လွင်သည် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ နှင်းတောကျေးရွာ ဒေသခံဖြစ်သည်။ သူသည် အထက်ပါ သတ္တုတွင်း ပတ်ဝန်းကျင်တွင် နေထိုင်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ထိုသတ္တုတွင်းတွင် ကျူးကျော်စခန်းချနေသည့် စစ်ကောင်စီ စစ်သားများက အကြမ်းဖက်ခံနေရသည့် ထောင်ပေါင်းများစွာသော အရပ်သားများအနက် တဦးသာဖြစ်သည်။

“နေအိမ်စွန့်ခွာထွက်ပြေးရတာ ဘယ်နှစ်ကြိမ်ရှိလဲဆိုတာ မမှတ်မိတော့ဘူး” ဟု ဦးမြင့်လွင်က ဧရာဝတီသတင်း ဌာနသို့ ပြောသည်။

“နေအိမ်စွန့်ခွာထွက်ပြေးရတာ ဘယ်နှစ်ကြိမ်ရှိလဲဆိုတာ မမှတ်မိတော့ဘူး” ဟု ဦးမြင့်လွင်က ဧရာဝတီသတင်း ဌာနသို့ ပြောသည်။

ဒေသခံများ နေရပ်စွန့်ခွာရပြီး လယ်မြေများကို အဆိပ်သင့်စေသောကြောင့် ဆန့်ကျင်ကန့်ကွက်မှုများ ဖြစ်ပေါ်ပြီး အာဏာပိုင်များက အကြမ်းဖက်ဖြိုခွဲမှုများဖြစ်စေသည့် ဆယ်စုနှစ်တခုကျော် ကြာပြီဖြစ်သော ထိုသတ္တုတွင်းတွင် စစ်ကောင်စီ၏ ယခုအကြမ်းဖက် စစ်ဆင်ရေးသည် နောက်ဆုံး ခြိမ်းခြောက်မှုဖြစ်သည်။

ယခုအခါ ပတ်ဝန်းကျင်ကျေးရွာများသည် အရပ်သားများကို သတ်ဖြတ်၊ ပိုင်ဆိုင်မှုများကို လုယက်၊ နေအိမ် မီးရှို့သော စစ်ကောင်စီတပ်များ၏ လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်းနှင့် စီးနင်းတိုက်ခိုက်ခြင်းကို ပုံမှန်ခံနေရသည်။ ထိုသတ္တုတွင်း အနီးသို့ သွားရောက်သော ရွာသားများ ပစ်ခတ်ခံရပြီး စစ်သားများက ၎င်းတို့ကို သေနတ်ထောက်ပြီး ငွေညှစ်သည်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောရွာတွင် စစ်ကောင်စီတပ်က သတ်ဖြတ်မီးရှို့ခဲ့သည့် ရွာခံ ၁၀ ဦးကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလက တွေ့ရစဉ် / CJ

အာဏာသိမ်းပြီးနောက်တွင် ထိုသတ္တုတွင်း အနီးတွင်နေထိုင်သော အရပ်သား အနည်းဆုံး ၃၁ ဦးကို စစ်သားများက သတ်ဖြတ်ခဲ့ကြောင်း ဒေသခံသပိတ်ကော်မတီများက စက်တင်ဘာလ ၂၀ ရက်နေ့တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲအရ သိရသည်။ အခြားကျေးရွာသား လေးဦးသည် စီးနင်းတိုက်ခိုက်မှုများမှ ထွက်ပြေးစဉ် သေဆုံးသည်။

“ကိုယ့်အိမ်မှာတောင် ကိုယ်နေလို့မရဘူး။ ဘဝပျက်လုနီးပါး ဖြစ်နေပြီ” ဟု ထိုသတ္တုတွင်း စီမံကိန်းအနီး ကျေးရွာတခုမှ ဆလင်းကြီး ဒေသခံတဦးက ပြောသည်။

ဆားလင်းကြီးမှ သတ္တုတူးဖော်ရေး လုပ်ငန်းများ၏ ပတ်ဝန်းကျင်ကျေးရွာ ၂၂ ရွာမှ အရပ်သားများသည် စစ်တပ်က မကြာခဏ ဝင်ရောက်စီးနင်းတိုက်ခိုက်သောကြောင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်တွင် ထွက်ပြေးနေရသည်။

“ကျည်ဆံကြောင့် အသက်မသေအောင် ကျမတို့ ထွက်ပြေးနေရတယ်” ဟု ၂၀၂၂ ခုနှစ်တွင် မီးရှို့တိုက်ခိုက်မှုကြောင့် နေအိမ်ဆုံးရှုံးခဲ့သည့် ဒေသခံတဦးက ပြောသည်။

တရုတ်သတ္တုတူးဖော်ရေး လုပ်ငန်းများ

ဆားလင်းကြီးတွင် တရုတ်နိုင်ငံက လုပ်ကိုင်နေသည့် ကြေးနီသတ္တုတွင်း သုံးခုရှိသည်။ လက်ပံတောင်း၊ စံပယ်တောင်နှင့် ကြေးစင်တောင်တို့ ဖြစ်သည်။ ထိုသတ္တုတွင်းများကို ဝမ်ပေါင် သတ္တုတူးဖော်ရေး လီမိတက်နှင့် ၎င်း၏ လုပ်ငန်းခွဲ နှစ်ခုဖြစ်သော မြန်မာဝမ်ပေါင်ကြေးနီတူးဖော်ရေးလီမိတက်နှင့် မြန်မာယန်စီကြေးနီ လီမိတက်တို့က စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ပူးပေါင်းလုပ်ကိုင်နေသည်။

ဝမ်ပေါင်သည် တရုတ်နိုင်ငံပိုင် ကာကွယ်ရေးပစ္စည်းလုပ်ငန်း China North Industries Corporation (Norinco) ၏ လုပ်ငန်းခွဲဖြစ်သည်။

၂၀၂၃ ခုနှစ်အတွင်း ဆားလင်းကြီး ကျေးရွာတရွာကို စစ်ကောင်စီက စီးနင်းတိုက်ခိုက် ဖျက်ဆီးထားစဉ် / Aung Khant Zaw

Norinco သည် မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်း ရောင်းချနေသည့် အကြီးမားဆုံးလုပ်ငန်း ဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့ Justice for Myanmar နှင့် အများပြည်သူသိနိုင်သည့် သတင်းများအရ သိရသည်။ ဝမ်ပေါင် သတ္တုတူးဖော်ရေးနှင့် ၎င်း၏ လုပ်ငန်းခွဲများသည် မြန်မာစစ်ကောင်စီကို ထောက်ခံသောကြောင့် ၎င်းတို့ကို အမေရိကန် ပြည်ထောင်စုက ၂၀၂၁ ခုနှစ်တွင် အရေးယူပိတ်ဆို့ထားသည်။

ကြေးနီသတ္တုမိုင်း သုံးခုသည် ဆားလင်းကြီးနှင့် အနီးရှိ ယင်းမာပင်မြို့နယ်များမှ ကျေးရွာပေါင်း ၃၀ ကျော်မှ လူ ၂၅,၀၀၀ ကို ထိခိုက်စေသည်။ ဝမ်ပေါင်သည် အငြင်းပွားဖွယ် ထိုလက်ပံတောင်း ကြေးနီသတ္တုတွင်းကို လုပ်ကိုင်နေသည်မှာ ၂၀၁၀ ပြည့်နှစ်ကတည်းကပင် ဖြစ်သည်။

ထိုကြေးနီသတ္တုမိုင်း သုံးခုသည် ဆားလင်းကြီးနှင့် အနီးရှိ ယင်းမာပင်မြို့နယ်များမှ ကျေးရွာပေါင်း ၃၀ ကျော်မှ လူ ၂၅,၀၀၀ ကို ထိခိုက်စေသည်။ ဝမ်ပေါင်သည် အငြင်းပွားဖွယ် ထိုလက်ပံတောင်း ကြေးနီသတ္တုတွင်းကို လုပ်ကိုင်နေသည်မှာ ၂၀၁၀ ပြည့်နှစ်ကတည်းကပင် ဖြစ်သည်။

သိမ်းဆည်းခံရသော မြေများနှင့် ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများအတွက် ကျေးရွာသားများက လျော်ကြေး တောင်းခံသောအခါ ထိုသတ္တုတွင်းကို ကြီးမားသော ဆန့်ကျင်ကန့်ကွက်မှုများ ၂၀၁၂ ခုနှစ်တွင် ဖြစ်လာသည်။ ၂၀၁၂ ခုနှစ်တွင် ဦးသိန်းစိန် အရပ်သားအစိုးရအတုသည် ထိုစီမံကိန်းကို စုံစမ်းစစ်ဆေးရန် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကော်မရှင်တခု ဖွဲ့စည်းခဲ့သည်။

သို့သော် ထိုသတ္တုတူးဖော်ရေးလုပ်ငန်းများနှင့် ဒေသခံများအကြား ပြဿနာသည် ပြေလည်ခြင်း မရှိပေ။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင် ထိုတရုတ်ကုမ္ပဏီများက အငြင်းပွားနေသည်မှာ ကာလကြာမြင့်သော မြေနှင့်လျော်ကြေး အငြင်းပွားမှုများကြောင့် အထက်ပါ သတ္တုမိုင်းများတွင် လုပ်ငန်းများ ရပ်ဆိုင်းထားကြောင်း ပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.9k
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
165
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
519

သို့သော် ဒေသတွင်းမှ အရပ်သားအသက်များနှင့် ပိုင်ဆိုင်မှုများကို ဖျက်ဆီးရန် အကြမ်းဖက် စစ်ဆင်ရေး လုပ်နေသည့် စစ်ကောင်စီတပ်များ၏ အကူအညီဖြင့် ထိုသတ္တုတူးဖော်ရေး လုပ်ငန်းများ ဆက်လက် လည်ပတ်နေကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများ

ဝမ်ပေါင်သည် လက်ပံတောင်း သတ္တုတွင်းကို စစ်ကောင်စီအခြေစိုက် စခန်းအဖြစ် အသုံးပြုခွင့်ပေးကာ စစ်ကောင်စီ တပ်များအတွက် စားနပ်ရိက္ခာနှင့် ထောက်ပံ့ရေးများသာမက ဒေသတွင်းမှ ကျေးရွာများကို စီးနင်းရန်အတွက် မော်တော်ယာဉ်များလည်း ပေးသည်။ ဝမ်ပေါင်သည် ၎င်းတို့ခြံဝန်းအတွင်း စစ်ကောင်စီ အမြောက်များကိုလည်း ဖြန့်ကြက်ခွင့်ပေးသည်။ ထိုအမြောက်များကို ပတ်ဝန်းကျင်ကျေးရွာများကို ပစ်ခတ်ရန်သုံးကြောင်း ဒေသခံများက ပြောသည်။

ထိုသတ္တုတွင်းများ ရပ်ဆိုင်းထားရန်နှင့် သတ္တုတွင်းလုပ်သားများ အနေဖြင့် စက်ပစ္စည်းကိရိယာများကို ထားခဲ့ပြီး လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) သို့ ပူးပေါင်းရန် လွန်ခဲ့သောနှစ် ဧပြီလတွင် ဆားလင်းကြီးနှင့် ယင်းမာပင်မှ ခုခံတော်လှန်ရေး အင်အားစုများက သတိပေးခဲ့သည်။

စစ်ကောင်စီစစ်သား ၂၀၀ ခန့် ထိုသတ္တုတူးဖော်ရေးလုပ်ငန်း ခြံဝန်းအတွင်း အခြေစိုက်ထားကြောင်း ဒေသခံ ခုခံတော်လှန်ရေး ခေါင်းဆောင်တဦးက ခန့်မှန်းသည်။ စစ်ကောင်စီ စစ်သား ၁၀၀ ခန့်ပါသော တပ်ဖွဲ့တခုသည် ပုသိမ်-မုံရွာ လမ်းတလျှောက်မှ ကျေးရွာများကို မကြာသေးမီက ဝင်ရောက်စီးနင်းပြီး အတူပါလာသည့် စစ်တပ်ယာဉ်တန်းတခုက ထိုသတ္တုတွင်းမှ ကြေးနီများကို သယ်ဆောင်သွားကြသည်။

“စစ်ကောင်စီက အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က တပ်တွေနဲ့ အမှတ် ၂၈ ရဲတပ်ရင်းကို ရေကြောင်း၊ ကုန်းကြောင်းကနေပို့ပြီး ဝမ်ပေါင်ကို အင်အားဖြည့်တယ်” ဟု ခုခံတော်လှန်ရေးတပ်ဖွဲ့ အကြီးအကဲတဦးက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

“စစ်ကောင်စီက အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က တပ်တွေနဲ့ အမှတ် ၂၈ ရဲတပ်ရင်းကို ရေကြောင်း၊ ကုန်းကြောင်းကနေပို့ပြီး ဝမ်ပေါင်ကို အင်အားဖြည့်တယ်” ဟု ခုခံတော်လှန်ရေးတပ်ဖွဲ့ အကြီးအကဲတဦးက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

ဝမ်ပေါင်သည် ကြေးနီများကို သယ်ဆောင်ရန် ရေကြောင်းကိုလည်း အသုံးပြုပြီး ဦးမြင့်လွင်ကဲ့သို့ မြစ်ကြောင်းတလျှောက်တွင် နေထိုင်သူများသည် ထိုသို့သော ယာဉ်တန်းများကို စောင့်ကြပ်သည့် စစ်တပ်များ၏ ညှဉ်းပန်းနှိပ်စက်၊ ဖမ်းဆီး၊ သတ်ဖြတ်မည်ကို အမြဲတမ်း စိုးရိမ်နေရသည်။

ပြီးခဲ့သည့် ဇွန်လက စစ်ကောင်စီတပ် စီးနင်းတိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသော ဆားလင်းကြီး ဒေသခံများ / Aung Khant Zaw

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ထိုသတ္တုတူးဖော်ရေးမှ စစ်သားများသည် အသက် ၁၄ နှစ်မှ ၁၇ နှစ်ကြား လူငယ်များအပါအဝင် ကျေးရွာသား ၁၀ ဦးကို အရှင်လတ်လတ် မီးရှို့သတ်ပြီး ထိုသတ်ဖြတ်မှုသည် ဒုန်းတောကျေးရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအဖြစ် နာမည်ဆိုးထွက်သည်။

“စစ်တပ်က အရပ်သားတွေကို သတ်တယ်၊ အိမ်တွေကို မီးရှို့ပြီးတော့ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တယ်” ဟု အထက်ပါ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် ခင်ပွန်းသည်နှင့် တူတော်စပ်သူ သေဆုံးခဲ့သည့် ဒုန်းတော ကျေးရွာသူတဦးက ပြောသည်။ “ဝမ်ပေါင်နဲ့ သူ့လုပ်ငန်းခွဲ မြန်မာယန်စီက ရက်စက်ကြမ်းကြုတ်တဲ့ စစ်တပ်ကို ကူညီနေတယ်။ ကျမတို့တွေ ကြောက်လန့် နေထိုင်ရတယ်” ဟုလည်း ၎င်းကပြောသည်။

ယခုနှစ်အတွင်း ထိုသတ္တုတွင်းတွင် စခန်းချနေသောတပ်များသည် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှု စစ်ဆင်ရေးကို အရှိန်မြှင့်တင်သည်။

ဇွန်လ နှောင်းပိုင်းတွင် ထိုတပ်များသည် ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင် (မြောက်) ကျေးရွာမှ ဒေသခံ နှစ်ဦးကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သည်။ သြဂုတ်လတွင် ယင်းမာပင်နှင့် အနီးရှိ ပုလဲမြို့နယ်များတွင် စစ်သားများက ကျေးရွာသား ခြောက်ဦးကို ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခဲ့သည်။

“စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ တရုတ်သတ္တုတွင်းတွေမှာ စခန်းချတဲ့ စစ်ကောင်စီတပ်တွေက ဒေသခံပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဗြောင်ကျကျ ဖျက်ဆီးနေတယ်” ဟု ယင်းမာပင်-ဆားလင်းကြီ သပိတ်ပေါင်းစုံ ဦးဆောင်ကော်မတီ အကြီးအကဲ ကိုလွှမ်းသူက လွန်ခဲ့သောအပတ်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

တရုတ်သတ္တုမိုင်းများတွင် အခြေစိုက်သော စစ်ကောင်စီတပ်များသည် ဆားလင်းကြီး မြို့နယ်တခုတည်းတွင်ပင် နေအိမ်ပေါင်း ၂,၀၀၀ ကျော်မီးရှို့ခဲ့သည်။ ဒေသခံများ၏ အဆို ထိုသတ္တုမိုင်း သုံးခု ပတ်လည်ရှိ ကျေးရွာ ၁၇ ရွာမှ နေအိမ်ပေါင်း ၁,၀၀၀ ကျော်ကို စီးနင်းတိုက်ခိုက်မှုများအတွင်း မီးရှို့ဖျက်ဆီးခဲ့သည်

တရုတ်သတ္တုမိုင်းများတွင် အခြေစိုက်သော စစ်ကောင်စီတပ်များသည် ဆားလင်းကြီး မြို့နယ်တခုတည်းတွင်ပင် နေအိမ်ပေါင်း ၂,၀၀၀ ကျော်မီးရှို့ခဲ့ကြောင်း ၎င်းကပြောသည်။ ဒေသခံများ၏ အဆိုအရ စစ်ကောင်စီ တပ်များသည် ထိုသတ္တုမိုင်း သုံးခု ပတ်လည်ရှိ ကျေးရွာ ၁၇ ရွာမှ နေအိမ်ပေါင်း ၁,၀၀၀ ကျော်ကို စီးနင်းတိုက်ခိုက်မှုများအတွင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကိုလွှမ်းသူက ပြောသည်။

“သူတို့ စီးနင်းတိုက်ခိုက်မှုပြီးလို့ ရွာကို ပြန်သွားတော့ ကြေကွဲစရာဖြစ်ရတယ်” ဟုဒေသခံတဦး မျက်ရည်ကျရင်း ပြောသည်။ “အိမ်တလုံးမှ မကျန်တော့ဘူး။ ဆုံးရှုံးမှုတွေအတွက် ကျနော်တို့ အခုထိ ဝမ်းနည်းတယ်” ဟု ပြောသည်။

သူ၏ကျေးရွာကို စစ်ကောင်စီတပ်များက ယခုနှစ် ဇန်နဝါရီလတွင် မီးရှို့ခဲ့သည်။

မြေသိမ်းမှုများ တိုးချဲ့လာ

ဝမ်ပေါင်နှင့် ယန်စီ သတ္တုတွင်း ကုမ္ပဏီများကို ဆန့်ကျင် ကန့်ကွက် ဆန္ဒပြနေသည့် ဒေသခံများ / Chaw Su Hann

ထိုရက်စက်ကြမ်းကြုတ်မှု ဖြစ်စဉ်များအတွင်း ဝမ်ပေါင်ကုမ္ပဏီသည် ၎င်းတို့ သတ္တုတွင်းခြံဝန်း၏ အနောက်ဘက် ဝက်မှေး ကျေးရွာမှ လယ်ယာမြေများကို သိမ်းယူပြီး အိမ်ခြံမြေများကို ဝန်းခတ်သိမ်းယူကာ မိသားစု ၃၀ ကို ထွက်ခွာသွားစေသည်။

ယခုလအတွင်းတွင် တရုတ်သတ္တုတူးဖော်သူများသည် သတ္တုမိုင်းအတွက် သုံးနေသည့် မိုးကြိုး ဆာလ်ဖြူရစ်အက်စစ် စက်ရုံအနီးမှ ဒေသခံ ၄၆ ဦး၏ လယ်မြေများကိုလည်း သိမ်းယူသည်။ ဒေသခံများ၏ လယ်မြေ ၁၄၈ ဧကကို ခြံစည်းရိုး ခတ်ထားသည်ဟု သပိတ်ကော်မတီအကြီးအကဲ ကိုလွှမ်းသူက ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်များသည် ဒေသခံလယ်သမားများ၏ လယ်ယာများတွင် မြေမြှုပ်မိုင်းများ ထောင်ထားသည်ဟု ဒေသခံ အညာ ပစ်တိုင်းထောင် အကူအညီပေးရေး အဖွဲ့က ပြောသည်။

“ဒေသခံတွေက မိုင်းနင်းမိမှာစိုးလို့ လယ်တော မသွားရဲဘူး” ဟု အထက်ပါ အကူအညီပေးရေးအဖွဲ့မှ ကိုယ်စားလှယ် တဦးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

ထို့အပြင် သတ္တုမိုင်းဝင်းအတွင်းမှ စစ်သားများသည် ဒေသခံ လမ်းသွားလမ်းလာများကိုလည်း မကြာခဏ ပစ်ခတ်ကြောင်း ထိုအဖွဲ့က အတည်ပြုပြောသည်။

ဝမ်ပေါင် မရှိလျှင် ဘဝအဆင်ပြေမည်

ထိုသတ္တုတွင်းလုပ်ငန်းများ ရပ်ဆိုင်းပြီး စစ်ကောင်စီတပ်များ၏ အကြမ်းဖက် စစ်ဆင်ရေးများ ရပ်ဆိုင်းစေလိုကြောင်း ဆားလင်းကြီး ဒေသခံများက ပြောသည်။

“ဝမ်ပေါင်မရှိရင် ကျနော်တို့ဘဝ အဆင်ပြေတယ်။ ဒီစစ်ကောင်စီကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး” ဟု ဒေသခံတဦးက ပြောသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် ဒေသခံများ၏ ဘဝများ တိုင်းဆမရအောင် ဆိုးရွားသွားကြောင်း ဦးမြင့်လွင်က ပြောသည်။

“အာဏာမသိမ်းခင်တုန်းက ကျနော်တို့မှာ မြေယာ ပြဿနာတွေ ရှိတယ်။ အခုတော့ ကျနော်တို့ အသက်တွေကို စစ်သားတွေက ခြိမ်းခြောက်နေတယ်”

“အာဏာမသိမ်းခင်တုန်းက ကျနော်တို့မှာ မြေယာ ပြဿနာတွေ ရှိတယ်။ အခုတော့ ကျနော်တို့ အသက်တွေကို စစ်သားတွေက ခြိမ်းခြောက်နေတယ်” ဟု ဧရာဝတီသတင်းဌာနသို့ ၎င်းကပြောသည်။

ဆားလင်းကြီးမြို့၊ ဝက်မှေးရွာတွင် ဝမ်ပေါင်က သိမ်းယူထားသည့် မြေနေရာများ / Chaw Su Hann

အနိမ့်ဆုံးအနေဖြင့် ဝမ်ပေါင်သည် ၎င်းတို့ခြံဝင်းအတွင်း စစ်တပ်များ တပ်စွဲခွင့်ပေးထားခြင်းကို ရုတ်သိမ်းသင့်ကြောင်း ဦးမြင့်လွင်က ပြောသည်။

လွန်ခဲ့သောလတွင် မုံရွာ၊ ဆားလင်းကြီးနှင့် ယင်းမာပင်မြို့နယ်များမှ ဒေသခံ သပိတ်အဖွဲ့ ၁၇ ဖွဲ့က ဝမ်ပေါင်နှင့် ယန်စီအနေဖြင့် စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းရန် တောင်းဆိုသည်။

အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်နေသော စစ်ကောင်စီတပ်များ လက်ခံထားသောကြောင့် ထိုကုမ္ပဏီသည် တရားဝင် ပစ်မှတ်ဖြစ်ကြောင်း ဒေသခံ ခုခံတော်လှန်ရေး အင်အားစုများက သတိပေးထားသည်။

မြန်မာဝမ်ပေါင်၊ မြန်မာယန်စီတို့နှင့် ပူးပေါင်းပြီး စစ်ကောင်စီက ကျူးလွန်နေသာ အကြမ်းဖက်မှု စစ်ဆင်ရေးတွင် ကြားဝင်ဟန့်တားပေးရန် ဒေသခံများက နိုင်ငံတကာ အသိုက်အဝန်းကို တောင်းဆိုသည်။ စင်ပြိုင်အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် ကျူးလွန်သူများအား အရေးယူရန်လည်း ၎င်းတို့က တိုက်တွန်းကြသည်။

“ဝမ်ပေါင်ရဲ့ အထောက်အပံ့တွေနဲ့ စစ်ကောင်စီ လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်နေတာ ကျနော်တို့ သည်းမခံ နိုင်တော့ဘူး။ သတ္တုတူးဖော်တဲ့လုပ်ငန်းတွေ ထာဝရ ရပ်ဆိုင်းစေချင်တယ်” ဟု ဆားလင်းကြီး ဒေသခံတဦးက ပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Yuzana ၏ How Chinese-Run Mines Are Fueling the Myanmar Junta’s Terror Campaign ကို ဘာသာပြန်သည်။)

You may also like these stories:

နွေဦးတော်လှန်ရေးကြားက တရုတ်ကြေးနီစီမံကိန်း

ခြိမ်းခြောက်မှုများအပေါ် စိုးရိမ်ကြောင်း တရုတ်ဝမ်ပေါင်ကုမ္ပဏီဆို

သန်းခေါင်စာရင်းနှင့် စောင့်ကြည့် ထောက်လှမ်းရေး စစ်ကောင်စီက တရုတ်ကို အကူအညီတောင်း

တရုတ် BRI ဖိုရမ်သို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖွယ်မရှိ

တရုတ်ကာကွယ်ရေးဝန်ကြီး ပျောက်ကွယ်နေသည့် ပဟေဠိ

Your Thoughts …
Tags: CDMNORINCONUGSliderစစ်ကိုင်းတိုင်းစစ်ကောင်စီစီးပွားရေး ဦးပိုင်လီမိတက်ဆားလင်းကြီးတရုတ်မီးရှို့တိုက်ခိုက်မှုမြေမြှုပ်မိုင်းလက်ပံတောင်းလယ်ယာမြေသိမ်းယူမှုဝမ်ပေါင်သတ္တုတူးဖော်ရေးအကြမ်းဖက်မှုအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအရေးယူပိတ်ဆို့မှု
ယုဇန

ယုဇန

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ပုသိမ်ထောင်ဆူမှု၌ ပါဝင်သူ ၆၃ ဦးကို ပြစ်ဒဏ်များထပ်တိုးချ

ပုသိမ်ထောင်ဆူမှု၌ ပါဝင်သူ ၆၃ ဦးကို ပြစ်ဒဏ်များထပ်တိုးချ

အိန္ဒိယက မြန်မာနယ်စပ်မှာ ခြံစည်းရိုးတိုးချဲ့ရန် စီစဉ်

အိန္ဒိယက မြန်မာနယ်စပ်မှာ ခြံစည်းရိုးတိုးချဲ့ရန် စီစဉ်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
2.9k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.5k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved