စာမျက်နှာ ၁၅၀ အောက်ဖြင့် သေးငယ်သည့် စာအုပ်ဖြစ်သော်လည်း ‘အကောင်းဆုံး ချမှတ်ထားသော စီမံကိန်းများ’ (Best Laid Plans) သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရခေတ် စီးပွားရေး ပြုပြင်ပြောင်းမှုများအတွက် ဒေါ်အောင်ဆန်းစုကြည်၏ အထူးစီးပွားရေးအကြံပေးအဖြစ် လုပ်ကိုင်ခဲ့သည့် ပါမောက္ခ ဒေါက်တာ ရှောင်တာနဲလ်၏ အတွင်းလူအမြင်ကို တင်ပြထားသည်။
ရှောင်တာနဲလ်က သူသည် NLD အစိုးရဝန်ထမ်း မဟုတ်ဘဲ မြန်မာအစိုးရသို့ အကြံပေးရန် သြစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနက ငှားရမ်းထားခြင်းခံရသူသာဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည်။
ကွယ်လွန်သူ ပညာရှင် ဦးနိုင်ကိုကိုက မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုကာလကို ကျယ်ပြန့်သော စီမံကိန်း နှစ်ခုဖြင့် တရားဥပဒေစိုးမိုးရေးနှင့် အင်စတီကျူးရှင်းစီးပွားရေးကို အခြေခံသည့် “စုကြည်နောမစ်” ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု ဖော်ပြခဲ့သည်။ ထိုစီမံကိန်း နှစ်ခုမှာ မြန်မာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (MSDP) နှင့် မြန်မာရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း (MIPP) တို့ ဖြစ်သည်။
သူ၏စာအုပ်တွင် ရှောင်တာနဲလ်သည် မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှု၏ အဓိကအခြေခံ လေးခုကို ဖော်ပြထားသည်။ ၎င်းတို့မှာ (၁) ဘဏ်လုပ်ငန်းကဏ္ဍ ပြုပြင်ပြောင်းလဲရေး၊ (၂) အသေးစားဘဏ္ဍာရေးလုပ်ငန်း၊ မိုဘိုင်းငွေကြေးနှင့် ဈေးကွက်များ၊ (၃) တရုတ်အကြွေးထောင်ချောက်မှ လွတ်မြောက်ရေးနှင့် (၄) ကိုဗစ်နိုင်တင်းကာလအတွင်း စီးပွားရေးခံနိုင်ရည် ဖန်တီးရန် အားထုတ်မှုတို့ ဖြစ်သည်။ ထို့ပြင် သူသည် အခိုင်မာဆုံး ပြုပြင်ပြောင်းလဲရေးသမား သုံးဦးဖြစ်သည့် ဦးဝင်စတန်ဆက်အောင်၊ ဦးဘိုဘိုငယ်နှင့် ဦးမင်းရဲပိုင်ဟိန်းတို့၏ အခန်းကဏ္ဍကို မီးမောင်းထိုးပြသည်။
ပြုပြင်ပြောင်းလဲရေးသမားများ၊ ဘဏ္ဍာရေး အင်စတီကျူးရှင်းများနှင့် ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်များ
ရှောင်တာနဲလ်သည် MSDP ၏ အဓိကရည်မှန်းချက် ပန်းတိုင် လေးခုကို ရှင်းပြသည်။ ပထမ ရည်မှန်းချက်ပန်းတိုင်မှာ “အလုပ်ဖြစ်သော ဖက်ဒရယ်စနစ်” ထူထောင်ရေးကို အထူးအာရုံစိုက်ကာ နိုင်ငံ၏ ပြည်နယ်များနှင့်တိုင်းများကို ညီညွတ်စေရန် တန်းတူညီမျှရေး ငွေပေးချေမှုများနှင့် ဘဏ္ဍာရေး လွှဲပြောင်းမှုကို မည်သို့ပြုလုပ်မည်ဖြစ်ကြောင်း ကောက်ကြောင်းဖော်ပြထားသည်။
ရှောင်တာနဲလ်သည် MSDP ၏ အဓိကရည်မှန်းချက် ပန်းတိုင် လေးခုကို ရှင်းပြသည်။ ပထမ ရည်မှန်းချက်ပန်းတိုင်မှာ “အလုပ်ဖြစ်သော ဖက်ဒရယ်စနစ်” ထူထောင်ရေးကို အထူးအာရုံစိုက်ကာ နိုင်ငံ၏ ပြည်နယ်များနှင့်တိုင်းများကို ညီညွတ်စေရန် တန်းတူညီမျှရေး ငွေပေးချေမှုများနှင့် ဘဏ္ဍာရေး လွှဲပြောင်းမှုကို မည်သို့ပြုလုပ်မည်ဖြစ်ကြောင်း ကောက်ကြောင်းဖော်ပြထားသည်။
အခြားရည်မှန်းချက် ပန်းတိုင် သုံးခုမှာ မြန်မာ၏ နာတာရှည် မတည်ငြိမ်သော မက်ခရိုစီးပွားရေးကို တည်ငြိမ်စေရေး၊ ပုဂ္ဂလိက ကဏ္ဍက ဦးဆောင်သည့် ကုန်ထုတ်လုပ်ငန်းဆိုင်ရာ စီးပွားရေးတိုးတက်မှုနှင့် မြန်မာ၏ ကျန်းမာရေးနှင့်ပညာရေးစနစ်များ တိုးတက်မှုမှတဆင့် လူသားအရင်းအနှီး တည်ဆောက်ရေးတို့ ဖြစ်သည်။
ပြုပြင်ပြောင်းလဲသမားများ၏ ပထမဆုံးလုပ်ရပ်များမှာ ဖွံဖြိုးတိုးတက်ရေး အကူအညီ ညှိနှိုင်းမှုဌာန ထူထောင်ရေး ဖြစ်သည်ဟု ရှောင်တာနဲလ်က သုံးသပ်သည်။ မြန်မာတွင် လုပ်ကိုင်နေသည့် အရေးပါသော နိုင်ငံစုံ ဘဏ္ဍာရေးအင်စတီကျူးရှင်း နှစ်ခုဖြစ်သည့် ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် ၎င်းတို့၏ မူဝါဒဆိုင်ရာအကြံဉာဏ်၊ မြန်မာ၏ အသုံးအဝင်ဆုံး နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး မိတ်ဘက် သုံးနိုင်ငံဖြစ်သည့် အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်နှင့် သြစတြေးလျတို့ကို ၎င်းက မီးမောင်းထိုးပြသည်။
ရှောင်တာနဲလ် သုံးသပ်သည့်အတိုင်း အမေရိကန် ပြည်ထောင်စုသည် မက်ခရိုစီးပွားရေးနှင့် ငွေကြေး အကြံဉာဏ်များ ပေးသည်။ အင်္ဂလန်ဘဏ်သည် အကြံဉာဏ်နှင့် ကမ္ဘာ့ငွေရင်းဈေးကွက်များသို့ အဆက်အသွယ်အတွက် ရက်ရောသော ရင်းမြစ်တခုဖြစ်ပြီး သြစတြေးလျ၏ မြန်မာအတွက် အကူအညီသည် ပညာရေးကို အာရုံစိုက်သည်။ သြစတြေးလျသည် ပြည်သူပိုင်ကဏ္ဍ ပြုပြင်ပြောင်းလဲရေးမှသည် အခြေခံအဆောက်အအုံ ငွေကြေးထောက်ပံ့ရေးအထိ စီးပွားရေးနယ်ပယ် မျိုးစုံတွင် ကျွမ်းကျင်မှုပေးသည့် တည်ငြိမ်သောရင်းမြစ်လည်း ဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရအတွက် အကြံပေးအဖြစ် မိမိ၏ရာထူးသည်ပင် သြစတြေးလျ၏ အကူအညီမှ လာသည်” ဟု ဒေါက်တာ ရှောင်တာနဲလ်က ရေးသည်။
အနောက်တိုင်းမှ ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်များအပြင် စင်ကာပူမှလွဲပြီး အရှေ့တောင်အာရှနိုင်ငံများအသင်းဝင် အာဆီယံနိုင်ငံများသည် မြန်မာ့ပြုပြင်ပြောင်းလဲရေးအတွက် အကူအညီမပေးဟု ရှောင်တာနဲလ်က မှတ်ချက်ချသည်။ ဂျပန်သည် အခြား မည်သည့် နှစ်နိုင်ငံမိတ်ဘက် မဆိုထက် ပိုမိုများပြားသော ငွေမာများ ပေးခဲ့သည်။ တောင်ကိုရီးယားသည်လည်း ကိုရီးယားဖွံ့ဖြိုးတိုးတက်ရေး အင်စတီကျု (KDI) ပုံစံ မြန်မာဖွံ့ဖြိုးတိုးတက်ရေး အင်စတီကျု (MDI) ကို ဖန်တီးခြင့်ဖြင့် ပြုပြင်ပြောင်းလဲရေးတွင် အဓိကကျသည့်အခန်းမှ ပါဝင်သောနိုင်ငံ ဖြစ်သည်။
ရုရှားနှင့် တရုတ်၏ အခန်းကဏ္ဍများ
NLD အစိုးရ အစောပိုင်းနေ့များတွင် ရုရှား၏ မည်သည့် ပါဝင်ပတ်သက်မှုကိုမှ ရှောင်တာနဲလ် မတွေ့သော်လည်း နောက်ပိုင်းတွင် မြန်မာစစ်တပ်သို့ တိုက်လေယာဉ်ကဲ့သို့သော အဆင့်မြင့် လက်နက်များ ရောင်းသည့် ရုရှား၏ မြန်မာစစ်တပ်နှင့်ဆက်ဆံရေးကို ရှောင်တာနဲလ် သတိထားမိလာသည်။ ရုရှားသည် ဆိုက်ဘာစစ်ရေးတွင်လည်း မြန်မာစစ်တပ်ကို လေ့ကျင်ပေးခြင်းနှင့် အခြား အထောက်အပံ့များပေးသည်။
NLD အစိုးရ အစောပိုင်းနေ့များတွင် ရုရှား၏ မည်သည့် ပါဝင်ပတ်သက်မှုကိုမှ ရှောင်တာနဲလ် မတွေ့သော်လည်း နောက်ပိုင်းတွင် မြန်မာစစ်တပ်သို့ တိုက်လေယာဉ်ကဲ့သို့သော အဆင့်မြင့် လက်နက်များ ရောင်းသည့် ရုရှား၏ မြန်မာစစ်တပ်နှင့်ဆက်ဆံရေးကို ရှောင်တာနဲလ် သတိထားမိလာသည်။ ရုရှားသည် ဆိုက်ဘာစစ်ရေးတွင်လည်း မြန်မာစစ်တပ်ကို လေ့ကျင်ပေးခြင်းနှင့် အခြား အထောက်အပံ့များပေးသည်။
“မိမိတို့၏ စီးပွားရေးပြုပြင်ပြောင်းလဲရေး အားထုတ်မှုများအရ ဆိုရပါက ရုရှားသည် တလျှောက်လုံးတွင် အန္တရာယ်ရှိသော သြဇာသက်ရောက်မှု ဖြစ်သည်” ဟု ရှောင်တာနဲလ်က မြင်သည်။
ရှောင်တာနဲလ်၏အမြင်တွင် တရုတ်သည် NLD ခေတ်အတွင်း အလှူရှင်နိုင်ငံများ အားလုံးတွင် အလျှို့ဝှက်ဆုံးနှင့် ဒုက္ခအပေးဆုံး ဖြစ်သည်။ “တရုတ်၏ အကူအညီအများစုသည် ၎င်းကို အဓိကကျသည့် သယံဇာတများ၊ ကုန်သွယ်ရေးလမ်းကြောင်းများ၊ သေနင်္ဂဗျူဟာကျသော ဆိပ်ကမ်းများနှင့် ပထဝီနိုင်ငံရေးအရ အရေးပါသည့် ပိုင်ဆိုင်မှုများရရှိရေးနှင့် အနည်းဆုံး တစိတ်တပိုင်းပတ်သက်သည့် ကိုယ်ကျိုးစီးပွားအတွက် ကြီးမားသော စီမံကိန်းများပုံစံ ဖြစ်သည်” ဟု ၎င်းက ရေးသားထားသည်။
ရှောင်တာနဲလ်သည် ၂၀၁၈ ခုနှစ်တွင် တရုတ်၏ ရပ်ဝန်းနှင့်ပိုးလမ်းမ အစီအစဉ် (BRI) စီမံကိန်းများနှင့် ပတ်သက်သည့် မှတ်တမ်းတခုကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အတွက် ရေးသားပေးခဲ့သည်။
BRI ငွေကြေးစိုက်ထုတ်ခြင်းသည် ထောက်ပံ့သည့် အကူအညီပုံစံ မဟုတ်ဘဲ ချေးငွေပုံစံ အမြဲတမ်း ဖြစ်နေသည်။ ထိုချေးငွေများကို စီးပွားရေးအတိုးနှုန်းဖြင့် အမြဲလိုလိုဖြစ်နေသည်။ ထိုချေးငွေများ၏ မည်သည့် အစိတ်အပိုင်းကိုမဆို ဒေါ်လာဖြင့် ထုတ်ပေးခဲ့သည်ဖြစ်စေ၊ မထုတ်ပေးခဲ့သည်ဖြစ်စေ ငွေမာများအဖြစ် ထုံးစံအတိုင်း အမေရိကန်ဒေါ်လာနှင့် ပြန်လည်ပေးဆပ်ရမည်။ အမှန်တကယ် ဆက်သွယ်ဆောင်ရွက်သူ မည်သူဖြစ်စေ အစိုးရ၏ အာမခံတမျိုးမျိုး လိုအပ်သည်။ ဒေသအလုပ်အကိုင် အနည်းငယ်သာ ဖန်တီးပြီး တရုတ်နိုင်ငံပိုင် လုပ်ငန်းများအတွက် အလွန်အကျိုးအမြတ်များသည့် ငွေရင်း အကြီးအကျယ် လိုအပ်သော စီမံကိန်းများတွင် သုံးရမည်။ စသည့်အချက်များကို ရှောင်တာနဲလ်က ရေးသားဖော်ပြခဲ့သည်။
နယ်ပယ်လုပွဲ
သူ၏ ရာထူးသက်တမ်းအတွင်း ရှောင်တာနဲလ်သည် NLD အစိုးရနှင့် စစ်တပ်အကြား နိုင်ငံရေးတင်းမာမှုကို အသေအချာ သိသည်။ အစိုးရသည် ငွေကြေးခဝါချမှုကို အမြစ်ဖြတ်ရန် ပြတ်ပြတ်သားသား လုပ်သည်။ စစ်တပ်က ထိုသို့ လုပ်ဆောင်ခြင်း မရှိပေ။ စစ်တပ်သည် ပြည်ထဲရေးဝန်ကြီးဌာန (MOHA) ကို ထိန်းချုပ်ထားကြောင်း၊ MOHA တွင် မြန်မာနိုင်ငံဗဟိုဘဏ်နှင့် ပူးတွဲပြီး ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ရန် ရည်ရွယ်သည့် ကြီးကြပ်သောအဖွဲ့အစည်းဖြစ်သော ငွေကြေးဆိုင်ရာ ထောက်လှမ်းရေးတပ်ဖွဲ့ (FIU) ရှိကြောင်း သူသိရသည်။ MOHA သည် ဗဟိုဘဏ်မှ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့နှင့် တွေ့ဆုံရန် FIU ကို ခွင့်မပြုခဲ့ပေ။
၂၀၁၉ ခုနှစ်တွင် ရှောင်တာနဲလ်နှင့် ပြုပြင်ပြောင်းလဲရေးသမားများသည် FIU ကို MOHA မှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ချဉ်းကပ်ပြောဆိုသည်။ “သူက သဘောတူတယ်။ ဒါပေမယ့် စစ်တပ်ရဲ့မဟာမိတ် ဒုသမ္မတ ဦးမြင့်ဆွေက အဲဒီကိစ္စကို စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ပြောတဲ့အခါ စစ်တပ်ခေါင်းဆောင်က အဲဒီအဆိုပြုချက်ကို ပိတ်ပင်လိုက်တယ်” ဟု ရေးသားထားသည်။
အပြုသဘောဆောင်သော အောင်မြင်မှုများ
ပြုပြင်ပြောင်းလဲရေးကာလအတွင်း ဖြစ်ပျက်ခဲ့သည့် အနှောင့်အယှက် အမျိုးမျိုးရှိသော်လည်း ရှောင်တာနဲလ်သည် ပြုပြင်ပြောင်းလဲရေး အားထုတ်မှုများမှ NLD အစိုးရ အောင်မြင်ခဲ့သည့် အပြုသဘော ရလဒ်အနည်းငယ်ကိုလည်း ဖော်ပြခဲ့သည်။
ပြုပြင်ပြောင်းလဲရေးကာလအတွင်း ဖြစ်ပျက်ခဲ့သည့် အနှောင့်အယှက် အမျိုးမျိုးရှိသော်လည်း ရှောင်တာနဲလ်သည် ပြုပြင်ပြောင်းလဲရေး အားထုတ်မှုများမှ NLD အစိုးရ အောင်မြင်ခဲ့သည့် အပြုသဘော ရလဒ်အနည်းငယ်ကိုလည်း ဖော်ပြခဲ့သည်။
နိုင်ငံ၏ အခွန်နှင့်အသုံးစရိတ်စနစ်များနှင့် ငွေကြေးပုံနှိပ်ခြင်းတို့ကို ခိုင်မာပြီး ရေရှည်တည်တံ့သော လမ်းကြောင်းတွင် အကြီးအကျယ် ပြန်လည်ထားရှိနိုင်ခဲ့သည်။ NLD အစိုးရသက်တမ်းအတွင်း စီးပွားရေးတိုးတက်မှုနှုန်းသည် မည်သည့် အခါမှ ၅ ရာခိုင်နှုန်းအောက် မကျခဲ့ပေ။ ငွေကြေးဖောင်းပွမှု တည်ငြိမ်သည်။ ကုန်သွယ်ရေးနှင့် နိုင်ငံတကာ ငွေပေးငွေယူမှု လိုငွေများကို ထက်ဝက်စီ လျှော့ချသည်။
လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အနည်းငယ် ပိုမိုကောင်းမွန်လာသည် (ထိုအကြောင်း နောက်ပိုင်းတွင် ပိုမိုရှင်းပြထားပါသည်)။ ခရီးသွားလုပ်ငန်း ကိန်းဂဏန်းများ မြင့်မားသည်။ စီးပွားရေးတွင် အခြေခံအပြောင်းအလဲများနှင့် စီးပွားရေးဘဝကို ပိုမိုကျယ်ပြန့်စွာ စည်းကမ်းတကျ ဖြစ်စေခြင်းတို့ကို နေရာတိုင်းတွင် တွေ့လာရသည်။
တရုတ် အကြွေးထောင်ချောက်မှ လွတ်မြောက်ခြင်း
တရုတ် BRI ၏ အစိတ်အပိုင်းဖြစ်သော ရခိုင်ပြည်နယ်မှ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံသည် မြန်မာ၏ လိုအပ်ချက်ထက် အလွန်များကြောင်း၊ ထိုချေးငွေပမာဏသည် မြန်မာက ကိုင်တွယ်နိုင်သည်ထက် အလွန်များနေကြောင်းကို မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲရေးသမားများ ကောင်းစွာသိသည်ဟု ရှောင်တာနဲလ် မြင်သည်။
“ကျောက်ဖြူသည် တရုတ်အတွက် သေနင်္ဂဗျူဟာအရ ကျိုးကြောင်းဆီလျော်သည်ကို မေးခွန်းထုတ်စရာ မလိုသလို (အိန္ဒိသမုဒ္ဒရာထွက်ပေါက် ဆိပ်ကမ်းတခု၊ မလက္ကာရေလက်ကြားကို အစားထိုးမည့် လမ်းကြောင်းတခု) စီးပွားရေးအကျိုးအမြတ် အချို့ကိုလည်း ပေးသည်။ မြန်မာအတွက် အနည်းငယ်သာ ကျိုးကြောင်းဆီလျော်သည်” ဟု ရှောင်တာနဲလ်က ရေးသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်း ဦးဆောင်ပြီး ဦးဝင်စတန်ဆက်အောင်နှင့် စက်မှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးမင်းရဲပိုင်ဟိန်း အပါအဝင် စီးပွားရေးပြုပြောင်းလဲရေးသမားများပါသည့် အဖွဲ့သည် ထိုစီမံကိန်းကို ပြန်လည်ညှိနှိုင်းရန် ၂၀၁၈ ခုနှစ် နှောင်းပိုင်းတွင် တရုတ်သို့သွားပြီး ထိုဆိပ်ကမ်းအတွက် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံသာ ကုန်ကျမည့် သဘောတူညီချက်သစ်ဖြင့် ပြန်လာသည်။ ထိုကိစ္စသည် “မျှော်လင့်မထားသည့် အံ့သြစရာအောင်ပွဲ” ဖြစ်သည်ဟု ရှောင်တာနဲလ်က မြင်သည်။
ဒေါ်အောင်ဆန်းစုကြည် ပြောသည့်စကားကို ရှောင်တာနဲလ်က ပြန်ပြောပြသည်။ “ကျမက တရုတ်လိုလားသူ မဟုတ်သလို မြန်မာကလွဲပြီး ဘယ်သူ့ကိုမှလည်း လိုလားသူ မဟုတ်ဘူး” ဟု အထောက်အထားမရှိဘဲ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်လိုလားသူဟု သတ်မှတ်သည့် နိုင်ငံတကာဆောင်းပါးရှင်တဦးကို တုံ့ပြန်ရာတွင် ပြောခဲ့သည်။
ကျောက်ဖြူစီမံကိန်းနှင့် ပတ်သက်သည့် ဝါရှင်တန်ရှိ စတင်ဆွန်စင်တာမှ ဝါရင့်သုတေသီနှင့် တရုတ်အစီအစဉ် ဒါရိုက်တာ မစ္စ ယွန်ဆန်၏ အစီရင်ခံစာတခုကို ရှောင်တာနဲလ်က ကိုးကားခဲ့သည်။ “ကျောက်ဖြူရေနက်ဆိပ်ကမ်း အရွယ်အစား လျှော့ချရေးတွင် မြန်မာအစိုးရက အမေရိကန်အစိုးရကို နည်းပညာအကူအညီ တောင်းသည်ဆိုသည့် အချက်ကြောင့် သစ္စာဖောက်ခံရသည်ဟု တရုတ်က မြင်သည်” ဟု ယွန်ဆန်က ရေးသားခဲ့သည်။
သို့သော် ရှောင်တာနဲလ်သည် ယွန်ဆန်၏ အစီရင်ခံစာကို သဘောမတူဘဲ ပြည်ပ ပါဝင်ပတ်သက်မှု သတင်းများသည် ချဲ့ကားခြင်းသာဖြစ်သည်ဟု မြင်သည်။ “ကျောက်ဖြူ စေ့စပ်ညှိနှိုင်းမှုတွေနဲ့ အရေးပါတဲ့ သွင်ပြင်တွေအားလုံးကို မြန်မာပြုပြင်ပြောင်းလဲရေးသမားတွေရဲ့ အပြည့်အဝ ဦးဆောင်မှုအောက်မှာ လုပ်ခဲ့တယ်” ဟု ၎င်းကပြောသည်။
ရခိုင်တွင် လုပ်ပိုင်ခွင့်မရှိ
ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှုများကြောင့် ရှောင်တာနဲလ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရ အကြံပေးအဖြစ် ဆောင်ရွက်မှုကို ပြန်လည် စဉ်းစားသုံးသပ်ခဲ့သည်။ သူသည် မြန်မာမှ ထွက်ခွာသွားရန်အထိပင် စဉ်းစားခဲ့သည်။ “စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် မြန်မာနိုင်ငံအပေါ် ကျရောက်လာသည့် နိုင်ငံတကာ၏ ပြင်းထန်သော ဝေဖန်မှုများ” ကို နိုင်ငံတော်အတိုင်ပင်ခံနှင့် အခြားအရပ်သား ခေါင်းဆောင်များ အပြည့်အဝ သိ၊ မသိ သေချာအောင် သူလုပ်ခဲ့သည်။
ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှုများကြောင့် ရှောင်တာနဲလ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရ အကြံပေးအဖြစ် ဆောင်ရွက်မှုကို ပြန်လည် စဉ်းစားသုံးသပ်ခဲ့သည်။ သူသည် မြန်မာမှ ထွက်ခွာသွားရန်အထိပင် စဉ်းစားခဲ့သည်။ “စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် မြန်မာနိုင်ငံအပေါ် ကျရောက်လာသည့် နိုင်ငံတကာ၏ ပြင်းထန်သော ဝေဖန်မှုများ” ကို နိုင်ငံတော်အတိုင်ပင်ခံနှင့် အခြားအရပ်သား ခေါင်းဆောင်များ အပြည့်အဝ သိ၊ မသိ သေချာအောင် သူလုပ်ခဲ့သည်။
ရခိုင်နှင့်ပတ်သက်သည့် နိုင်ငံတကာတုံ့ပြန်မှုကို သိသော်လည်း အနီးကပ် မိတ်ဆွေများသည်ပင် သူ့တွင် လှုပ်ရှားမရအောင် လုပ်ထားသည့် အကန့်အသတ်၊ စစ်အာဏာသိမ်းမည့် အမြဲတမ်း ခြိမ်းခြောက်မှု၊ သူ့တွင် စစ်တပ်ကို မည်သို့ထိန်းချုပ်ရမည်နှင့် ပတ်သက်သည့် စိတ်ကူးစိတ်သန်း ရှိနိုင်သည်ဆိုသည်အထိ အပြည့်အဝ နားမလည်ဟုထင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှောင်တာနဲလ်ကို ပြောခဲ့သည်။
“ကျမ နှစ် ၂၀ နီးပါး ဖမ်းဆီးခံခဲ့ရတဲ့ အကြောင်းအရင်းဖြစ်တဲ့ မူတွေကို အလွယ်တကူ စွန့်လွှတ်မယ်လို့ သူတို့ တကယ် ထင်နေတာလား” ဟု ဒေါ်အောင်ဆန်းစုကြည်က မေးခဲ့သည်။
ရှောင်လွှဲမရသော ကပ်ရောဂါနှင့် ရှောင်လွှဲမရသော စစ်အာဏာသိမ်းမှု
ကပ်ရောဂါတခုကိုလွှဲ ရှောင်မရနိုင်ကြောင်း သိသောကြောင့် မြန်မာပြုပြင်ပြောင်းလဲရေးသမားများသည် ကိုဗစ်နိုင်တင်း စီးပွားရေး ကယ်ဆယ်ရေးအစီအစဉ် (CERP) ကို ပြင်ဆင်ရသည်။ CERP တွင် အစိုးရ အတိုးနှုန်းလျှော့ချခြင်း၊ နိမ့်သောငွေလဲနှုန်း၊ လျှပ်စစ်ခွန် လျှော့ချခြင်း၊ အခွန်လျှော့ချခြင်း၊ အတိုးနည်းချေးငွေ စသည်တို့ ပါဝင်သည်။
နိုင်ငံတကာ ဘဏ္ဍာရေးမျက်နှာစာတွင် မြန်မာသည် G-20 နှင့် ပါရီကလပ်ထံမှ ဒေါ်လာ သန်း ၃၀၀၊ ဂျပန်ထံမှ အကူအညီ ဒေါ်လာသန်း ၂၀၀ နှင့် အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်၊ တောင်ကိုရီးယားနှင့် သြစတြေးလျထံမှ အထောက်အပံ့အမျိုးမျိုး ရရှိသည်။ မြန်မာသည် အရေးပေါ် ဘဏ္ဍာငွေထောက်ပံ့ရေးအတွက် IMF ထံမှ မြန်မာ၏ဝေစု ဒေါ်လာ ၃၅၇ သန်း၏ ၅၀ ရာခိုင်နှုန်းကိုလည်း တောင်းဆိုနိုင်ခဲ့သည်။
မြန်မာကို စစ်မှန်သောအကူအညီ အနည်းငယ်သာပေးသည့် နိုင်ငံတနိုင်ငံမှာ တရုတ်ဖြစ်သည်ဟု ရှောင်တာနဲလ် မြင်သည်။ တရုတ်သည် မြန်မာ၏ အကြီးမားဆုံးမြီရှင်ဖြစ်ပြီး ပေါက်ဖော်ဆက်ဆံရေးအဖြစ် မကြာခဏ ပုံဖော်သည့်နိုင်ငံတခုကို ကာကွယ်သော အခန်းကဏ္ဍအား ဖြည့်ဆည်းသည်ဆိုသည့် အလွန်အကျွံ ပြောဆိုမှုများရှိသည့်တိုင် ထိုသို့စစ်မှန်သော အကူအညီ အနည်းငယ်သာ ပေးခြင်းဖြစ်သည်။
“ကြီးမားသော ဒုက္ခကို ခံစားရပြီး ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလတွင် နိုင်ငံကို အကြီးအကျယ် လော့ဒေါင်း ချရသည်။ မည်သို့ဆိုစေ မြန်မာ့စီးပွားရေးအဖွဲ့သည် ကပ်ဆိုးကို ရှောင်ရှားပြီးခဲ့ပြီဟု ထင်ခဲ့ကြသည်။
စီးပွားရေး ပြုပြင်ပြောင်းလဲရေး အကောင်အထည်ဖော်ရန် ၎င်းတို့၏ မမောမပန်း အားထုတ်မှုများ ရှိသော်လည်း ၂၀၂၁ ခုနှစ်တွင် လွှဲရှောင်မရသည့် စစ်အာဏာသိမ်းမှုနောက်ပိုင်း မကြာမီ ရှောင်တာနဲလ်နှင့် ပြုပြင်ပြောင်းလဲရေးသမားများကို ထောင်ထဲသို့ ပို့လိုက်သည်။
မင်းအောင်လှိုင်နှင့်အဖွဲ့သည် NLD အစိုးရ၏ လွတ်လပ်ခွင့်ပေးသည့် ချဉ်းကပ်ပုံနည်းလမ်းကို ရန်လိုသည်မှာ ကြာပြီဖြစ်ပြီး ဗဟိုချုပ်ကိုမှု လျှော့ချသည့် စီးပွားရေးလွတ်လပ်မှုမှုနှင့် ဈေးကွက်ရလဒ်များကို နိုင်ငံတော်က လမ်းညွှန်ခြင်းအား ပိုမိုသဘောကျသည်ဟု ရှောင်တာနဲလ်က မြင်သည်။
ရှောင်တာနဲလ်၏စာအုပ်သည် မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှု ရင်ဆိုင်ရသည့် ကြမ်းတမ်းသော လမ်းကိုသာမက စစ်တပ်သည် ၎င်းတို့၏ မူလအနေအထားကို ဆက်လက် ထိန်းသိမ်းလိုသောကြောင့် ရွေးကောက်ခံ အရပ်အစိုးရတခုအောက်တွင် ဒီမိုကရေစီ ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်း ပြဿနာများကိုလည်း ရှင်းလင်းတင်ပြထားသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ မွန်မွန်မြတ်၏ An Inside Look at the NLD Government’s Economic Reform Efforts ကို ဘာသာပြန်သည်။ မွန်မွန်မြတ်သည် လွတ်လပ်သော စာရေးသူနှင့် ဂျာနယ်လစ်ဖြစ်သည်။ သူသည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ပယပ်တက္ကသိုလ်မှ ငြိမ်းချမ်းရေးတည်ဆောက်မှု အထူးပြုဖြင့် ပါရဂူဘွဲ့ ရရှိခဲ့သည်။)
You may also like these stories:
မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော
စစ်ကောင်စီနှင့် ခရိုနီဘဏ်လုပ်ငန်းရှင်များ ရှောင်တာနဲလ်ကို ခြိမ်းခြောက်
ထောင်အိပ်မက်တွေ အမြဲမက်နေသူ ပါမောက္ခ ရှောင်တာနဲလ်
ရှောင်တာနဲလ်ပြောတဲ့ မြန်မာထောင်တွင်း ရက် ၆၅၀
အစိုးရလျှို့ဝှက်ချက် ပေါက်ကြားမှု စွပ်စွဲချက် ရှောင်တာနဲလ်ငြင်း














