• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကြားဖြတ်နားထောင်သည့် ဆော့ဖ်ဝဲလ် အစ္စရေးကုမ္ပဏီက မြန်မာသို့ ရောင်းချခဲ့

by ဧရာဝတီ
17 January 2023
in သတင်း
A A
နော်ဝေးအစိုးရ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေက Cognyte ကို ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုစာရင်းမှ လွန်ခဲ့သောလက ထုတ်ပယ်ခဲ့သည်

နော်ဝေးအစိုးရ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေက Cognyte ကို ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုစာရင်းမှ လွန်ခဲ့သောလက ထုတ်ပယ်ခဲ့သည်

2.4k
VIEWS
Share on FacebookShare on Twitter

အစ္စရေး ဆော့ဖ်ဝဲလ် ကုမ္ပဏီတခုဖြစ်သော Cognyte Software Ltd သည် မြန်မာတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက စစ်အာဏာသိမ်းမှု မဖြစ်ပွားမီ နိုင်ငံပိုင် ဆက်သွယ်ရေးလုပ်ငန်းသို့ ကြားဖြတ်နားထောင်သည့် ဆော့ဖ်ဝဲလ်များ ရောင်းချရန် တင်ဒါအောင်မြင်ခဲ့ကြောင်း Reuters သတင်းဌာနက တွေ့ရသည့် စာရွက်စာတမ်းများတွင် ဖော်ပြထားသည်။

အစ္စရေးတရားရုံးချုပ်၏ ၂၀၁၇ ခုနှစ် ဆုံးဖြတ်ချက်နောက်ပိုင်းတွင် မြန်မာသို့ ကာကွယ်ရေးနည်းပညာ လွှဲပြောင်းမှု မပြုလုပ်တော့ကြောင်း အစ္စရေးက ကြေညာထားသော်လည်း ထိုဆော့ဖ်ဝဲလ် ရောင်းချမှု ပြုလုပ်ခြင်းဖြစ်ကြောင်း အစ္စရေးရှေ့နေချုပ်သို့ တင်သွင်းပြီး ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်သည့် ဥပဒေကြောင်းတိုင်ကြားစာအရ သိရသည်။

RelatedPosts

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

15 May 2025
47
ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

15 May 2025
41
မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

15 May 2025
527

ထိုစီရင်ချက်ကို ထုတ်ဖော်ပြောဆိုခြင်းမပြုရန် အစ္စရေးက ရှားရှားပါးပါး တောင်းဆိုထားပြီး မီဒီယာများက ကိုးကားခြင်း မပြုသော်လည်း အစ္စရေးအစိုးရက မြန်မာသို့ ကာကွယ်ရေးပစ္စည်း တင်ပို့ခြင်းကို ပိတ်ပင်ကြောင်း အခါအားလျော်စွာ ပြောကြားတတ်သည်။

တရားရုံးချုပ်၏ ဆုံးဖြတ်ချက်အတွက် ဦးဆောင်လှုပ်ရှားသူ အစ္စရေးလူ့အခွင့်အရေးရှေ့နေ အီတေးမက်ခ်က ဦးဆောင်သည့် တိုင်ကြားမှုတွင် အထက်ပါ အရောင်းအဝယ်ကိစ္စအတွက် ရာဇဝတ်ကြောင်း စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် တောင်းဆိုထားသည်။ Cognyte နှင့် ထိုကိစ္စကို ကူညီသည့် အမည်မဖော်ပြထားသော ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိများသည် မြန်မာမှ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အားပေးကူညီနေသည်ဟု စွပ်စွဲထားသည်။

ထိုတိုင်ကြားစာကို လွှတ်တော်ဥက္ကဋ္ဌဟောင်းတဦး၊ အခြားထင်ရှားသော တက်ကြွလှုပ်ရှားသူများ၊ ပညာရှင်များနှင့် စာရေးဆရာများအပါအဝင် အစ္စရေးနိုင်ငံသား ၆၀ ကျော် ကိုယ်စား တိုင်ကြားခြင်းဖြစ်သည်။

Justice for Myanmar တက်ကြွလှုပ်ရှားသူများအဖွဲ့က Reuters သတင်းဌာနနှင့် မက်ခ်သို့ ပေးပိုခဲ့သည့် ထိုအရောင်းအဝယ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများတွင် Cognyte သည် ကြားဖြတ်နားထောင်သည့် နည်းပညာရောင်းချခွင့်ရကြောင်း မြန်မာဆက်သွယ်ရေး စည်းကမ်းကြီးကြပ်သူများထံ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ အကြောင်းကြားသည့် ၂၀၂၁ ခုနှစ်က စာတစောင်ပါဝင်ပြီး ဝယ်ယူမှုအမိန့်ကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့က ထုတ်ပေးခဲ့ကြောင်း ရေးသားထားသည်။

ကြားဖြတ်နားထောင်သည့် ဆော့ဖ်ဝဲလ်သည် အာဏာပိုင်များအနေဖြင့် ဖုန်းခေါ်ဆိုမှုများကို နားထောင်ခြင်း၊ စာတိုပေးပို့မှုများကို ကြည့်ရှုခြင်း၊ အီးမေးလ်အပါအဝင် အင်တာနက် အသုံးပြုမှုကို ကြားဖြတ်ခြင်း၊ ဆက်သွယ်ရေးလုပ်ငန်းများနှင့် အင်တာနက်လုပ်ငန်းများ၏ အကူအညီမပါဘဲ အသုံးပြုသူ၏တည်နေရာကို ရှာဖွေခြင်းတို့အား လုပ်ကိုင်နိုင်စေသည်။

Reuters သတင်းဌာနက အကြိမ်ကြိမ် မေတ္တာရပ်ခံသော်လည်း Cognyte ၊ မြန်မာစစ်အစိုးရနှင့် MPT တို့၏ ကိုယ်စားလှယ်များက အကြောင်းပြန်ကြားခြင်း မရှိပေ။ MPT တွင် ရှယ်ယာပါဝင်သော ဂျပန်မှ KDDI ကော်ပိုရေးရှင်းနှင့် ဆုမိတိုမို ကော်ပိုရေးရှင်းတို့က တစုံတရာဝေဖန်ပြောကြားရန် ငြင်းဆန်ပြီး ဆက်သွယ်ရေး ကြားဖြတ်မှုများနှင့် ပတ်သက်၍ ၎င်းတို့ကို အသိမပေးကြောင်းသာ ပြောသည်။

အထက်ပါတိုင်ကြားစာနှင့် ပတ်သက်ပြီး အစ္စရေးရှေ့နေချုပ်ရုံးကလည်း တစုံတရာ မှတ်ချက်မပေးပေ။ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးဌာနများကလည်း မှတ်ချက်ပေးရန် ငြင်းဆန်ကြသည်။

Cognyte ၏ စနစ်ကို MPT က စမ်းသပ်ခဲ့ကြောင်း မြန်မာမှ ကြားဖြတ်နားထောင်မှု စီမံကိန်းများကို သိသူ နှစ်ဦးက Reuters သို့ သီးခြားစီပြောသည်။ မြန်မာစစ်အုပ်ချုပ်သူများက လက်စားချေမည်ကို စိုးရိမ်သောကြောင့် ၎င်းတို့က အမည်ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်ကြသည်။

MPT သည် ကြားဖြတ်နားထောင်သည့် ဆော့ဖ်ဝဲလ်များ အသုံးပြုနေကြောင်း ထိုကိစ္စကို တိုက်ရိုက်သိသည့် သတင်းရင်းမြစ်တခုနှင့် ထိုကိစ္စကို သိခွင့်ရသူ သုံးဦးက Reuters သတင်းဌာနသို့ ပြောသော်လည်း မည်သူက ရောင်းချသည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ Cognyte က MPT သို့ ကြားဖြတ်နားထောင်သည့် နည်းပညာရောင်းချမှုကို အပြီးသတ် လုပ်ဆောင်ခြင်း ရှိ၊ မရှိကိုလည်း Reuters သတင်းဌာနက ဆုံးဖြတ်နိုင်ခြင်း မရှိခဲ့ပေ။

အာဏာမသိမ်းမီကာလ ဒေါ်အောင်ဆန်းစုကြည် အာဏာရနေချိန် ၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်က ရိုဟင်ဂျာများကို ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းပြီးနောက် မြန်မာသို့ ကာကွယ်ရေးပစ္စည်း တင်ပို့ခြင်းနှင့် ပတ်သက်ပြီး အစ္စရေးတွင် အများပြည်သူ ပူပန်မှုများ မြင့်မားနေသည်။ ထိုသို့နှိမ်နင်းသောကြောင့် ရှေ့နေ မက်ခ် ဦးဆောင်သောအဖွဲ့က တရားရုံးချုပ်အနေဖြင့် မြန်မာသို့ ကာကွယ်ရေးတင်ပို့မှု ပိတ်ပင်ရန် တောင်းဆိုခဲ့သည်။

အာဏာသိမ်းပြီးနောက် စစ်ဗိုလ်ချုပ်များသည် နိုင်ငံရေးအတိုက်အခံများ အပါအဝင် လူထောင်ပေါင်း များစွာကို သတ်ဖြတ်ခဲ့သည်။

Cognyte ကို ပြစ်တင်ဝေဖန်

ကမ္ဘာတဝန်းမှ အစိုးရအများအပြားသည် ရာဇဝတ်သားများကို ဖမ်းဆီးရန်အတွက် တရားဥပဒေ စိုမိုးရေးဌာနက ဥပဒေနှင့်အညီ ကြားဖြတ်နားထောင်ခြင်းကို ခွင့်ပြုကြသော်လည်း ထိုနည်းပညာကို ဥပဒေကြောင်းအရ ခွင့်ပြုချက်မယူဘဲ အသုံးပြုခွင့်မရှိကြောင်း ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်သူများက ပြောသည်။

Reuters သတင်းဌာနက ယခင် တွေ့ဆုံမေးမြန်းခဲ့သော လုပ်ငန်းအမှုဆောင်များနှင့် တက်ကြွလှုပ်ရှားသူများ၏ အဆိုအရ မြန်မာစစ်ကောင်စီသည် လျှို့ဝှက် ဆက်သွယ်ရေး ဆော့ဖ်ဝဲလ်များကို လူ့အခွင့်အရေးကာကွယ်ရန် ဥပဒေစောင့်ထိန်းမှုမရှိဘဲ လုပ်ဆောင်နေကြောင်း သိရသည်။

ထိုဆော့ဖ်ဝဲလဲနည်းပညာ တင်ဒါပေးသွင်းရောင်းချရာတွင် Cognyte ပါဝင်ပတ်သက်နေခြင်းသည် မြန်မာသို့ ကာကွယ်ရေးပစ္စည်း တင်ပို့ခြင်းကို တားမြစ်သည့် တရားရုံးချုပ် ဆုံးဖြတ်ချက်ချပြီးနောက် အစ္စရေး အရာရှိများ၏ ပြောဆိုချက်များနှင့် ဆန့်ကျင်နေကြောင်း မက်ခ်က ပြောသည်။

ကြားဖြတ်နားထောင်သည့် ဆော့ဖ်ဝဲလ်သည် စစ်ဘက် အရပ်ဘက် နှစ်မျိုးသုံး နည်းပညာဖြစ်သော်လည်း အစ္စရေးဥပဒေအရ နှစ်မျိုးသုံးနည်းပညာကို ကာကွယ်ရေးပစ္စည်းအဖြစ် သတ်မှတ်ထားသည်။

အစ္စရေး ဥပဒေအရ ကာကွယ်ရေးနှင့်ပတ်သက်သော ကုန်ပစ္စည်းတင်ပို့သည့် ကုမ္ပဏီများသည် တင်ပို့ရောင်းချရန် လိုင်စင် လျှောက်ထားရန်လိုသည်။ မြန်မာသို့ ကြားဖြတ်နားထောင်သည့် နည်းပညာရောင်းချခွင့် လိုင်စင်ကို Cognyte သို့ ချပေးသည့် မည်သည့် အရာရှိမဆိုကို စုံစမ်းစစ်ဆေးသင့်ကြောင်း ဥပဒေကြောင်းအရ တိုင်ကြားစာတွင် ဖော်ပြထားသည်။ Cognyte သည် ထိုသို့လိုင်စင်မျိုးကို ရယူခဲ့ခြင်း ရှိ၊ မရှိကိုလည်း Reuters သတင်းဌာနက ဆုံးဖြတ်နိုင်ခြင်း မရှိပေ။

၂၀၂၀ ပြည့်နှစ် ထိုသဘောတူညီချက်ရခဲ့သည့် ကာလအတွင် မြန်မာနိုင်ငံရေးအခြေအနေသည် တင်းမာနေပြီး ဒေါ်အောင်ဆန်းစုကြည် အနိုင်ရသည့် ရွေးကောက်ပွဲရလဒ်ကို စစ်တပ်က အထောက်အထားမဲ့ ဖျက်သိမ်းလိုက်သည့် ကာလဖြစ်သည်။

လွန်ခဲ့သောနှစ်က မြန်မာမှ မထွက်ခွာမီအထိ အကြီးမားဆုံး ဆက်သွယ်ရေးလုပ်ငန်းများအနက် တခုဖြစ်သော နော်ဝေးမှ တယ်လီနောက ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် လုံလောက်သော ဥပဒေ အကာအကွယ်မရှိသောကြောင့် ဥပဒေအရ မြန်မာ အာဏာပိုင်များက ကြားဖြတ်နားထောင်သည်ကို စိုးရိမ်ကြောင်းပြောခဲ့သည်။

အမေရိကန် အမျိုးသား စတော့ရှယ်ယာအသင်း Nasdaq စာရင်းဝင် Cognyte သည် အစ္စရေး ဆိုက်ဘာလုံခြုံရေး လုပ်ငန်းကြီးဖြစ်သော Verint Systems မှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ခွဲထွက်ခဲ့သော လုပ်ငန်းဖြစ်သည်။

လွန်ခဲ့သော ဘဏ္ဍာရေးနှစ်က ဝင်ငွေ ဒေါ်လာ ၄၇၄ သန်းရှိသော Cognyte သည် ၂၀၂၁ ခုနှစ်တွင် Facebook မှ ပိတ်ပင်ခြင်းခံရသော လုပ်ငန်းလည်းဖြစ်သည်။ Facebook ပိုင်ရှင် Meta Platforms က Cognyte သည် လူမှုကွန်ရက်တွင် အကောင့်အတုများကို စီမံခန့်ခွဲစေနိုင်အောင် လုပ်ပေးကြောင်း အစီရင်ခံစာတခုတွင် ဖော်ပြထားသည်။

၎င်းတို့ ပြုလုပ်သည့် စုံစမ်းစစ်ဆေးမှုအရ ကင်ညာ၊ မက္ကစီကိုနှင့် အင်ဒိုနီးရှားအပါအဝင် နိုင်ငံအများအပြားမှ Cognyte ၏ နည်းပညာအသုံးပြုသူများကို ဖော်ထုတ်နိုင်ခဲ့ပြီး ၎င်းတို့ ပစ်မှတ်ထားသူများတွင် သတင်းသမားများနှင့် နိုင်ငံရေးသမားများ ပါဝင်ကြောင်း Meta က ဖော်ပြသည်။ သို့သော် ထိုနည်းပညာ အသုံးပြုသူများနှင့် ပစ်မှတ်ထားခံရသူများကို Meta က အသေးစိတ် ပြောကြားခြင်းမပြုပေ။

Meta ကို ဆက်သွယ်မေးမြန်းသော်လည်း အသေးစိတ် ထပ်မံပြောကြားခြင်း မရှိပေ။

နော်ဝေးအစိုးရ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေက Cognyte ကို ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုစာရင်းမှ လွန်ခဲ့သောလက ထုတ်ပယ်ခဲ့သည်။ ထိုလုပ်ငန်း၏ ထောက်လှမ်းရေး ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို အသုံးပြုသော နိုင်ငံများသည် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်သည်ဟု စွပ်စွဲခံရကြောင်း နော်ဝေး ရန်ပုံငွေအဖွဲ့က ပြောသည်။ သို့သော် ထိုသို့သော နိုင်ငံများ၏ အမည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

Meta နှင့် နော်ဝေး ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ၏ စွပ်စွဲချက်များကို Cognyte က လူသိရှင်ကြား တုံ့ပြန်ခြင်းမရှိပေ။

ကိုးကား ။ ။ Reuters သတင်း Israel’s Cognyte won Myanmar spyware tender before coup

You may also like these stories:

ဝါဒဖြန့် မီဒီယာကွန်ရက် ထူထောင်နိုင်ဖို့ စစ်ကောင်စီ ကြိုးပမ်းနေ

ကမ္ဘာ့ဘဏ် အထောက်အပံ့ရ ရိုးမဘဏ်နှင့် စစ်တပ်ပိုင် Mytel တို့ ပူးပေါင်းဆောင်ရွက်နေ

စစ်ကောင်စီ ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ IMEI

အူရီဒူးမြန်မာ ပိုင်ရှင်အသစ်၏ နောက်ကွယ်မှ လက်များ

Your Thoughts …
Tags: CognyteJustice for MyanmarMPTကာကွယ်ရေးပစ္စည်းစစ်ကောင်စီစစ်အာဏာသိမ်းမှုစီးပွားရေးဆက်သွယ်ရေးလုပ်ငန်းနည်းပညာနော်ဝေလူ့အခွင့်အရေးအစ္စရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
111.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်ကောင်စီခန့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်နှင့် IOM အကြီးအကဲ မစ္စတာ အလက်ဆိုစကီးတို့ နေပြည်တော်တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့က တွေ့ဆုံစဉ် /  GNLM

စစ်ကောင်စီနဲ့ ဆက်လက်အကျိုးဖြစ်ထွန်းနေတဲ့ IOM

ဇန်နဝါရီလ ၇ ရက်နေ့က ဘန်ကောက် သံရုံးရှေ့တွင် တုံကင်ယူဖို့စောင့်နေကြသည့် မြန်မာနိုင်ငံသားများ  / Myanmar Live

Mobile Team ဖြင့် ပတ်စပို့စ်သက်တမ်းတိုးမည့်အစီအစဉ် အဆင်မပြေနိုင် ဟုဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.1k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.8k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate