မြန်မာနိုင်ငံရှိ တယ်လီနော မြန်မာ လုပ်ငန်းများကို ရောင်းချလိုက်သောအခါတွင် သုံးစွဲသူများ၏ အချက်အလက်များ လုံခြုံမှုနှင့် ပတ်သက်ပြီး တယ်လီနောထံမှ အာမခံချက်ကို တယ်လီနောတွင် ရင်းနှီးမြှုပ်နှံသူအများအပြားက တောင်းခံနေသည်။
မြန်မာစစ်ကောင်စီသည် မကြာသေးမီးက သဘောတူညီချက်တခုအရ ပြည်တွင်းလုပ်ငန်းဖြစ်သော ရွှေဗျိုင်းဖြူ ကုမ္ပဏီကို တယ်လီနော၏ မြန်မာရှိ လုပ်ငန်းအများစု ပိုင်ဆိုင်စေရန် ခွင့်ပြုထားပြီးဖြစ်ကြောင်း ပြီးခဲ့သည့် သောကြာနေ့တွင် Reuters သတင်းဌာနက တွေ့ခဲ့ရသည်။
ထိုသို့ လွှဲပြောင်းရောင်းချမှုသည် လူပေါင်း ၁၈ သန်း၏ အချက်အလက်များကို စစ်ကောင်စီလက်တွင်းသို့ ကျရောက်သွားစေနိုင်ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ထောက်ပြကြပြီး မကြာသေးမီရက်များအတွင်း ဆန္ဒပြပွဲများကျင်းပကာ ထိုရောင်းချမှုကို လုံးဝရပ်ဆိုင်းရန် တယ်လီနောကို တောင်းဆိုနေသည်။
တယ်လီနောတွင် စတုတ္ထအကြီးမားဆုံး ရင်းနှီးမြှုပ်နှံထားပြီး ရှယ်ယာ ၁ ဒသမ ၆၄ ပိုင်ဆိုင်သည့် DNB Asset Management က မြန်မာမှ ထွက်ခွာမည့်ကိစ္စနှင့် ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးရန် တောင်းဆိုထားကြောင်းနှင့် အခြေအနေသည် တယ်လီနောအတွက် ကြီးမားသည့် အကျပ်အတည်းဖြစ်ကြောင်း ပြောသည်။
“မည်သည့်သုံးစွဲသူ အချက်အလက်မဆို (သို့မဟုတ် လွှဲပြောင်းပေးအပ်ရမယ့် လက်ရှိ အခြေခံအဆောက်အအုံကို) ဝယ်ယူသူကတဆင့် စစ်ကောင်စီက အလွဲသုံးစား လုပ်နိုင်ပြီး ဒီလိုအန္တရာယ်တွေ လျှော့ချဖို့ သင့်တော်တဲ့ အစီအမံတွေ လုပ်ဆောင်ဖို့လိုတယ်”
“မရောင်းခင်နဲ့ ရောင်းပြီးနောက် ကိုယ်ရေးအချက်အလက်တွေကို ဘယ်လို ကိုင်တွယ်မယ်ဆိုတာကို ကျမတို့ ဆွေးနွေးဖို့ စီစဉ်ထားတယ်” ဟု DNB Asset Management မှ တာဝန်သိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများဌာန အကြီးအကဲ မစ္စ ဂျန်နစ် ရှီလီက ပြောသည်။
တယ်လီနောတွင် ရှယ်ယာ ၁ ဒသမ ၃၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည့် အဋ္ဌမမြောက် အကြီးဆုံး ရင်းနှီးမြှုပ်နှံသူ Storebrand Asset Management ကလည်း တယ်လီနောအနေဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာသောအခါ လူ့အခွင့်အရေးနှင့် ပတ်သက်သည့် လုံလောက်သော လုံ့လစိုက်ထုတ်မှုများ ပြုလုပ်ရန် တောင်းဆိုနေသည်။
အီးမေးလ်ဖြင့် ထုတ်ပြန်သည့် ကြေညာချက်တစောင်တွင် Storebrand ၏ ရှေရှည်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြီးအကဲ မစ္စတာ ကမေးလ် ဇာဘီရယ်စကီးက တယ်လီနောအနေဖြင့် ၎င်းတို့ မြန်မာနိုင်ငံမှ ထွက်သွားသောအခါ ၎င်းတို့ ပိုင်ဆိုင်မှုများကို အလွဲသုံးစားလုပ်မည့်ကိစ္စကို အကဲဖြတ်ရန်လိုကြောင်း ပြောသည်။
“မည်သည့်သုံးစွဲသူ အချက်အလက်မဆို (သို့မဟုတ် လွှဲပြောင်းပေးအပ်ရမယ့် လက်ရှိ အခြေခံအဆောက်အအုံကို) ဝယ်ယူသူကတဆင့် စစ်ကောင်စီက အလွဲသုံးစား လုပ်နိုင်ပြီး ဒီလိုအန္တရာယ်တွေ လျှော့ချဖို့ သင့်တော်တဲ့ အစီအမံတွေ လုပ်ဆောင်ဖို့လိုတယ်” ဟု သူက ပြောသည်။
တယ်လီနောကို ဝ ဒသမ ၉၆ ရာခိုင်နှုန်းပိုင်သည့် KLP အငြိမ်းစားလစာ ရန်ပုံငွေအဖွဲ့ကလည်း ထိုရောင်းချမှုကို စုံစမ်းစစ်ဆေးနေကြောင်း ပြောသည်။
“အခြေအနေကို အပြည့်အဝ နားလည်စေရေးအတွက် ဒီကိစ္စနဲ့ပတ်သက်ပြီး တယ်လီနောနဲ့ အခြားရှယ်ယာရှင်တွေနဲ့ ကျမတို့ ဆွေးနွေးနေတယ်” ဟု KLP မှ တာဝန်သိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြီးအကဲ မစ္စ ကီရန် အဇစ်က ပြောသည်။
ရင်းနှီးမြှုပ်နှံသူများက ထုတ်ပြန်သည့် ကြေညာချက်များကို တုံ့ပြန်သည့်အနေဖြင့် တယ်လီနောက ၎င်းတို့သည် ဝန်ထမ်းများကို ကာကွယ်ရန် မြန်မာဥပဒေများကို လိုက်နာနေရကြောင်း ပြောသည်။
“ကျမတို့ မြန်မာက ထွက်ခွာသွားဖို့ လိုတာကို အချို့က နားလည်ကြောင်း ပြောကြားပေမယ့် လုပ်ငန်းတွေရပ်ပြီး အချက်အလက်တွေကို ဖျက်ပစ်ဖို့ ပြောနေကြတယ်” ဟု တယ်လီနောမှ ပြောခွင့်ရသူ အမျိုးသမီးက ပြောသည်။
“ကျမတို့ မြန်မာက ထွက်ခွာသွားဖို့ လိုတာကို အချို့က နားလည်ကြောင်း ပြောကြားပေမယ့် လုပ်ငန်းတွေရပ်ပြီး အချက်အလက်တွေကို ဖျက်ပစ်ဖို့ ပြောနေကြတယ်”
“တယ်လီနော မြန်မာကို ရောင်းချရသည်ဖြစ်စေ လုပ်ငန်းလိုင်စင် ပြန်လည်အပ်နှံသည်ဖြစ်စေ အချက်အလက်တွေကို ပြည်တွင်းဥပဒေနဲ့ လိုင်စင်စည်းကမ်းအရ ဆက်လက် ထိန်းသိမ်းထားရမှာ ဖြစ်တယ်” ဟုလည်း သူက ပြောသည်။
“ကျမတို့ရဲ့ ပြည်တွင်းဝန်ထမ်းတွေကို မထိခိုက်စေဘဲ ပြည်တွင်းဥပဒေကို ကျမတို့ ချိုးဖောက်လို့ မရဘူး။ ဒီလိုမျိုး ကိစ္စကို လုံးဝ လက်မခံနိုင်ဘူး” ဟုလည်း သူက ဆက်ပြောသည်။
ရွှေဗျိုင်းဖြူနှင့် မြန်မာစစ်ကောင်စီထံ ဆက်သွယ်ခဲ့သော်လည်း လတ်တလော အကြောင်းပြန်ကြားခြင်း မရှိသေးပေ။
တယ်လီနောတွင် ရှယ်ယာ ၅၉ ရာခိုင်နှုန်းဖြင့် အများဆုံး ပိုင်ဆိုင်သည့် နော်ဝေအစိုးရက တယ်လီနော၏ မြန်မာလုပ်ငန်းမှ သုံးစွဲသူအချက်အလက်များကို စစ်ကောင်စီသို့ လွှဲပြောင်းပေးခြင်းအား တားဆီးရန် မဖြစ်နိုင်ကြောင်း နော်ဝေ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။
နော်ဝေနိုင်ငံက အများစုပိုင်ဆိုင်သော တယ်လီနောသည် မြန်မာမှလုပ်ငန်းများကို ရောင်းချပြီးနောက် သုံးစွဲသူ ၁၈ သန်း၏ ကိုယ်ရေးအချက်အလက်များကို အကာအကွယ်ပေးရန် အဖွဲ့အစည်းလိုက် ရင်းနှီးမြှုပ်နှံသူများနှင့် လူ့အခွင့်အရေးအဖွဲ့များ၏ ဖိအားပေးခံနေရသည်။
နော်ဝေ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသည် တယ်လီနောမှ နိုင်ငံပိုင်ရှယ်ယာများကို ကြီးကြပ်ရန် တာဝန်ယူထားသည်။
“မြန်မာနိုင်ငံမှာ လုပ်ငန်းခွဲတခုရှိတဲ့ ဆက်သွယ်ရေး ကုမ္ပဏီတခုရဲ့ ပိုင်ရှင်အနေနဲ့ ဆက်စပ်အချက်အလက်တွေ စစ်ကောင်စီလက်ထဲ မရောက်အောင် ကျနော်တို့ တားဆီးနိုင်ခြင်း မရှိပါဘူး” ဟု နော်ဝေ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး မစ္စတာ ယန်း ခရစ်ယာန် ဗက်စတာက နော်ဝေပါလီမန်သို့ ပြောကြားသည်။
ရှယ်ယာရှင်များ၏ ဖိအားကြောင့် မြန်မာမှ တယ်လီနော ထွက်ခွာမည့် အစီအစဉ်အပေါ် မည်သို့ သက်ရောက်မည်ကိုလည်း ရှင်းလင်းစွာ မသိရသေးပေ။
လွန်ခဲ့သောနှစ်က စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် ၎င်းတို့သည် မြန်မာမှ ထွက်ခွာရန် ကြိုးစားနေကြောင်းနှင့် စစ်ကောင်စီက ကြားဖြတ်နားထောင်သည့် စနစ်တပ်ဆင်ရန် ဖိအားပေးနေသောကြောင့် ဥရောပသမဂ္ဂ အရေးယူပိတ်ဆို့မှုများကို ရှောင်ရန် လုပ်ငန်းများကို ရောင်းချတော့မည်ဖြစ်ကြောင်း စက်တင်ဘာလတွင် တယ်လီနောက Reuters သတင်းဌာနသို့ ပြောသည်။
တယ်လီနော လုပ်ငန်းတခုလုံးဝင်ငွေ၏ ၇ ရာခိုင်နှုန်းရှိသော မြန်မာမှ လုပ်ငန်းများအား လက်ဘနွန် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း M1 သို့ ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချမည့် တယ်လီနော၏ အစီအစဉ်ကို စစ်ကောင်စီက ပယ်ချခဲ့သည်။
ထိုအစား စစ်ကောင်စီက M1 နှင့် ရွှေဗျိုင်းဖြူ ပူးပေါင်းကာ တယ်လီနောအား ဝယ်ယူသည်ကို လိုလားကြောင်း သတင်းရင်းမြစ် ၃ ခုက ပြောသည်။
Reuters သတင်းဌာနက လေ့လာခွင့်ရသော ဆက်သွယ်မှုများအရ စစ်အုပ်စုနှင့် စီးပွားရေး အဆက်အသွယ်ရှိသည့် ရွှေဗျိုင်းဖြူပိုင်ရှင်သည် မကြာမီ သဘောတူမည့် အစီအစဉ်အရ တယ်လီနော မြန်မာ လုပ်ငန်းများ၏ ၈၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်မည်ဖြစ်သည်။
တယ်လီနော ပြောခွင့်ရသူအမျိုးသမီးကမူ ၎င်းတို့သည် ရွှေဗျိုင်းဖြူ ကုမ္ပဏီနှင့် မည်သည့် ဆွေးနွေးမှုများမှ မရှိကြောင်း ရောင်းချရန် သဘောတူညီချက်ကို M1 နှင့်သာ ပြုလုပ်ထားကြောင်း အီးမေးလ်ဖြင့် အကြောင်း ပြန်သည်။
ရွှေဗျိုင်းဖြူက ၎င်းတို့နှင့် စစ်အုပ်စုအကြား အဆက်အသွယ် အားလုံးကို ငြင်းဆိုပြီး ၎င်းတို့သည် စစ်အုပ်စုနှင့် မပတ်သက်ဆုံး ဖြစ်သောကြောင့် တယ်လီနောက ၎င်းတို့ကို ရွေးချယ်သည်ဟု ပြောသည်။
အာဏာပိုင်များက စစ်ကောင်စီ ဆန့်ကျင်သူများ၏ ဖုန်းအဝင်အထွက်များနှင့် ၎င်းတို့နောက်ဆုံး အဆက်အသွယ် လုပ်သည့်နေရာများကို တောင်းခံနေပြီဖြစ်ကြောင်း လုံခြုံရေး အခြေအနေအရ အမည်မဖော်လိုသည့် တယ်လီနော မြန်မာ ဝန်ထမ်းနှစ်ဦးက Reuters သတင်းဌာနသို့ ပြောသည်
Reuters သို့ အီးမေးလ်ဖြင့် ထုတ်ပြန်သည့် ကြေညာချက်တခုတွင်မူ M1 က ၎င်းတို့သည် လူ့အခွင့်အရေး၊ တရားမဝင် ကြားဖြတ်နားထောင်မှုနှင့် ထောက်လှမ်းရန် တောင်းဆိုမှုများကို လက်ခံမည်မဟုတ်ဘဲ ကမ္ဘာတဝှမ်းမှ အသုံးပြုသူများနှင့်ဆိုင်သည့် ဥပဒေကြောင်းနှင့် ကျင့်ဝတ်ဆိုင်ရာ တာဝန်များကို လိုက်နာမည်ဖြစ်ကြောင်း ပြောသည်။
“လုပ်ထုံးလုပ်နည်းဆိုင်ရာ ဆုံးဖြတ်ချက်က M1 အုပ်စု လိုချင်တဲ့အတိုင်း ဖြစ်ရင် တယ်လီနော မြန်မာရဲ့ လုပ်ငန်းတွေကို တရားဝင်ပိုင်ဆိုင်သူ ဘယ်သူဖြစ်တယ်ဆိုတဲ့ အသေးစိတ်တွေကို ကျနော်တို့ ထုတ်ပြန်ကြေညာမယ်” ဟု M1 အုပ်စုက ပြောသည်။
ထို့အပြင် တယ်လီနော မြန်မာ၏ လုပ်ငန်းများကို ဆက်လက် ထိန်းသိမ်းရန် ဆုံးဖြတ်ထားကြောင်းလည်း ၎င်းတို့က ပြောကြားသည်။
အာဏာပိုင်များက စစ်ကောင်စီ ဆန့်ကျင်သူများ၏ ဖုန်းအဝင်အထွက်များနှင့် ၎င်းတို့နောက်ဆုံး အဆက်အသွယ် လုပ်သည့်နေရာများကို တောင်းခံနေပြီဖြစ်ကြောင်း လုံခြုံရေး အခြေအနေအရ အမည်မဖော်လိုသည့် တယ်လီနော မြန်မာ ဝန်ထမ်းနှစ်ဦးက Reuters သတင်းဌာနသို့ ပြောသည်။
တယ်လီနောကလည်း ယင်းတောင်းဆိုချက်ကို လိုက်နာခဲ့သည်ဟု ၎င်းတို့က ပြောသည်။
ဝန်ထမ်းများ၏ လုံခြုံရေးအခြေအနေအရ စစ်ကောင်စီထံမှ ညွှန်ကြားချက်များကို ပြောကြားရန် မဖြစ်နိုင်ကြောင်း တယ်လီနော ပြောခွင့်ရသူအမျိုးသမီးက ယခင်က Reuters သတင်းဌာနသို့ ပြောခဲ့သည်။
You may also like these stories:
ရေပေါ်ဆီဆိုင်တည်ရာမှ တယ်လီနောမြန်မာကို ပိုင်ဆိုင်လာမည့်သူ
တယ်လီနောမြန်မာရောင်းချမှု စစ်တပ်နှင့် နီးစပ်သည့်ကုမ္ပဏီပါ၍ ကန့်ကွက်ခံနေရ
ရေတပ်ဦးစီးချုပ် နှစ်ဦးကြားက တယ်လီနောမြန်မာ အရောင်းအဝယ်
စစ်ကောင်စီ ဆိုက်ဘာဥပဒေကို စီးပွားရေးလုပ်ငန်းများ ဆန့်ကျင်