• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဘန်ကောက်မှသည် “ကရွန်ထပ် မဟာ နခွန်” ဆီသို့

by ဧရာဝတီ
18 February 2022
in သတင်း
A A
ဘန်ကောက်မြို့ တနေရာကို ၂၀၂၁ ခုနှစ်၊ ဇွန်လက တွေ့ရစဉ်  /  Reuters

ဘန်ကောက်မြို့ တနေရာကို ၂၀၂၁ ခုနှစ်၊ ဇွန်လက တွေ့ရစဉ် / Reuters

9.9k
VIEWS
Share on FacebookShare on Twitter

ထိုင်း တော်ဝင်အဖွဲ့အစည်းဆိုင်ရာရုံး (ORST) က မြို့တော် ဘန်ကောက်၏ အမည်ကို “ကရွန်ထပ် မဟာ နခွန်” ဟု ပြောင်းရန် အဆိုပြုလိုက်သောအခါ အင်တာနက် သုံးစွဲသူများအကြား ဝေဖန်မှုများ မြင့်တက်နေသည်။

ကရွန်ထပ် မဟာ နခွန် အမည်ကို မြို့တော် တရားဝင်အမည်အဖြစ် ၂၀၀၁ ခုနှစ်ကတည်းက သတ်မှတ်ပြီးဖြစ် သော် လည်း ဘန်ကောက်ဟုသာ ခေါ်ဝေါ်သုံးနှုန်းနေခြင်းဖြစ်ကြောင်း၊ မြို့တော် “ကရွန်ထပ်” ဆိုသည့် အသုံးအနှုန်းကို ထိုင်းလူမျိုးတိုင်း သုံးစွဲကြပြီး၊ ပြည်ပနိုင်ငံသားများအနေဖြင့် ဘန်ကောက်မြို့ဟု လူသိများကာ ခေါ်ဝေါ်သုံးစွဲကြသည်။

ထိုင်းတော်ဝင် အဖွဲ့အစည်းဆိုင်ရာရုံး (ORST) တရားဝင် အသိအမှတ်ပြု ပြောင်းလဲသုံးစွဲမည့် အမည်များတွင် တခြားသော နိုင်ငံများ၏ မြို့တော်များလည်း ပါဝင်ရာ “ရန်ကုန်” အစား “နေပြည်တော်”ကို ပြောင်းလဲ အသိအမှတ်ပြုမည်ဟု လည်း ပါရှိသည်။

ORST က အဆိုပြုသည့် နိုင်ငံများ၊ ပိုင်နက်နယ်မြေများ၊ အုပ်ချုပ်ရေးဇုန်များနှင့် မြို့တော်အမည်များ ပြောင်းလဲရေးကို ထိုင်းဝန်ကြီးချုပ်ရုံးက မူကြမ်းတင်သွင်းရာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ထိုင်းလွှတ်တော်က မူအားဖြင့် အတည်ပြု ပေးခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြသည်။ ယင်းသို့ အမည်များ ပြောင်းလဲမည် ဆိုသည့်တိုင် စိစစ်ရေးဥပဒေမူကြမ်း ကော်မတီက အတည်မပြုသေးသမျှ အသက်ဝင်မည်တော့ မဟုတ်သေးချေ။

လွှတ်တော် အစည်းအဝေးကြေညာချက်အရ ORST နှင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနမှ ကျွမ်းကျင်သူများပါဝင်သည့် ကော်မတီက နိုင်ငံတကာ ပထဝီဝင် ဒေသအမည်များ၊ နိုင်ငံများ၏ စာလုံးပေါင်းများ၊ ပိုင်နက်များ၊ အုပ်ချုပ်ရေး ဇုန်များ နှင့် မြို့တော်များဆိုင်ရာ အဘိဓာန်အတွက် လက်ရှိကာလနှင့် ကိုက်ညီစေရန်ဟု ဆိုသည်။

RelatedPosts

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
46
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
60
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
50

၂၀၀၁ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်နေ့က ဝန်ကြီးချုပ်ရုံး၏ ယင်းဒေသနှင့် မြို့အမည်များ ပြောင်းလဲရေး မူကြမ်းကို ယခုကြေညာချက်ဖြင့် ပယ်ဖျက်လိုက်ခြင်းဖြစ်ကာ ယမန်နှစ် စက်တင်ဘာလ ၁ ရက်နေ့က ORST ကြေညာချက်ကို အသုံးပြုကာ အဆင့်ထပ်မြှင့်လိုက်ခြင်း ဖြစ်သည်။

အဆင့်မြှင့်သတ်မှတ်မှုအရ မြို့တော် “ဘန်ကောက်” ကို “ကရွန်ထပ် မဟာ နခွန်” ဟု တရားဝင် ပြောင်းလဲ ခေါ်ဆိုရလိမ့်မည် ဖြစ်သည်

ယင်းသို့ အဆင့်မြှင့်သတ်မှတ်မှုအရ မြို့တော် “ဘန်ကောက်” ကို “ကရွန်ထပ် မဟာ နခွန်” ဟု တရားဝင် ပြောင်းလဲ ခေါ်ဆိုရလိမ့်မည် ဖြစ်သည်။ သို့သော် ယင်းအမည်သစ်နောက်တွင် “ဘန်ကောက်” ဟု ကွင်းစကွင်းပိတ်ဖြင့် ထည့်မည်ဟုလည်း ဆိုသည်။

ORST ၏ အဆိုပြုချက်သစ်အရ အခြားနိုင်ငံများနှင့် ပတ်သက်၍ အီတလီမြို့တော်ကို Rome နှင့် Roma, မြန်မာနိုင်ငံရှိ မြို့တော်ကို ရန်ကုန်မှ နေပြည်တော်၊ Kingdom of Nepal ကို the Federal Democratic Republic of Nepal ဟု ပြောင်းလဲ ခေါ်ဆိုရမည်ဖြစ်သည်။

အစိုးရ လက်ထောက် ပြောခွင့်ရှိသူ မစ္စ ရာချာဒါ ဒါနာဒီရက်က မြို့တော်အမည်နှင့် ပတ်သက်၍ အထူးတလည် ပြောင်းလဲမည် မဟုတ်ဘဲ ၂၀၂၁ ခုနှစ်က သုံးနေသည့် “ကရွန်ထပ် မဟာ နခွန် – ဘန်ကောက်” အစား “ကရွန်ထပ် မဟာ နခွန် (ဘန်ကောက်)” ဟု နာမည်နှစ်ခုကြား တုံးကလေး (-) ကို ဖျောက်ကာ ကွင်းစကွင်းပိတ်ကလေးသာ ပြောင်းလဲမည်ဟု ဆိုသည်။

ထိုင်းတော်ဝင် အဖွဲ့အစည်း အဘိဓာန်များ / National Electronics and Computer Technology Center) Bangkok Post

ORST က အမည်နှစ်ခုလုံးကို အသုံးပြုနိုင်သည် ပြောသော်လည်း Facebook လူမှုကွန်ရက်တွင် လူထုဝေဖန်မှု မြင့်တက်နေသည်။ စတုတ္ထမြောက် ရာမဘုရင်၏ ရှင်းလင်းချက်အရ “ဘန်ကောက်” ဆိုသော အမည်သည် ထိုင်းဘုရင့်နိုင်ငံဟောင်း၏ မြို့တော် ထွန်ဘူရီ၏ အမည်ဟောင်း ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၎င်းမြို့သည် ဘန်ကောက်နွိုင်နှင့် ဘန်ကောက်ယိုင် တူးမြောင်းတလျှောက် ရှိသောကြောင့် ဖြစ်ကြောင်း ဆိုသည်။

ဘန်ကောက် အုပ်ချုပ်ရေးမှူး မစ္စတာ အာစဝင် ခဝမ်မောင်းကမူ မြို့တော်၏ အမည်မှန်မှာ ကရွန်ထပ် မဟာ နခွန်ဖြစ်ပြီး ၂၀၀၁ ခုနှစ်ကတည်းက ပြောင်းလဲ အတည်ပြုပြီး ဖြစ်ကြောင်း၊ သို့သော် နိုင်ငံခြားသားများက ဘန်ကောက်ဟုသာ ဆက်လက် ခေါ်ဆိုနေကြကြောင်း ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ပြောကြားသည်။

မြို့တော်၏ ကြီးကျယ်ခမ်းနားမှုကို ထင်ဟပ်စေမည့် ကရွန်ထပ် မဟာ နခွန်အမည်ကို တရားဝင်အဖြစ် သဘောတူသည်ဟု ထိုင်းယဉ်ကျေးမှုဝန်ကြီး မစ္စတာ အစ်ထိပိုးလ် ခွန်ပလိုမေကလည်း ပြောဆိုသည်

မြို့တော်၏ ကြီးကျယ်ခမ်းနားမှုကို ထင်ဟပ်စေမည့် ကရွန်ထပ် မဟာ နခွန်အမည်ကို တရားဝင်အဖြစ် သဘောတူသည် ဟု ထိုင်းယဉ်ကျေးမှုဝန်ကြီး မစ္စတာ အစ်ထိပိုးလ် ခွန်ပလိုမေကလည်း ပြောဆိုသည်။ “ဘန်ကောက်” ဆိုသော အမည်ကို ရုပ်ရှင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး လုပ်ငန်းများတွင်သာ အများဆုံး တွေ့ရမည်ဟုလည်း သူက ပြောသည်။

ချုလာလောင်ကွန်း တက္ကသိုလ်မှ စီးပွားရေးပညာ ကထိကဟောင်း ဆွမ်ကီယတ် အိုဆော့ဆာပါကမူ ထိုင်းမြို့တော် အမည်ကို နိုင်ငံခြားသားများက “ဘန်ကောက်”၊ အတိုကောက်အားဖြင့် BKK သာ ခေါ်ကြပြီး လူသိများ အမှတ်အသား တခု ဖြစ်နေပြီး ဖြစ်သည်ဟု Facebook တွင် ရေးသားသည်။

ဘန်ကောက်မြို့တော်ဆိုသည့် အမည်ကို အခြားနိုင်ငံများက အသိအမှတ်ပြုထားသည်မှာ ဆယ်စုနှစ် များစွာ ရှိနေပြီး အသစ်ပြောင်းမည့် ရှည်လျားသော အမည်ကို နိုင်ငံခြားသားများ စားလုံးပေါင်းရခက်၊ အသံထွက်ရ ခက်လိမ့်မည် ဟုလည်း သူက ထောက်ပြသည်။

မြန်မာကျောင်းသူ နန်းမွေဖောင်ကလည်း ကရွန်ထပ် မဟာ နခွန်ဆိုသည်ထက် ဘန်ကောက်က နိုင်ငံခြား ခရီးသွားများအဖို့ ခေါ်ရလွယ်မည်ဖြစ်ကြောင်းနှင့် မြို့တမြို့၊ နာမည်နှစ်မျိုး ဖြစ်နေလျှင် ထိုင်းများနှင့် နိုင်ငံခြားသားများအကြား ဆက်သွယ်ပြောဆိုရေး ရှုပ်လာလိမ့်မည်ဟု ဘန်ကောက်ပို့စ်သို့ ပြောထားသည်။

ထိုင်းတက္ကသိုလ်တခုတွင် တက်ရောက်နေသည့် အသက် ၂၂ နှစ်အရွယ် မြန်မာကျောင်းသူ နန်းမွေဖောင်ကလည်း ကရွန်ထပ် မဟာ နခွန်ဆိုသည်ထက် ဘန်ကောက်က နိုင်ငံခြား ခရီးသွားများအဖို့ ခေါ်ရလွယ်မည်ဖြစ်ကြောင်းနှင့် မြို့တမြို့၊ နာမည်နှစ်မျိုး ဖြစ်နေလျှင် ထိုင်းများနှင့် နိုင်ငံခြားသားများအကြား ဆက်သွယ်ပြောဆိုရေး ရှုပ်လာလိမ့်မည်ဟု ဘန်ကောက်ပို့စ်သို့ ပြောထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လာရောက် လုပ်ကိုင်နေသည့် ကုမ္ပဏီဝန်ထမ်း အာရှစ် ခါတွန်က ထိုင်းများ နေ့စဉ် ပြောလေ့ရှိ သည့်အတိုင်း “ကရွန်ထပ်” ဟု မသုံးစွဲဘဲ ထိုင်းအများစု သိထားပြီးဖြစ်သည့် “ကရွန်ထပ် မဟာ နခွန်” ဟု တရားဝင် အဘယ်ကြောင့် ပြောင်းချင်သနည်းဟု ဆိုသည်။

အမှန်ကတယ် ပြောရလျှင် ကရွန်ထပ် မဟာ နခွန်ကို အမည်ရှည်လျားသည်ဟု ပြောကြသော်လည်း မောင်းကွတ် ဘုရင်လက်ထက် ဘန်ကောက်မြို့၏ အမည်အပြည့်အစုံမှာ “Krungthepmahanakhon Amonrattanakosin Mahintharayutthaya Mahadilokphop Noppharatratchathaniburirom Udomratchaniwetmahasathan Amonphimanawatansathit Sakkathattiyawitsanukamprasit” ဖြစ်ကြောင်း ရန်ကုန်ရှိ ထိုင်းဘာသာစကား ကျွမ်းကျင်သူ ပါမောက္ခ တဦးက ပြောပြသည်။ ထိုအမည်တွင် ပါဠိနှင့် သက္ကတ စကားလုံးများ ပါဝင်နေပြီး ထိုမြို့အမည်ကို ဂင်းနက်စ် ကမာ္ဘ့စံချိန် မှတ်တမ်းကပင် ကမာ္ဘ့အရှည်ဆုံး မြို့နာမည်ဟု သတ်မှတ်ထားသည်။

ထိုင်းလူမျိုးများ အတိုကောက်အားဖြင့် ခေါ်ကြသည့် ကရွန်ထပ်၏ အဓိပ္ပာယ်မှာ “ကရွန်” က “မြို့တော်” ဖြစ်ပြီး “ထပ်” က “နတ်ဒေဝါ” ဖြစ်သည်။ ထို့ကြောင့် နတ်ဒေဝတာများ ဖန်ဆင်းသည့် မြို့တော်ဟု အဓိပ္ပာယ် ကောက်ရဖွယ်ရှိသည်။

မြန်မာနိုင်ငံတွင်လည်း လမ်းအမည်၊ တံတားအမည်များကဲ့သို့သော အမည်များကို ကိုလိုနီခေတ်က အတိုင်းမဟုတ်ဘဲ အစိုးရပိုင်းများက ပြောင်းလဲမှုများ ရှိသကဲ့သို့ တိုင်းရင်းသား ဒေသများတွင်လည်း ကယား အစား ကရင်နီ စသည်ဖြင့် မိမိတို့ ရှေးက ပြောဆိုဖူးသည့်အတိုင်း ဒေသခံ တိုင်းရင်းသားများက ပြောင်းလဲခေါ်ဝေါ်မှုများလည်း ရှိကြပါသည်။

ဖိလစ်ပိုင် သမ္မတ ဒူတာတေးသည်လည်း “ဖိလစ်ပိုင်” ဟူသော အမည်သည် ၎င်းတို့ကို ကိုလိုနီပြုခဲ့သည့် စပိန်ဘုရင်အမည် ဖြစ်သည်ဟုဆိုကာ ၂၀၁၉ ခုနှစ်ဝန်းကျင်က ဖိလစ်ပိုင်နိုင်ငံကို “မဟာလိကာ သမ္မတနိုင်ငံ” (The Republic of Maharlika) ဟု အမည်ပြောင်းလိုကြောင်း လူသိရှင်ကြား ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် ဖြစ်မလာခဲ့ပေ။

Source: Bangkok Post

Your Thoughts …
Tags: FacebookORSTကရွန်ထပ် မဟာ နခွန်ထိုင်းနေပြည်တော်ဖိလစ်ပိုင်ဘန်ကောက်ရန်ကုန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.6k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

by ဧရာဝတီ
28 April 2025
37.6k

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သမိုင်းကြောင်းအရသာမက လုံခြုံရေး အင်္ဂါရပ်နဲ့ ညီညွတ်တဲ့ ပျဉ်းမနားတဝိုက်ကို ရွေးချယ်ချင်သလို…

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.4k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

by ဧရာဝတီ
24 November 2023
30.3k

စစ်ကောင်စီသည် မန္တလေး၊ ပဲခူးနှင့် ရန်ကုန် ဒေသများမှ တိုက်ခိုက်ရေး တပ်အင်အား ၁၀,၀၀၀ ခန့်ကို နေပြည်တော် ပြည်ထောင်စုနယ်မြေမှ စခန်းများသို့ ရွှေ့ပြောင်းနေကြောင်း နေပြည်တော်မှ စစ်အရာရှိများနှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။

ခြောက်လုံးတန်း “ခွင့်တိုင်ရပြီ”

ခြောက်လုံးတန်း “ခွင့်တိုင်ရပြီ”

by ဧရာဝတီ
21 April 2025
28.1k

မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် အခြား ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးများ ဖြစ်သော ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၊ ဗိုလ်ချုပ်ကြီး တင်အေး၊ ဗိုလ်ချုပ်ကြီး ရွှေမန်း နှင့်...

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

by ဧရာဝတီ
1 December 2023
25.1k

လွန်ခဲ့သောလအတွင်း စစ်ကောင်စီ ပြောခွင့်ရသူ ဇော်မင်းထွန်း၏ ဗြောင်အကျဆုံးလိမ်ညာမှုများကို ဧရာဝတီသတင်းဌာနက အချက်အလက် စစ်ဆေးဖော်ထုတ်လိုက်သည်။

Next Post
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း / ဧရာဝတီ

UEC ဥက္ကဌ ဦးလှသိန်းနှင့် အဖွဲ့ဝင် ၂ ဦးကို အာမခံမပေးလို၍ ကျင့်ထုံးပုဒ်မဖြင့် တရားစွဲထား

ထားဝယ်အကျဉ်းထောင်

ထားဝယ်ထောင်မှ နိုင်ငံရေး အကျဉ်းသူ ၃ ဦး အရေးပေါ် ဆေးကုသရန်လိုနေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved