• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

စစ်ကောင်စီ၏ အပစ်ရပ်ရေး ကြေညာချက် လက်နက်ကိုင်အဖွဲ့တွေ မယုံကြည်

by ဧရာဝတီ
29 September 2021
in အင်တာဗျူး
A A
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် / ဧရာဝတီ 

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် / ဧရာဝတီ 

41k
VIEWS
Share on FacebookShare on Twitter

စစ်တပ်က အာဏာသိမ်းပြီးနောက် ညှိနှိုင်းနေဆဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အားလုံး ရပ်တန့်ပြတ်တောက်သွားပြီး လက်နက်ကိုင်တော်လှန်သည့် အဖွဲ့အသစ်များလည်း ပြည်နယ်နှင့်တိုင်းအသီးသီးတွင် ပေါ်ပေါက်လာကာ စစ်ရေး ပဋိပက္ခများ နိုင်ငံတဝှမ်း ဖြစ်ပွားနေစဉ် စစ်ကောင်စီက ၅ လတာ အပစ်ရပ်ပေးကြောင်း စက်တင်ဘာ ၂၇ ရက်တွင် ကြေညာလိုက်သည်။

သို့သော် ခြွင်းချက်မရှိ ရပ်ဆိုင်းပေးခြင်း မဟုတ်ဘဲ နိုင်ငံတော် ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ၊ နိုင် ငံတော် အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေး ယန္တရားများအား နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပသာ ၎င်းတို့၏ စစ်ရေး လှုပ်ရှားမှုများကို ရပ်ဆိုင်းပေးမည်ဟု ဆိုထားသည်။

ထိုသို့ အပစ်ရပ်ဆိုင်းပေးကြောင်း ကြေညာခြင်းကို စစ်တပ်သည် ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်တွင် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် ပဏာမအပစ်ရပ်စာချုပ် စတင်ဆွေးနွေးရန် သဘောတူပြီးချိန်မှစ၍ လပိုင်းအလိုက် ရပ်ဆိုင်းကြောင်း ထုတ်ပြန် ချက်များ ထုတ်ခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်နှင့်ဆိုလျှင် အကြိမ် ၂၀ ရှိပြီ ဖြစ်သည်။

သို့သော်လည်း နိုင်ငံတဝှမ်းမြေပြင်တွင် စစ်ရေးပဋိပက္ခများက အရှိန်မြင့်တက်လျက်ရှိရာ ယခုကဲ့သို့ စစ်ကောင်စီဘက် မှ အပစ်ရပ်ဆိုင်းကြောင်း ၅ လတာ ထုတ်ပြန်မှုအပေါ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေး တပ် (PDF) များ၏ သဘောထား သုံးသပ်ချက်များကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါသည်။

ပြောရေးဆိုခွင့်ရှိသူ
Chinland Defense Force (CDF)၊ မင်းတပ်မြို့နယ်

ကျနော်တို့ CDF မင်းတပ်ရဲ့ သဘောထားက စစ်ကောင်စီက အပစ်အခတ် ရပ်သည်ဖြစ်စေ၊ မရပ်သည်ဖြစ်စေ အတူတူ ပဲ။ အတူတူပဲဆိုတာ ရှေ့ပိုင်းမှာ အပစ်အခတ်ရပ်ပြီး ထိုးစစ်ဆင်ချင်သလိုဆင်တယ်။ ဖမ်းချင်သလို ဖမ်းနေတာပဲ။ အပစ် အခတ်ရပ်စဲတယ် ပြောပြီဆိုရင် ကျနော်တို့ကတော့ ဘာအရူးထပြန်ပြီလဲလို့ပဲ မြင်တယ်။ ဘာအယုံအကြည်မှ မရှိပါဘူး။ ကျနော်တို့ အတွက်ကတော့ ရပ်စဲတယ် ပြောပြော၊ မပြောပြော အတူတူပါပဲ။ စောင့်ကြည့်စရာရှိတာ စောင့်ကြည့်တယ်။ ပြင်ဆင်စရာရှိတာ ပြင်ဆင်တယ်။ အထူးတလည်တော့ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတာ ကိုယ့်အချင်းချင်း ထဲတောင် အလေးပေး ဆွေးနွေးတာ မရှိပါဘူး။

စကစက ဘာကြေညာညာ အကုန်လုံးကို ပြောင်းပြန် မှတ်ယူရမှာပဲ။ NUG က လူထုကို ထိခိုက်အောင် လုပ်နေပါတယ် ဆိုရင် NUG က လူထုကို ကူညီနေတာပါ။ PDF တွေက နှောင့်ယှက် ဖျက်ဆီးနေတယ်ဆိုရင် PDF တွေက တတ်နိုင် သလောက် ကာကွယ်နေတာ သူတို့တွေက နှောင့်ယှက် ဖျက်ဆီးနေတာပါ။ ဒါကလည်း အရင်တုန်းကလို ပိတ်လှောင် ထားတဲ့ခေတ်၊ ဓာတ်ပုံ သတင်းအချက်အလက်တွေ မကြားရတဲ့ခေတ် မဟုတ်တော့ပါဘူး။ သက်သေ အထောက် အထားတွေနဲ့ ချီပြီး ပြောရရင် စကစ ပြောတာတွေကို ပြောင်းပြန်သတ်မှတ်လိုက်မှပဲ အမှန်တရားနဲ့ နီးစပ်မယ်လို့ နိုင်ငံ တကာကလည်း သိပါတယ်။

ပြန်ကြားရေးတာဝန်ခံ
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)

အပစ်အခတ် ရပ်တယ်ဆိုတာ အမြင်လှအောင်ပါ။ ကမ္ဘာမှာ အရက်စက်ဆုံးစစ်တပ်က လူလိမ်ကျပြီး ကျနော်တို့ကို လိမ်ပြီး ထုတ်တာပါ။ မြေပြင်မှာ ထိုးစစ်ဆင်နေတာက လေကြောင်းရော၊ ကုန်းကြောင်းရော အလုံးအရင်းနဲ့ ကရင်နီ ပြည်ဘက်ကို ထိုးစစ်ဆင်နေတာ စစ်ပွဲက ရပ်တာ မဟုတ်ပါဘူး။ ကြိုတင်ပြင်ဆင်နေတာလို့ပဲ ကျနော်တို့ နားလည် တယ်။ မြေပြင်မှာလည်း တကယ်ကို တိုက်နေပါတယ်။ မနေ့ညကလည်း ကျနော်တို့ ရဲဘော် ၁ ယောက် ကျတယ်။ သူတို့ဘက်က ဆယ်နဲ့ချီပြီး ကျတယ်။ သူတို့ စစ်အင်အားကို ပြန်ဖြည့်နေတယ်။ စစ်တပ်က အပစ်အခတ် ရပ်တယ် ဆိုတာ ကျနော်တို့ ဘယ်တော့မှ မယုံပါဘူး။

မနေ့ကလည်း  ကလောဘက်ကနေ ပင်လောင်း၊ ဖယ်ခုံလမ်းအတိုင်း သူတို့ ဝင်လာတယ်။ ဒီးမော့ဆို၊ လွိုင်ကော် ဘက် ကို အင်အားဖြည့်ဖို့ လာနေတာ စစ်ကားအစီး ၄၀ ရှိပါတယ်။ တပ်မ တမစာပေါ့။ လက်ရှိ သူတိ့ု့ မိုးဗြဲနယ်စပ်မှာ ကယား ပြည်နယ်နဲ့ ရှမ်းပြည်နယ်၊ နယ်စပ်မှာ ရောက်နေပြီလို့ သိရတယ်။ သူတို့ရဲ့ ထိုးစစ်ဆင်မယ့် စစ်ကူလမ်းကြောင်း က ရောက်နေပြီ။ ကျနော်တို့ ပြောနိုင်တာ လောလောဆယ် သူတို့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းချီလာနေတယ်။ တဖက်မှာ ဒေသခံတပ်ရင်းတွေ၊ လူထုတွေရှိတဲ့ နေရာရော၊ မရှိတဲ့နေရာရော လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပြီး ထု တယ်။ အဓိက သူတို့စစ်ကြောင်း ရောက်နိုင်အောင် ပို့နေတယ်။ ကျနော်တို့ကတော့ မနေ့ညက ဖြတ်တိုက်မှုတွေ လုပ် ခဲ့တယ်။ ဒါပေမယ့် ဆက်ပြီး ထွက်လာနေတယ်။ စစ်ကောင်စီရဲ့ စီစဉ်မှု ဘယ်လို ရှိမယ်ဆိုတာ ကျနော်တို့ မသိဘူး။ ဒါပေမဲ့ သူတို့ ဆက်လာနေရင်တော့ တိုက်ရမှာပဲလို့ ကျနော်တို့ ဆုံးဖြတ်ထားပါတယ်။

ဗိုလ်မှူးကြီးနော်ဘူ
သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)

ကျနော်တို့ KIO အနေနဲ့တော့ ကြေညာချက်အပေါ်မှာ ဘာမှ သဘောထား ချမှတ်တာတွေ မရှိသေးပါဘူး။ မနေ့ကပဲ ထုတ်ပြန်တယ်ဆိုတော့ ကျနော်တို့ ဗဟိုကေ်ာမတီကလည်း အခုထက်ထိ သုံးသပ်တာ၊ သဘောထား ချမှတ်တာတွေ မရှိသေးပါဘူး။ ကျနော်လည်း အဲဒါကြောင့် ဘာမှပြောလို့ မရပါဘူး။

အခုလည်းပဲ အရင်ပုံစံအတိုင်းပဲ ဆက်လုပ်မယ် ဆိုရင်တော့ ထိရောက်မှု ရှိမယ်လို့ ကျနော်မထင်ပါဘူး။ အပစ်အခတ် ရပ်စဲရေးလုပ်ပြီးမှ တိုက်ပွဲတွေလည်း လုပ်ခဲ့တယ်။ နောက်တခုရှိတာ တွေ့ဆုံဆွေးနွေးတဲ့ နေရာမှာလည်း အကန့်အ သတ်နဲ့ ဆွေးနွေးတယ်။ ဒါမျိုးဆို ရှေ့မတိုးဘူး ဖြစ်နေတာ။ အခုလည်း ၅ လ ဆိုတဲ့ အပစ်အခတ် ရပ်စဲရေး လုပ်တာက သူက စစ်မှန်တဲ့ တရားတဲ့ ထာဝရငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးကို အကောင်အထည် ဖော်မယ်ဆိုရင် လမ်းပြမြေပုံ (Road Map) တွေ၊ အစီအစဉ်တွေ၊ တိတိကျကျ စီမံကိန်း/စီမံချက်တွေ ပါရင်တော့ သုံးသပ်လို့ ရတာပေါ့။

အခုက ဘာမှမပါပဲ အပစ်အခတ်ရပ်စဲရေးဆိုတော့ အရင်လိုပဲ ဖြစ်မယ်လို့ ကျနော် ထင်ပါတယ်။ ဒါက KIO သဘော ထားတော့ မဟုတ်ဘူး။ ကျနော့် သုံးသပ်ချက်ပဲ ဖြစ်ပါတယ်။ အရင်က ဆွေးနွေးတာမှာ ကန့်သတ်ချက်တွေ ဆိုတာက သူတို့ ခဏခဏပြောတာ ဒါတွေ မဆွေးနွေးရဘူး၊ ဒါဖြစ်မှ ဆွေးနွေးမယ် ဆိုတာတွေပေါ့။ ဥပမာ – ပြည်ထောင်စုက မခွဲ ထွက်ရေး လက်မှတ်ထိုးရမယ် ဒါမျိုးတွေ။ တခုတည်းသော တပ်မတော်ပဲ ရှိရမယ်၊ အဲဒီအောက်မှာပဲ ဆွေးနွေးမယ်ဆို ပြီး ကြိုတင်ကန့်သတ်တာ၊ စည်းကမ်းချက်တွေ ချတာပေါ့။ ပွင့်ပွင့်လင်းလင်း အားလုံးရဲ့ သဘော ထားတွေကို တင်ပြဖို့ မရှိတဲ့ ပုံစံပါ။ အဲဒါမျိုးပဲ ဆက်သွားမယ်ဆိုရင် သိပ်ပြီးထိရောက်မယ် မထင်တာကို ကျနော် ပြောတာပါ။

ဒီကြားထဲမှာတော့ ဆွေးနွေးဖို့ ပြောတာတွေ ကျနော် မကြားမိပါဘူး။ ကချင်ပြည်နယ်ဘက်မှာတော့ ကြီးကြီးမားမား စစ်ဆင်ရေးတွေ လုပ်တာ မတွေ့ပါဘူး။ သူတို့ တပ်ဝန်းကျင်မှာတော့ အမြဲတမ်း လှုပ်ရှားနေပါတယ်။ စစ်အင်အားတွေ ထပ်တိုးတာတွေ၊ လက်နက်တွေ ထပ်စုတာတွေ အမြဲတမ်း လုပ်နေတာ။ ဒါကြောင့် ထိတွေ့ရင်ဆိုင်တိုက်ပွဲတွေကတော့ ခဏခဏ ဖြစ်တဲ့ပုံစံ ရှိပါတယ်။ ရှမ်းမြောက်ဘက်ကတော့ မုံးကိုးမှာ MNDAA နဲ့ ၂ လဆက်တိုက် တိုက်ပွဲတွေ ဖြစ်တာ ရှိတယ်။ တခြားနယ်မြေမှာလည်းပဲ သူတို့ လှုပ်ရှားနေတော့ ခုခံတိုက်ပွဲတွေက ခဏခဏ ဖြစ်တာရှိပါတယ်။ ဒါပေမယ့် ကြီးမားတဲ့ စစ်ဆင်ရေးတွေ လုပ်တာတော့ မတွေ့ရပါဘူး။

တပ်ဖွဲ့ခေါင်းဆောင်
ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (PDF)

အပစ်အခတ် ရပ်စဲရေး ဆိုတာက ကျနော်တို့ နိုင်ငံမှာ အလုပ်မဖြစ်တဲ့ ကိစ္စကြီး။ အပစ်အခတ် ရပ်စဲတယ် ဆိုတာကို ဘယ်သူကမှလည်း ကတိကဝတ် မတည်ဘူး။ အချိန်ကာလ အတိုင်းအတာတခုမှာ ဘာရည်ရွယ်ချက်နဲ့လဲ ဆိုတာ ရှိမှာ ပဲ။ အဓိက အပစ်အခတ် ရပ်စဲချင်တယ်ဆိုရင် ပြည်သူလုထုကို အာဏာ ပြန်အပ်လိုက်ပေါ့။ ပြည်သူတွေ တင်မြှောက် ထားတဲ့ အစိုးရကို အာဏာပြန်ပေးလိုက်။ သူတို့ ဆင်းသွားလိုက်တော့။ အဲဒါက ၅ လ မကဘူး တသက်လုံး အပစ်ရပ် တယ်။ စစ်ပွဲတွေရဲ့ ဆိုးကျိုးလည်း ချုပ်ငြိမ်းသွားလိမ့်မယ်။ တိုင်းပြည် အေးချမ်းတယ်။ အဲဒီ ၅ လဆိုတာ ဘာမှ ယုံလို့ မရဘူး။ အဲဒီ ၅ လ အတွင်းမှာ ဟိုနဲ့ရပ်လိုက် ဒီကိုတိုက်လိုက်၊ ဒီနဲ့ရပ်လိုက် ဟိုကိုတိုက်လိုက် ဆိုတာမျိုးပဲ။ သူတို့က စစ်ပွဲနဲ့ ပတ်သက်ပြီး ဆိုးကျိုးကို သိသွားလို့ ရပ်တာမျိုး မဟုတ်ဘူး။ ဒီ ၅ လအတွင်းမှာ ကောက်ကျစ်တဲ့ ဗျူဟာတွေ ချချင်လို့ ရပ်တာပဲ ဖြစ်တာ။ အပစ်အခတ်ရပ်တာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က စိတ်မဝင်စားဘူး။

အပစ်အခတ် ရပ်တယ်ဆိုတာကို နိုင်ငံတကာက ဖိအားပေးတယ်ဆိုတာ တမျိုးကြီးဗျ။ ဥပမာ ကလေး ၂ ယောက် ရန်ဖြစ်တယ်။ အဲဒီကလေး ၂ ယောက်မှာ ၁ ယောက်ရဲ့ပစ္စည်းကို ၁ ယောက်က လုတယ်ဆိုရင် သူတို့ ရန်ဖြစ်ကြတယ် ဆိုရင် ရန်ဖြစ်တာကို လာခွဲပြီးတော့ မင်းလည်း တော်တော့၊ မင်းလည်း တော်တော့ ဆိုရုံနဲ့ သမာသမတ်ကျတဲ့၊ ငြိမ်း ချမ်းရေးဆန်တဲ့ အဓိပ္ပာယ်မျိုးတော့ မသက်ရောက်ဘူး။ အဓိက ဖြစ်တာက ဒီပစ္စည်း လုသွားတာကနေ ဖြစ်တာကိုး။ အဲဒီတော့ ဒီပစ္စည်းကို မူလပိုင်ရှင်ထံ ပြန်အပ်ဖို့ ပြန်ရောက်သွားဖို့က အဓိက ပိုကျပါတယ်။

နိုင်ငံတကာက အပစ်အခတ်ရပ်ပါ ဆိုရင်လည်း ကျနော်တို့ ပြည်သူတွေက အပစ်အခတ် ရပ်မယ်။ ကျနော်တို့  ပြည် သူတွေဆီက စစ်ကောင်စီ လုယူသွားတဲ့ အာဏာကိုကျတော့ ဘယ်သူက ဘယ်လို တာဝန်ယူပေးကြမှာလဲ အဲဒီ နိုင်ငံ တကာက။ ကျနော်တို့က အပစ်အခတ်ကို စိတ်ပါလို့ လုပ်နေကြတာမှ မဟုတ်တာ။ ကျနော်တို့မှာ ပြည့်စုံတဲ့၊ လေ့ကျင့် ထားတဲ့ အရည်အသွေးလည်း မရှိဘူး။ မလွှဲသာလို့ ကျနော်တို့ဆီက မတရားသဖြင့် လုယူသွားတဲ့ ပစ္စည်းအတွက် မရ ရတဲ့နည်းနဲ့ တိုက်ယူနေရတာ။ အဲဒီမှာ ရပ်လိုက်ပါဆိုရင် ကျနော်တို့ဆီက လုယူသွားတဲ့ ပြည်သူ့အာဏာကို ဘယ်သူ ပြန်တောင်းပေးကြမှာလဲ။  အဲဒါကို နိုင်ငံတကာက ငြိမ်ချမ်းရေးသဘောနဲ့ အပစ်ရပ်ဖို့ ပြောချင်ပြောလိမ့်မယ်။ ဒါက မပြည့်စုံတဲ့ သဘောလို့ပဲ ပြောချင်တယ်။

ပဒိုစောလှထွန်း
တွဲဖက်အထွေထွေအတွင်းရေးမှူး (၂)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)

ကျနော်တို့လည်း တွေ့ပါတယ်။ တခုထူးခြားတာက အရင်က ပုံမှန်တလတကြိမ် အပစ်ရပ်ဖို့ ကြေညာတာပေ့ါ။ အခု တိုက်ရိုက် ၅ လ အပစ်ရပ် သက်တမ်းတိုးလိုက်တော့ အပစ်ရပ် သက်တမ်းတိုးတဲ့ ပုံစံက ပြောင်းသွားတယ်။ ဒါက ထူးခြားချက် ဖြစ်တယ်။ ဘာကြောင့် ၅ လ တိုးရသလဲပေါ့။ သူကတော့ ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့ကို ရည်ရွယ် ပြီးတော့မှ ပြောတာပေါ့။ ဒါပေမဲ့ ပြည်ထောင်စုလို့ ပြောလိုက်ရင်လည်း ကျနော်တို့ နိုင်ငံက ပြည်ထောင်စုပုံစံ မရှိခဲ့ ဘူးပေါ့။ တပြည်ထောင် ပုံစံနဲ့ပဲ အုပ်ချုပ်ခဲ့တယ်။ စစ်အာဏာရှင်နဲ့ပဲ အုပ်ချုပ်ခဲ့တာပေါ့။  ပြည်ထောင်စုလို့ပြောရင် စစ် မှန်တဲ့ ပြည်ထောင်စုကိုတော့ ပြသဖို့ လိုတာပေါ့။

အရင်တုန်းက  တလတကြိမ်တိုးလည်း တိုက်ပွဲတွေက ဖြစ်တာပဲ။ ဖြစ်ရတဲ့ အကြောင်းရင်းကလည်း  ကျနော်တို့ တိုင်း ရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းနယ်မြေ ကိုယ့်ဒေသ ကိုယ့်အုပ်ချုပ်မှုမှာပဲ နေကြတယ်။ သူတို့ကို  သွားတိုက်တာ မဟုတ်ဘူး။ တပ်မတော်ကသာ EAO နယ်မြေထဲမှာ တက်လာပြီးတော့  စစ်ဆင်ရေးလုပ်ပြီးတော့ တိုက် ပွဲတွေ ဖြစ်တာပေါ့။ သူတို့သာ အပစ်အခတ်ရပ်စဲဖို့ တကယ်ဆန္ဒရှိတယ်ဆိုရင် ကိုယ့်ဒေသ ကိုယ့်ကန့်သတ်တဲ့ နေရာ မှာပဲ နေပေါ့။ အဲဒါဆိုရင် ဘာမှ ပြဿနာမရှိဘူး။ တဖက်မှာလည်း  ပြည်ထောင်စုကို တည်ဆောက်ချင်တော့ နိုင်ငံရေး ဆန္ဒနဲ့ ပြန်လုပ်ရမယ့် အပိုင်းတွေတော့ ရှိတယ်။

ပြောတာက အပစ်အခတ် ရပ်စဲရေး ပြောတယ်။ ပြီးတော့ တိုင်းရင်းသား နယ်မြေတွေထဲ တက်လာပြီးတော့ လက်တွေ့ မှာတော့ အင်အားတွေ တိုးချတာမျိုးတွေ ရှိတယ်။ စစ်ရေး လှုပ်ရှားတာတွေ ရှိတယ်။ တကယ် အပစ်အခတ် ရပ်ချင် ရင်တော့ သူတို့ဘက်က စစ်ရေးလှုပ်ရှားတာတွေ ရပ်တန့်ဖို့ လိုတယ်။

ပြန်ကြားရေးတာဝန်ခံ
ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (PDF)

တကယ်တမ်း သူတို့ အပစ်ရပ်တယ်ဆိုရင် သူတို့ စကားကို ပြောင်းပြန်ကောက်မှပဲ အဓိပ္ပာယ် ရှိမယ်ထင်တယ်။ သူတို့ အပစ်ရပ်တယ်ပြောပြီး အင်အားတွေ တိုးချဲ့နေတယ်။ အခုပဲ ပင်လောင်းဘက်ကနေ ကျနော်တို့ မြို့နယ်ဘက်ကို ကား အစီး ၁၀ စီးလောက်နဲ့ ထပ်ထိုးလာပြီလို့ သတင်းကြားရတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ကျနော်တို့ ထပ်စောင့်နေရတယ်။ ကျနော်တို့ဘက်ကိုလည်း စစ်ကြောင်းတွေ အလုံးအရင်းနဲ့ ထိုးတယ်။ မြောက်ဘက်နားမှာလည်း စစ်ကြောင်းတွေ ထိုး ထားတယ်။ နောင်ဝိုးဘက်ကနေလည်း စစ်ကြောင်းထိုးတက်လာတာ ရှိတယ်။ သူတို့က အပစ်ရပ်တယ်ပြောပြီး စစ်ကြောင်းတွေက နင်းကန်ထိုးနေတာ။ အင်အားတွေ အဆမတန်ကို ချဲ့နေတာ။ အဓိကတော့ ကယားပေါ့။ ကယား ဘက်ကိုဖိဖို့ ပြင်ဆင်ထားတဲ့ အတိုင်းအတာတွေ ရှိတယ်။

ရှင်းရှင်းပြောရရင် အစောကတည်းက မိုးဗြဲစခန်းသိမ်းတာတို့ စစ်ကောင်စီဒဏ်ကို ကျနော်တို့ မခံနိုင်လို့ တန်ပြန်တော် လှန်နေတာတွေ ရှိတယ်။ NUG က D-Day ကြေညာပြီးနောက် စက်တင်ဘာ ၈ ရက်မှာ တိုက်ပွဲတကြိမ် ဖြစ်ပြီး ကြား ထဲမှာ လုံးဝ ငြိမ်လိုက်တယ်။ ငြိမ်ရတဲ့အကြောင်းက ကျနော်တို့ ဖယ်ခုံမှာ ကိုဗစ်က တော်တော် ဆိုးဆိုးရွားရွား ကြုံနေရ တယ်။ အဲဒီအခြေအနေမှာ သူတို့ကို တိုက်တယ်ဆိုရင် ကျနော်တို့ဆီမှာ စစ်ရှောင်တွေ တောထဲ ပိုရောက်မယ်။ ရော ဂါ ဖြစ်တဲ့သူတွေနဲ့ မဖြစ်တဲ့သူတွေ တနေရာတည်း လာစုရင် ရောဂါတွေ ကူးစက်မှာစိုးလို့ ကျနော်တို့ဘက်ကပဲ ရောဂါနဲ့ ပတ်သက်ပြီး ကူးမှာစိုးလို့ ငြိမ်နေတာ။ အခုကလည်း သူတို့ မတရား အင်အားတိုးချဲ့လို့ ကျနော်တို့ ပြန်လုပ်ရတာ။ မြို့ ပေါ်မှာလည်း ပြည်သူတွေ ကိုဗစ်ဖြစ်တာ ကျနော်တို့ လူတွေပါ။ ကျနော်တို့ ပြည်သူတွေပါ။ သူတို့က ညှာတာမှု မရှိပါ ဘူး။ တမင်သက်သက်တောင် ရောဂါကူးအောင် လုပ်ထားလား။ ဒီရောဂါတွေဖြစ်လို့ ကျနော်တို့က ငြိမ်နေတာ သူတို့ က အင်အားတွေ တိုးချဲ့နေတာပါ။

အခု အခြေအနေက ပိုဆိုးလာဖို့ပဲ ရှိပါတယ်။ စစ်ကောင်စီက အပစ်ရပ်တယ်ပြောပြီး ကျနော်တို့ကို ဖိလာမယ်။ အင် အားတွေ တိုးချဲ့နေမယ်ဆိုရင်တော့ ကျနော်တို့က ခုခံစစ်တွေ ဆက်လုပ်သွားရမှာပါ။ PDF ဖြစ်တဲ့ ကျနော်တို့က စည်း လွတ်ဝါးလွတ် မလုပ်ဘူး။ NUG ရဲ့ လမ်းညွှန်မှု အောက်မှာပဲနေပြီး လုပ်တာပါ။ ပြည်သူတွေ အနေအထားကို ကြည့်ပြီး ကျနော်တို့က နေပါတယ်။ စစ်ကောင်စီက အင်အားတွေ တိုးချဲ့ပြီး တအားဖိလာရင် ကျနော်တို့ ခံနိုင်မှာ မဟုတ်ပါဘူး။ ပြန်ပြီး တွန်းလှန်ရမှာပါ။

နော်ထူးထူး
ညွှန်ကြားရေးမှူး၊ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
384
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
606
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
185

ဒီကိစ္စက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုဖြစ်လာနိုင်တယ်။ ၅ လကြာ ရပ်ဆိုင်းတယ်ဆိုတာက တကယ်ကြီး မဖြစ် နိုင်ဘူး။ သူတို့က လူ့အခွင့်အရေး ချိုးဖောက်မှုကို ကြမ်းကြမ်းတမ်းတမ်း၊ ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်ပြီးတော့မှ အပစ်ခတ် ရပ်ဆိုင်းဖို့ တောင်းဆိုတာ မဖြစ်သင့်ဘူးပေါ့နော်။ သူတို့အနေနဲ့ ၅ လအတွင်း ဘာလုပ်မှာလဲ။  ပြန်တိုက်ဖို့ အင်အားစုမှာလား၊ လက်နက်တွေစုမှာလား။ မေးခွန်းထုတ်စရာ ဖြစ်လာတယ်။

လူငယ်တွေကလည်း ဒီအတောအတွင်း မှာ နစ်နာခဲ့တာတွေ၊ သေကြေခဲ့တာတွေ အများကြီးပဲ။ ဖြစ်ကို မဖြစ်သင့် တာပေါ့နော်။ အပစ်အခတ် ၅ လ ဆိုတာ မဖြစ်နိုင်ဘူး။ အရင်ကလည်း မဖြစ်ခဲ့ဘူး။ လူတွေက တအား ခါးသီးနေ ပြီ။ မုန်းတီးနေပြီ။ မခံနိုင်တော့ဘူး။ ဒီအချိန်မှာ ခဏရပ်ပါလို့ ပြောတာ ခဏလေး ငါတို့ လူပိုသတ်လိုက်ဦးမယ်လို့ သက်ရောက်တယ်လေ။ လူငယ်တွေ၊ PDF တွေ၊ မြန်မာနိုင်ငံမှာရှိတဲ့ စစ်အာဏာရှင်ကို မလိုလားတဲ့ လူက ဘယ်လိုမှ လက်ခံမှာ မဟုတ်ဘူး။

You may also like these stories:

AA ထံ အမှုများ မတိုင်ကြားဖို့ မွတ်ဆလင်ရွာ လူကြီးများအား စစ်တပ်က ခေါ်ယူ သတိပေး

အပစ်ရပ်ရေး စစ်ကောင်စီ လိုက်နာမည် မထင်ဟု တိုင်းရင်းသား လက်နက်ကိုင်များ ပြော

လွိုင်ကော်နှင့် ဒီးမော့ဆိုတွင် ဒလန် ရှင်းလင်းရေး လုပ်မည်ဟု KNDF သတိပေး

Your Thoughts …
Tags: PDFတိုက်ပွဲတိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံအပစ်အခတ်ရပ်စဲရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post
မတ်လအတွင်း ရန်ကုန်မြို့ ဆန္ဒပြပွဲများကို နှိပ်ကွပ်နေသော အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ / ဧရာဝတီ 

စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာရန် လူ့အခွင့်အရေးကျွမ်းကျင်သူများက ကုလသမဂ္ဂကို တိုက်တွန်း

မခင်ခင်ကြွယ်နှင့် ဒေါက်တာဇင်လင်း 

မြေနီကုန်းတွင် သတ်ဖြတ်ခံရသော ဆရာဝန်၏ ဇနီးကို စစ်ကောင်စီ ဖမ်းဆီး

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved