• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာရန် လူ့အခွင့်အရေးကျွမ်းကျင်သူများက ကုလသမဂ္ဂကို တိုက်တွန်း

by ဧရာဝတီ
29 September 2021
in သတင်း
A A
မတ်လအတွင်း ရန်ကုန်မြို့ ဆန္ဒပြပွဲများကို နှိပ်ကွပ်နေသော အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ / ဧရာဝတီ 

မတ်လအတွင်း ရန်ကုန်မြို့ ဆန္ဒပြပွဲများကို နှိပ်ကွပ်နေသော အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ / ဧရာဝတီ 

46.6k
VIEWS
Share on FacebookShare on Twitter

အရပ်သားများကို ညှင်းပမ်းနှိပ်စက်မှု၊ သတ်ဖြတ်မှု၊ အသက်၂ နှစ်အထိငယ်သော ကလေးငယ်အပါအဝင် ပြည်သူများကို ဓါးစာခံအဖြစ် ဖမ်းဆီးမှုများအပါအဝင် အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်မှုများအတွက် မြန်မာစစ်ကောင်စီကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက အကြမ်းဖက် အဖွဲ့အစည်းအဖြစ်ကြေညာရန် ထင်ရှားကျော်ကြားသော ကုလသမဂ္ဂလူ့အခွင့်အရေးကျွမ်းကျင်သူများ၏ သီးခြားလွတ်လပ်သော အဖွဲ့တခုက တောင်းဆိုလိုက်သည်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် လွန်ခဲ့သော နှစ်ပတ်အတွင်း နယူးယောက်နှင့် ဂျနီဗာတွင် အစည်းအဝေး ကျင်းပနေသည့်တိုင် စစ်ကောင်စီတပ်များသည် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့တွင် စက်တင်ဘာလ တလလုံး ကလေးများအပါအဝင် အရပ်သားများကို အစုလိုက်အပြုံလိုက် အကြိမ်ကြိမ် သတ်ဖြတ်နေပြီး ရွာများကို ရွာလုံးကျွတ်မီးရှို့ကာ နေအိမ်များအတွင်းသို့ ရမ်းသမ်းပစ်ခတ်ပြီး ပြည်သူများကို သတ်နေကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးအစီရင်ခံစာ တင်သွင်းသူ ယန်ဟီလီ ပါဝင်သော မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ – Special Advisory Council for Myanmar (SAC-M) က တနင်္လာနေ့တွင်ပြောသည်။

မြန်မာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာရ အရပ်သားအစိုးရထံမှ အာဏာလုယူပြီး နိုင်ငံကိုဇောက်ထိုးမိုးမျှော်ဖြစ်သွားစေသည့် ဖေဖေါ်ဝါရီလမှ စတင်ပြီး မြန်မာနိုင်ငံသည် နိုင်ငံရေးအရ၊ လူမှုအရ ဖရိုဖရဲဖြစ်နေသည်။ ထိုအာဏာသိမ်းမှုကို ငြိမ်းချမ်းသော လမ်းမပေါ်ဆန္ဒပြပွဲများမှသည် ဆန္ဒပြသူများကို စစ်ကောင်စီက ရက်စက်ကြမ်းကြုတ်စွာဖြိုခွဲသောကြောင့် မကြာသေးမီက ပေါ်ပေါက်လာသည့် ပြောက်ကျားပုံစံ အရပ်သား လက်နက်ကိုင် ခုခံမှုအထိ ပြင်းထန်စွာ လူထုက ဆန့်ကျင်ကြသည်။ လက်ရှိအချိန်အထိ စစ်ကောင်စီသည် လူတထောင်ကျော်ကို သတ်ဖြတ်ထားပြီးဖြစ်သည်။

မြန်မာနိုင်ငံကို စစ်အုပ်ချုပ်ရေးအပြည့်အ၀ ပြန်လည်သွပ်သွင်းရန် ကြိုးစားနေသော စစ်အုပ်စုသည် ပြည်သူလူထုကို ညှင်းပမ်းနှ်ိပ်စက်မှုနှင့် သတ်ဖြတ်မှုများ ကျူးလွန်နေကြောင်း SAC-M ကပြောသည်။ စစ်ကောင်စီ တပ်များသည် အသက် ၂ နှစ်အထိ ငယ်သောကလေးများအပါအဝင် ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများ၏ မိသားစုများကို ဓါးစာခံအဖြစ် ဖမ်းဆီးပြီး ၎င်းတို့သတ်ဖြတ်ထားသော အရပ်သား အလောင်းများအောက်တွင် မိုင်းထောင်ကာ မိသားစုများက ထိုသေဆုံးသူများကို လာယူသောအခါ ထပ်မံဖေါက်ခွဲသတ်ဖြတ်နေကြာင်း ထိုအဖွဲ့က ပြောသည်။

ထိုလုပ်ရပ်များသည် အီရတ်နိုင်ငံ သဲကန္တာရများတွင် ၂၀၀၀ ပြည့်နှစ်များအလယ်က အစ္စလမ်မစ်နိုင်ငံ ISIS အကြမ်းဖက်အဖွဲ့က အသုံးပြုသည့် နည်းလမ်းများဖြစ်ကြောင်း SAC-M အဖွဲ့ဝင် ခရစ် ဆီဒိုတီကလည်း ပြောသည်။

“ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်အုပ်စုကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာတဲ့ လုပ်ငန်းကို ချက်ခြင်း စတင်သင့်တယ်” ဟု သူပြောသည်။

စစ်ကောင်စီသည် အသေအပျောက်များသော လက်နက်ကိုင်ခုခံမှုကို နှိမ်နင်းရန် လအတန်ကြာ ကြိုးစားနေ သော်လည်း လက်ရှိအချိန်အထိ အချည်းနှီးဖြစ်နေသည်။ စစ်ကောင်စီတပ်များသည် ၎င်းတို့တပ်ဘက်မှ ထိခိုက်သေဆုံးတိုင်း လက်စားခြေသည့်အနေဖြင့် ရက်စက်ကြမ်းကြုတ်မှု မျိုးစုံကို ကျူးလွန်နေသည်။ စက်တင်ဘာလ တလလုံးတွင် ၎င်းတို့သည် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့တွင် ကလေးများအပါအဝင် အရပ်သားများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်နေပြီး ရွာများကို ရွာလုံးကျွတ်မီးရှို့ကာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ဟု ခေါ်သည့် အရပ်သား ခုခံရေးတပ်များကို လက်ခံထားသည်ဟု ဆိုကာ နေအိမ်များ၊ လူနေရပ်ကွက်များအတွင်းသို့လက်နက်ကြီး လက်နက်ငယ်များကို ရမ်းသမ်းပစ်ခတ်နေသည်။ ပစ်ခတ်မှုများအတွင်း နှစ်ဘက်လုံးမှ ထိခိုက်သေဆုံးမှုများ ရှိနေသည်။

စစ်ကောင်စီတပ်များသည် ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်တွင် ကျူးလွန်ခဲ့သော ရိုဟင်ဂျာများအား လူမျိုးတုံးသတ်ဖြတ်သည့် ရက်စက်ကြမ်းကြုတ်မှုများအတွင်း ၎င်းတို့သုံးသည့် နည်လမ်းများကို သုံးနေကြောင်း လီပြောသည်။ ထိုစဉ်က ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရသည်။

“အခုမြင်နေရတဲ့ပုံတွေကို ၂၀၁၇ ခုနှစ်က ရခိုင်မြောက်ပိုင်းက ပုံတွေနဲ့ယှဉ်ကြည့်ရင် အတူတူပဲ။ ဒီလိုရက်စက် ကြမ်းကြုတ်မှုတွေအတွက် ဘယ်သူ့ကိုမှ အရေးမယူခဲ့ဘူး။ အခုတော့ ပြည်သူတွေ အစုလိုက်အပြုံလိုက် အသတ်ခံနေရပြီး တနိုင်ငံလုံးမှာ ရွာတွေ မီးရှို့ခံနေရပြီ” ဟု လည်း သူပြောသည်။

စစ်ကောင်စီက ရက်စက်ကြမ်းကြုတ်မှုများကို ဆက်လက်ကျူးလွန်နေပြီး ပြည်တွင်းပြည်ပမှ တက်ကြွလှုပ်ရှားသူများက အရေးယူပေးရန် အကြိမ်ကြိမ်တောင်းဆိုနေသော်လည်း နိုင်ငံတကာ အသိုက်အဝန်းသည် အရေးယူပိတ်ဆို့မှုချမှတ်သည်မှလွဲပြီး စစ်ကောင်စီကို လက်ရှိအချိန်အထိ ကြီးကြီးမားမား အရေးယူခြင်းမရှိသေးပေ။ စစ်ကောင်စီကို ရေရှည်မဟာမိတ်များဖြစ်သည့် တရုတ်နှင့် ရုရှားနိုင်ငံတို့က ထောက်ခံနေသောကြောင့် ကုလသမဂ္ဂကလည်း အဓိပ္ပါယ်ရှိသည့် အရေးယူမှု မလုပ်သေးပေ။ ရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် ၎င်းတို့၏ တိုင်းရင်းသာမဟာမိတ်များနှင့် ဖွဲ့စည်းထားသည် စင်ပြိုင်အစိုးရဖြစ်သော အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ယခုလအစောပိုင်းတွင် စစ်ကောင်စီကို စစ်ကြေညာသောအခါတွင်လည်း နိုင်ငံတကာအသိုက်အဝန်းက သက်ဆိုင်သူအားလုံးအနေဖြင့် အကြမ်းဖက်မှု ရှောင်ရှားရန်သာ တိုက်တွန်းသည်။ မြန်မာနိုင်ငံအခြေအနေတိုးတက်ရေးအတွက် သံတမန်ရေးအားထုတ်မှု အားလုံးကျဆုံးရသောကြောင့် နောက်ဆုံးနည်းလမ်းအဖြစ် လက်နက်ကိုင်ခုခံရန်တောင်းဆိုခြင်းဖြစ်ကြောင်း NUG ကပြောသည်။

နိုင်ငံတကာအသိုက်အဝန်းသည် မြန်မာပြည်သူများကိုကူညီရန် အကြိမ်ကြိမ်ပျက်ကွက်နေကြောင်း SAC-M က ၎င်းတို့၏ ကြေညာချက်တွင် စိတ်မကောင်းစွာဖေါ်ပြသည်။

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် သက်ဆိုင်သူအားလုံးက အကြမ်းဖက်မှု ရပ်ဆိုင်းပါဟု သတိမမူဘဲ တောင်းဆိုနေခြင်းအား ရပ်စဲသင့်ပြီး ၎င်းတို့၏ ဟန်ဆောင်နေမှုများလည်း ရပ်ဆိုင်းသင့်ကြောင်း အထက်ပါကောင်စီအဖွဲ့ဝင်လည်းဖြစ် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင် အဖွဲ့ဝင်ဟောင်းလည်းဖြစ်သူ မာဇူကီ ဒါရပ်စ်မင်းကပြောသည်။

“အကြမ်းဖက်မှုနဲ့ ကံကြမ္မာဆိုးရဲ့ ရင်းမြစ်ဟာ စစ်အုပ်စုပဲဆိုတာ သူတို့ကောင်းကောင်းသိတယ်” ဟု သူပြောသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
53
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
41
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
65

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Int’l Rights Experts Urge UN to Declare Myanmar Junta ‘Terrorist’ Organization ကို ဘာသာပြန်သည်။)

You may also like these stories:

မြန်မာနိုင်ငံ လူသားချင်းစာနာမှု အကျပ်အတည်း ရင်ဆိုင်နေရပြီဟု ကုလသမဂ္ဂပြော

မြန်မာ့လူ့အခွင့်အရေး ကပ်ဆိုးကို ချက်ခြင်း အရေးယူရန် ကုလသမဂ္ဂ တောင်းဆို

စစ်ကောင်စီက ကလေးငယ်များ အပါအဝင် ပြည်သူ ၁၀၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထား

ဖမ်းဆီးသွားပြီး ရုပ်အလောင်းပါ ဖျောက်ခံလိုက်ရသည့် မန္တလေးက ကိုသန်းထွန်းဦး

Your Thoughts …
Tags: ISISကုလသမဂ္ဂစစ်ကောင်စီလူ့အခွင့်အရေးကျွမ်းကျင်သူများအကြမ်းဖက်အဖွဲ့အစည်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မခင်ခင်ကြွယ်နှင့် ဒေါက်တာဇင်လင်း 

မြေနီကုန်းတွင် သတ်ဖြတ်ခံရသော ဆရာဝန်၏ ဇနီးကို စစ်ကောင်စီ ဖမ်းဆီး

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း

အင်အားကို စုစည်းပြီးတော့ တတ်နိုင်သမျှ မြန်မြန်ရွှေ့အောင် လုပ်ရမယ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved