စစ်ကောင်စီတပ်ရဲ့ တတိယအဆင့် အမြင့်ဆုံး ရာထူးဖြစ်တဲ့ တပ်မတော် (ကြည်း၊ ရေ၊ လေ) ညှိနှိုင်းကွပ်ကဲရေးမှူး ရာထူး အချိန်းအပြောင်းဟာ ရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးပမ်းနေတဲ့ စစ်ခေါင်းဆောင်ရဲ့ နိုင်ငံရေး ကစားကွက်တခု ဖြစ်နိုင်ပြီး အကျိုးသက်ရောက်မှုတွေ များစွာရှိတယ်လို့ သုံးသပ်ချက်တွေ ရှိနေပါတယ်။
ဒီလို ထိပ်တန်းရာထူး အပြောင်းအလဲတွေဟာ စစ်တပ်အတွက် နိုင်ငံရေး၊ စစ်ရေးအရ အရေးကြီးတဲ့ တိုင်းစစ်ဌာနချုပ်တွေ တိုက်ခိုက် သိမ်းပိုက်ခံရတာနဲ့ နိုင်ငံတဝန်းက စစ်ရေးတွေမှာ ရှုံးနိမ့်မှုတွေကြောင့် စစ်တပ် ထောက်ခံသူတွေနဲ့ တပ်တွင်းမှာ ဝေဖန်မှုတွေ ပြင်းထန်နေချိန်မှာ ဖြစ်ပေါ် လာခဲ့တာလည်း ဖြစ်ပါတယ်။
ဒီဇင်ဘာလ ၁၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ စစ်ဖက်ဆိုင်ရာ ထိပ်တန်း ရာထူး ပြောင်းလဲမှုမှာ ညှိနှိုင်းကွပ်ကဲရေးမှူး ဖြစ်လာတဲ့ စစ်တက္ကသိုလ်အပတ်စဥ် ၃၅ ဆင်း ဗိုလ်ချုပ်ကြီး ကျော်စွာလင်းဟာ စစ်ခေါင်းဆောင်ရဲ့ လူယုံ၊ တပည့်ရင်း ဖြစ်ပြီး စစ်ရေးမှာ အတွေ့အကြုံ မရှိသူ၊ တခါမှ စစ်မတိုက်ခဲ့ဘူးသူလို့ စစ်တပ်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။
သမ္မတဖြစ်ရေး ကြိုးပမ်းနေတဲ့ စစ်ခေါင်းဆောင်အနေနဲ့ စစ်ဘက်ဆိုင်ရာမှာ ယုံကြည်၊ စိတ်ချရတဲ့ လူယုံတွေကို အခုကတည်း ကြိုတင် ပြင်ဆင်တဲ့ အနေနဲ့ ပြောင်းလဲ ခန့်ထားတာဖြစ်ပြီး အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ နိုင်ငံရေး အကဲခတ်တွေကသုံးသပ်နေကြပါတယ်။
#မြန်မာ #ဧရာဝတီ #ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်း #ဗိုလ်ချုပ်ကြီးမောင်မောင်အေး #ဗိုလ်ချုပ်ကြီးတင်အောင်ဆန်း #ရာထူးအပြောင်းအလဲ
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy












