စစ်အာဏာရှင်တွေ ကြီးစိုးခဲ့တဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ)နဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) တို့လက်ထက်မှာ ဒုတိယ ဥက္ကဋ္ဌ တာဝန်ယူခဲ့တဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးဟာ တရုတ်မုန်းတီးသူတယောက် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးဟာ မြန်မာစစ်တပ်မှာလည်း ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အတူ စစ်ဘက်ရာထူးတွေကနေ အနားယူသွားခဲ့ပါတယ်။
တရုတ်အစိုးရဟာ နဝတ၊ နအဖ ခေတ်အလွန် လက်ရှိ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်အထိ မြန်မာပြည် ခရီးစဉ်တွေမှာ အာဏာရှင်ဟောင်း ဦးသန်းရွှေကို မကြာခန တွေ့ဆုံမှုတွေ ပြုလုပ်တာ တွေ့ရပေမယ့် ဦးမောင်အေးကို သွားရောက်တွေ့ဆုံတာကို မြင်ရခဲပါတယ်။
#မြန်မာ #ဧရာဝတီ #ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး #ဦးသန်းရွှေ #တရုတ်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy












