• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ဥရောပသမဂ္ဂ အရေးယူပိတ်ဆို့မှု ချိုးဖေါက်ပြီး အီတလီက မြန်မာမှ တရားမဝင်သစ်များ ဝယ်ယူ

by ဧရာဝတီ
2 September 2021
in စီးပွားရေး
A A
မြန်မာ့ကျွန်းသစ်လုံးပုံများ / EIA

မြန်မာ့ကျွန်းသစ်လုံးပုံများ / EIA

36.7k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုကတည်းက ချမှတ်ထားသော ဥရောပသမဂ္ဂ ကုန်သွယ်ရေး စည်းမျဉ်းများနှင့် အရေးယူပိတ်ဆို့မှုများကို ချိုးဖေါက်ပြီး အီတလီနိုင်ငံသည် မြန်မာနိုင်ငံမှ တရားမဝင်သစ်များ ရောင်းဝယ်ရာတွင် အတွင်းကျကျ ပါဝင်နေသည်။

“အီတလီအလုပ် – ဥရောပသမဂ္ဂ ဥပဒေများရှိသော်လည်း မြန်မာနိုင်ငံမှ သစ်များကို အီတလီမှတဆင့် ဥရောပ သမဂ္ဂတခုလုံးသို့ မည်သို့မှောင်ခိုတင်သွင်းသနည်း” အမည်ရှိ အစီရင်ခံစာသစ်တွင် လန်ဒန်အခြေစိုက် EIA အဖွဲ့က ကျွန်းသစ်ထုတ်ကုန်များ တင်သွင်းနေသည့် အီတလီကုန်သည် ၂၇ ဦးကို ဖေါ်ပြထားသည်။

“ကျမတို့ရဲ့ ၁၈ လကြာ စုံစမ်းစစ်ဆေးတွေ့ရှိချက်တွေက အီတလီတွေ ပိုမိုကျယ်ပြန့်စွာပြောရရင် ဥရောပသမဂ္ဂ အာဏာပိုင်တွေက ဘယ်လိုပုံစံမျိုးနဲ့ ဒီကုန်သွယ်မှုကို သူတို့မျက်စိအောက်မှာ အပြောင်းအလဲ လုံးဝမရှိသလောက်နဲ့ ဆက်လက်လုပ်ကိုင်ခွင့်ပေးနေတာလဲ ဆိုတဲ့ လေးနက်သော မေးခွန်းတွေကို ဖြစ်ပေါ်စေပါတယ် ” ဟု EIA ၏ သစ်တောဆိုင်ရာ လှုပ်ရှားမှု ခေါင်းဆောင် ဖိတ်သ် ဒိုဟာတီ ပြောသည်။

အစီရင်ခံစာတွင် ဖေါ်ပြထားသည့် တရားမဝင်ရောင်းဝယ်မှုသည် အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း ဆက်လက်ဖြစ်ပေါ်နေကြောင်း သူပြောသည်။ အီတလီကုန်သည်များသည် ယခုနှစ် မတ်၊ ဧပြီနှင့် မေလ အတွင်းက မြန်မာနိုင်ငံမှ သစ်ထုတ်ကုန် အမေရိကန်ဒေါ်လာ ၁.၄ သန်းဖိုးဝယ်ယူခဲ့ကြောင်း အချက်အလက်များက ပြသနေသည်။

ထိုသို့တင်သွင်းမှုကို ရပ်တန့်ရန် ရည်ရွယ်ထားပါသလားဟု မေးသောအခါတွင်လည်း ထိုအီတလီလုပ်ငန်းများအနက် မည်သူကမျှ ထိုသို့လုပ်ရန် ပြင်ဆင်ထားကြောင်း အတည်ပြုခြင်း မရှိပေ။

ဥရောပသမဂ္ဂ သစ်လုပ်ထုံးလုပ်နည်းအဖွဲ့(EUTR)၏ ပြည်စုံလုံလောက်သော စည်းကမ်းချက်များ နှင့် ဘယ်လ်ဂျီယံ၊ ဂျာမဏီနှင့် နယ်သာလန်နိုင်ငံများမှ သက်ဆိုင်ရာ အရေးယူဆောင်ရွက်ချက်များကြောင့် ဥရောပသမဂ္ဂနိုင်ငံအများအပြားတွင် မြန်မာမှ သစ်တင်သွင်းမှု ကျဆင်းသွားသည်။

“တားမြစ်ပိတ်ပင်မှုတွေ ပိုမိုခိုင်မာစေဖို့ ဒီနှစ်အစောပိုင်းက ချမှတ်ထားတဲ့ မြန်မာ့သဘာဝသယံဇာထုတ်ယူမှုကို တိုက်ရိုက်ပစ်မှတ်ထားတဲ့ အရေးယူမှုတွေမတိုင်ခင်ကတောင် EUTR စည်းကမ်းချက်တွေကိုလိုက်နာရင် မြန်မာက ကျွန်းနဲ့အခြားသစ်တွေတင်သွင်းဖို့မဖြစ်နိုင်ဘူး ဆိုတာကို လုံး၀ ရှင်းရှင်းလင်းလင်းဖေါ်ပြထားတဲ့ စီရင်မှုတွေ အများကြီးရှိတယ်။ ဒါပေမယ့် အခုလို ဆက်ဖြစ်နေတယ်” ဟုလည်း သူပြောသည်။

စစ်အာဏာသိမ်းမှုကို ထောက်ပံ့မည့် ငွေကြေးစီးဆင်းမှု တားဆီးပေးရန် မြန်မာပြည်သူများက တောင်းဆိုခဲ့ကြောင်း၊ ထို့ကြောင့် စစ်ကောင်စီကို အထောက်အပံ့ဖြစ်စေမည့် မြန်မာ့သစ်လုပ်ငန်းနှင့် စစ်တပ်စီးပွားရေးလုပ်ငန်းများကို အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ကြောင်းလည်း သူပြောသည်။

မြန်မာနိုင်ငံမှ သစ်နှင့်ပတ်သက်သည့် ဥပဒေဆိုင်ရာ ပြဿနာများကို စုံစမ်းစစ်ဆေးမှု တိုးမြှင့်လုပ်ဆောင်နေ သော်လည်း ထိုကုန်သွယ်မှုသည် ဆက်လက်ကြီးထွားနေသည်။ “သူတို့က ဥပဒေချိုးဖေါက်နေမှန်းသိတာတောင်မှ ဒဏ်ကြေးနည်းနည်းလေးပဲဆောင်ပြီးတော့ ဒီလုပ်ငန်းတွေက ဆက်လက်ကုန်သွယ်ကြတယ်” ဟု သူပြောသည်။

ထိုလုပ်ငန်းများတွင် အီတလီမှ F.LLI Budai လည်း ပါဝင်နေပြီး ထိုလုပ်ငန်းသည် EUTR စည်းကမ်းချက်များကို ချိုးဖေါက်ပြီး မြန်မာနိုင်ငံမှ ကျွန်းသစ်များတင်သွင်းကာ ဥရောပသမဂ္ဂထံမှ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေများကိုလည်း ရယူနေသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သားအစိုးရကို ဖြုတ်ချသော အာဏာသိမ်းမှု ပြီးလျှင်ပြီးခြင်း ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုတို့က မြန်မာစစ်တပ်နှင့် သူ့ကိုယ်သူ ဝန်ကြီးချုပ်ခန့်ထားသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကို ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားသည်။

ထိုအာဏာသိမ်းချိန်နောက်ပိုင်း ဆန္ဒပြပွဲများတွင်သတ်ဖြတ်ခံရသူ ၁၀၀၀ ကျော်ရှိပြီး ထောင်ပေါင်းများစွာသော အခြားသူများလည်း ဖမ်းဆီးခံထားရသည်။

“ ဥရောပသမဂ္ဂဝင်နိုင်ငံတွေ အထူးသဖြင့် အီတလီအနေနဲ့ မြန်မာပြည်သူတွေကို ကျောခိုင်းတဲ့လုပ်ရပ်တွေ ရပ်တန့်ဖို့၊ ဒီလို ရှက်စရာကောင်းတဲ့အခြေအနေကို အလေးအနက်ထား ရပ်တန့်ဖို့လိုတယ်” ဟု သူပြောသည်။

ကိုးကား။ ။UCA News

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
3.4k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
242
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164

You may also like these stories:

တရားမဝင်သစ်များ လေလံတင်၍ စစ်ကောင်စီ “အာဏာသိမ်း စရိတ်” ရှာနေ

စစ်ကောင်စီ၏ ပြည်ပသစ်တင်ဒါပွဲ အမေရိကန် ဒေါ်လာ၂ သန်းနီးပါး ရောင်းချရ

ငွေလိုနေသည့် အာဏာသိမ်းတပ်က သစ်တွေထပ်ထုတ်ရောင်းဦးမည်

စစ်အာဏာသိမ်းမှုက သစ်မှောင်ခိုများအား မီးစိမ်းပြလိုက်သည်

စစ်အာဏာသိမ်းပြီးနောက် အလောင်းတော် ကဿပနယ်မြေတွင် သစ်ခိုးထုတ်သူများနှင့် စည်ကားနေ

Your Thoughts …
Tags: EIAကုန်သွယ်ရေးစည်းမျဉ်း ချိုးဖေါက်တရားမဝင်သစ်အရေးယူပိတ်ဆို့မှုအီတလီဥရောပသမဂ္ဂ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

စစ်လက်နက်ပစ္စည်းစက်ရုံများ တည်ဆောက်ခဲ့သူ ဦးကျော်ဟိန်း

စစ်လက်နက်ပစ္စည်းစက်ရုံများ တည်ဆောက်ခဲ့သူ ဦးကျော်ဟိန်း

by ဧရာဝတီ
31 August 2024
28.6k

မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းများကို အဓိက ထောက်ပံ့ပေးနေသူ မန္တလေးသားတဦး ရှိသည်။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

by ဧရာဝတီ
6 October 2023
26.2k

မင်းအောင်လှိုင်သည် စစ်သားအားလုံးကို သူ့သား အောင်ပြည်စုံပိုင်သည့် အောင်မြင့်မိုမင်း အာမခံကုမ္ပဏီတွင် အသက်အာမခံ မထားမနေရ လုပ်ထားသည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

Next Post
KNU Concerned Group ခေါင်းဆောင် တဦးဖြစ်သည့် ပဒိုနော်စီဖိုးရာစိန် / ဧရာဝတီ

NCA စာချုပ် ပျက်ပြီဟု KNU Concerned Group ကြေညာ

ဗိုက်ကြီးသည်ပါမကျန်

ဗိုက်ကြီးသည်ပါမကျန်

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved