• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

NCA စာချုပ် ပျက်ပြီဟု KNU Concerned Group ကြေညာ

by ဧရာဝတီ
2 September 2021
in သတင်း
A A
KNU Concerned Group ခေါင်းဆောင် တဦးဖြစ်သည့် ပဒိုနော်စီဖိုးရာစိန် / ဧရာဝတီ

KNU Concerned Group ခေါင်းဆောင် တဦးဖြစ်သည့် ပဒိုနော်စီဖိုးရာစိန် / ဧရာဝတီ

72.7k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းလိုက်သဖြင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် အစိုးရ ကြား ချုပ်ဆိုခဲ့သော တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သဘောတူစာချုပ် (NCA) သည် ပျက်ပြယ်သွားပြီဟု မှတ်ယူနိုင် ကြောင်း KNU Concerned Group က စက်တင်ဘာ ၂ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

၂၀၁၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် KNU Concerned Group သည် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ဆက်စပ်သည့် နိုင်ငံရေး လူ့အခွင့် အရေး အခြအနေများကို ထောက်ပြနေသည့် အဖွဲ့ဖြစ်ပြီး KNU ခေါင်းဆောင်ပိုင်းတွင် ပါဝင်ခဲ့သူများနှင့် ဖွဲ့စည်းထားသည်။

KNU Concerned Group ပြောခွင့်ရ ပဒိုနော်စီဖိုးရာစိန ်က “NCA အပေါ်မှာ ပြန်သုံးသပ်ရမယ်ဆိုရင် စစ်တပ်က မတရား အာဏာသိမ်းပြီးတော့ နောက်ပိုင်းမှာပြန်ကြည့်ရင် ဆန္ဒပြတဲ့ ပြည်သူလူထုတွေ၊ နိုင်ငံရေးသမားတွေ၊ သတင်းသမားတွေ အားလုံးကို မတရားဖမ်းဆီးမှုတွေ ဖြစ်တယ်။ မတရားသတ်ဖြတ်မှုတွေ ဖြစ်တဲ့အပေါ်မှာ NCA လမ်းကြောင်းကတော့ ပျက်ပြယ်ပြီလို့ ကျမတို့ မှတ်ယူလို့ရပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ထို့ပြင် NCA စာချုပ်သည် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်စွန့်လွှတ်ပြီး ပါတီထောင်၍ လွှတ်တော်တွင်း နိုင်ငံရေးဆွေးနွေးရန် စစ်တပ်အလိုကျ ၂၀၀၈ အခြေခံ ဥပဒေ ဘောင်အောက် သွတ်သွင်းသည့် စာချုပ်သာဖြစ်ကြောင်း ၎င်းက မှတ်ချက်ပေးသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
30
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
31
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
47

ထို့ကြောင့် KNU Concerned Group သည် တိုင်းရင်းသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ပြည်နယ်ပေါင်းစုံ ပြည်ထောင်စု တည်ဆောက်ရေး စသည့် မိမိတို့အဖွဲ့၏ ရည်မှန်းချက်များနှင့် တူညီသည့် ပြည်ထောင်စုလွှတ်တော် ကိုယ် စားပြုကော်မတီ (CRPH)၊ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ကို အုပ်ချုပ်ရေး၊ စစ်ရေးနှင့် သံခင်းတမန် ခင်းကိစ္စများတွင် ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းစေရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရေးတို့အတွက် တညီတညွတ်တည်း ပူး‌ပေါင်းတိုက်ပွဲဝင်ကြရန်လည်း KNU Concerned Group က တိုက်တွန်းထားသည်။

ကရင်အမျိုးသားအစည်းရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီတို့ကမူ KNU သည် (NCA) နှင့် ပတ်သက်လျှင် မူဘောင်များအတိုင်း တိကျစွာ လိုက် နာကျင့်သုံးမည်ဟု မေလနှင့် ဇွန်လအတွင်းက ကြေညာထားသည်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၅၊ အောက်တိုဘာ ၁၅ ရက်တွင် KNU အပါအဝင် အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၈ ဖွဲ့တို့က အတူတကွ လက်မှတ်ရေးထိုးခဲ့သည်။

You may also like these stories:

အဓမ္မ အာဏာသိမ်းသည့် လုပ်ရပ်ကို ဆန့်ကျင်သည်ဟု KNU Concerned ပြော

Your Thoughts …
Tags: KNU Concerned GroupNCAနော်စီဖိုးရာစိန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.6k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.9k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

by ဝေမင်းထွန်း
28 November 2023
22.4k

စစ်ကောင်စီတပ်၏ အခြေအနေမှန်မှာ အင်နှင့်အားနှင့် ခပ်ပြင်းပြင်း ဆောင့်လိုက်ပါ ပြိုဆင်းသည်၊ တောင့်ခံနိုင်စွမ်းမရှိဟူသည့် အချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

Next Post
ဗိုက်ကြီးသည်ပါမကျန်

ဗိုက်ကြီးသည်ပါမကျန်

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ မြန်မာထေရဝါဒ ဗုဒ္ဓဝိဟာရ ကျောင်းတိုက်သို့ ရောက်ရှိနေသည့် သီတဂူ ဆရာတော် / YMBA

ဒု တပ်ချုပ် ရုရှားခရီးစဉ် သီတဂူ ဆရာတော် လိုက်ပါ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved