• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မန္တလေး​တွင် မီတာခ မဆောင်သော လုပ်ငန်းများကို လျှပ်စစ်မီးဖြတ်

by ဧရာဝတီ
15 November 2021
in သတင်း
A A
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ စက်မှုဇုန်ကို တွေ့ရစဉ် / ဧရာဝတီ

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ စက်မှုဇုန်ကို တွေ့ရစဉ် / ဧရာဝတီ

12.2k
VIEWS
Share on FacebookShare on Twitter

မန္တလေးမြို့အတွင်းရှိ မီတာခ မပေးဆောင်သော အလုပ်ရုံ၊ စက်ရုံ၊ ဟိုတယ်၊ စီးပွားရေးလုပ်ငန်းများကို လျှပ်စစ်မီး ဖြတ်တောက်မှုများ ပြုလုပ်လျက်ရှိကြောင်း စီးပွားရေးလုပ်ငန်းရှင် အသိုင်းဝိုင်းက သိရသည်။

မန္တလေးမြို့မှ စီးပွားရေး လုပ်ငန်းရှင်များကို လျှပ်စစ်မီတာခများ ပေးဆောင်ရန်အတွက် မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ် လျှပ်စစ်မန်နေဂျာ၊ မြို့နယ်အဆင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် အရာရှိတို့က နိုဝင်ဘာလ ၂ ရက်တွင် ခေါ်ယူ သတိ ပေးပြီးနောက် နိုဝင်ဘာ ၉ ရက်မှ စတင်ကာ မီတာခ မဆောင်သူများကို စတင် မီးဖြတ်ခဲ့ကြောင်း သိရသည်။

“ကျနော့် အလုပ်ရုံက မှာတဲ့သူမရှိလို့ နားထားတာ တော်တော်ကြာနေပြီ။ ဒါကို မီတာဘေလ်တွေ ဆောင်ခိုင်းနေတာ ကျနော်တို့ သွားမဆောင်ဘူး၊ အလုပ်ရုံက ပိတ်ထားတာဆိုတော့ အရင်လို အလုပ်သမားတွေလည်း အများကြီး မရှိတော့ တလနေလို့ တခေါက် မရောက်ဖြစ်ဘူး။ စိတ်ချရတဲ့ အစောင့်နဲ့ ထား ထားတာ၊ ၁၀ ရက်နေ့က မီးဖြတ်တယ် ပြောလို့ သွား ကြည့်တော့ အဝင်ကြိုးကို ဖြုတ်ချထားတယ်” ဟု ပြည်ကြီးတံခွန်မြို့နယ်မှ ကားဘော်ဒီ အလုပ်ရုံပိုင်ရှင်တဦးက ပြောသည်။

လျှပ်စစ်မီတာခ မပေးဆောင်ရသေးသော စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းရှင်များကို လျှပ်စစ်မီတာခများ အမြန်ပေးဆောင်ကြရန် ခေါ်ယူတွေ့ဆုံခဲ့ရာတွင် လျှပ်စစ်မီတာခများ ပေးဆောင်ရန် ကျန်ရှိနေသေးသည့် လုပ်ငန်းရှင်များ အနေဖြင့် မီတာခများ အမြန်ဆုံး ပေးသွင်းရန်၊ ပေးသွင်းရန် အခက်အခဲရှိပါက မြို့နယ် လျှပ်စစ်မန်နေဂျာနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးရန်၊ ပေး ဆောင်ရန် ပျက်ကွက်ပါက ဥပဒေအရ ဆောင်ရွက်မည်ဟု ပြောဆိုခဲ့ကြောင်း တွေ့ဆုံပွဲ တက်ရောက်ခဲ့သူများက ပြော သည်။

“သူတို့က ခေါ်လို့ သွားတွေ့လိုက်တာ၊ မီတာခ ဆောင်ပေးကြဖို့နဲ့ အဆင်မပြေရင် EPC ရုံးမှာ တင်ပြဆွေးနွေးလို့ ရတယ်လို့ ပြောပေမယ့် သွားဆောင်တော့ အရင် ကြွေးကျန်တွေပါ အပြီးဆောင်ခိုင်းတယ်၊ လက်ရှိ အလုပ် လည်ပတ်နေတယ်ဆိုတာ ကလည်း အလုပ်သမားတွေကို ငဲ့ပြီး လည်ပတ်ပေးနေရတာ၊ အကုန်လုံး ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ၊ ဘယ်လိုမှ ညှိလို့ မရတော့ မဆောင်ဘဲ ပြန်လာခဲ့တယ်” ဟု ချမ်းအေးသာစံမြို့နယ်အတွင်းမှ မုန့်လုပ်ငန်းရှင်တဦးက ပြော သည်။

ယခုအခါ မန္တလေးမြို့ပေါ်ရှိ လုပ်ငန်းရှင်များနှင့် မြို့ခံ အများစုသည် မီတာခများ ပေးဆောင်နေကြခြင်းကြောင့် မီတာခ ပေးဆောင်ရန် ကျန်ရှိနေသူများအနက် စီးပွားရေးလုပ်ငန်းရှင်များကို ခေါ်ယူ၍ မီတာခများ ပေးဆောင်ရန် ဖိအားပေး ခြိမ်းခြောက်ခြင်းများ ပြုလုပ်သည်ဟု မြို့ခံများက သုံးသပ်ကြသည်။

စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် COVID-19 ကပ်ရောဂါကြောင့် လုပ်ငန်းများ ရပ်နားထားရခြင်းနှင့် စစ်တပ်က အာဏာ သိမ်းမှု နောက်ပိုင်းတွင်လည်း လုပ်ငန်းများ လည်ပတ်နိုင်ရန် အခက်အခဲများရှိခြင်း၊ မလည်ပတ်နိုင်ခြင်းများကြောင့် မီတာခများ ပေးဆောင်ရန် အခက်အခဲ ရှိနေကြကြောင်း သိရသည်။

“ကိုဗစ် ကန့်သတ်ချက်တွေကြောင့် အလုပ်တွေ ရပ်ထားခဲ့ရတာရယ်၊ အာဏာသိမ်းပြီးတော့ ငွေကြေးအခက်အခဲ ကြောင့်ရယ်ဆိုတော့ လုပ်ငန်း တော်တော်များများ ပြန်မစနိုင်ကြသေးဘူး၊ ပြန်စနိုင်တဲ့ အလုပ်တွေကလည်း အရင်လိုမျိုး လည်ပတ်နေရတာ မဟုတ်ဘူး၊ ဒါကိုမှ မီတာခတွေ ပေးဖို့ တောင်းနေတော့ ဘယ်လိုမှ အဆင်မပြေတော့ဘူး၊ ရှိထားတဲ့ ငွေကိုကျတော့ ဘဏ်တွေက လိုသလောက် ထုတ်လို့ မရ၊ တော်တော်ကို အဆင်မပြေတာပါ၊ အခု မီးဖြတ်ခံထားရတော့ အလုပ် နားလိုက်ရတယ်” ဟု ချမ်းမြသာစည်မြို့နယ်မှ ရေသန့်စက်ရုံပိုင်ရှင်တဦးက ပြောသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
1
တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

9 January 2026
13
စစ်မီးကြားက ရွေးကောက်ပွဲ (ရုပ်/သံ)

စစ်မီးကြားက ရွေးကောက်ပွဲ (ရုပ်/သံ)

9 January 2026
3

မန္တလေးတွင် နိုဝင်ဘာလ ၉ ရက်မှ ယနေ့အထိ ဟိုတယ်တလုံး၊ ပုဂ္ဂလိကဆေးရုံတခု၊ မုန့်လုပ်ငန်း တခု၊ ရေသန့် စက်ရုံ တရုံ အပါအဝင် လုပ်ငန်း ၃၀ ခန့်အား မီတာခ မပေးဆောင်သဖြင့် မီးဖြတ်ထားကြောင်း သိရသည်။

“ဒီနေ့ဆိုရင် ကျနော်တို့ ချမ်းမြသာစည်နဲ့ အောင်မြေသာစံဘက်မှာ မီးဖြတ်တာတွေ ရှိတယ်လို့ သိရတယ်၊ လျှပ်စစ်ရုံးက ဆင့်ခေါ်ပြီးမှ ဖြတ်တာ၊ မဟာအောင်မြေဘက်မှာလည်း ရှိတယ်လို့ ကြားတယ်၊ ကျတော်တို့ ချမ်းမြသာစည်မှာတော့ မီးဖြတ်ခံရတာ တော်တော်များတယ်၊ စက်ရုံ၊ အလုပ်ရုံတွေတင် မဟုတ်ဘူး၊ လူနေအိမ်တွေလည်း ပါတယ်” ဟု ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်အတွင်း နေထိုင်သူ တဦးက ပြောသည်။

မန္တလေးမြို့တွင်သာမက ရန်ကုန်မြို့ရှိ မြို့နယ်တချို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပါဝင်သော အဖွဲ့က လျှပ်စစ်မီတာ ကြေး လိုက်လံကောက်ခံခြင်း၊ မီးဖြတ်ခြင်းများကို ပြုလုက်လျက်ရှိသည်။

NLD အစိုးရ လက်ထက်တွင် COVID-19 ကပ်ရောဂါကြောင့် ပြည်သူများ အခက်အခဲဖြစ်နေကြသဖြင့်၂၀၂၀ နှစ်လယ်ပိုင်း မှ စတင်ကာ လစဉ် သုံးစွဲသည့် လျှပ်စစ်မီတာ ယူနစ်များကို ကင်းလွတ်ခွင့် ပြုထားခြင်း၊ လျှော့ပေါ့ပေးဆောင်စေခြင်း၊ တို့ကို လုပ်ဆောင်ပေးခဲ့သည်။

ယခုအခါ စစ်တပ်အာဏာ သိမ်းပြီးနောက်ပိုင်းတွင် လူနေအိမ်များမှာလည်း မီတာကြေးများ ပေးဆောင်ခြင်း မပြုတော့ သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့က အင်အားသုံး ခြောက်လှန့်ကာ လျှပ်စစ်မီတာခများကို အတင်းအကျပ် လိုက်လံ ကောက်ခံနေသလို မီတာခ မပေးဆောင် သော နေအိမ်များကိုလည်း လျှပ်စစ်မီး ဖြတ်တောက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

You may also like these stories:

ဒေါ်လာဈေး အနည်းငယ်ကျလာသော်လည်း စက်သုံးဆီဈေး မြင့်နေသေး

ဦးပိုင်နှင့် တရုတ်ဝမ်ပေါင် ဖက်စပ်ကုမ္ပဏီက ပို့ကုန်ရငွေ ဒေါ်လာသန်း ၁၀၀ ကျော် စာရင်းရှင်းရန် ပျက်ကွက်

ဗဟိုဘဏ်၏ ငွေသားနှင့်ပေးချေမှု ကန့်သတ်ချက် ဈေးကွက်ကို ထိန်းချုပ်သည့်ပုံဖြစ်နေ

Your Thoughts …
Tags: စက်ရုံအလုပ်ရုံစစ်ကောင်စီမန္တလေးမီးဖြတ်လျှပ်စစ်မီတာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ယနေ့ စစ်တွေတွင်တွေ့ရသည့် ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ / ဧရာဝတီ

အာဏာသိမ်း စစ်တပ်နှင့် ပစ်ခတ်မှုမလုပ်ရန် AA ကိုမှာထားကြောင်း ဆာဆာကာဝါပြော

KNLA တပ်ဖွဲ့ဝင်များ စစ်ရေးပြပွဲတခု / ဧရာဝတီ 

အနာဂတ် ပြည်ထောင်စုကို ရှင်းလင်းပြတ်သားစွာ ရွေးချယ်ဆုံးဖြတ်ရန် လိုနေပြီ (အပိုင်း - ၆)

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

2 days ago
1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved