• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဦးပိုင်နှင့် တရုတ်ဝမ်ပေါင် ဖက်စပ်ကုမ္ပဏီက ပို့ကုန်ရငွေ ဒေါ်လာသန်း ၁၀၀ ကျော် စာရင်းရှင်းရန် ပျက်ကွက်

by ဧရာဝတီ
6 November 2021
in သတင်း
A A
၂၀၁၆ ခုနှစ်က ဝမ်ပေါင်ကုမ္ပဏီကို ဆန္ဒပြမှုအား ကာကွယ်ပေးနေသည့် လုံခြုံရေးတပ်ဖွဲ့များ  / ဧရာဝတီ

၂၀၁၆ ခုနှစ်က ဝမ်ပေါင်ကုမ္ပဏီကို ဆန္ဒပြမှုအား ကာကွယ်ပေးနေသည့် လုံခြုံရေးတပ်ဖွဲ့များ / ဧရာဝတီ

12.2k
VIEWS
Share on FacebookShare on Twitter

မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်ကော်ပိုရေးရှင်းနှင့် တရုတ် ဝမ်ပေါင်ကုမ္ပဏီတို့၏ ဖက်စပ်ကုမ္ပဏီ Myanmar Wanbao Mining Copper Company Ltd., က ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၁၀၃ သန်းကျော် စာရင်းရှင်းလင်းရန် ပျက်ကွက်နေကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ မြန်မာဝမ်ပေါင် ကြေးနီးသတ္တုတူးဖော်ရေး ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် အကြီးဆုံး ကြေးနီး သတ္တုတူးဖော်ရေး စီမံကိန်း ဖြစ်ပြီး စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို လုပ်ကိုင်နေသည့် ကုမ္ပဏီ ဖြစ်သည်။

မြန်မာဝမ်ပေါင်ကုမ္ပဏီသည် ၂၀၁၉ ခုနှစ်အတွင်း ပို့ကုန်တင်ပို့မှုမှ ရငွေ အမေရိကန်ဒေါ်လာ ၁၀၃ သန်းကျော်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေအရ ပို့ကုန်ရငွေများအား မိမိ ပို့ကုန်ရငွေ ဝင်ရောက်ခဲ့သည့် ဘဏ်များနှင့် စာရင်းရှင်းလင်းရန် ပျက်ကွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ စာရင်းရှင်းလင်းရန် ပျက်ကွက်ခြင်းမှာ အဆိုပါ ကုမ္ပဏီ၏ ပို့ကုန်ရောင်းရငွေများသည် မြန်မာနိုင်ငံ ပြည်တွင်းရှိ ဘဏ်တခုခုသို့ ပြန်လည်ဝင်ရောက်လာမှု မရှိခြင်း ဖြစ်သည်။

ပို့ကုန်တင်ပို့မှု ရငွေများသည် ပို့ကုန်တင်ပို့မှု ပြီးစီးပါက နိုင်ငံခြားငွေ ချက်ချင်းပြန်ရလေ့ရှိပြီး ကုမ္ပဏီဘက်က ဘဏ်များသို့ ပြန်လည် မသွင်းခြင်းကြောင့် ယခုလို စာရင်းရှင်းရန် ပျက်ကွက်နေခြင်း ဖြစ်ကြောင်း ပြည်တွင်းလုပ်ငန်းရှင်တဦးက ရှင်းပြသည်။

သူက “ပို့ကုန် တင်ပို့တယ်ဆိုရင်တော့ ငွေရတာပဲလေ။ ဒီဘက်ကို ပြန်မသွင်းတာပေါ့။ တခါတလေကျတော့ တချို့ကုမ္ပဏီ တွေက သူတို့ တခြားသွင်းစရာရှိတော့ အဲဒီငွေကို နိုင်ငံခြားဘဏ်တခုခုမှာ ထားပြီး အဲဒီကနေ ငွေချေပြီး သွင်းကုန်ပြန်သွင်း တာတွေ ရှိတယ်။ တချို့ကကျတော့ ဖျောက်လိုက်တာပေါ့” ဟု ဆိုသည်။

၂၀၁၉ ခုနှစ်အတွင်း ပြည်ပသို့ ကုန်တင်ပို့ခဲ့ရာ ပို့ကုန်ရငွေကို ခြောက်လအတွင်း စာရင်းရှင်းရန် ပျက်ကွက်နေသော ကုမ္ပဏီ ၆၆၃ ခုအထိရှိပြီး စာရင်းရှင်းရမည့် ပမာဏမှာ အမေရိကန် ဒေါ်လာ ၅၇၆ ဒသမ ၈၂ သန်း ရှိကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

RelatedPosts

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
28
တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

9 January 2026
199
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
40
မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်ကော်ပိုရေးရှင်းနှင့် တရုတ် ဝမ်ပေါင်ကုမ္ပဏီတို့၏ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း (ဓာတ်ပုံ – Google Earth)

မြန်မာဝမ်ပေါင်ကုမ္ပဏီသည် ပို့ကုန်ရငွေ စာရင်းရှင်းရန် ပျက်ကွက်နေသော နိုင်ငံခြားငွေပမာဏ အများဆုံး ကုမ္ပဏီဖြစ်ပြီး စာရင်းရှင်းလင်းရန် ပျက်ကွက်နေသည့် ကုမ္ပဏီအားလုံး၏ စုစုပေါင်း ပမာဏမှ ၅ ပုံ ၁ ပုံ ခန့်အထိ ရှိသည်။

ထိုသို့ ပို့ကုန်ရငွေများကို ပြန်လည်စာရင်းရှင်းလင်းရန် ပျက်ကွက်ခြင်းသည် ယခင် စစ်အစိုးရလက်ထက်မှ အရပ်သား အစိုးရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်ထိတိုင် ပို့ကုန်/သွင်းကုန်လုပ်ငန်း လုပ်ကိုင်သူများအား စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်မှု မရှိခဲ့ခြင်းကြောင့် ဖြစ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက ပြောဆိုသည်။

ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ စာရင်းရှင်းလင်းရန် ပျက်ကွက်သည့် တခြားသော ကုမ္ပဏီများထဲတွင် စစ်တပ်ပိုင် မြဝတီကုန်သွယ်ရေးကုမ္ပဏီ (MYAWADDY TRADING)၊ တရုတ်သတ္တုတူးဖော်ရေးကုမ္ပဏီ MYANMAR CNMC NICKEL၊ ဂျပန်-မြန်မာ ဖက်စပ်လုပ်ကိုင်သည့် J & M STEEL SOLUTIONS ကုမ္ပဏီ အပါအဝင် ပြည်တွင်းမှ ဆန်၊ ရော်ဘာနှင့် သစ် တင်ပို့နေသည့် ကုမ္ပဏီ အများအပြား ပါဝင်လျက်ရှိကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ထားသော စာရင်းအရ သိရသည်။

၂၀၁၉ ခုနှစ်အတွင်းမှ ယခုအချိန်အထိ ပို့ကုန်ရငွေများကို စာရင်းရှင်းလင်းခြင်း မရှိသည့် ကုမ္ပဏီများကို ယခု နိုဝင်ဘာလ နောက်ဆုံးထား၍ ဆက်သွယ် စာရင်းရှင်းခြင်း မရှိပါက အရေးယူ ဆောင်ရွက်သွားမည်ဟု ဗဟိုဘဏ်က ကြေညာထားသည်။

You may also like these stories:

စစ်တပ်ပိုင် Mytel ကုမ္ပဏီ အထိနာနေ

ဗဟိုဘဏ်၏ ငွေသားနှင့်ပေးချေမှု ကန့်သတ်ချက် ဈေးကွက်ကို ထိန်းချုပ်သည့်ပုံဖြစ်နေ

ကျောက်ဖြူ SEZ ဧရိယာရှိ လယ်မြေများ လျော်ကြေးမရဘဲ သိမ်းခံရမည်ကို ဒေသခံများ စိုးရိမ်

နိုင်ငံရေး အခြေအနေကြောင့် ပန်းတော်အပျော်စီးသင်္ဘော ပြေးဆွဲမှု ရပ်ဆိုင်း

ပို့ကုန်ရငွေ စာရင်းရှင်းရန် ကုမ္ပဏီ ၆၀၀ကျော်ကို ဗဟိုဘဏ် သတိပေး

Your Thoughts …
Tags: ပို့ကုန်ရငွေဗဟိုဘဏ်ဝမ်ပေါင်ကုမ္ပဏီဦးပိုင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
41.9k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
21k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

တရားခံရှာ အပြစ်တင်သော်လည်း စစ်ခေါင်းဆောင် ချောင်ပိတ်မိနေ

တရားခံရှာ အပြစ်တင်သော်လည်း စစ်ခေါင်းဆောင် ချောင်ပိတ်မိနေ

by ဧရာဝတီ
5 September 2023
15.6k

မင်းအောင်လှိုင်သည် သူ့ဝန်ကြီးအဖွဲအစည်းအဝေးတွင် မြန်မာပြည်သူအများစုသည် လူတစု၏ မိုက်မဲမှုကြောင့် ဒုက္ခရောက်နေသည်ဟု ပြောသည်

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

by Justin Higginbottom
13 September 2023
13.9k

ဧရာဝတီသတင်းဌာနမှ ဂျပ်စတင် ဟစ်ဂင်ဘော့တွမ်နှင့် ဒေါက်တာ တာနဲလ် တွေ့ဆုံမေးမြန်းခန်းဖြစ်သည်။

Next Post

နေပြည်တော်နဲ့ ထိစပ်နေတဲ့ ရှမ်း-ကယားနယ်စပ်မှာ တိုက်ပွဲဆက်တိုက်ဖြစ်နေ

မင်းတပ်နဲ့ မတူပီကို အာဏာသိမ်း စစ်တပ်က စစ်ရှိန်မြှင့် တိုက်ခိုက် (ရုပ်/သံ)

မင်းတပ်နဲ့ မတူပီကို အာဏာသိမ်း စစ်တပ်က စစ်ရှိန်မြှင့် တိုက်ခိုက် (ရုပ်/သံ)

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved