• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရန်ကုန်၌ မီတာခ မဆောင်သည့် အိမ်များကို လိုက်လံမီးဖြတ်နေ

by ဧရာဝတီ
24 November 2021
in သတင်း
A A
ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အိမ်ရာတခုတွင် လိုက်လံမီးဖြတ်နေသည့် EPC ဝန်ထမ်းများအား လုံခြုံရေး ယူပေးနေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ  / CJ

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အိမ်ရာတခုတွင် လိုက်လံမီးဖြတ်နေသည့် EPC ဝန်ထမ်းများအား လုံခြုံရေး ယူပေးနေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ / CJ

7.6k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်ရှိ မြို့နယ်များတွင် လျှပ်စစ်မီတာခ ပေးဆောင်ခြင်း မရှိသည့် နေအိမ်များကို စစ်ကောင်စီ၏ လုံခြုံရေး တပ်ဖွဲ့ ဝင်များနှင့်အတူ လိုက်လံမီးဖြတ်တောက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်၊ ကမာရွတ်မြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်၊ သာကေတ၊ မင်္ဂလာဒုံ အစရှိသည့် မြို့နယ်အချို့ တွင် ယမန်နေ့နှင့် ယနေ့ ရဲနှင့် စစ်သားများ လုံခြုံရေးယူပြီး လိုက်လံ မီးဖြတ်တောက်နေကြောင်း ရပ်ကွက်နေပြည်သူ များက ဆိုသည်။

ဒဂုံဆိပ်ကမ်းမြို့နယ် နေထိုင်သူတဦးက “ကျမတို့ဆီမှာ မနေ့ကတည်းက လိုက်ဖြတ်တာ။ ဒဂုံဆိပ်ကမ်းက ၉၄ နဲ့ ၉၂ ရက်ကွက်မှာရှိတဲ့ A ၊ B နဲ့ C ဘလောက်မှာရှိတဲ့ အိမ်တွေကို လိုက်ဖြတ်တာ။ တလမ်းထဲတင် ၃ အိမ်လောက် ရှိတယ်။ EPC ရုံးက ဝန်ထမ်းက ဖြတ်တယ်။ ရဲနဲ့ စစ်သားတွေက အောက်က သေနတ်တွေနဲ့ စောင့်တယ်။ နောက်တခါဆိုရင် မီတာပုံးပါ ဖြုတ်သိမ်းသွားမယ်ဆိုပြီး ကြိမ်းသွားသေးတယ်။ မီးက မလာလဲ ရတယ်။ ဒါပေမယ့် တိုက်ခန်းနဲ့ နေတာဆိုတော့ ရေတော့ အဆင်မပြေဘူး။ အိမ်ကလည်း အငှားဆိုတော့ အိမ်ရှင်ဆောင်ခိုင်းတော့ ကျမတို့အိမ် အဖြတ်ခံရပေမယ့် မနက် မဆောင်ချင်ဘဲ သွားဆောင်လိုက်ရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အစိုးရ ဝန်ထမ်းအများစုက အကြမ်းမဖက် အာဏာဖီဆန်သည့် နည်းဖြင့် (CDM) လှုပ်ရှားမှုတွင် ပါဝင်ခဲ့ရာတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းများလည်း ပါဝင်ခဲ့သဖြင့် လုပ်ငန်းလည်ပတ်မှု ထိခိုက်ခဲ့ပြီး ပုံမှန်မီတာ ကောက်ခံသည်ကအစ နှောင့်နှေးမှုများ ဖြစ်ပေါ်ခဲ့သည်။

ထို့ပြင် ပြည်သူအများစုကလည်း စစ်တပ်အာဏာသိမ်းခြင်းကို ကန့်ကွက်သည့်အနေနှင့် မီတာခအပါအဝင် အစိုးရထံသို့ ပေးဆောင်ရမည့် အခွန်အခများ၊ ဝန်ဆောင်မှုများကို မပေးဘဲ ရပ်တန့်ထားခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီလက်အောက်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဝန်ထမ်းများက လျှပ်စစ်မီးများ ဖြတ်တောက်ရာတွင် မီတာခနှင့် ဒဏ်ကြေးငွေ ပေးသွင်းမှသာ လျှပ်စစ်မီးများကို ပြန်လည် တပ်ဆင်ပေးခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

ထိုသို့ မီးဖြတ်ရာတွင် မီတာခများအပြင် ဒဏ်ကြေးအနေနှင့် ၄၀၀၀ ကျပ်ကိုလည်း ပေးဆောင်ရပြီး တချို့အိမ်များမှာ မီတာခ တလစာလျှင် ကျပ်သိန်းနှင့်ချီပြီး ပေးရသည်အထိ ဖြစ်နေသလို မီတာခများကြောင့် အိမ်ရှင်၊ အိမ်ငှားပြဿနာများလည်း လက်ရှိတွင် ဖြစ်ပွားနေကြောင်း သိရသည်။

“ကျမတို့ကတော့ ၆ လစာ ဆောင်လိုက်ရတယ်။ ဒဏ်ကြေးကတော့ ၄၀၀၀ ကျပ် ပေးရတယ်။ ကိုယ်က အိမ်ငှားနေတာဆို တော့ အိမ်ရှင်က ဆောင်ခိုင်းတော့လည်း မဆောင်ချင်လို့ မရဘူးလေ။ ဒီနေ့ မီတာရုံးမှာ ပြဿနာတွေ တက်နေတာ အများ ကြီးပဲ။ တချို့ လူနေအိမ်ကို လုပ်ငန်းသုံး မီတာခလောက်ကို ကျနေတာတွေ၊ လူမနေဘဲ မီတာခတင် တလ ၉ သောင်း လောက်ကျနေတာတွေ။ ပြီးတော့ အရင်အိမ်ငှားက နေသွားပေမယ့် မီတာခ မဆောင်ခဲ့ဘူး။ မီးဖြတ်တော့ နောက်ငှားတဲ့ အိမ်ငှားက အဖြတ်ခံရလို့ ပြဿနာတက်တာတွေ ကျမတို့ဘက်မှာ အများကြီး ဖြစ်နေတယ်”ဟု ယုဇနဥယျာဉ်မြို့တော်တွင် နေထိုင်သူ တဦးက ဆိုသည်။

မြို့နယ် တချို့တွင် မီတာရုံး၏ ပုံမှန်ဆောင်နေကျ မီတာစာရွက်အပြင် ဇယားဆွဲထားသည့် ပြင်ပ စာရွက်ဖြင့် ငွေတောင်းခံ လွှာဆိုသည့် ပုံစံနှင့် တအိမ်လျှင် ကျပ် ၁ သောင်းကျော်ဖြင့် တောင်းသည့် ပုံစံများပါ ရှိနေသည်။

ပြီးခဲ့သည့် အောက်တိုဘာလလယ်ကလည်း အင်းစိန်မြို့နယ်၊ အရှေ့ကြို့ကုန်းတရပ်ကွက်လုံးကို မီတာမဆောင်သော ကြောင့် မီးလာဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“မီတာ မဆောင်လို့ဆိုပြီး အဲဒါ ဖြတ်တော့ ဆောင်ကြတော့ အခုတော့ မီးအဖျက် မခံရတော့ဘူး။ ပြီးခဲ့တဲ့လက ဓမ္မာရုံမှာ ပိုက်ဆံ တခါထဲလာ ကောက်တာ။ မီတာဆောင်မယ် ပြောလဲမရဘူး။ အကုန်ဖြတ်တာ ၅ လပိုင်းထိ မဆောင်ထားတာ ဖြတ်တယ် ပြောတယ်။ ပြီးတော့ လက်ဖက်ရည်ဖိုးပါ ပေးမှ မီးပြန်တပ်ပေးတယ်။ ၅ ထောင်ပေးလိုက်ရတယ်။ အခုကတော့ ဖြတ်ချင်ဖြတ် မဖြတ်ချင်နေ။ ထပ်မဆောင်ထားသေးဘူး” ဟု အင်းစိန်မြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။

ဆက်လက်၍ ပြည်သူတဦးက “အခု မီတာခတွေလည်း တောင်းချင်သလို တောင်းတယ်။ ခါတိုင်း တလကျပ် တသောင်း လောက်ကျရင် အခု နှစ်သောင်း၊ သုံးသောင်းပဲ။ ကျမအိမ်ဆို ဘာမှ သိပ်မသုံးတော့ ခါတိုင်း ၆ ထောင်လောက်ပဲ ကျတာ။ အခု ၆ သောင်း ‌ရေးထားတယ်” ဟု လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
29
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
29
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
44

လက်ရှိတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လျော့နည်းနေပြီး ဓာတ်အားလိုင်းတချို့ ပြုပြင်ရန် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းတောင်၊ ရှမ်းမြောက်၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး အရှေ့၊ ပဲခူး အနောက်နှင့် ဧရာဝတီ အစရှိသည့် တိုင်းနှင့် ပြည် နယ်များတွင် လျှပ်စစ်ဓာတ်အားကို ယခု နိုဝင်ဘာလ ၁၉ ရက်မှ စတင်ပြီး တရက်လျှင် နှစ်နာရီဝန်းကျင် လျော့ချသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ တိုင်းနှင့်ပြည်နယ်များတွင် အုပ်စုခွဲပြီး တလကြာသည်အထိ အလှည့်ကျ လျှပ်စစ်ဓာတ်အားကို လျှော့ချသွားမည် ဖြစ်ပြီး စစ်ကိုင်းတိုင်းက၂၅ မဂ္ဂါဝပ်၊ ဧရာဝတီတိုင်းနှင့် မကွေးတိုင်းတို့က ၂၀ မဂ္ဂါဝပ်စီနှင့် ပမာဏ အများဆုံး လျှော့ချ သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

You may also like these stories:

မရေရာမှုများဖြင့် မြန်မာ့အထူးစီးပွားရေးဇုန်များ

မြန်မာဘီယာထုတ်သည့် ဂျပန်-မြန်မာ ဖက်စပ်ကုမ္ပဏီ ဖျက်သိမ်းတော့မည်

Your Thoughts …
Tags: စစ်ကောင်စီမီတာခမီးဖြတ်ရန်ကုန်မြို့
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
၁၉  နှစ်ပြည့် အခမ်းအနားမှ WLB အဖွဲ့ဝင်များ

အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာ) ကို လူ့အခွင့်အရေးဆိုင်ရာဆု ချီးမြှင့်

၂၀၂၁ ခု နိုဝင်ဘာ ၂၁ ရက်က မုံးကိုးဒေသ တိုက်ပွဲတွင် စစ်ကောင်စီ၏ စစ်လက်နက်ပစ္စည်းများကို MNDAA က သိမ်းဆည်းရမိစဉ် / The Kokang

မုံးကိုးတွင် MNDAA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲပြင်းထန်နေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved