• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာ) ကို လူ့အခွင့်အရေးဆိုင်ရာဆု ချီးမြှင့်

by ဧရာဝတီ
24 November 2021
in သတင်း
A A
၁၉  နှစ်ပြည့် အခမ်းအနားမှ WLB အဖွဲ့ဝင်များ

၁၉ နှစ်ပြည့် အခမ်းအနားမှ WLB အဖွဲ့ဝင်များ

8.7k
VIEWS
Share on FacebookShare on Twitter

အမျိုးသမီးနှင့် လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်နေသည့် အမျိုးသမီးအဖွဲ့ချုပ် (မြန်မာ) (Women’s League of Burma-WLB) ကို ဩစတြေးလျနိုင်ငံ (The Australian Council for International Deveolopment – ACFID) က ပေးအပ်သည့် လူ့အခွင့်အရေး ဆိုင်ရာဆု (Sir Ronald Wilson Human Rights Award) ယခုနှစ်အတွက် ချီးမြှင့် ခဲ့ကြောင်း ACFID က သတင်း ထုတ်ပြန်ခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများအား နိုင်ငံတကာသို့ စည်းရုံး လှုံ့ ဆော်ရာတွင် ထင်ထင်ရှားရှား ဦးဆောင်မှု ပေးနိုင်ခဲ့သည့်အတွက် ယခုကဲ့သို့ ချီးမြှင့်ခြင်း ဖြစ်ကြောင်း နိုဝင်ဘာလ ၂၂ ရက်က ထုတ်သည့် အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ACFID ၏ ဥက္ကဋ္ဌ Susan Pascoe က “၂၀၂၁ ခုနှစ် တလျှောက်လုံး WLB ဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာ သိမ်းမှုမှာ ရှေ့တန်းက ဦးဆောင်ပြီး အမျိုးသမီးများ လူ့စွမ်းအားမြှင့်တင်ရေး နိုင်ငံတကာစည်းရုံးမှုတွင် ထင်ရှားတဲ့ ဦးဆောင်မှု ပေးနိုင်ခဲ့ပါတယ်။ WLB အဖွဲ့ဝင်တွေ အနေနဲ့ မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသား မျိုးနွယ်စုအားလုံးရဲ့ အမျိုးသမီး အခွင့်အရေးကို ကာကွယ်မြှင့်တင်တဲ့နေရာမှာ နေ့စဉ်လိုလို အသက်ကိုလည်း ရင်းထားကြပါတယ်။ ဒီဆု ဟာ အကြမ်းဖက်မှုကို ရင်ဆိုင်ရာမှာ သူတို့ရဲ့ သတ္တိအတွက် အသိအမှတ်ပြုပေးခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ဆုချီးမြှင့်ခံရသည့်အပေါ် အမျိုးသမီးများ အဖွဲ့ချုပ်-မြန်မာ အနေဖြင့် ရှေ့ဆက် ပြုလုပ်မည့် လူ့အခွင့်အရေး ကိစ္စရပ်များ၊ အမျိုးသမီး အခွင့်အရေးများနှင့် ပတ်သက်၍ သက်ရောက်မှုများစွာ ရရှိကြောင်း အမျိုးသမီးများ အဖွဲ့ချုပ်-မြန်မာ၏ အထွေထွေ အတွင်းရေးမှူး နော်ဆဲဆဲက ဧရာဝတီသို့ ပြောသည်။

နော်ဆဲဆဲက “ဒီဆုတွေကလည်း အမျိုးသမီးထုတွေအတွက် အင်အားဖြစ်တယ်။ အမျိုးသမီးထုတွေကလည်း ရှေ့ ဆက်ပြီး တိုက်ပွဲဝင်ဖို့ ခွန်အားတွေ ရလာနိုင်တယ်လို့ မျှော်လင့်တယ်။ ကျမတို့ကို အသိအမှတ်ပြုတာတွေက များများ လာတဲ့ အနေအထားမှာ ကျမတို့ ရှေ့ဆက်ပြီးတော့ သွားနိုင်ဖို့က ခွန်အား ဖြစ်တယ်။ ကျမတို့အပေါ်မှာလည်း တာဝန် တွေက ပိုရှိလာတယ်။ ကျမတို့ လိုလားတဲ့ ကျား မ တန်းတူရေးဆိုင်ရာ ဖိုဝါဒကြီးစိုးမှုတွေ ပပျောက်ဖို့ပဲ ပြောပြော၊ လို လားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တရားမျှတမှု ရရှိဖို့ ပြောပြော၊ ဒါတွေရနိုင်ဖို့အတွက် ကျမတို့ ဆက် လက်ပြီးတော့ ကြိုးစားပြီး သွားဖို့ သက်ရောက်မှုတွေ ရှိလာပါတယ်” ဟု ပြောသည်။

ဆက်လက်၍ စစ်ရေး ပဋိပက္ခ ဖြစ်ပွားနေသည့် ဒေသများတွင် အမျိုးသမီးများအပေါ် မုဒိမ်းမှု ကျူးလွန်သည့် လုပ်ရပ် များကို စစ်လက်နက်အဖြစ် အသုံးချနေသည့် ကိစ္စရပ်များအား ပြစ်ဒဏ် ကင်းလွတ်ခွင့်ပေးနေခြင်းမှ ရပ်တန့်စေရန် နိုင်ငံတကာသို့ တွန်းအားပေးသွားမည် ဖြစ်ကြောင်း WLB က ဆိုသည်။

WLB သည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်း၍ တရားမျှတသည့် လူ့အဖွဲ့အစည်း ဖြစ်ပေါ်လာစေရေး၊ အမျိုးသမီးများ အဆင့် အတန်း မြှင့်တင်ရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး စသည့် လုပ်ငန်းများကို အဓိကထား လုပ် ဆောင်လျက် ရှိသည်။

WLB အဖွဲ့ကို ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်တွင် စတင် တည်ထောင်ခဲ့ကာ၊ တိုင်းရင်းသား ဒေသအသီးသီးမှ အမျိုး သမီး အဖွဲ့ပေါင်း ၁၃ ဖွဲ့ ပူးပေါင်း ပါဝင်သည့် အမျိုးသမီးကွန်ရက် အဖွဲ့တခုဖြစ်ပြီး၂၀၀၅ ခုနှစ်မှ စတင်၍ ၂၀၂၁ ခုနှစ် အထိ နိုင်ငံတကာမှ အသိအမှတ်ပြု ချီးမြှင့်ခဲ့သည့်ဆု ၆ ခု ခန့် ရရှိခဲ့ကြောင်း သိရသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
147
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
105
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
63

You may also like these stories:

ရွေးကောက်ပွဲရလဒ် ဖျောက်ဖျက်လျှင် ဒီမိုကရေစီ မဟုတ်

ပြည်သူ့ဆန္ဒ ပယ်ဖျက်ခံလိုက်ရသည့် ၂၀၂၀ ရွေးကောက်ပွဲ ၁ နှစ်ပြည့် စကားသံများ

ဒေသတွင်း ကုန်သွယ်ရေးစာချုပ် RCEP စတင် သက်ဝင်ရာတွင် မြန်မာ ချန်လှပ်ထားခြင်း ခံရ

Your Thoughts …
Tags: WLBလူ့အခွင့်အရေးဆိုင်ရာဆုအမျိုးသမီးအရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာ့အနာဂတ် ငြိမ်းချမ်းရေးအတွက် သင်ခန်းစာ ၈ ခုနှင့် တဝက်

မြန်မာ့အနာဂတ် ငြိမ်းချမ်းရေးအတွက် သင်ခန်းစာ ၈ ခုနှင့် တဝက်

by David Scott Mathieson
25 October 2023
3.1k

စစ်အာဏသိမ်းပြီးနောက် လက်နက်ကိုင်အဖွဲ့အစည်း အများအပြား ပျံ့နှံ့ပေါ်ပေါက်လာသောကြောင့် စေ့စပ်ညှိနှိုင်းမှုနှင့် ပါဝင်မှုအဆင့်များကို စီစဉ်ရာတွင် စဉ်းစားတွေးခေါ်မှု အများအပြား လိုအပ်သည်။

စစ်ကောင်စီ မုဒိန်းကျင့်ခံရသူများ တိုင်ကြားရန် လူ့အခွင့်အရေးအဖွဲ့များ တိုက်တွန်း

by ဧရာဝတီ
14 November 2022
5.3k

စစ်ဘက်ရေးရာ လုံခြုံရေး အကြီးအကဲရုံးနှင့် ထိုရုံးမှတပ်မှူး ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် စစ်ကြောရေးအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် အဓိက တာဝန်ရှိသူဖြစ်သည်။

ငြိမ်းချမ်းရေးအတွက် ရပ်တည်ချက်ခိုင်မာသူ (သို့) ပဒိုနော်စီဖိုးရာစိန် (ရုပ်/သံ)

ငြိမ်းချမ်းရေးအတွက် ရပ်တည်ချက်ခိုင်မာသူ (သို့) ပဒိုနော်စီဖိုးရာစိန် (ရုပ်/သံ)

by ဇော်မြတ်ခန့်
28 July 2024
389

နှစ်ပေါင်း ၇၀ ကျော် ရပ်တည်ခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ပထမဆုံး အမျိုးသမီး ဒုတိယဥက္ကဌ ဖြစ်ခဲ့သူ ပဒိုနော်စီဖိုးရာစိန်ဟာ ဇူလိုင်လ ၂၄ ရက်နေ့က ထိုင်းနိုင်ငံ မယ်စရင်းမြို့က သူ့ရဲ့နေအိမ်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

သင်းသင်း အဖမ်းခံရသောနေ့သည် တိုက်ဆိုင်စွာပင် သရုပ်ဆောင် ဝေဠုကျော် မင်္ဂဆောင်သောရက်နှင့် တရက်တည်းဖြစ်သည်

အမှုနဲ့မဆိုင်တဲ့ သင်းသင်း ဓာတ်ပုံတွေ ဝေဠုကျော် တမင်ရည်ရွယ်တင်ပြသလား

by ဧရာဝတီ
5 April 2022
29.5k

ထိုသို့တင်သွင်းခဲ့သည့် လိင်ပိုင်းဆိုင်ရာ ဓာတ်ပုံများတွင် အလှမယ် သင်းသင်း မဟုတ်သည့် ပုံများ ပါဝင်သလို၊ သင်းသင်း ဟုတ်သည်ဟု သက်သေ မပြနိုင်သည့် ပုံများပင် ပါဝင်သည်ဟု သင်းသင်းသာမက၊ ၎င်း၏ ရှေ့နေကပါ ဧရာဝတီကို ပြောသည်။

အမျိုးသမီးအရေး, ဒေါ်တင်တင်ညို, အကြမ်းဖက်မှု, အစိုးရ

“အမျိုးသမီးအရေး ဆိုတာ ယဉ်ကျေးမှုနဲ့ အလှအပကိုပဲ အာရုံစိုက်ဖို့မဟုတ်ဘူး”

by ဧရာဝတီ
16 January 2014
4.2k

အမျိုးသမီးတွေဟာ စစ်ပွဲဖြစ်တဲ့ နေရာတိုင်းမှာ အဓမ္မ ပြုကျင့်ခံရတယ်။ အဓမ္မ အကျင့်ခံရတိုင်း မှာလည်း အရေးယူမှု တစုံတရာ မရှိခဲ့ဘူး။ ဒီလို အနေအထားတွေဟာ ကျမတို့ အခု ဖော်ဆောင် နေတယ်ဆိုတဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းရေး အတွက်...

‘မျိုးစောင့်ဥပဒေ’မူကြမ်း အမျိုးသမီးအဖွဲ့များ ကန့်ကွက်

‘မျိုးစောင့်ဥပဒေ’မူကြမ်း အမျိုးသမီးအဖွဲ့များ ကန့်ကွက်

by ကြယ်ပြာ
17 June 2013
7.8k

မျိုးစောင့်ဥပဒေသာ အတည်ပြုဖြစ်ခဲ့လျှင် "ဗုဒ္ဒဘာသာသည် အခြားဘာသာဝင်များနှင့် ယှဉ်တွဲနေထိုင်ရန် ယုံကြည်မှု ကိုယ်ခံအားနည်းသော၊ နိမ့်ကျစိတ်ကို အခြေခံသော၊ မလုံမခြုံခံစားနေရသော ဘာသာ သာသနာ တခုဖြစ်ကြောင်း ဆိုလိုရာရောက်နိုင်သည်"ဟုလည်း ထည့်သွင်းဖော်ပြထားသည်။

Next Post
၂၀၂၁ ခု နိုဝင်ဘာ ၂၁ ရက်က မုံးကိုးဒေသ တိုက်ပွဲတွင် စစ်ကောင်စီ၏ စစ်လက်နက်ပစ္စည်းများကို MNDAA က သိမ်းဆည်းရမိစဉ် / The Kokang

မုံးကိုးတွင် MNDAA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲပြင်းထန်နေ

ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့် ပြုလုပ်ခဲ့သူ ဒုရဲအုပ် ချယ်ရီထက်

ချယ်ရီထက်၏ လက်ကိုင်ဖုန်း ဖွင့်ကြည့်၍ သက်သေထွက်ဆိုရန် တရားလိုကြိုးပမ်းမှုအား ကန့်ကွက်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved