• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Politics

ချယ်ရီထက်၏ လက်ကိုင်ဖုန်း ဖွင့်ကြည့်၍ သက်သေထွက်ဆိုရန် တရားလိုကြိုးပမ်းမှုအား ကန့်ကွက်

by ဧရာဝတီ
24 November 2021
in Politics
A A
ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့် ပြုလုပ်ခဲ့သူ ဒုရဲအုပ် ချယ်ရီထက်

ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့် ပြုလုပ်ခဲ့သူ ဒုရဲအုပ် ချယ်ရီထက်

10.1k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီး တရားစွဲထားသည့် ဒုရဲအုပ် ချယ်ရီထက်၏ လက်ကိုင်ဖုန်းအား ဖွင့်ကြည့်ကာ တရားခွင်အတွင်း ထွက်ဆိုရန် တရားလို၏ ဆောင်ရွက်မှုအပေါ် ယနေ့ ရုံးချိန်းတွင် ကန့်ကွက်လျှောက်လဲခဲ့ကြောင်း ဒုရဲအုပ် ချယ်ရီထက်၏ ရှေ့နေဖြစ်သူက ပြောသည်။

စစ်ကောင်စီသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ် လုံခြုံရေးဖြစ်သူ ဒုရဲအုပ် ချယ် ရီထက် အား စက်တင်ဘာ ၂၃ ရက်က ဖမ်းဆီးအမှုဖွင့်ကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် တရားစွဲကာ ယနေ့တွင် ရုံးထုတ် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ရှေ့နေဖြစ်သူက “ချယ်ရီထက်ရဲ့ ဖုန်းကို ဖွင့်ကြည့်ပြီး ထွက်ဆိုချက်ပေးဖို့ လုပ်ထားတာ။ ကျနော်တို့က တပါးသူရဲ့ ဖုန်းကို ကိုင်တွယ်ခွင့်၊ ဖွင့်ကြည့်ခွင့် မရှိဘူး ဆိုတဲ့အကြောင်း၊ ဒီလိုကြည့်ပြီး ထွက်ဆိုခွင့် မရှိတဲ့အကြောင်း ဥပဒေ အကိုးအကားနဲ့ ကန့်ကွက် တာပေါ့။ လာမယ့် ရုံးချိန်း ဆုံးဖြတ်ပေးမှာပါ” ဟု ပြောသည်။

ဒုရဲအုပ် ချယ်ရီထက်သည် စစ်တပ် အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်ကတည်းက အကျယ်ချုပ်ဖြင့် စောင့်ကြည့်ခံ ခဲ့ရပြီး စက်တင်ဘာ ၂၁ ရက်တွင် စစ်ဆေးရန် ရှိသည်ဟု ဆိုကာ ခေါ်ဆောင်သွားပြီးနောက် ၂၃ ရက်တွင် ဖမ်းဆီးကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာနမှ ဒုရဲမှူး ဇော်ဝင်းထွန်းက တရားလိုပြုလုပ်ကာ ဇဗ္ဗူသီရိမြို့နယ် အမှတ် ၁ ရဲစခန်း တွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ဒုရဲအုပ် ချယ်ရီထက်သည် လူမှုကွန်ရက် စာမျက်နှာ၌ May Mi အကောင့်ဖြင့် မတ်လ ၆ ရက်မှစ၍ “မတရားတာကို မတရားဘူးလို့ မပြောရဲရင် ပါးစပ်ပိတ်ထားပါ။ တရားပါတယ်လို့တော့ မပြောပါနဲ့”၊ မတ်လ ၇ ရက်တွင် “ဘယ်လိုပဲ ပြောပြော ဟိုဘက်ကလည်း CDM မပါရင် စစ်ကောင်စီ ဘက်တော်သားအဖြစ် အရေးယူ မယ်တဲ့ … ဒီဘက်ကလည်း CDM ပါရင် ရဲစည်း/ အရပ်ဘက် ထောင် ၁၃ နှစ်တဲ့၊ နှစ်ဖက်စလုံး ဖမ်းချင်နေကြတယ် ဆိုတော့ တခါတည်း အထုပ်ပြင်ပြီး အချုပ်ထဲသွားနှင့်ရမလား” ဟူ၍လည်းကောင်း၊ မတ်လ ၁၄ ရက်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ဖေ့ဘွတ် Page မှ “လွမ်းလိုက်တာ အမေ” ဟူသည့် ပို့စ်အား Share ပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းပြင် ဇွန်လအတွင်း NLD ပါတီ၏ ဘီးလင်း လွှတ်တော် ကိုယ်စားလှယ် မသီရိရတနာနှင့် ဆက်သွယ်မှုများ ပြုလုပ်ခဲ့ပြီး တောတွင်း စခန်းချနေထိုင်မှုများနှင့် လက်နက်ကိုင်ဆောင်မှု မှတ်တမ်းဓာတ်ပုံများ၊ NUG ၏ သတင်းထုတ် ပြန်ချက်များအား ပေးပို့ခြင်း၊ ပြည်ပ သတင်းဌာနများ၏ သတင်းရုပ်သံ ဖိုင်များအား အပြန်အလှန်ပေးခြင်းများ ပြုလုပ်ခဲ့ သဖြင့် အမှုဖွင့်တိုင်တန်း ရခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

ယင်းသို့ ဖမ်းဆီးအမှုဖွင့်ကတည်းက ချယ်ရီထက်အား နေပြည်တော် အချုပ်ထောင်သို့ ပို့ဆောင်ကာ ချုပ်နှောင်ထား ခြင်း ဖြစ်သည်။

ယင်းပြင် ချယ်ရီထက်အနေဖြင့် ပုဒ်မ ၅၀၅-က ဖြင့် တရားရင်ဆိုင်နေရသည့်အပြင် ရဲစည်းကမ်းထိန်းသိမ်းရေးအက် ဥပ ဒေ အရလည်း ရဲခုံရုံး အဖွဲ့ဖြင့် စုံစမ်း စစ်ဆေး ခံထားသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.8k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

ရဲခုံရုံး စစ်ဆေးမှုနှင့် ပတ်သက်ပြီး ၎င်းအား ထောင်ဒဏ် ၆ နှစ်ချလိုက်ကြောင်း သတင်းများ ပျံ့နှံ့နေသော်လည်း အသိ ပေးအကြောင်းကြားခြင်း မရှိသေးကြောင်း ရှေ့နေဖြစ်သူက ပြောသည်။

“တကယ်လို့ အမိန့်ချမှတ်ပြီးပြီးဆိုရင် သူ့ကို နေပြည်တော် အချုပ်ထောင်မှာ ထားမှာ မဟုတ်ဘူး။ ရမည်းသင်းထောင် ကို ပို့မှာပေါ့တဲ့။ သူ ဘာမှ မသိဘူး၊ သူ့ကို အမိန့်ချပြီးပါပြီဆိုပြီး အသိပေး အကြောင်းကြားတာလည်း မရှိဘူး” ဟု ချယ်ရီထက်က ပြောပြခဲ့ကြောင်း ၎င်း၏ ရှေ့နေက ဆိုသည်။

ဒုရဲအုပ် ချယ်ရီထက်အား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုထားမှုအား ဒီဇင်ဘာလ ၂ ရက်တွင် ရုံးချိန်းထပ်မံချိန်းဆိုထားပြီး ၎င်းအနေဖြင့် ကျန်းမာရေး ကောင်းမွန်ကြောင်းလည်း ရှေ့နေဖြစ်သူက ပြောသည်။

You may also like these stories:

ဒေါ်အောင်ဆန်းစုကြည် အတွက် ဒေါက်တာဇော်မြင့်မောင် တရားရုံးလာရောက် သက်သေထွက်ဆိုဖို့ ပျက်ပြယ်

သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် တို့အား သဘာဝဘေး အမှုအတွက် ဒီဇင်ဘာ ၆ ရက်နေ့ အမိန့်ချမည်

ကျန်းမာရေးကြောင့် အမှုများတပတ်ခြားစစ်ရန် ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုမှု ငြင်းပယ်ခံရ

ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့် ချယ်ရီထက်အား ပုဒ်မ ၅၀၅- က ဖြင့် အမှုဖွင့်

Your Thoughts …
Tags: ၅၀၅ (က)ဒုရဲအုပ် ချယ်ရီထက်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
41.9k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို ခေါ်ယူစစ်ဆေးနေ

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို ခေါ်ယူစစ်ဆေးနေ

by ဧရာဝတီ
29 October 2023
8.5k

ဦးရဲထွဋ်နှင့်အတူ စစ်တက္ကသိုလ်တက်ခဲ့သူများထဲတွင် လက်ရှိစစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးရာပြည့်၊ NLD အစိုးရလက်ထက် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကျော်ဆွေ၊ လက်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး နှင့် အာဏာသိမ်းပြီးနောက် ပြည်သူ့ဖက် ရပ်တည်သဖြင့်အနားပေးခံရသော အင်္ဂလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းတို့မှာ လူသိများသူများ...

စစ်ကောင်စီကိုဝေဖန်၍ ဦးသန်းရွှေသားမက် ဒေါက်တာ နေစိုးမောင် ထောင် ၃ နှစ်ကျ

စစ်ကောင်စီကိုဝေဖန်၍ ဦးသန်းရွှေသားမက် ဒေါက်တာ နေစိုးမောင် ထောင် ၃ နှစ်ကျ

by ဧရာဝတီ
27 January 2025
1.6k

လက်ရှိအချိန်တွင် ဒေါက်တာ နေစိုးမောင်အား မန္တလေးဗဟိုအကျဉ်းထောင်(အိုးဘို)၌ အခြားအကျဉ်းသားများနှင့်အတူ မထားဘဲ သီးသန့်ခွဲ၍ ထားရှိသလို ကျန်းမာရေးလည်း ကောင်းမွန်ကြောင်း

ဧရာဝတီ ထုတ်ဝေသူ နာမည်ခံပေးသူကို ထောင်ဒဏ် ၅ နှစ်ချ

ဧရာဝတီ ထုတ်ဝေသူ နာမည်ခံပေးသူကို ထောင်ဒဏ် ၅ နှစ်ချ

by ဧရာဝတီ
30 June 2023
21.1k

စစ်ကောင်စီသည် ဧရာဝတီ သတင်းဌာနကို တရားစွဲဆိုပြီး ပထမဆုံးအကြိမ် ဖြိုခွဲရန် ကြိုးစားပြီးနောက် တနှစ်ခွဲအကြာတွင် သူ့ကိုဖမ်းဆီးခြင်း ဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီက နိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်းကြေညာထားသည့် အနုပညာရှင်များ

နိုင်ငံသားအဖြစ်မှ ရပ်စဲခြင်းဖြင့် တော်လှန်စိတ်ကို ရပ်၍မရ

by ဧရာဝတီ
14 April 2022
21k

စစ်အစိုးရရှိနေစဉ် ကာလမှာတော့ နိုင်ငံသားဖြစ်လည်း ကျနော်တို့လို ပြည်ပရောက်နေသူတွေက ပြည်တွင်း ပြန်ဝင်လာလို့ မရတာကြောင့် ဘာမှ မထူးခြားပါဘူး။ သဘောကတော့ ဖမ်းမမိတဲ့သူတွေ၊ အဝေးရောက်သွားတဲ့သူတွေကို၊ သူတို့ကို နည်းမျိုးစုံနဲ့ ဆန့်ကျင်နေတဲ့သူတွေကို မစားရတဲ့အမဲ သဲနဲ့ပက်တာပေါ့ဗျာ။ မြန်မာပြည်မှာ နိုင်ငံသားမှတ်ပုံတင်ကြီး...

၂၀၂၁ ဖေဖော်ဝါရီလ ရန်ကုန်တွင် စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြသူတဦးက ရဲများအား ကိုဗစ်ရောဂါကာကွယ်ရေး နှာခေါင်းစည်းများ ဝေငှစဉ် / ဧရာဝတီ

CID ဒုရဲမှူးကြီးဇော်ဝင်းကို နေပြည်တော်တွင် ရုံးထုတ်

by ဧရာဝတီ
25 February 2022
15.1k

"မနေ့က ဇမ္ဗူသီရိတရားရုံးမှာ ပထမဆုံး ရုံးထုတ်ပါတယ်။ ပုဒ်မကတော့ ၅၀၅ (က) ရယ် ရဲစည်းကမ်းရယ် နှစ်ခုနဲ့ အမှု ဖွင့်ခံထားရပါတယ်" ဟု ဒုရဲမှူးကြီးဇော်ဝင်းကို၏ မိတ်ဆွေတဦးက ဧရာဝတီသို့ ပြောသည်။

Next Post
ဇွန်လအတွင်း ရုရှကာကွယ်ရေးစစ်တက္ကသိုလ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်စဉ်

အာရှ-ဥရောပ ထိပ်သီးဆွေးနွေးပွဲ မတက်ဟု မြန်မာအကြောင်းပြန်

မြန်မာဘီယာ အပါအဝင် ဘီယာအမှတ်တံဆိပ် ၅ မျိုးခန့် ထုတ်လုပ်နေသော မြန်မာဘရူဝါရီကုမ္ပဏီ ဖျက်သိမ်းရန် မြန်မာစီးပွားရေးဦးပိုင်အများပိုင်လီမိတက်၏ တရားရုံးသို့ လျှောက်ထားခဲ့သည် / AFP

ကုမ္ပဏီ ဖျက်သိမ်းရန် ဦးပိုင် လုပ်ဆောင်မှု သဘောတူချက်များ ချိုးဖောက်ဟု ဂျပန် ကီရင် တုံ့ပြန်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.8k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved