• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မုံးကိုးတွင် MNDAA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲပြင်းထန်နေ

by ဧရာဝတီ
24 November 2021
in သတင်း
A A
၂၀၂၁ ခု နိုဝင်ဘာ ၂၁ ရက်က မုံးကိုးဒေသ တိုက်ပွဲတွင် စစ်ကောင်စီ၏ စစ်လက်နက်ပစ္စည်းများကို MNDAA က သိမ်းဆည်းရမိစဉ် / The Kokang

၂၀၂၁ ခု နိုဝင်ဘာ ၂၁ ရက်က မုံးကိုးဒေသ တိုက်ပွဲတွင် စစ်ကောင်စီ၏ စစ်လက်နက်ပစ္စည်းများကို MNDAA က သိမ်းဆည်းရမိစဉ် / The Kokang

18.5k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ဟု လူသိများသော မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ် (MNDAA) နှင့် စစ်ကောင်စီတပ်များအကြား မုံးကိုးမြို့ဝန်းကျင်တွင် တိုက်ပွဲ အပြင်းအထန် ဖြစ်နေကြောင်း MNDAA ထံက သိရသည်။

နိုဝင်ဘာလ ၂၁ ရက်ကဆိုလျှင် တရုတ်- မြန်မာနယ်စပ်အနီး မုံးကိုးမြို့နယ်အတွင်းရှိ ရှိကျိကျတောင်တန်းနှင့် မန်ရန်ဒေသ ဝန်းကျင်တွင် ၁ ရက်တည်း တိုက်ပွဲ ၆ ကြိမ် ဖြစ်ပွားခဲ့ကြောင်း MNDAA ပြန်ကြားရေးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီသည် ပထမဦးစွာ ရှိကျိကျတောင်တန်းနှင့် မန်ရန်ဒေသဝန်းကျင်ရှိ တပ်စခန်းကို လက်နက်ကြီးဖြင့် အချက် ပေါင်း ၉၀၀ ကျော် ပစ်ခတ်တိုက်ခိုက်ကြောင်း MNDAA ဘက်က ဆိုသည်။

ထို့နောက် စစ်ကောင်စီ၏ မိတ္ထီလာအခြေစိုက် တပ်မ ၉၉ လက်အောက်ခံ တပ်ရင်း ၁၅ နှင့် ပဲခူးအခြေစိုက် တပ်မ ၇၇ လက်အောက်ခံ တပ်ရင်း ၁၀၅ တို့သည် နိုဝင်ဘာလ ၂၁ ရက် နံနက် ၇ နာရီခွဲ ဝန်းကျင်မှ စတင်၍ MNDAA ၏ မန်ရန် တပ်စခန်းကို ၂ ကြိမ် စစ်ကြောင်းထိုး တိုက်ခိုက်လာကြောင်း၊ ၃ နာရီကျော်ကြာ တိုက်ခိုက်ပြီးနောက် နေ့လယ် ၁၁ နာရီ ဝန်းကျင်တွင် စစ်ကောင်စီဘက်က တပ်ပြန်ဆုတ်သွားကြောင်း အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်ကအယောက် ၂၀ သေ၍ MNDAA ဘက်က ၃ ဦး ဒဏ်ရာရပြီး ၁ ဦး ကျဆုံးကြောင်း MNDAA ထုတ်ပြန်ချက်အရ သိရသည်။

ယင်းပြင် မုံးကိုးမြို့နယ်ထဲရှိ ပန်ရင်လပ၊ ပန်ဆာ‌တောင်ကုန်း၊ ရှပန်ဆာ၊ ချင်ချိုင့်ထန်‌ တောင်ကုန်းနှင့် ဖောင်းဆိုင်တံတား တို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း MNDAA ဘက် ဆိုသည်။

မုံးကိုးဒေသရှိ MNDAA ၏ တပ်ခွဲ ၃ ခုကို ဆုတ်ခွာရန် ဗဟိုဌာနချုပ်က အမိန့်ပေးထားကြောင်း နိုဝင်ဘာလ ၁၀ ရက်တွင် MNDAA ပြန်ကြားရေး ဌာနဘက်က သတင်းထုတ်ပြန်ပြီးနောက် ၁၀ ရက်အကြာမှာပင် မုံးကိုးဒေသ၌ တိုက်ပွဲများ ဆက် လက်ပြင်းထန်နေခြင်း ဖြစ်သည်။

ထိုစဉ်က တပ်ဆုတ်ရခြင်းမှာ မုံးကိုးဒေသတွင် ကိုဗစ်ပိုး ကူးစက်မှုများ ထိန်းချုပ်ကုသနိုင်ရန် တရုတ်နိုင်ငံ၏ မေတ္တာရပ်ခံ ချက်ကြောင့် တပ်ခွဲ ၃ ခု ဆုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း MNDAA ဘက်က ဆိုသည်။

တပ်ခွဲ ၃ ခု ဆုတ်လိုက်ကြောင်း ကြေညာခဲ့သော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေရခြင်းမှာ စစ်ကောင်စီ၏ ထိုးစစ် ကြောင့်သာ ဖြစ်ကြောင်း MNDAA ပြန်ကြားရေးဌာန တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

“တိုက်ပွဲ ဖြစ်တာကတော့ စစ်ကောင်စီနဲ့ပဲ ဆိုင်တယ်။ ကျနော်တို့ကတော့ တတ်နိုင်သလောက်တော့ ထိန်းထားတာပဲ။ စစ် ကောင်စီက လာတိုက်တော့လည်း ကျနော်တို့လည်း ပြန်တိုက်ရတာပဲ” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီ၏ တပ်မ ၇၇ လက်အောက်ခံ တပ်ရင်း ၁၀ ရင်းနှင့် တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းအချို့သည် မုံးကိုးဒေသသို့ ထိုးစစ်ဆင်ရန် ရောက်ရှိနေကြောင်း MNDAA ပြန်ကြားရေးဌာန တာဝန်ရှိသူတဦးက ပြောပြသည်။

မုံးကိုးဒေသ တိုက်ပွဲ အခြေအနေနှင့် ပတ်သက်၍ သိရှိနိုင်ရန် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းထံ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်သဖြင့် အဆက်အသွယ်မရပေ။

စစ်ရေးနှင့် နိုင်ငံရေးလေ့လာသူ တဦးကမူ MNDAA နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေသည့် မုံးကိုးခွင်တွင် MNDAA တပ်ဖွဲ့ဝင်များသည် ခြေကုပ်ရသွားသည့် သဘောရှိပြီး ယင်းနယ်မြေရှိ MNDAA တပ်ဖွဲ့ဝင်များကို ရှင်းလင်းနိုင်ရန် စစ်ကောင် စီ ဘက်က တိုက်စစ်ဆင်နေခြင်း ဖြစ်နိုင်ကြောင်း ဆိုသည်။

“ကိုးကန့်က ခြေကုပ်ရသွားပြီထင်တယ်။ တပ်က ရှင်းဖို့ မဖြစ်နိုင်တော့ဘူး။ အဓိကက စစ်တပ်မှာ တပ်အင်အား မလုံ လောက်တာ ပြဿနာရှိနေတာ။ နောက်တခုက စစ်တပ်က တိုက်ရည်ခိုက်ရည် ကျနေတယ်။ အခုမှ ဖွဲ့တဲ့ PDF ကိုတောင် လေကြောင်း ပစ်ကူ၊ အမြောက်ပစ်ကူနဲ့ တိုက်နေရတာ။ ကိုးကန့်က စစ်ရည်ဝနေတဲ့ တပ်ဆိုတော့ ပိုမလွယ်ဘူးပေါ့” ဟု ၎င်းက ဆိုသည်။

MNDAA ခြေကုပ်ရသွားသည့် မုံးကိုးခွင်သည် သံလွင်မြစ်အနောက်ခြမ်းရှိ မုံးကိုးနှင့် ဖောင်းဆိုင်မှသည် တောင်ဘက် မုံးယား၊ မုံးဟောင်ဒေသနှင့် တာမိုးညဲ၊ နားလဲဒေသ သာမက သိန္ဒီ- ကွမ်လုံ ကားလမ်းအထိကျယ်ပြန့်သည့် လှုပ်ရှားခွင် ဖြစ်ကြောင်း ပြောသည်။

ယင်းနယ်မြေတွင် ခြေကုပ်ရသွားသည့် MNDAA သည် သံလွင်မြစ် အရှေ့ခြမ်းရှိ ကိုးကန့်ဒေသသို့ အလွယ်တကူ ဝင်ရောက် လှုပ်ရှားနိုင်ပြီး ကိုးကန့်ဒေသ စိုးမိုးရေးကိုပါ လုပ်ဆောင်လာနိုင်ကြောင်း စစ်ရေးနှင့် နိုင်ငံရေး လေ့လာသူတဦးက ဆိုသည်။

(MNDAA) သည် တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် လမ်းကြောင်းတခုဖြစ်သော မုံးကိုးနယ် မြေတခွင်လုံး စိုးမိုးနိုင်ရန် ပြီးခဲ့သည့် ဇူလိုင်လဆန်းကတည်းက စတင်ကြိုးပမ်းနေခြင်းဖြစ်ပြီး ဇူလိုင်လဆန်းမှ နိုဝင်ဘာ လဆန်းအတွင်း မုံးကိုးဒေသ အတွင်းရှိ စစ်ကောင်စီတပ်များကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ဒါဇင်နှင့်ချီ ကျဆုံးမှုရှိခဲ့ပြီး လက်နက်ခဲယမ်းများလည်း ကိုးကန့်တပ်ဘက်က သိမ်းပိုက်မိသည်လည်း ရှိသည်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
22
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
29
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
625

You may also like these stories:

တကျော့ပြန် စစ်ပဋိပက္ခဇုန် ဖြစ်လာသည့် မုံးကိုးဒေသ

မြန်မာစစ်တပ် သေဆုံးမှုနှုန်း တိုးနေသော်လည်း

စစ်ကောင်စီ၏ အပစ်ရပ်ရေး ကြေညာချက် လက်နက်ကိုင်အဖွဲ့တွေ မယုံကြည်

Your Thoughts …
Tags: MNDAAစစ်ကောင်စီတပ်တိုက်ပွဲမုန်းကိုး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့် ပြုလုပ်ခဲ့သူ ဒုရဲအုပ် ချယ်ရီထက်

ချယ်ရီထက်၏ လက်ကိုင်ဖုန်း ဖွင့်ကြည့်၍ သက်သေထွက်ဆိုရန် တရားလိုကြိုးပမ်းမှုအား ကန့်ကွက်

ဇွန်လအတွင်း ရုရှကာကွယ်ရေးစစ်တက္ကသိုလ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်စဉ်

အာရှ-ဥရောပ ထိပ်သီးဆွေးနွေးပွဲ မတက်ဟု မြန်မာအကြောင်းပြန်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved