• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အမှုနဲ့မဆိုင်တဲ့ သင်းသင်း ဓာတ်ပုံတွေ ဝေဠုကျော် တမင်ရည်ရွယ်တင်ပြသလား

by ဧရာဝတီ
5 April 2022
in ဆောင်းပါး
A A
သင်းသင်း အဖမ်းခံရသောနေ့သည် တိုက်ဆိုင်စွာပင် သရုပ်ဆောင် ဝေဠုကျော် မင်္ဂဆောင်သောရက်နှင့် တရက်တည်းဖြစ်သည်

သင်းသင်း အဖမ်းခံရသောနေ့သည် တိုက်ဆိုင်စွာပင် သရုပ်ဆောင် ဝေဠုကျော် မင်္ဂဆောင်သောရက်နှင့် တရက်တည်းဖြစ်သည်

29.5k
VIEWS
Share on FacebookShare on Twitter

ပရဟိတ မင်းသားဟု လူသိများသည့် ကာမလိမ်လည်မှုဖြင့် တရားစွဲခံထားရသည့် ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော်က ၎င်းအား တရားစွဲဆိုထားသည့် တရားလို အလှမယ် သင်းသင်း၏ လိင်ပိုင်းဆိုင်ရာ ဓာတ်ပုံများကို ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့ ရုံးချိန်းတွင် သက်သေအဖြစ် တင်သွင်းခဲ့သည်။

ထိုသို့တင်သွင်းခဲ့သည့် လိင်ပိုင်းဆိုင်ရာ ဓာတ်ပုံများတွင် အလှမယ် သင်းသင်း မဟုတ်သည့် ပုံများ ပါဝင်သလို၊ သင်းသင်း ဟုတ်သည်ဟု သက်သေ မပြနိုင်သည့် ပုံများပင် ပါဝင်သည်ဟု သင်းသင်းသာမက၊ ၎င်း၏ ရှေ့နေကပါ ဧရာဝတီကို ပြောသည်။

အတည်မပြုနိုင်သည့် ဓာတ်ပုံများ

အဆိုပါ ဓာတ်ပုံများ မည်သည့်ရင်းမြစ်က ရရှိသည်ကို တိတိကျကျ ရှင်းလင်းစွာ မသိရသော်လည်း အမှုနှင့် မသက်ဆိုင်သည့် ပုံများ၊ ထိုမျှသာမက ကာယကံရှင် ဟုတ်မဟုတ်ပင် အတည်မပြုနိုင်သည့် ပုံများလည်း ပါဝင်သည်မှာ တရားစွဲဆိုထားသူကို ဂုဏ်သိက္ခာ ချနင်းလိုသည့် သဘောဖြစ်သည်ဟု သင်းသင်း ကိုယ်တိုင်နှင့် ဧရာဝတီက မေးမြန်းခဲသည့် ဥပဒေ ပညာရှင်များက ဆိုကြသည်။

“ဒါက အမှုနဲ့ မသက်ဆိုင်လို့ ကျနော်တို့ ကန့်ကွက်ခဲ့တာ။ ဘယ်သူရယ်လို့လည်း မကွဲပြားဘူး။ အမှုနဲ့လည်း မသက်ဆိုင်ဘူး။ ဝေဠုကျော်ပုံဆိုရင် ဒါအမှုနဲ့ သက်ဆိုင်လို့ တမျိုး စဉ်းစားရမှာပေါ့။ တခြားသူပုံလို့ ပြောတဲ့ အတွက် အမှုနဲ့ မသက်ဆိုင်လို့ ကန့်ကွက်ခဲ့တယ်” ဟု သင်းသင်း၏ ရှေ့နေက ရုံးချိန်းတွင် ကြုံခဲ့ရသည့် ဖြစ်စဉ်ကို ပြောပြသည်။

သင်းသင်းကမူ ယင်းကဲ့သို့ ပုံများဖြင့် အမျိုးသမီး တယောက်၏ ဂုဏ်သိက္ခာ ကျအောင် တမင်တကာ တိုက်ခိုက်သည်ဟု ခံစားရပြီး တရားခွင်တွင် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသည်

တရားလို သင်းသင်းကမူ ယင်းကဲ့သို့ ပုံများဖြင့် အမျိုးသမီး တယောက်၏ ဂုဏ်သိက္ခာ ကျအောင် တမင်တကာ တိုက်ခိုက်သည်ဟု ခံစားရပြီး တရားခွင်တွင် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသည်ဟု ဧရာဝတီကို ဖွင့်ဟ ပြောသည်။

“အမှုနဲ့ သက်ဆိုင်တာကို မသွားဘဲနဲ့ ကျမရဲ့သိက္ခာပိုင်းဆိုင်ရာ အရမ်း ထိခိုက်တယ်” ဟု သင်းသင်းက ဧရာဝတီကို ပြောသည်။ ဓာတ်ပုံ တချို့သည် စွပ်စွဲထားသည့် ဓာတ်ပုံများသာ ဖြစ်ပြီး မိမိကိုယ်တိုင် မဟုတ်ဘဲ၊ မိမိပုံ ဖြစ်သည်ဟု စွပ်စွဲထားသည်ဟု သင်းသင်းက ဆိုသည်။

၂၀၁၉၊ ဇန်နဝါရီလထဲတွင် စတင် တရားစွဲဆိုခဲ့သည့် အမှုသည် NLD အစိုးရ လက်ထက်မှသည် ယခု စစ်အာဏာသိမ်းသည့် ၂၀၂၂ ခုနှစ်အထိ ဆက်လက် ရင်ဆိုင်နေရဆဲ ဖြစ်သည်။ အာဏာသိမ်းပြီးနောက်တွင်မူ သင်းသင်း၏ အမှုကို မတ်လ ၁၇ ရက်နေ့တွင် ပြန်လည် စတင် စစ်ဆေးခဲ့သည်။

မတ်လ ၁၇ ရက်နေ့ ရုံးချိန်းတွင် သင်းသင်းအမှုအား ပြန်ခေါ်သက်သေ အနေဖြင့် တရားလို သင်းသင်းကို စတင် စစ်ဆေးခဲ့ပြီး ပြီးခဲ့သည့် မတ်လ ၂၉ ရက် ရုံးချိန်းတွင်မူ စွဲချက်တင်ခံရသူ ဝေဠုကျော်ဘက်ကို ဒုတိယ သက်သေတင်သွင်းမှု စစ်ဆေးခဲ့သည်ဟု သိရသည်။ အဆိုပါ ဒုတိယ သက်သေ တင်သွင်းမှုတွင် အမှုနှင့် မသက်ဆိုင်သည့် လိင်ပိုင်းဆိုင်ရာ ပုံများကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

သင်းသင်းအမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေက “ဒီအမှုက ကာမလိမ်လည်မှု ဖြစ်တဲ့အတွက် ဝေဠုကျော် သက်သေပြရမှာက သူလက်ထပ်ဖို့ ကတိပေးခဲ့လား၊ မပေးခဲ့ဘူးလားပဲ သက်သေပြရမှာ။ မဆီမဆိုင် သင်းသင်းရဲ့ဂုဏ်သိက္ခာ ထိခိုက်အောင် မကောင်းတဲ့ ဝက်ဘ်ဆိုက်က ပုံတွေ တရားရုံးကို တင်ပြတယ်လို့ပဲ ကျနော်တို့က သုံးသပ်တာပေါ့” ဟု ဧရာဝတီကို ပြောသည်။

သက်သေ တင်သွင်းမှုကို တရားလို သင်းသင်းဘက်က ကန့်ကွက်ခဲ့ပြီး အကျယ်တဝင့် လျှောက်လဲချက် တင်ရန် နောက်တပတ်သို့ ရုံးချိန်း ထပ်မံ ချိန်းဆိုခဲ့သည်။

အဆိုပါ သက်သေ တင်သွင်းမှုကို တရားလို သင်းသင်းဘက်က ကန့်ကွက်ခဲ့ပြီး အကျယ်တဝင့် လျှောက်လဲချက် တင်ရန် နောက်တပတ်သို့ ရုံးချိန်း ထပ်မံ ချိန်းဆိုခဲ့သည်။

တရားလွှတ်တော် ရှေ့နေ တဦးက “ဥပဒေကြောင်းအရ ဆိုရင် ဒါက အမှုနဲ့ မသက်ဆိုင်တဲ့ ကိစ္စပဲ။ ဥပမာ- ကျူးလွန်ခံရတဲ့ တရားလို မိန်းကလေးက ပြည့်တန်ဆာ ဖြစ်နေရင်တောင် တင်ခွင့်မရှိဘူး။ ဒါ မသင်းသင်း အမှုတခုတည်းကို ဆိုလိုတာ မဟုတ်ပါဘူး။ ဥပမာ ပြောပြတာ။ ဒါက အမှုနဲ့ မသက်ဆိုင်ဘူး။ ဒါက တဖက်ကို သက်သက် ဂုဏ်သိက္ခာ ကျအောင် လုပ်တယ်လို့ မြင်တယ်” ဟု ဧရာဝတီကို ပြောသည်။

နာမည်ကြီးမှုကို အသုံးချ အနိုင်ကျင့်မှုလား

ကာမလိမ်လည်မှုဖြစ်သည့်အတွက် စွပ်စွဲခံရသူက အမှုနှင့် သက်ဆိုင်သည့် သက်သေမျိုးကိုသာ တင်သွင်းသင့်ပြီး အမှုနှင့် မသက်ဆိုင်သည့် လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းပုံကို တင်သွင်းခြင်းသည် ဝေဠုကျော်က ၎င်း၏ နာမည်ကြီးမှုကို အသုံးချကာ တမင်တကာ အနိုင်ကျင့်ခြင်း ဖြစ်သည်ဟု အမျိုးသမီး အဖွဲ့များက သုံးသပ်ကြသည်။

“တမင်တကာ အမျိုးသမီးဖြစ်လို့ အနိုင်ကျင့်လို့ရလို့ အနိုင်ကျင့်တယ်။ အမှုနဲ့ မဆိုင်ဘဲ တမင်တကာ အနိုင်ပိုင်းတယ်လို့ မြင်တယ်။ ဒါ အမှုမှန်ပေါ်ပေါက်ပြီး ကျူးလွန်တဲ့သူကို အပြစ်ပေး အရေးယူသင့်တဲ့ အခြေအနေ ရောက်သင့်တယ်လို့ ထင်တယ်” ဟု မြန်မာ့အမျိုးသမီး သမဂ္ဂ (BWU) မှ တွဲဖက်အတွင်းရေးမှူး (၁) မဇူးဇူးက ဧရာဝတီကို သုံးသပ် ပြောသည်။

မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ် (WLB) ၏ အထွေထွေအတွင်းရေးမှူး နော်ဆဲဆဲကလည်း ယခုလို ညစ်ညမ်းပုံများ သက်သေအဖြစ် တင်သွင်းခြင်းသည် Privacy (ကိုယ်ရေးကိုယ်တာ) ချိုးဖောက်မှု ဖြစ်သလို၊ သင်းသင်း၏ ဂုဏ်သိက္ခာ ကျဆင်းအောင် အသရေဖျက်သည့် အမှုမြောက်သည်ဟု မှတ်ချက်ပြု ပြောဆိုသည်။

နော်ဆဲဆဲက “ဝေဠုကျော်က သူအနိုင်ရဖို့အရေး၊ သူအပြစ်မခံရဖို့အရေး ဘာကိုမှ ဂရုမစိုက်ဘူး။ အခွင့်အရေး ချိုးဖောက်တာတွေ ဘာတွေ ဂရုမစိုက်ဘူး။ အဲဒီ အခွင့်ရရေးအတွက် တဖက်သားကို ရည်ရွယ်ချက်ရှိရှိ လုပ်တယ်လို့ ကျမတို့ ယူဆတယ်။ တဖက်ရဲ့ ဂုဏ်သိက္ခာအရရော၊ တဖက်ရဲ့ပုံရိပ်ကို အရမ်းထိခိုက်တယ်” ဟု ပြောသည်။

ယခုကဲ့သို့ စစ်အာဏာသိမ်းမှု ကာလတွင် ရင်ဆိုင်နေရသည့် တရားစီရင်ရေးကိုလည်း အယုံအကြည် မရှိ

ယခုကဲ့သို့ စစ်အာဏာသိမ်းမှု ကာလတွင် ရင်ဆိုင်နေရသည့် တရားစီရင်ရေးကိုလည်း အယုံအကြည် မရှိဟု မနော်ဆဲဆဲက ထပ်လောင်း ပြောသည်။

“ဒီအချိန်မှာ အမှုကို ဆက်သွားနေတာက အကန့်အသတ်ရှိတယ်။ တစုံတခုကို အသုံးချပြီး မမျှတတဲ့ ဆုံးဖြတ်ချက်၊ အမိန့်တွေ ချမှတ်ကြလိမ့်မယ်၊ ပြီးတော့ ဒီအမျိုးသမီးအတွက် မမျှတတဲ့ ဆုံးဖြတ်မှုတွေ ရလာမယ်လို့ သုံးသပ်မိတယ်” ဟု ၎င်း၏ အမြင်ကို သုံးသပ်ပြောသည်။

ယခုအမှုသည် စစ်ကောင်စီ၏ ယန္တရား လည်ပတ်မှုတွင် ဆက်သွားနေပြီး ယင်းအနေအထားသည် တရား ရင်ဆိုင်နေရသော တရားလို သင်းသင်း၏ ဆုံးဖြတ်ပိုင်ခွင့်သာဖြစ်ကြောင်း၊ ယခုအမှုဖြင့် တရားမျှတမှုသာ ရသင့်ကြောင်း နော်ဆဲဆဲက ဆက်ပြောသည်။

ဝေဠုကျော်သည် နာမည်ကြီး မင်းသားတလက် ဖြစ်သည့်အတွက် သာမန် မိန်းကလေးတဦးက တရားစွဲဆိုသည့် ထိုကာလ ၂၀၁၉ ခုနှစ်က လူအများအပြားက မင်းသားဘက်က ရပ်တည်ခဲ့ကြသေးသည်။

ထိုအချိန်က ဝတ်ပုံစားပုံ ရိုးစင်းသော သင်းသင်းကို ဆိုရှယ်မီဒီယာ စာမျက်နှာများထက်တွင် အလွှာစုံ၊ လူပေါင်းစုံက မှတ်ချက်မျိုးစုံ ပေးကာ ပြက်ရယ်ပြုခဲ့ကြသည်။ သင်းသင်းသည် နာမည်ကြီးချင်သဖြင့်၊ ဆယ်လီ ဖြစ်ချင်သဖြင့် ပရဟိတ မင်းသားကြီးကို တရားစွဲဆိုသည်ဟု ဝေဖန်မှုများ ရှိခဲ့သည်။

နာမည်ကြီး အနုပညာရှင် တချို့ကပင် သင်းသင်းကို တဖက်စောင်းနင်း တိုက်ခိုက်မှုများ ပြုခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။

နာမည်ကြီး အနုပညာရှင် တချို့ကပင် သင်းသင်းကို တဖက်စောင်းနင်း တိုက်ခိုက်မှုများ ပြုခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။ ထိုအချိန်က သင်းသင်းဘက်မှ ရပ်တည်ပေးမည့်သူများမှာ သူ့အမှုအား လိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေအဖွဲ့နှင့် လက်ချိုးရေနိုင်သော မိတ်ဆွေ အနည်းငယ်၊ သင်းသင်း အမှုကို စိတ်ဝင်စားသည့် မီဒီယာတချို့သာ ရှိခဲ့သည်။

“အားလုံးက ကျမ အခုလိုလုပ်တာ ဆယ်လီဖြစ်ချင်တာလားလို့ ပြောတယ်။ ဆယ်လီဖြစ်မယ့် နည်းလမ်းက ကိုယ့်သိက္ခာကို ချနင်းပြီးတော့၊ ကိုယ့်မှာလည်း ကိုယ့်အသိုင်းအဝိုင်း၊ ကိုယ့်မွေးချင်း မောင်နှမဆိုတာ ရှိတယ်လေ။ အဲဒီသိက္ခာတွေ ရင်းပြီးတော့မှ ဆယ်လီဖြစ်အောင် လုပ်ရအောင် ကျမက ၁၅ နှစ်၊ ၁၆ နှစ် မဟုတ်တော့ဘူး” ဟု သင်းသင်းက ဝေဠုကျော်အား တရားမစွဲရသေးခင် ၂၀၁၈ ဒီဇင်ဘာအတွင်းက ဧရာဝတီကို ဖြေကြားခဲ့ဖူးသည်။

ဝေဠုကျော် မင်္ဂလာဆောင်သည့်နေ့ သင်းသင်း အဖမ်းခံရ

အာဏာသိမ်းပြီး တနှစ်ကျော် အကြာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က သင်းသင်းသည် ၎င်းနေထိုင်သည့် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မေတ္တာညွန့် ရပ်ကွက်ရှိ နေအိမ်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့နှင့် အရပ်ဝတ် လူတစု၏ ဧည့်စာရင်း စစ်မည် အကြောင်းပြကာ ဝင်ရောက် ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ယင်းနောက်တရက်၊ ဖေဖော်ဝါရီ ၂၃ ရက်တွင် သင်းသင်း ပြန်လွတ်လာခဲ့သည်။

သင်းသင်း အဖမ်းခံရသောနေ့သည် တိုက်ဆိုင်စွာပင် သရုပ်ဆောင် ဝေဠုကျော် မင်္ဂဆောင်သောရက်နှင့် တရက်တည်းဖြစ်သည်။

သင်းသင်း အဖမ်းခံရသောနေ့သည် တိုက်ဆိုင်စွာပင် သရုပ်ဆောင် ဝေဠုကျော် မင်္ဂဆောင်သောရက်နှင့် တရက်တည်းဖြစ်သည်။

သင်းသင်း ဖမ်းဆီးမခံပါက စစ်တပ်လော်ဘီဟု နာမည်ကြီးသည့် ဟန်ငြိမ်းဦး အမည်ရသည့် တယ်လီဂရမ် အကောင့်တွင် သင်းသင်းအား ဖမ်းဆီးရန် ပို့စ်များ အဆက်မပြတ် တင်သည်ကို တွေ့ရသည်။ ယင်းအကောင့် တင်သည့် ပို့စ်များကြောင့် စစ်တပ်အာဏာသိမ်းသည်ကို မထောက်ခံသူ အများအပြား အဖမ်းခံရသည့် သာဓက အများအပြားလည်း ရှိပြီး သင်းသင်းသည် တဦးအပါအဝင် ဖြစ်သည်။

ကျူးလွန်ခံရသူက ရှက်စရာ မဟုတ်ပါ

သင်းသင်းသည် ၎င်းအမှု ရင်ဆိုင်နေရသည့် ၄ နှစ်တာ ကာလအတွင်း ဝေဖန် တိုက်ခိုက်မှုပေါင်းများစွာ ခံခဲ့ရပြီး ၎င်း ဇာတိမြေသို့ ပြန်သည့်အခါ နောက်ယောင်ခံ လိုက်ခံရခြင်း၊ ဆိုရှယ် မီဒီယာများပေါ်တွင် ဓာတ်ပုံများ တင်ခံရခြင်း၊ သတင်းအမှား ဖွခံရခြင်း စသည့် နှောင့်ယှက်မှုများစွာ ကြုံခဲ့ရသည်ဟု ဆိုသည်။

သက်သေ ၄ ဦးသည် တရားရုံး၌ မမှန်မကန် ထွက်ဆိုလျှင် ထပ်မံ တရားစွဲဆိုသွားမည်ဟု သင်းသင်းက ပြောသည်။

အမှု ရင်ဆိုင်ခဲ့ရသည့် အချိန် ၄ နှစ် နီးပါးတွင်လည်း တရားသူကြီး ၄ ဦး ပြောင်းလဲသည့်အတွက် အမှုကို အစမှ အဆုံး အကြိမ်ကြိမ် ပြန်လည်စစ်ဆေးခြင်းကြောင့် နစ်နာမှုများစွာ ဖြစ်ရသည်ဟု သင်းသင်းက ဖွင့်ဟသည်။

ဖိုဝါဒ ကြီးစိုးသည့် မြန်မာ့လူမှုအသိုင်းအဝိုင်းတွင် အမျိုးသမီး တဦး မုဒိမ်းကျင့်ခံရလျှင် (သို့မဟုတ်) ကာမ လိမ်လည် ရယူခံရလျှင် ပြစ်မှုကျူးလွန်သူအစား အကျူးလွန်ခံရသူအား လူအများစုက ဝေဖန် ပြစ်တင်လေ့ရှိကြသည်။

ရှေးရိုးစွဲသော အတွေးအခေါ်များနှင့် ကန့်သတ်ထားသည့် မြန်မာ့ လူ့ဘောင်အဖွဲ့အစည်းတွင် မိန်းကလေးမှန်လျှင် အနေအထိုင် သိမ်မွေ့ရမည်၊ ဝတ်စားဆင်ယင်မှု ယဉ်ကျေးရမည်ဟု တသတ်မှတ်တည်း ဘောင်ခတ် သတ်မှတ်ထားကြပြီး ထိုကဲ့သို့ မဟုတ်ဘဲ မိမိ၏ ကိုယ်ပိုင် လွတ်လပ်ခွင့်ဖြင့် ရပ်တည်နေကြသော အမျိုးသမီးများကို ပြစ်တင် ရှုတ်ချလေ့ရှိကြသည်။

ထိုကိစ္စရပ်များအတွက် အကျူးလွန်ခံရသူက ရှက်ရမည် မဟုတ်ဘဲ ကျူးလွန်သူကသာ ရှက်ရမည် ဖြစ်ကြောင်းနှင့် ကျူးလွန်ခံရသူများက ထုတ်‌ဖော် ပြောဆိုရန် လိုအပ်ကြောင်း အမျိုးသမီးအရေး ဆောင်ရွက်နေသူများက ပြောကြသည်။

“ဖိုဝါဒကြီးစိုးတဲ့ ပြဿနာဖြစ်ပြီဆိုရင် အမျိုးသမီးအပေါ်မှာ အထင်သေး နှိမ်ချတတ်တဲ့ အသိုင်းအဝိုင်းကို ပြုပြင်ဖို့ လိုတယ်။ သင်းသင်းလို ထုတ်ဖော် ပြောဆိုတတ်တဲ့ အမျိုးသမီးတွေ ထွက်လာဖို့ လိုတယ်။ ဒီကနေ အမျိုးသမီးတွေကို နှိမ်ချတာတွေ၊ အကြမ်းဖက်တာတွေ၊ ဒါတွေ အကုန်လုံး ပပျောက်ဖို့ လမ်းစတခု ဖြစ်လာမယ်လို့ မျှော်လင့်တယ်” ဟု Sisters to Sisters အဖွဲ့မှ အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူ မသဉ္ဇာရွှန်းလဲ့ရည်က ဧရာဝတီကို ပြောသည်။

လက်ရှိတွင် ဝေဠုကျော်ဘက်က တင်သွင်းသည့် ဓာတ်ပုံများအပြင်၊ ဝေဠုကျော်ဘက်က ထွက်ဆိုသည့် သက်သေ ၄ ဦးသည် တရားရုံး၌ မမှန်မကန် ထွက်ဆိုလျှင် ထပ်မံ တရားစွဲဆိုသွားမည်ဟု သင်းသင်းက ပြောသည်။

RelatedPosts

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
95
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
110
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
401

အမှု ရင်ဆိုင်စဉ်ကတည်းကပင် အမှန်တရားအတွက်သာ ရင်ဆိုင်ခဲ့ခြင်းဖြစ်ပြီး ၎င်းယုံကြည်ထားသည်က အမှုမှန် ပေါ်ပေါက်ရေးနှင့် ပြစ်မှုကျူးလွန်သူအား ထိုက်သင့်သည့် အပြစ်ပေးရန်၊ တခြားသော အမျိုးသမီးများ နောက်နောင်တွင် ၎င်းကဲ့သို့ မခံရစေရန် ယုံကြည်မှု တခုဖြင့်သာ အမှုကို အဆုံးထိ ရင်ဆိုင်သွားမည်ဟု သင်းသင်းက ပြောဆိုသည်။ ။

You may also like these stories:

ဝေဠုကျော်ကို တရားစွဲဆိုထားသည့်အမှု သင်းသင်း အဆုံးထိ ရင်ဆိုင်သွားမည်

ကောင်းကင်ဆီ ခုန်ချသွားတဲ့ ပန်းသီး

Your Thoughts …
Tags: BWUWLBကာမလိမ်လည်မှုမင်းသားဝေဠုကျော်အလှမယ်သင်းသင်းအာဏာသိမ်းဥပဒေ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နေပြည်တော် အာဏာသိမ်း ညမှ ၃ နှစ်တိုင်သော်

by ဧရာဝတီ
1 February 2024
18.4k

အာဏာသိမ်းရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အဓိကထား တိုင်ပင်ခဲ့သူနှစ်ဦးမှာ ထိုအချိန်က ကာကွယ်ရေး ဝန်ကြီးဌာန အမှတ် ၆ စစ်ဆင်ရေးအဖွဲ့မှူး ( ကစထ-၆ ) တာဝန်ယူထားသူ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ပြည်ထဲရေး ဝန်ကြီးတာဝန်ယူ ထားသူ ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်တို့ ဖြစ်သည်။

ဘန်ကောက်က နာမည်ကြီးဆိုင် ကြက်ဥကြော် ပြဿနာ ထောင်ဒဏ် အထိ ချမှတ်နိုင်လို့ ဆို

ဘန်ကောက်က နာမည်ကြီးဆိုင် ကြက်ဥကြော် ပြဿနာ ထောင်ဒဏ် အထိ ချမှတ်နိုင်လို့ ဆို

by ဧရာဝတီ
23 August 2025
15k

ဈေး ပိုတောင်းခြင်းဟာ ထောင်ဒဏ် ၇ နှစ် အထိ ဒါမှမဟုတ် ငွေဒဏ် ဘတ် ၁၄၀,၀၀၀ အထိ ချမှတ်ခံရ နိုင်တယ် လို့လည်း…

စစ်အာဏာသိမ်းကာလမှာ ရာထူးတိုးလာတဲ့ “ဒွေး” မောင်နှမ (ရုပ်/သံ)

စစ်အာဏာသိမ်းကာလမှာ ရာထူးတိုးလာတဲ့ “ဒွေး” မောင်နှမ (ရုပ်/သံ)

by ဧရာဝတီ
28 August 2024
8.5k

စစ်တပ်က အာဏာာသိမ်းပြီးနောက် နောက်တဆင့် ရာထူးတိုးပေးခြင်းခံရသည့် မောင်နှမ နှစ်ယောက်ရှိသည်။ သူတို့နှစ်ဦးမှာ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ဒေါက်တာ စုစုဒွေးတို့ ဖြစ်သည်။ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ဒေါက်တာ စုစုဒွေးတို့သည် မောင်နှမ အရင်းများ ဖြစ်ကြသည်။

မြန်မာ့အနာဂတ် ငြိမ်းချမ်းရေးအတွက် သင်ခန်းစာ ၈ ခုနှင့် တဝက်

မြန်မာ့အနာဂတ် ငြိမ်းချမ်းရေးအတွက် သင်ခန်းစာ ၈ ခုနှင့် တဝက်

by David Scott Mathieson
25 October 2023
3.1k

စစ်အာဏသိမ်းပြီးနောက် လက်နက်ကိုင်အဖွဲ့အစည်း အများအပြား ပျံ့နှံ့ပေါ်ပေါက်လာသောကြောင့် စေ့စပ်ညှိနှိုင်းမှုနှင့် ပါဝင်မှုအဆင့်များကို စီစဉ်ရာတွင် စဉ်းစားတွေးခေါ်မှု အများအပြား လိုအပ်သည်။

ထိုင်းက မေတ္တာရိပ် မြန်မာရွှေ့ပြောင်း စာသင်ကျောင်း ဘာကြောင့် အပိတ်ခံရသလဲ

ထိုင်းက မေတ္တာရိပ် မြန်မာရွှေ့ပြောင်း စာသင်ကျောင်း ဘာကြောင့် အပိတ်ခံရသလဲ

by ဧရာဝတီ
6 September 2024
3k

ထိုကျောင်းပိတ်သိမ်းခံရမှုအပေါ် ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ ထိုင်းနိုင်ငံတော်သီချင်းနှင့် မြန်မာနိုင်ငံတော် သီချင်း သီဆိုသည့် ဗီဒီယိုဖိုင်တခု လူမှုကွန်ရက်စာမျက်နှာပေါ် ပျံ့နှံ့ခဲ့ပြီးနောက် ပတ်ဝန်းကျင်၏ တိုင်ကြားမှုကြောင့် ပါဝင်ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးတွင် လက်နက်မကိုင်ဘဲ ပါဝင်နေသော အမျိုးသမီးများ

နွေဦးတော်လှန်ရေးတွင် လက်နက်မကိုင်ဘဲ ပါဝင်နေသော အမျိုးသမီးများ

by Rajeev Bhattacharyya
21 November 2023
2.8k

မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုတွင် အမျိုးသမီးများသည် တိုက်ခိုက်ရေးအခန်းကဏ္ဍမှ ဖြစ်စေ၊ တိုက်ခိုက်ရေး မဟုတ်သည့် တော်လှန်ရေး လှုပ်ရှားမှုမှဖြစ်စေ ၆၀ ရာခိုင်နှုန်းခန့် ပါဝင်သည်။

Next Post
လူ့အခွင့်အရေးကို ယုံကြည်သူ ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် အခုမူ သံတိုင်များ နောက်ကွယ်တွင် ရောက်ရှိနေသည်မှာ တနှစ်ကျော်ကြာခဲ့ပြီ ဖြစ်သည်။

သံတိုင်များနောက်က လူ့အခွင့်အရေးကို ယုံကြည်သူ ဒါရိုက်တာ

“တပ်ကစစ်ပန်းနေပြီ၊ တပ်ထဲမှာရှိနေတဲ့ ဖရဲသီးတွေကလည်း အရေးကြီးတယ်” (ရုပ်/သံ)

“တပ်ကစစ်ပန်းနေပြီ၊ တပ်ထဲမှာရှိနေတဲ့ ဖရဲသီးတွေကလည်း အရေးကြီးတယ်” (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved