မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်ကောင်စီကို စွန့်ခွာပြီး လူထုအာဏာဖီဆန်ရေး (CDM) လုပ်လာသည့် စစ်သည် အရာရှိ ၃ ထောင်ခန့်ရှိကြောင်း CDM ဝင်လာသူများကို ကူညီပေးနေသည့် အဖွဲ့အစည်းများထံမှသိရသည်။
CDM ဝင်လာသူများမှာ အောက်ခြေတပ်သားအဆင့်မှ ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ ရှိသည်။ စစ်တပ်ထဲမှ ထွက်ပြေးသူများနှင့် CDM ဝင်လာသူများ တနေ့တခြား များလာသောကြောင့် အာဏာသိမ်းစစ်ကောင်စီသည် တပ်တွင်းစည်းရုံးရေးကို ပိုမို အာရုံစိုက်လုပ်နေကြောင်း CDM စစ်ဘက်အရာရှိများက ပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီဘက်က တပ်တွင်းစည်းရုံးရေး လုပ်လာနေသော်လည်း CDM ဝင်လာမှုများ နည်းသွားနိုင်ချေ ရှိမရှိနှင့်ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် အမေရိကန်နိုင်ငံခြေစိုက် လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာမီမီဝင်းဘတ်ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup













