• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

People of 2021 သို့မဟုတ် ၂၀၂၁ ခုနှစ်၏ ဇာတ်လိုက်များ

by ဧရာဝတီ
29 December 2021
in ဆောင်းပါး
A A
ဂျန်နရေးရှင်း ဇီ Generation Z မျိုးဆက်နဲ့ သူ၏ ဗီလိန်လူဆိုး

ဂျန်နရေးရှင်း ဇီ Generation Z မျိုးဆက်နဲ့ သူ၏ ဗီလိန်လူဆိုး

13.3k
VIEWS
Share on FacebookShare on Twitter

ယခုနှစ် ၂၀၂၁ ခုနှစ်သည် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကြောင့် ကံဆိုးမိုးမှောင်ကျခဲ့ရသည်။ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများက တခဲနက်ရွေးကောက်တင်မြှောက်ခဲ့ခြင်းအား အသိအမှတ် မပြုဘဲ စစ်တပ်က ၎င်းကိုယ်တိုင် ရေးဆွဲအတည်ပြုခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပင် ချိုးဖောက်၍ အထောက်အထားမဲ့ မဲမသမာကြောင်း စွပ်စွဲကာ အာဏာသိမ်းခဲ့သည်။ စစ်အာဏာသိမ်းတိုင်း တိုင်းပြည်သည် ကျရှုံးမှုများနှင့်သာ ကြုံခဲ့ရသော သမိုင်းသင်ခဏ်းစာအပြင် ပြုပြင်ပြောင်းလဲရေး ၁၀ နှစ်ကာလအတွင်း ရရှိခဲ့သည့် လွတ်လပ်ခွင့်များနှင့် ဖွံ့ဖြိုးတိုးတက်ရေး အလားအလာများ တမဟုတ်ချင်း ပျောက်ကွယ်သွားသည့်အတွက် နိုင်ငံသား သန်းချီပြီး လမ်းမများပေါ် ထွက်ကာ စစ်အာဏာသိမ်းဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြကြသည်။ ထုံးစံအတိုင်း စစ်တပ်က သွေးထွက်သံယို အကြမ်းဖက်နှိမ်နင်းရာ ဒီဇင်ဘာ ၂၇ ရက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းအရ လူပေါင်း ၁၃၇၇ ဦးကို သတ်ဖြတ်ခဲ့ပြီး လူ ၈၂၈၂ ဦးကို ဖမ်းဆီးချုပ်နှောင်ထားသည်။ အစိုးရဝန်ထမ်းအများအပြားလည်း စစ်အာဏာသိမ်းကောင်စီနှင့် မပူးပေါင်းရန် CDM အာဏာဖီဆန်ရေးလှုပ်ရှားမှု လုပ်ခဲ့ကြပြီး လူငယ်လူရွယ် အများအပြားကလည်း စစ်တပ်ကို ရရာလက်နက်စွဲကိုင် ဆန့်ကျင်တိုက်ခိုက်ကြသည်။ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်များကလည်း စင်ပြိုင် အမျိုးသားညီညွတ်ရေး အစိုးရ NUG ဖွဲ့ပြီး နိုင်ငံတကာကို ထိုးဖောက်သည်။ ယနေ့ထိ စစ်အာဏာသိမ်းကောင်စီသည် တရားဝင်အစိုးရတရပ်အဖြစ် အသိအမှတ်ပြု မခံရသေးဘဲ နိုင်ငံအနှံ့အပြား စစ်မျက်နှာဖွင့်နေရသည်။ နိုင်ငံ၏ ဂျီဒီပီ ဖွံ့ဖြိုးမှုနှုန်းကလည်း ၁၈ ရာခိုင်နှုန်း ထိုးဆင်းသွားပြီး လူ ၂၅ သန်းကျော်က ဆင်းရဲမွဲတေမှုမျဉ်းအောက် ရောက်သွားသည်။

နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ကူးချိန် ရောက်တိုင်း ဧရာဝတီအနေဖြင့် နှစ်ဟောင်းတွင် အရေးပါခဲ့သူများအား ရွေးထုတ်ပြီး ၎င်းတို့၏ လုပ်ဆောင်ချက် အကောင်းအဆိုးကို သုံးသပ်ဖော်ပြလေ့ရှိပါသည်။ သို့သော် ယခုနှစ်တွင် နိုင်ငံနှင့် နိုင်ငံသားတို့ အကျိုးစီးပွားကို ရည်မှန်းပြီး အသက်နှင့် ဘဝပါ စွန့်လွှတ်စွန့်စားခဲ့ကြသူ အများအပြားရှိနေပြီး သူတို့တဦးချင်းစီအား ခြုံငုံမည်ဖြစ်သော ဂျန်နရေးရှင်း ဇီ Generation Z မျိုးဆက်တခုလုံးကို ၂၀၂၁ ခုနှစ်၏ ဇာတ်လိုက်အဖြစ် ဧရာဝတီက ရွေးထုတ်ဂုဏ်ပြုလိုက်ပါသည်။ ထို့ပြင် ထိုသို့ နိုင်ငံကို သွေးစွန်းစေပြီး ဆင်းရဲတွင်းသို့ တဖန်တွန်းချခဲ့သော စစ်အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း ၂၀၂၁ ခုနှစ်၏ ဗီလိန်လူဆိုးအဖြစ် ရွေးချယ်လိုက်သည်။

ဂျန်နရေးရှင်း ဇီ Generation Z

ဂျန်ဇီ Gen Z လို့ အတိုကောက်ခေါ်တဲ့ ဂျန်နရေးရှင်း ဇီ Generation Z ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာမသိမ်းခင်ထိ နိုင်ငံရေးပြင်ပကပါ။ ဂိမ်းကစားလိုက်၊ ဆိုရှယ်မီဒီယာဝင်လိုက်နဲ့ အင်တာနက်ပေါ်မှာ အနေများကြသူတွေပါ။ သူတို့ဟာ ကိုရီးယားနဲ့ ဂျပန် ပေါ့ပ်ယဉ်ကျေးမှုရဲ့ ပရိသတ်တွေ၊ ဘောလုံးပွဲကြိုက်သူတွေ၊ ဟောလီးဝုဒ် ကာတွန်းဟီးရိုး ရုပ်ရှင်ကြည့်သူတွေ ဖြစ်ကြတယ်။ သူတို့ရဲ့ နိုင်ငံရေး တာဝန်ဟာ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲမှာ မဲထည့်ခြင်းသာ ဖြစ်ခဲ့တယ်။

အစိုးရဝန်ထမ်းအများအပြားလည်း စစ်အာဏာသိမ်းကောင်စီနှင့် မပူးပေါင်းရန် CDM အာဏာဖီဆန်ရေးလှုပ်ရှားမှု လုပ်ခဲ့ကြသည်/ဧရာဝတီ

ဒါပေမယ့် စစ်အာဏာသိမ်းဆန့်ကျင်ရေး လမ်းမများပေါ် ထွက်ဆန္ဒပြကြတဲ့အခါ ၁၉၉၆ နဲ့ ၂၀၁၂ ခုနှစ်များကြား မွေးဖွားခဲ့ပြီး ၁၀ နှစ်တာ မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲကာလထဲ ကြီးပြင်းလာတဲ့ ဒီမျိုးဆက်သစ်လူငယ်တွေဟာ ရှေ့တန်းရောက်လာကြတယ်။ သူတို့ပိုင်ဆိုင်ထားခဲ့ပြီး ရုတ်တရက် ပျောက်ဆုံးသွားတဲ့ လွတ်လပ်ခွင့်နဲ့ အနာဂတ် မျှော်လင့်ချက်တွေအတွက် “ကျနော်တို့က လူငယ်တွေပါ၊ ကျနော်တို့မှာ အနာဂတ်ရှိတယ်” ဆိုပြီး ကြွေးကြော်ခဲ့ကြတယ်။ သူတို့တွေထဲ ဆရာဝန်တွေ၊ သူနာပြုတွေ၊ အနုပညာရှင်တွေ၊ ကဗျာဆရာတွေ၊ ဘဏ်ဝန်ထမ်းတွေ၊ ကျောင်းဆရာ ဆရာမတွေ၊ အလုပ်သမား သမဂ္ဂတွေ၊ မီးရထားဝန်ထမ်းတွေ၊ ကျောင်းသားသမဂ္ဂတွေ၊ LGBT တက်ကြွလှုပ်ရှားသူတွေ စသဖြင့် အလွှာပေါင်းစုံက ပါဝင်ကြတယ်။

အရောင်အသွေးစုံ ဖက်ရှင်အမျိုးမျိုးဝတ်ပြီး စစ်အာဏာသိမ်းတာ လက်မခံကြောင်း သေသေချာချာ စကားလုံး ရွေးချယ်ဖော်ပြ နောက်ပြောင်ထားတဲ့ စာတန်းတွေ ကိုင်ဆောင်ခဲ့ကြတဲ့၊ တီထွင်ဖန်တီးတတ်တဲ့ သူတို့ရဲ့ဆန္ဒပြပွဲတွေဟာ ဒေသတွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေရဲ့ စိတ်ဝင်စားမှုကို အရယူနိုင်ခဲ့ကြတယ်။ သူတို့ဟာ ဟောင်ကောင်နဲ့ ထိုင်းတို့လို ဒေသတွင်း လူငယ်လှုပ်ရှားမှုတွေကိုလည်း အတုယူကြတယ်။

၁၀ နှစ်တာ မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲကာလထဲ ကြီးပြင်းလာတဲ့ ဒီမျိုးဆက်သစ်လူငယ်တွေဟာ ရှေ့တန်းရောက်လာကြတယ်/ဧရာဝတီ

“ခင်ဗျားတို့တော့ မျိုးဆက်မှားပြီး ပြဿနာရှာမိပြီ” ဆိုတာ ယုံကြည်ချက် ထက်သန်ကြတဲ့ ဒီလူငယ်မျိုးဆက်တွေရဲ့ ဆောင်ပုဒ်တခုပါ။ တကယ်လည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုကြီးဟာ နိုင်ငံရေးမှာ လူသိများနေသူတွေက ဝင်ရောက်ပြီး လှုပ်ရှားမှုကို ထိန်းချုပ်ပေးတဲ့ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံနဲ့မတူဘဲ ခေါင်းဆောင်မဲ့ လှုပ်ရှားမှုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေ မြင့်တက်လာတာနဲ့အမျှ စစ်ကောင်စီကို ရရာလက်နက်နဲ့ ခုခံတွန်းလှန်ဖို့ ဖြစ်သွားစေခဲ့တယ်။ အထူးသဖြင့် ကချင်၊ ချင်းနဲ့ ကယား (ကရင်နီ) ပြည်နယ်တွေက တိုင်းရင်းသားလူငယ်တွေအပါအဝင် လူငယ် အတော်များများဟာ ရှိနေပြီးသား တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်တွေဆီ စစ်သင်တန်းတွေ တက်ရောက်ပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ဖွဲ့ကာ တိုက်ပွဲတွေ ဖော်လာပါတော့တယ်။

RelatedPosts

သဇင်ပန်း

သဇင်ပန်း

10 January 2026
44
လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

8 January 2026
116
မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
4.5k

တချိန်တည်းမှာ ဒီလို ဘဝတွေ အသက်တွေ ပေးပြီး တိုက်ပွဲဝင်ကြသူတွေဟာ သူတို့မဲပေးခဲ့တဲ့ အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က နိုင်ငံရေးသမားတွေကို နိုင်ငံရေးဦးဆောင်မှု ပြဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။ ဒါကြောင့် ၂၀၂၀ ရွေးကောက်ပွဲက ပေးတဲ့ တာဝန်တွေကို ထမ်းဆောင်ပါ့မယ်လို့ ဖွဲ့ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ဟာ ၂၀၂၁ ဧပြီလ ၁၆ ရက်နေ့မှာ အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို ဖွဲ့ခဲ့ပါတယ်။ NLD ပါတီဝင်တွေပဲ ကနဦးမှာ ပါခဲ့ပေမယ့် နောက်ပိုင်းမှာ လူမှုဖွံ့ဖြိုးရေးနဲ့ လူမှုတရားမျှတရေး လှုပ်ရှားမှု နောက်ခံရှိတဲ့ တိုင်းရင်းသားလူငယ်တွေ ပါဝင်လာခဲ့တယ်။ ပြန့်ကြဲနေတဲ့ PDF တွေကို လိုက်နာကျင့်ကြံရမယ့် စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြန်ပြီး PDF ဖွဲ့စည်းကြောင်း မေလမှာ NUG က ကြေညာပါတယ်။ စက်တင်ဘာမှာ ပြည်သူ့ခုခံရေးစစ်ပွဲကို ကြေညာခဲ့ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုကြီးဟာ နိုင်ငံရေးမှာ လူသိများနေသူတွေက ဝင်ရောက်ပြီး လှုပ်ရှားမှုကို ထိန်းချုပ်ပေးတဲ့ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံနဲ့မတူဘဲ ခေါင်းဆောင်မဲ့ လှုပ်ရှားမှုဖြစ်ခဲ့ပါတယ်/ ဧရာဝတီ

လက်ရှိလှုပ်ရှားမှုကြီးမှာ အခိုင်အမာပေါ်ထွက်လာတဲ့ ရလဒ်တခုကတော့ ယခင်က စစ်တပ်ရဲ့ ရိုင်းစိုင်းယုတ်မာတဲ့ အကြမ်းဖက်မှုတွေ မခံစားခဲ့ဖူးသည့် ဗမာတွေဟာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်တပ်ရဲ့ ဖိနှိပ်မှု ဒဏ်ကို ရှည်ကြာစွာ ခံစားနေရတဲ့ တိုင်းရင်းသားလူနည်းစုအပေါ် နားလည်လာခြင်းပါပဲ။ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ်တောင် အရင်က အမှားတွေကို ခွင့်လွှတ်ဖို့ တောင်းပန်တာတွေ လူသိရှင်ကြား လုပ်ခဲ့ကြပါတယ်။ လာမယ့် အနာဂတ်နိုင်ငံရေးမှာ ခွဲထွက်ရေး အတွေးအမြင်တွေကိုတောင် ရင်ဆိုင်ဖြေရှင်းရမယ်ဆိုတဲ့အထိ လက်ခံထားပြီးပုံလည်း ပေါက်ပါတယ်။

လက်ရှိတွေ့နေရတဲ့ သွင်ပြင်လက္ခဏာတွေအရ ဂျန်ဇီအခြေပြုနိုင်ငံရေးသစ်ဟာ ထိပ်တန်းခေါင်းဆောင်တွေ၊ နိုင်ငံရေး ရေပေါ်ဆီတွေဆီက ပေါ်ပေါက်လာခြင်း မဟုတ်ဘဲ နိုင်ငံရေး မျိုးဆက်သစ်တခုအနေနဲ့ တော်လှန်ရေးရဲ့ နာကျင်တဲ့ အတွေ့အကြုံက ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ သူတို့ရဲ့ အနာဂတ်အိပ်မက်တွေက ဒီမိုကရေစီနဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လှုပ်ရှားမှုတွေကို အသက်သွင်းပေးနေပြီး စစ်တပ်လွှမ်းမိုးမှု တံပိုးအောက်က လုံးဝကင်းလွတ်တဲ့ နိုင်ငံသစ် ထူထောင်လိုတာက စိတ်အားတက်ကြွမှုကို ပေးနေပါတယ်။ စစ်အာဏာသိမ်းမှု ဘယ်အချိန် ဘယ်လို တစခန်းရပ်မယ်ဆိုတာ အတိအကျ မပြောနိုင်သေးပေမယ့် ဂျန်ဇီတွေဟာ သူ့အရှေ့က ၈၈ မျိုးဆက်တွေလိုပဲ မြန်မာ့နိုင်ငံရေးမှာ ပင်မရေစီးကြောင်းသဖွယ် ဖြစ်လာပြီး အနာဂတ် မြန်မာနိုင်ငံ တည်ဆောက်ရေး လမ်းကြောင်းမှာ အရိပ်မိုးနေဦးမှာ ဖြစ်ပါတော့တယ်။

စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုက မဲသမာမှုကြောင့်လို့ အကြောင်းပြပေမယ့် လူတွေက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပုဂ္ဂိုလ်ရေး လောဘကြောင့်လို့ ယုံကြည်ကြပါတယ်။ တကယ်တမ်းလည်း ၂၀၂၁ ခုနှစ်ထဲမှာ အသက် ၆၅ နှစ်ပြည့်လို့ ကာကွယ်ရေးဦးစီးချုပ် ရာထူးက မင်းအောင်လှိုင် အနားယူရမှာပါ။ အဲဒီအစား တိုင်းပြည်မှာ ကိုဗစ်ကပ်ရောဂါဆိုးနဲ့ ရင်ဆိုင်နေရချိန် နိုင်ငံတော်အကြီးအကဲ ဖြစ်လိုတဲ့ သူ့ဆန္ဒအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ပြီး နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ရွေးကောက်ခံအရပ်သားအစိုးရ အဖွဲ့ဝင်တွေကို ဖမ်းဆီးပြီး အာဏာသိမ်းခဲ့ပါတယ်။

ပြန့်ကြဲနေတဲ့ PDF တွေကို လိုက်နာကျင့်ကြံရမယ့် စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြန်ပြီး PDF ဖွဲ့စည်းကြောင်း မေလမှာ NUG က ကြေညာပါတယ်

မင်းအောင်လှိုင်ဦးစီးတဲ့ စစ်ကောင်စီတပ်တွေကြောင့် အာဏာသိမ်းပြီးတဲ့ ၁၀ လကျော်အတွင်း ပြည်သူ ၁၃၇၇ ယောက်သေဆုံးခဲ့တာ၊ သိန်းနဲ့ချီပြီး စစ်ပြေးဒုက္ခသည်တွေ ဖြစ်သွားတာကြောင့် သူနဲ့ တပ်မတော်ရဲ့သိက္ခာဟာ အဖတ်ဆယ်စရာကို မရှိတဲ့ အခြေအနေဖြစ်သွားခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အဆက်ဆက် သိက္ခာအမဲ့ဆုံး၊ စော်ကားအခံရဆုံး၊ မအလလို့ ဆဲရေးပုတ်ခတ် ခံရဆုံးသူအဖြစ် အမည်တွင်ခဲ့ပြီး မြန်မာနိုင်ငံမှာ အခိုင်မာဆုံး အင်စတီကျူးရှင်းလို့ ကြွားဝါပြောတဲ့ တပ်မတော်ဟာလည်း မြန်မာပြည်သူတွေရဲ့ အမုန်းဆုံးအင်စတီကျူးရှင်းတခု ဖြစ်လာခဲ့ရပါတယ်။

အာဏာသိမ်းပြီး ၁၀လ အတွင်း မြန်မာတပြည်လုံး ရရာလက်နက်နဲ့ စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်ရာ ယခင်က စစ်မဖြစ်ဖူးတဲ့ ချင်းပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်း ဒေသတွေမှာ အုံကြွနေခဲ့ပြီး ငြိမ်းချမ်းရေးရပြီးဖြစ်တဲ့ ကရင်နဲ့ ကယားပြည်နယ်တွေမှာလည်း တကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပါတယ်။ ခြေလျင်တပ်တွေ အထိနာပြီး စစ်သားစုဆောင်းရေး အခက်တွေ့နေတဲ့ မင်းအောင်လှိုင်ဟာ လေတပ်ကို သုံးပြီး မဲမဲမြင်ရာ ပစ်ခိုင်းပါတော့တယ်။ နိုင်ငံတကာ ဥပဒေနဲ့ မလျော်ညီတဲ့ စစ်ရာဇဝတ်မှုတွေ၊ အစုအလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ၊ လုယက်မှုတွေ၊ အိမ်မီးရှို့တာတွေကို အာဏာသိမ်းစစ်တပ်တွေက ကျူးလွန်ပါတော့တယ်။ ကျေးရွာတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပြီး လူပေါင်း သောင်းချီ အညာဒေသမှာ စစ်မက်ဘေးကို ကြုံနေရပါတယ်။ တိုင်းရင်းသားပြည်နယ်တွေက ပြည်သူတွေလည်း စစ်ဘေးဒဏ်ခံကြရပါတယ်။ ကလေးငယ်နဲ့ အမျိုးသမီးတွေတောင် သတ်ဖြတ်ခံကြရပြီး မိသားစု ဘဝတွေ ကျိုးပဲ့ပျက်ဆီးကုန်ပါတယ်။

ရုရှအနေနဲ့ လက်နက်ဝယ်နေတဲ့ သူ့ ဖောက်သည်ကို လူအများ ရယ်သွမ်းသွေးစရာ ဂုဏ်ထူးဆောင်ဘွဲ့တခု ချီးမြှင့်ပေးလိုက်ပါတယ်

စီးပွားရေးဘက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချလိုက်ချိန်က စတင်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းကုန်ပါတယ်။ နိုင်ငံတကာအကူအညီတွေ ရပ်တန့်ကုန်ပါတယ်။ လူသန်းချီ အလုပ်လက်မဲ့ဖြစ်ကုန်ပါတယ်။ မရေရာမှုများကြား ကျပ်ငွေ တန်ဖိုး ထိုးစိုက်ကျဆင်းပြီး ဘဏ်လုပ်ငန်းကဏ္ဍကလည်း အကျပ်အတည်းကို နက်နက်ရှိုင်းရှိုင်း ရင်ဆိုင်ရပါတယ်။ နိုင်ငံရဲ့ ဂျီဒီပီ ဖွံ့ဖြိုးမှုနှုန်းဟာ ၁၈ ရာခိုင်နှုန်း ထိုးစိုက်ကျဆင်းသွားပြီး လူ ၂၅ သန်း ဆင်းရဲတွင်းထဲ ပြုတ်ကျသွားခဲ့ပါတယ်။

စစ်အာဏာသိမ်းခေါင်းဆောင်ဟာ နိုင်ငံ့အကြီးအကဲအဖြစ် ငန်းငန်းတက် အသိအမှတ်ပြုခံချင်ပေမယ့် အခုအချိန်ထိ ပြည်တွင်းပြည်ပက အသိအမှတ်မပြုသေးပါဘူး။ အာဆီယံအဖွဲ့ရဲ့ ထိပ်သီးဆွေးနွေးပွဲတွေက ပထုတ်ထားခြင်း ခံရသလို အာဏာသိမ်းအပြီး သွားရောက်ခဲ့တဲ့ ရုရှနိုင်ငံကတောင် နိုင်ငံ့အကြီးအကဲအစား စစ်ခေါင်းဆောင်အဖြစ်သာ အသိအမှတ်ပြုပြီး ကရင်မလင်နန်းတော်ကို မဖိတ်ခဲ့ပါဘူး။ ရုရှအနေနဲ့ လက်နက်ဝယ်နေတဲ့ ဖောက်သည်ကို လူအများ ရယ်သွမ်းသွေးစရာ ဂုဏ်ထူးဆောင်ဘွဲ့တခု ချီးမြှင့်ပေးလိုက်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟာ သူ့ရဲ့ အနာဂတ် အမြော်အမြင်တွေကိုလည်း မစားရဝခမန်း မိန့်ခွန်းပြောတတ်ပါတယ်။ လျှပ်စစ်မီးသာ အပြည့်အဝ မပေးနိုင်တယ်၊ လျှပ်စစ်ရထားလမ်းတွေ ဖောက်ဖို့၊ မြေအောက်ရထားတွေ ဆောက်ဖို့၊ လျှပ်စစ်ဘတ်စကားတွေ ထုတ်ဖို့ ညွှန်ကြားတတ်ပါတယ်။

You may also like these stories :

၂၀၂၀ ပြည့်နှစ်ထဲက ထင်ရှားသူများ

၂၀၁၉ ခုနှစ်နှင့် သူ၏ ဇာတ်လိုက်များ

၂၀၁၈ ခုနှစ်နှင့် သူ၏ ဇာတ်လိုက်များ

၂၀၁၇ ခုနှစ်နှင့် သူ၏ ဇာတ်လိုက်များ

Your Thoughts …
Tags: ၂၀၂၁ ခုနှစ်၏ ဇာတ်လိုက်များGeneration ZPeople of 2021ဂျန်နရေးရှင်း ဇီစစ်အာဏာသိမ်း ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

by အောင်သူရ
29 July 2024
21.8k

စစ်ကောင်စီတပ်၏ စစ်တိုင်းမှူးများထဲတွင် အရပ်ဖက်မှ ဘွဲ့တခုရပြီး စစ်ဗိုလ်ဖြစ်လာသော Officer Training School-OTS ကျောင်းဆင်း စစ်ဗိုလ်ချုပ်များကို ယခု မတွေ့ရတော့ပေ။

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည် 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာ

by ပေါ်ထွန်း
26 March 2022
53.4k

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည်။

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

by ဧရာဝတီ
2 January 2024
9.6k

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက် စစ်နည်းဗျူဟာသစ်က မြေပြင်နှင့်ဝေဟင် ပူးတွဲစစ်ဆင်ရေးဖြစ်ပြီး စခန်းတခု တိုက်ခိုက်ခံရပါက လေကြောင်းပစ်ကူ ရောက်လာသည့်တိုင် ထိန်းထားပြီး ယင်းနောက် ပစ်ကူနှင့် အတူ လေကြောင်း ချီတပ်များက ဝိုင်းပတ်ပိတ်ဆို့ကာ တိုက်ခိုက်သည့် ဗျူဟာဖြစ်သည်။

စစ် အနိုင်တိုက်ရန် ဆန္ဒရှိ မရှိ စစ်ခေါင်းဆောင်ကို ဦးဝီရသူမေးခွန်းထုတ်

စစ် အနိုင်တိုက်ရန် ဆန္ဒရှိ မရှိ စစ်ခေါင်းဆောင်ကို ဦးဝီရသူမေးခွန်းထုတ်

by ဧရာဝတီ
10 August 2024
7.6k

စစ်တိုင်းမှူးများက အမိန့်နာခံမှု သစ္စာစောင့်သိမှုနှင့် ပြန်တိုက်နေသော်လည်း တကယ်တိုက်သည့်အချိန်တွင် စစ်ကူလည်း မလာ၊ ရိက္ခာလည်းမလာသဖြင့် စစ်သားများနှင့် မိသားစုဝင်များအား သေတွင်းထဲပို့ခြင်းသာဖြစ်ကြောင်း

(အပေါ် လက်ဝဲမှ လက်ယာသို့) အာဏာရှင်ဟောင်း ဦးသန်းရွှေ, လက်ထောက်ဟောင်း ဦးမောင်အေး, (အောက်ခြေ လက်ဝဲမှ လက်ယာသို့) သမ္မတဟောင်း ဦးသိန်းစိန်, ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးတင်အေး

အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် ဗိုလ်ချုပ်ကြီးဟောင်းများ ငုပ်နေရာမှ ပြန်ပေါ်လာ

by ဧရာဝတီ
19 March 2022
22.1k

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် ဦးသန်းရွှေသည် စစ်ကောင်စီထိန်းချုပ် မီဒီယာတွင် ပါဝင်လာသည်မှာ ၂ ကြိမ် ရှိပြီဖြစ်သည်

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

by အောင်သူရ
16 October 2025
5.5k

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက် စားပွဲထိုးများ ကောင်းစားသည်ဟု စစ်တပ်အသိုင်းအဝိုင်းကြား တီးတိုးပြောတတ်ကြသည်။

Next Post
ထီးဖြူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဖျက်ဆီးခဲ့သည့် သစ်ခိုးထုတ်ယာဉ်များ  / HPDF

စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတွင် သစ်ခိုးထုတ်မှု များလာ၍ PDF က ပြန်ထိန်းနေရ

ကမ္ဘာ့ နံပတ်တစ် မော်ဒယ် အဖြစ် ရွေးချယ်ခံထားရတဲ့ မော်ဒယ် ပိုင်တံခွန်

စစ်ကောင်စီ အဓမ္မဖမ်းဆီး ထောင်ချခဲ့တဲ့ ကမ္ဘာ့ အချောဆုံး မော်ဒယ်

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved