တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေ ရရှိနိုင်ဖို့ အတွက် ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါရဲ့ ကြားဝင်စေ့စပ် ညှိနှိုင်းပေးမှုအရ အပစ်အခတ်ရပ် စဲလိုက်တယ်လို့ ရက္ခိုင်တပ်တော် AA ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ပြောကြားထားပါတယ်။
နိုဝင်ဘာ ၂၆ ရက်ကစလို့ ယာယီအပစ်အခတ် ရပ်စဲလိုက်တာဖြစ်ပြီး၊ နှစ်ဖက်တပ်တွေ အနေနဲ့ ရောက်တဲ့နေရာ မှာ ရပ်ထားရမှာ ဖြစ်ပါတယ်။ ရက္ခိုင့်တပ်တော် AA အနေနဲ့လည်း လက်ရှိ တပ်စွဲထားတဲ့ စခန်းကုန်းနေ ရာတွေကနေ တပ်ပြန်ဆုတ်ပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
လက်ရှိမှာ ရခိုင်စစ်ဘေးရှောင် ပြည်သူတွေအတွက် ထောက်ပံ့ပေးမယ့် နိုင်ငံတကာနဲ့ ပြည်တွင်းက အ လှူရှင်တွေရဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကို စစ်ကောင်စီက တားမြစ်ပိတ်ပင်ထားတဲ့အတွက် စားနပ်ရိက္ခာ ပြတ်လပ်မှုတွေ ကြုံတွေ့နေရပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup