• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မန္တလေးတွင် ဆိုလာသုံး ဆက်စပ်ပစ္စည်းများ ရောင်းအားသွက်လာ

by ဧရာဝတီ
8 January 2022
in သတင်း
A A
ကျေးရွာတရွာအတွင်း ဆိုလာပြား တပ်ဆင်နေမှု  / Aaron Star Electric

ကျေးရွာတရွာအတွင်း ဆိုလာပြား တပ်ဆင်နေမှု / Aaron Star Electric

7.1k
VIEWS
Share on FacebookShare on Twitter

မကြာခဏ အချိန်ကြာမြင့်စွာ လျှပ်စစ်မီး ပြတ်တောက်ခြင်းကြောင့် အထက်မြန်မာပြည် မန္တလေး အီလက် ထရောနစ် ဈေးကွက်တွင် အိမ်သုံး ဆိုလာစနစ် ဆက်စပ်ပစ္စည်းများ ရောင်းအားသွက်နေကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဖြန့်ဖြူးရေးဌာနသည် အောက်တိုဘာ လကုန်ပိုင်းမှ စတင်ပြီး လျှပ်စစ် မီးဖြတ်တောက်မှုများ ပြုလုပ်နေရာ ယခုအခါ တနေ့လျှင် ၂ ကြိမ်ခန့်၊ တကြိမ်လျှင် အနည်းဆုံး ၂ နာရီမှ ၄ နာရီခန့်ထိ ကြာမြင့်သောကြောင့် အိမ်သုံး ဆိုလာစနစ် ဆက်စပ်ပစ္စည်းများ ရောင်းအားသွက်လာခြင်း ဖြစ်သည်။

“အဓိက ရောင်းအားသွက်လာတာကတော့ အိမ်သုံးအတွက် အများဆုံးပဲ။ မီးပြတ်တာ များလာတော့ အိမ်သုံးဆိုလာတွေ အဝယ်များလာတယ်။ မီးပြတ်တဲ့အခါ ဖုန်းအားသွင်းတာ အရေးကြီး လိုအပ်တာဆိုတော့ ၁၀၀ ဝပ်နဲ့ ၇၀ အိုးတွေ အဝယ် များတယ်။ အိမ်သုံးမီးရယ်၊ ဖုန်းအားသွင်း၊ Wi Fi ၊ ပန်ကာ၊ Laptop စတာတွေအထိ အသုံးပြုလို့ရတဲ့ (Solar + Inverter + Battery) ပစ္စည်းအစုံမှ သုံးသိန်းကျော်လောက် ကျတာဆိုတော့ ဈေးနှုန်းကလည်း သက်သာတယ်လေ” ဟု မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင် ပိုင်ရှင်တဦးက ပြောသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်က မန္တလေးတိုင်းအတွင်း လျှပ်စစ်မီးလင်းရေးအတွက် စီမံကိန်း ရရှိထားသော ကျေးရွာများတွင်လည်း လျှပ်စစ်မီးလင်းရေး လုပ်ငန်းများ ရပ်ဆိုင်းသွားခြင်း၊ လျှပ်စစ်မီး ရရှိထား သော ကျေးရွာများတွင်လည်း လျှပ်စစ်မီတာခများ မပေးဆောင်လိုကြသဖြင့် ယခုကဲ့သို့ ဆိုလာစနစ်သုံး ဆက်စပ်ပစ္စည်း များ ရောင်းအားသွက်လာရခြင်း ဖြစ်သည်ဟုလည်း ၎င်းက သုံးသပ်ပြောဆိုသည်။

“NLD အစိုးရ လက်ထက်ကမှ ရွာက လျှပ်စစ်မီးရတာ။ ကျေးလက်မီးလင်းရေးကော်မတီက ဦးဆောင်ပြီးတော့ လုပ်ခဲ့ရတာ။ အဲဒီတော့ လျှပ်စစ်မီတာခတွေကိုလည်း မီးလင်းရေးကော်မတီကနေ ဦးဆောင်ပြီး ကောက်တယ်။ ပြီးမှ ကျသလောက် ပြန်ဆောင်ပေါ့။ လက်ရှိမှာတော့ မီတာခတွေကို ပေးတဲ့သူက ပေးတယ်၊ မပေးတဲ့သူက ပိုများလာတယ်။ အချို့ဆိုရင် ချိတ် ထားတဲ့ မီတာတွေကို ဖြုတ်ပြီး အရင်ကလိုပဲ ဆိုလာပြားတွေ ပြန်သုံးလာကြတယ်” ဟု ပုသ်ိမ်ကြီးမြို့နယ်၊ တံတိုင်းရှည်ကျေး ရွာ အုပ်စုအတွင်းမှ ကျေးရွာသားတဦးကလည်း ရှင်းပြသည်။

RelatedPosts

တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

9 January 2026
3
စစ်မီးကြားက ရွေးကောက်ပွဲ (ရုပ်/သံ)

စစ်မီးကြားက ရွေးကောက်ပွဲ (ရုပ်/သံ)

9 January 2026
2
ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်က တောကျွဲအင်းမြို့ကို PDF ထိန်းချုပ် (ရုပ်/သံ)

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်က တောကျွဲအင်းမြို့ကို PDF ထိန်းချုပ် (ရုပ်/သံ)

9 January 2026
10

NLD အစိုးရ လက်ထက်တွင် မန္တလေးတိုင်းအတွင်း ရာနှုန်းပြည့် လျှပ်စစ်မီး ရရှိရေးအတွက် လုပ်ဆောင်ခဲ့ရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အကုန်တွင် တိုင်းအတွင်း ကျေးရွာ ၄၇၉၉ ရွာ ရှိသည့်အနက် ကျေးရွာပေါင်း ၄၇၃၇ ရွာထိ မီးလင်းနိုင်ရန် စီစဉ် ဆောင်ရွက်ခဲ့ရာ ကျေးရွာပေါင်း ၄၂၇၇ ရွာ လျှပ်စစ်မီး ရရှိခဲ့ပြီးဖြစ်ကြောင်း မီးလင်းရေးကော်မတီများ၏ စာရင်းအရ သိရ သည်။

တချို့ရွာများဆိုလျှင်လည်း မီးတိုင်များ ထောင်ပြီးသလောက် ဖြစ်နေပြီ ဖြစ်သော်လည်း စစ်တပ်က အာဏာသိမ်းလိုက် သဖြင့် ယင်းလုပ်ငန်းများအားလုံး ရပ်တန့်သွားကြောင်း မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာလျှပ်စစ်မီးလင်းရေးကော်မတီ အဖွဲ့ဝင် တဦးက ပြောသည်။

ကျေးရွာတရွာအတွင်း ဆိုလာပြား တပ်ဆင်နေမှု (Aaron Star Electric)

မန္တလေးခရိုင်အတွင်း ကျေးရွာပေါင်း ၃၁၀ ရှိသည့်အနက် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်လယ်ကျွန်းပေါ်ကျေးရွာ ၉ ရွာနှင့် တောင်ပေါ်ကျေးရွာ ၃ ရွာ ချန်လှပ်၍ ၂၀၂ဝ ပြည့်နှစ် ဇန်နဝါရီလကုန်တွင် ခရိုင်တခုလုံး ရာနှုန်းပြည့် လျှပ်စစ်မီး ရရှိရန်နှင့် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်အကုန်တွင် မဟာဓာတ်အားလိုင်းစနစ် မရောက်ရှိနိုင်သည့် ကျေးရွာ ၆၂ ရွာအား ဆို လာ (သို့) ဒီဇယ်အင်ဂျင်ဖြင့် မီးပေးနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း မန္တလေးခရိုင် လျှပ်စစ်ဓာတ်အားပေးရေး ကော် ပိုရေးရှင်း၏ မှတ်တမ်းများအရ သိရသည်။

ထို့ပြင် NLD အစိုးရ လက်ထက်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်သူများ အခက်အခဲ ဖြစ်နေချိန် ၂၀၂၀ နှစ်လယ် ပိုင်းမှ စတင်ကာ လစဉ် သုံးစွဲသည့် လျှပ်စစ်မီတာ ယူနစ်တချို့အတွက် ကင်းလွတ်ခွင့် ပြုထားခဲ့သော်လည်း အာဏာ သိမ်း ပြီးနောက်ပိုင်း မီတာခ ပေးဆောင်ခြင်း မရှိသောသူများအား စစ်ကောင်စီက ဖိအားပေး ခြိမ်းခြောက်ပြီး လိုက်လံကောက်နေ သလို မီတာခ မပေးဆောင်သော နေအိမ်နှင့် လုပ်ငန်းများအား မီးဖြတ်တောက်ခြင်းများ ပြုလုပ်လျက် ရှိသည်။

“အခုက လျှပ်စစ်မီတာခဆောင်လည်း ယုံလို့ရတဲ့ အနေအထား မဟုတ်တော့လို့ ဆိုလာကို သုံးဖို့ ဆုံးဖြတ်လိုက်တာ။ ဆို လာက နေကုန် အားသွင်းထားရင် တညလုံး သုံးလို့ရတယ်။ အဓိကက မီးလင်းနေဖို့ အရေးကြီးတာမို့ မဖြစ်မနေ ဆိုလာ ဝယ်လိုက်တာ” ဟု အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာသားတဦးက ပြောသည်။

ကျေးရွာတရွာအတွင်း ဆိုလာပြား တပ်ဆင်နေမှု (Aaron Star Electric)

စစ်တပ် အာဏာသိမ်းပြီးနောက် လျှပ်စစ်မီးများ ဖြတ်တောက်မှုမှာ နိုင်ငံတဝှမ်း မကြာခဏ ဖြစ်ပေါ်နေပြီး ကြိုတင် အသိပေးခြင်းလည်း မရှိရာ အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများ လည်ပတ်ရန် အခက်အခဲများ ဖြစ်လာကြောင်း၊ ဖြတ်ချင်သည့်အချိန်ဖြတ်၊ လာချင်သည့်အချိန်လာ အခြေအနေများကြောင့် စက်မှုလုပ်ငန်းသုံး ပစ္စည်းများနှင့် အိမ်သုံး လျှပ် စစ်ပစ္စည်း ပျက်ဆီးမှုများလည်း ကြုံနေရကြောင်း မန္တလေးမြို့ခံများက ပြောသည်။

လျှပ်စစ်မီး ပြတ်တောက်မှုနှင့် ပတ်သက်၍ ဝေဖန်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာရာ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက နိုင်ငံတဝန်း နံနက် ၇ နာရီမှ နေ့လယ် ၁၁ နာရီနှင့် ညနေ ၅ နာရီမှ ၇ နာရီအတွင်း အချိန်မရွေး လျှပ်စစ်မီးများ ပြတ်တောက်မည် ဖြစ်ကြောင်း ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းကြေညာချက်တွင် ပြည်နှင့်တိုင်းအသီးသီး၌ လျှပ်စစ်ဓာတ်အား လျော့နည်းထုတ်လုပ်နေရသည့် ပမာဏနှင့်အညီ ဓာတ်အားစနစ် တည်ငြိမ်မှုကို ထိန်းညှိဆောင်ရွက်ရသောကြောင့် ဓာတ်အားသုံးစွဲမှု များပြားသော အချိန်များအတွင်း ဓာတ် အားပြတ်တောက်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ ကြေညာချက်နှင့် ပတ်သက်၍ မန္တလေးမြို့ခံတဦးက “စစ်ကောင်စီ အနေနဲ့ လျှပ်စစ်ကို လုံလောက်အောင် မပေးနိုင် ဘူး။ ဖြတ်ချင်တဲ့အချိန် ဖြတ်မယ်၊ ပေးချင်တဲ့အချိန် ပေးမယ်လို့ ပြောတာပဲ။ လျှပ်စစ်မီးကို အားကိုးနေရတဲ့ စက်မှု လုပ်ငန်းတွေ ရပ်တန့်သွားနိုင်တယ်” ဟု သုံးသပ်ပြောဆိုသည်။

You may also like these stories:

လျှပ်စစ်မီး မကြာခဏပျက်သဖြင့် မန္တလေးစက်မှုလုပ်ငန်းများ လည်ပတ်ရန် ခက်လာ

ရန်ကုန်၌ မီတာခ မဆောင်သည့် အိမ်များကို လိုက်လံမီးဖြတ်နေ

မန္တလေး​တွင် မီတာခ မဆောင်သော လုပ်ငန်းများကို လျှပ်စစ်မီးဖြတ်

Your Thoughts …
Tags: စစ်ကောင်စီဆိုလာမန္တလေးလျှပ်စစ်မီး ပြတ်တောက်မှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
၂၀၁၉ ဇန်နဝါရီလ နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော ဗိုလ်ချုပ်ထွန်းထွန်းညီ (အလယ်လူ) / ဧရာဝတီ

စစ်တပ်က ရခိုင်နဲ့ ဗမာကို ရန်တိုက်ပေးသလား

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ၏ စစ်တောင်ပံဖြစ်သော ကရင်နီတပ်မတော် အဖွဲ့ဝင်များ ကယားပြည်နယ် စစ်ပွဲတခုအတွင်း လှုပ်ရှားမှု / KnAC

နှစ်သစ်၊ စစ်နှင့် မြန်မာပြည်သူများ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

2 days ago
1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved