• English
Thursday, January 8, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြဝတီ-ဝေါလေလမ်းပိုင်း စစ်ကောင်စီ ထိန်းချုပ်နိုင်ပြီလား

by ဧရာဝတီ
29 November 2022
in သတင်း
A A
မြဝတီ၊ အာရှလမ်းမ တနေရာတွင် တွေ့ရသည့် KLNA ပူးပေါင်းတပ်ဖွဲ့ဝင်တချို့  / CJ

မြဝတီ၊ အာရှလမ်းမ တနေရာတွင် တွေ့ရသည့် KLNA ပူးပေါင်းတပ်ဖွဲ့ဝင်တချို့ / CJ

3.5k
VIEWS
Share on FacebookShare on Twitter

မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ မြဝတီ-ဝေါလေလမ်းပိုင်းအား အာဏာသိမ်း စစ်ကောင်စီတပ် အပြည့်အဝ ထိန်းချုပ်နိုင်မည် မဟုတ်ကြောင်း ယင်းဒေသတွင်လှုပ်ရှားနေသည့် စစ်ကြောင်း တာဝန်ရှိသူ အချို့က ဧရာဝတီသို့ ပြောသည်။

သေ့ဘောဘိုး စစ်အခြေစိုက်စခန်း ပတ်ဝန်းကျင်မှ တော်လှန်ရေးတပ်များ ဆုတ်ခွာခဲ့သည့်အတွက် စစ်ကောင်စီတပ်များ အနေဖြင့် သုံးထပ်ကွေ့နေရာအား ဖြတ်သန်းပြီး မြဝတီမှ သေ့ဘောဘိုးစခန်း၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ဌာနချုပ် ဆုံးဆည်းမြိုင်ရွာအထိ သွားလာ၍ ရသွားသည့် အနေအထား ဖြစ်နေသည်။

သို့သော် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တဖွဲ့ ဖြစ်သည့် VENOM စစ်ကြောင်းမှူး ဗိုလ်မှူးစောဝင်းမြင့်က “မြဝတီ-သေ့ ဘောဘိုး၊ ဆုံးဆည်းမြိုင်အထိတော့ သူတို့ သွားလာလို့ ရကောင်းရနိုင်မယ်။ သူတို့ နေရာယူ၊ ဟန်ရေးပြတာပဲ ရှိပါတယ်။ အတွင်းကျကျ ထိန်းချုပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ တိုက်ပွဲအရ ပြောမယ်ဆိုရင် ဒါက အောင်မြင်ပြီလို့ ပြောလို့မရဘူး။ အချိန်မရွေး ကျနော်တို့က ပြန်ပြီး တိုက်ခိုက်လာနိုင်တယ်။ ကျနော်တို့က သူတို့နဲ့ ချစ်ကြည်ရေးယူထားတာမှ မဟုတ်တာ။ ဒီစနစ်ကို မကြိုက်လို့ ကျနော်တို့က အမြဲတမ်း တော်လှန်ပုန်ကန်နေမှာပဲ။ သူတို့ ဘယ်လိုပဲ ကြေညာကြေညာပါ ကျနော်တို့ လုပ်စရာရှိတာ လုပ်ရမှာပဲ” ဟု ဧရာဝတီကို ပြောသည်။

နိုဝင်ဘာ ၂၈ ရက် ညပိုင်းတွင် အာဏာသိမ်း စစ်ကောင်စီဘက်က တော်လှန်ရေးတပ်များ မေလကတည်းက ထိန်းချုပ်ထားသည့် ဖလူး၊ ကျောက်ခက်၊ သေ့ဘောဘိုး၊ ဝေါလေဒေသတဝိုက်နှင့် မြဝတီ-ဝေါလေ ကားလမ်းတလျှောက်အား ၎င်းတို့ အနေဖြင့် ပြန်လည် ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည့်အပေါ် ထိုသို့ တုံ့ပြန်ပြောဆိုခြင်းလည်း ဖြစ်သည်။

စစ်ကောင်စီက တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများ နယ်မြေတည်ငြိမ်အေးချမ်းပြီ ဖြစ်သည့် အတွက် ပြန်လည်ဝင်ရောက် နေထိုင်နိုင်ပြီ ဖြစ်ကြောင်းလည်း ၎င်းတို့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းဒေသတွင် စစ်ကောင်စီတပ်အား တိုက်ခိုက်နေသည့် စစ်ကြောင်း တခုမှ တာဝန်ရှိသူ တဦးက “သူတို့ရဲ့ ဝါဒဖြန့်ဖို့အတွက် ဒီလို ပြောမှာပဲ။ ပြည်သူလူထုကို ဂျင်းထည့် တာပေါ့။ မြေပြင် အခြေအနေမှာတော့ သူတို့ ထိန်းချုပ်နိုင်ပြီဆိုတာ လုံးဝ အပြည့်အဝ မဟုတ်ဘူး။ မကြာပါဘူး။ အသံက ပြန်ထွက် လာပါလိမ့်မယ်။ ပထမတခါတုန်းကလည်း ပြန်နေနိုင်ပြီဆိုပြီး ကြေညာပြီး တိုက်ပွဲတွေ ပြန်ဖြစ်တာပဲ။ အခုလည်း တိုက်ပွဲက ပြန်ဖြစ်ဦးမှာပဲ။ ကျေးရွာတွေ တအား အထိနာမှာစိုးလို့ ဒီဘက်က နေရာရွှေ့ပေးလိုက်တာပဲ ရှိတယ်။ အထိုင်ပျက် သွားတာ မဟုတ်ဘူး” ဟု ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ ရက်မှ စတင်ပြီး သေ့ဘောဘိုး စခန်းဝန်းကျင်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များနှင့် ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၂၇၊ ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ တပ်မဟာလုံခြုံရေးစစ်ကြောင်းတပ်ခွဲ (၂)၊ Federal Wings ဒရုန်းအဖွဲ့၊ ရောင်နီတပ်ခွဲဒရုန်းအဖွဲ့တို့ကြား ဘလက်တို ကျေးရွာအနီး တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်များဘက်က နောက်ဆုတ်ပေးခဲ့ခြင်း ဖြစ်သည်။

ယင်းတိုက်ပွဲများအတွင်း နိုဝင်ဘာ ၂၂ ရက်တွင် ကော်ဘရာစစ်ကြောင်း၏ ရိက္ခာထောက်ပံ့ရေးကားအား စစ်ကောင်စီက ကြားဖြတ် တိုက်ခိုက်ခဲ့သည့်အတွက် ကော်ဘရာစစ်ကြောင်းမှ တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာ ရရှိခဲ့သည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

8 January 2026
27
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
227
စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

8 January 2026
28

တိုက်ပွဲများ ဖြစ်ပွားစဉ် စစ်ကောင်စီတပ်ဘက်က အမြောက်တပ်ရင်း (၄၀၂) နှင့် ဒုံးတပ်ရင်း (၆၀၈) တို့မှ ၁၂၀ မမ လက် နက်ကြီးများ၊ အတွဲလိုက်ပစ်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည့်အပြင် မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာန ချုပ်မှလည်း Mi-35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ဆိုထားသည်။

ထိုသို့ လက်နက်ကြီး အင်အားသုံး တိုက်ခိုက်မှုများကြောင့် တော်လှန်ရေးပူးပေါင်းတပ်များ သေ့ဘောဘိုး စခန်းဝန်းကျင်မှ ဆုတ်ခွာခဲ့ရသော်လည်း နိုဝင်ဘာ ၂၁ မှ ၂၄ ရက်ထိ တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၉ ဦး သေဆုံးပြီး ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။

မြဝတီ-ဝေါလေ လမ်းတလျှောက် စစ်ကောင်စီနှင့် KNLA ပူးပေါင်းတပ်များကြား ၁ နှစ်ကျော်ကြာ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒေသခံအချို့ သေဆုံးခဲ့သည့်အပြင် လူဦးရေ သောင်းနှင့်ချီပြီး နယ်စပ်တလျှောက် တောတောင်များနှင့် ထိုင်းနိုင်ငံဘက်ခြမ်းများတွင် စစ်ဘေးရှောင် ခိုလှုံနေရသည်။

ကရင်အမျိုးသားအစည်းအရုံးတပ်မဟာ (၆) နယ်မြေအတွင်းရှိ သေ့ဘောဘိုး စစ်အခြေစိုက်စခန်းအား တော်လှန်ရေး ပူးပေါင်းတပ်များက ၂၀၂၂ မေ ၁၈ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြဝတီ-ဝေါလေ လမ်းတလျှောက်ကို တော် လှန်ရေးတပ်များက ထိန်းချုပ်ပြီး စစ်ကောင်စီတပ်များအား ပိတ်ဆို့ တိုက်ခိုက်နေခြင်း ဖြစ်သည်။

စစ်ကောင်စီဘက်ကလည်း ၎င်းတို့ လက်လွှတ်လိုက်သည့် စစ်စခန်းများ ပြန်ရရှိရေး ပြီးခဲ့သည့် ဇွန်လမှ စတင်ကာ ကျိုက် ထိုမြို့ အခြေစိုက် တပ်မ ၄၄ လက်အောက်ခံတပ်များ၊ တနင်္သာရီတိုင်းအခြေစိုက် အမှတ် ၁၃ စစ်ဘက်ဆိုင်ရာ ကွပ်ကဲမှုဌာန ချုပ် လက်အောက်ခံတပ်များနှင့် မြေပြင်မှ ထိုးစစ်ဆင်ခဲ့သည့်အပြင် လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်မှုများစွာ ပြုလုပ်ကာ ထိုးစစ်ဆင်နေခဲ့ခြင်း ဖြစ်သည်။

ဗိုလ်မှူးစောဝင်းမြင့်က “ထိန်းချုပ်နိုင်ပြီလို့ သူတို့ ကြေညာတယ်ဆိုတာ သူတို့ရဲ့ နိုင်ငံရေးကစားကွက် အယူပေါ့နော်။ သူတို့ ဒီလမ်းကြောင်းပေါ်မှာ လုံးဝ အတည်တကျ ထိန်းချုပ်ဖို့တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ သူတို့နဲ့ ကျနော်တို့က စကားပြော၊ ဆွေးနွေးဖို့ ဆိုတာ မရှိဘူးလေ။ ဒီတကြိမ်မှာ ကျနော်တို့က အပြတ်အသတ် ချေမှုန်းမယ်။ ဒီစနစ်ကို ဖြိုချပြီး ဖက်ဒရယ် ဒီမိုကရေစီတိုင်းပြည် ဖြစ်အောင် ပြန်လည်တည်ဆောက်မှာ။ ပြည်သူတွေ အနေနဲ့လည်း တကူတကွ ပူးပေါင်းတွန်လှန်ကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ဆိုသည်။

လက်ရှိတွင် မြဝတီ-ဝေါလေ ကားလမ်းတလျှောက်ရှိ ဒေသများအတွင်း KNLA လက်အောက်ခံတပ်များ၊ ပြည်သူ့ကာကွယ် ရေးတပ် (PDF) များနှင့် ဗိုလ်ချုပ်နယ်ဒါးမြ ဦးဆောင်သည့် ကော်သူလေးတပ်မတော်တပ်များ လှုပ်ရှားနေဆဲ ဖြစ်သော ကြောင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာနိုင်သည့် အခြေအနေ ရှိနေသည်။

You may also like these stories :

သေ့ဘောဘိုးစခန်း ပြန်ရရေးကြိုးပမ်းနေသည့် စစ်တပ် ဖြတ်တိုက်ခံနေရ

မြဝတီ-ဝေါလေ၌ အထိနာသည့် စစ်တပ်အတွင်း အမိန့်မနာခံမှုများ ဖြစ်နေဟုဆို

စစ်ကောင်စီ တပ်စခန်းများကို KNU ဆက်တိုက် သိမ်းပိုက်

သေ့ဘောဘိုးစခန်း ပြန်ရရေး စစ်ကောင်စီ ထိုးစစ်ဆင်

Your Thoughts …
Tags: KNLAကရင်ပြည်နယ်စစ်ကောင်စီမြဝတီ-ဝေါလေသေ့ဘော့ဘိုး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အပစ်အခတ်ရပ်တာက ဘာမှ မထူးခြားသေးဘူး (ရုပ်/သံ)

အပစ်အခတ်ရပ်တာက ဘာမှ မထူးခြားသေးဘူး (ရုပ်/သံ)

ကျောက်တိုင်၊ ကျီစု၊ ခဝါသည် ကျေးရွာများအား စစ်ကောင်စီတပ်က မီးရှို့ခဲ့အပြီး မြင်ကွင်း  / ကန့်ဘလူဒေသတွင်း သတင်းမီဒီယာ

မီးရှို့ခံရသည့် ကာဘိုးနယ်မှ ရွာ ၃ ရွာ အကူအညီများ လိုအပ်နေ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.1k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved