• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သေ့ဘောဘိုးစခန်း ပြန်ရရေး စစ်ကောင်စီ ထိုးစစ်ဆင်

by ဧရာဝတီ
24 November 2022
in သတင်း
A A
၂၀၂၂ ခုနှစ် မေလက KNLA နှင့် ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် သေ့ဘောဘိုးစခန်း  / ကော်ဘရာ

၂၀၂၂ ခုနှစ် မေလက KNLA နှင့် ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် သေ့ဘောဘိုးစခန်း / ကော်ဘရာ

10.4k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်းစစ်ကောင်စီတပ်များသည် လက်လွှတ်လိုက်ရသော သေ့ဘောဘိုးစခန်းအား ပြန်ရရန် ၅ လခန့် ကြာသည်အထိ စစ်ဆင်ရေးပြုလုပ်နေလျှက်ရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ တပ်များက ဆိုသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက် ဖလူး-ဝေါလေဒေသအတွင်းရှိ သေ့ဘော့ဘိုးစစ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၆ လက်အောက်ခံ ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်များက မေလ ၁၈ ရက်တွင် တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစခန်းကို စစ်ကောင်စီက ၁၉၉၀ ခုနှစ်တွင် KNU ထံမှ သိမ်းပိုက်ခဲ့ပြီး နှစ်ပေါင်း ၃၂ အကြာ နွေဦးတော်လှန်ရေး ကာလတွင် KNU လက်အောက်သို့ ပြန်လည်ကျရောက် သွားခြင်းဖြစ်သည်။

သေ့ဘောဘိုး စခန်းပြန်လည်ရရှိနိုင်ရန် စစ်ကောင်စီတပ်ဘက်က ၂၀၂၂ ဇူလိုင်လဆန်းမှ စတင်ကာ မွန်ပြည်နယ် ကျိုက်ထိုအခြေစိုက် တပ်မ ၄၄ လက်အောက်ခံတပ်များနှင့် တနင်္သာရီတိုင်းအခြေစိုက် အမှတ် (၁၃) စစ်ဖက်ဆိုင်ရာကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံတပ်များ ပူးပေါင်းကာ စစ်ဆင်ရေးပြုလုပ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်များသည် ၅ လတာကာလအတွင်း လက်နက်ကြီးနှင့် ရဟတ်ယာဉ်ပစ်ကူ၊ တိုက်လေယာဉ်ပစ်ကူများ သုံးကာ တိုက်ခိုက်နေသော်လည်း လက်ရှိအချိန်အထိ ထိုစခန်းကို ပြန်မရသေးကြောင်း KNLA တပ်မဟာ ၆ နှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးက ဆိုသည်။

၎င်းက “စစ်ကောင်စီက သေ့ဘောဘိုးစခန်းကို ရဖို့ကို မြဝတီ ဝေါ်လေလမ်း ရဲ့ တောင်ဘက်ခြမ်းဖြစ်တဲ့ ဆုံဆည်းမြိုင် ဘက်ကနေ ထိုးစစ်ဆင်ဖို့ စုဖွဲ့ပြီးတက်နေတယ်။ မြဝတီ-ဝေါလေကားလမ်းရဲ့ မြောက်ဘက်ခြမ်းမှာကတော့ သူတို့တပ်ရင်း ၃ ရင်းထက်မနည်း ထိုးစစ်ဆင်နေတယ်။ သေ့ဘောဘိုးနဲ့ ကပ်ရပ်ရွာဖြစ်တဲ့ ဘလယ်ဒိုရွာကို ထိုးစစ်ဆင်နေတယ်” ဟု ပြောသည်။

နိုဝင်ဘာလ ၂၂ ရက် ညနေပိုင်းကမူ စစ်ကောင်စီတပ်၏ စစ်ကြောင်းတကြောင်းသည် မြဝတီ- ဝေါလေ လမ်းအနီးရှိ KNLA လက်အောက်ခံ ကော်ဘရာ စစ်ကြောင်း စွန့်ပစ်ထားသည့် စခန်းဟောင်းတခုကို ဝင်ရောက်စီးနင်းခဲ့ပြီး စခန်းဘေးက ဖြတ်သွားသည့် ကော်ဘရာစစ်ကြောင်း၏ လူ ၁၀ ဦးပါ ထောက်ပို့ယာဉ်တစီးကို စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

၂၀၂၂ ခုနှစ် မေလက KNLA နှင့် ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် သေ့ဘောဘိုးစခန်း (ဓာတ်ပုံ – ကော်ဘရာ)

ပစ်ခတ်မှုအတွင်း ကော်ဘရာစစ်ကြောင်းမှ ရဲဘော်အဲမူး၊ ရဲဘော်လုလုဖော် နှင့် ရဲဘော်ကျော်ကြီးဆိုသည့် ထောက်ပို့ တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့ကြောင်း KNLA တပ်မဟာ ၆ နှင့် နီးစပ်သူများက ဆိုသည်။

လက်ရှိတွင် ကျဆုံးသွားသည့် ရဲဘော်များ၏ ရုပ်အလောင်းနှင့် ဒဏ်ရာရသူများကို ကော်ဘရာစစ်ကြောင်းက ပြန်လည် ကယ်ထုတ်ထားပြီဖြစ်ကြောင်းလည်း ပြောသည်။

စစ်ရေးလေ့လာသူများကလည်း သေ့ဘောဘိုးစခန်းသည် မြဝတီ-ဝေါလေကားလမ်းကို စိုးမိုးထားသည့် အရေးပါသော စခန်းတခုဖြစ်ပြီး စစ်ကောင်စီတပ်များ၏ ကာလရှည်ကြာထိန်းချုပ်ခဲ့ဖူးသော စခန်းဟောင်းတခုဖြစ်သဖြင့် အပြင်းအထန်ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း ဆိုသည်။

သေ့ဘောဘိုး စခန်းသိမ်းတိုက်ပွဲတွင် ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများနှင့် လက်နက်ခဲယမ်းများ (ဓာတ်ပုံ – ကော်ဘရာ)

စစ်ရေးလေ့လာသူတဦးကမူ စစ်ကောင်စီတပ်များသည် ယခင်ကတည်းက ထိုးစစ်ကို အလေးထားပြီး လက်ရှိကာလတွင်လည်း ၎င်းတို့အင်အားစုမိသည်နှင့် တော်လှန်ရေးတပ်များကို ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း မှတ်ချက်ပေးသည်။

သို့သော်လည်း စစ်ကောင်စီထိုးစစ်များသည် လက်ရှိအချိန်အထိ အောင်မြင်မှုရသည်ကို မတွေ့ရသေးကြောင်း ၎င်းက ပြောသည်။

၎င်းက “အခုကာလမှာ တပ်အင်အားနည်းတဲ့အခါကျတော့ တပ်အင်အားကို တပြည်လုံးအနှံ့ဖြန့်ထားရတော့ ဗျူဟာ ၁ ခုလောက်သုံးပြီး ထိုးတဲ့ဟာကို ၃ နေရာလောက်မှာတွေ့ရတယ်။ ကရင်ပြည်နယ်ထဲက သေ့ဘောဘိုးဆိုရင်လည်း တိုက်နေတာကြာပြီ။ မိုးမောက်လုံဂျာဘက်ဆိုလည်း ၄ ရင်းလောက်သုံးပြီးတိုက်နေတာ။ မောင်တောမြောက်ပိုင်းဘက် မှာဆိုရင်လည်း ကြိမ်ချောင်း ဗျူဟာက လူအင်အား ၅၀၀ လောက်နဲ့ ပြန်ထိုးနေတယ်။ အဲဒါမျိုး သူလူအင်အားစုနိုင်တာက ဒါအကုန်ပဲလို့ ပြောလို့ရတယ်။ အဲ့လောက်ကတော့ သူလုပ်နေမှာပဲ” ဟု ဆိုသည်။

သေ့ဘောဘိုး စခန်းသိမ်းတိုက်ပွဲတွင် ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများနှင့် လက်နက်ခဲယမ်းများ (ဓာတ်ပုံ – ကော်ဘရာ)

KNU သည် သေ့ဘောဘိုး စခန်းသာမကဘဲ လွန်ခဲ့သော နှစ် ၃၀ ဝန်းကျင်က အသိမ်းခံခဲ့ရသည့် အထင်ကရ စခန်းများဖြစ်သော မော်ခီး၊ ကျောက်ညှပ်၊ သီးမူထာ၊ သော်လဲထာ တို့အပါအဝင် စစ်ရေးအရ အရေးပါသည့် စခန်းများကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်း အပြီးတွင် ပေါ်ပေါက်လာသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် ပူးပေါင်းကာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

လက်ရှိတွင် KNU ဦးဆောင်သည့် ကရင်ပူးပေါင်းတပ်များသည် စစ်ကောင်စီ အထိုင်စခန်းများကို ဝင်ရောက်တိုက်ခိုက် မှုများ ပြုလုပ်နေပြီး ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်ကလည်း မွန်ပြည်နယ် ကျိုက်မရောမြို့နယ်က တောင်ကလေး ရဲစခန်းကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
292
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
20
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
42

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်ကလည်း မုဒုံ-ကြာအင်းဆိပ်ကြီး ကားလမ်းပေါ်ရှိ စစ်ကောင်စီ၏ ချောင်း ၂ ခွရဲစခန်းကို ကရင်ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သလို KNU တပ်မဟာ ၃ နယ်မြေ ညောင်လေးပင်ခရိုင်တွင်လည်း စစ်ကောင်စီစခန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

စစ်ကောင်စီစခန်းများ တိုက်ခိုက်ခံရသဖြင့် ကျဆုံးနေစဉ်မှာပင် စစ်ကောင်စီတပ်သည် သေ့ဘောဘိုးစခန်းပြန်ရရေး ဆက်လက်ကြိုးပမ်းနေခြင်းဖြစ်သည်။

Your Thoughts …
Tags: KNLAKNUPDFသေ့ဘော့ဘိုး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.6k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post
AA  တပ်ဖွဲ့သည် ပလက်ဝမှသည် ဂွ အထိ ၁၈ မြို့နယ်လုံးတွင် အနှံ့အပြားဖြန့်ခွဲနေရာယူထားသည် / ဧရာဝတီ

ရခိုင် စစ်မျက်နှာ ရီဗျူး ၂

မကွေးတိုင်း အောင်လံမြို့နယ်အတွင်းမှ ကြံစိုက်တောင်သူများ / ဧရာဝတီ

ကြံရာသီအတွက် ဈေးသတ်မှတ်ချက် တောင်သူ တွက်ခြေမကိုက် ဟုဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved