• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ကြံရာသီအတွက် ဈေးသတ်မှတ်ချက် တောင်သူ တွက်ခြေမကိုက် ဟုဆို

by ဧရာဝတီ
24 November 2022
in စီးပွားရေး
A A
မကွေးတိုင်း အောင်လံမြို့နယ်အတွင်းမှ ကြံစိုက်တောင်သူများ / ဧရာဝတီ

မကွေးတိုင်း အောင်လံမြို့နယ်အတွင်းမှ ကြံစိုက်တောင်သူများ / ဧရာဝတီ

1.9k
VIEWS
Share on FacebookShare on Twitter

လာမည် ကြံရာသီအတွက် ၁ တန်လျှင် ကျပ် ၇ သောင်းမှ ၉ သောင်းအထိ အမြင့်ဆုံးဈေး သတ်မှတ်ပေးသော်လည်း စိုက်ပျိုးစရိတ်များ ကြီးမြင့်သဖြင့် တောင်သူအတွက် တွက်ခြေမကိုက်ကြောင်း ရှမ်းပြည်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းမှ ကြံစိုက်သူများက ဆိုသည်။

ကြံအခြေခံဈေးနှုန်းကို မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် သကြား စက်ရုံများက နှစ်စဉ်သုံးပွင့်ဆိုင်တွေ့ဆုံကာ ဈေးကွက်တခုလုံးစာအတွက် သတ်မှတ်ပေးခြင်းဖြစ်ပြီး၊ ယခုနှစ်အတွင်း ဓာတ် မြေသြဇာ၊ ပိုးသတ်ဆေးစသည့် သွင်းအားစုစရိတ်များ ယခင်ထက် ၂ ဆနီးပါးမြင့်လာသလို စက်သုံးဆီဈေး၊ လုပ်သားခ နှင့် သယ်ယူစရိတ်အပြင် အထွေထွေ ကုန်ဈေးနှုန်းမြင့်တက်လာမှုကြောင့် တောင်သူ တွက်ခြေမကိုက်ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ကျောက်ထုံးကြီးဒေသမှ ကြံစိုက်တောင်သူ ဦးချိုကြီးက“ကုန်ကျစရိတ်က အရင်ထက် ၇၀ ရာခိုင်နှုန်းလောက် ထိ တက်သွားတယ်၊ ကြံရောင်းဈေးက ၃၅ ရာခိုင်နှုန်းလောက်ပဲ ဈေးတက်လာတော့ စရိတ်ကာမိရုံလောက်ပဲရှိမယ်။ အမြတ် မကျန်ဘဲ တွက်ခြေမကိုက်ကြတော့တာပါ”ဟု ပြောသည်။

ထို့ပြင် ကြံ၏ သဘောသဘာဝမှာ ခုတ်ပြီး ၂၄ နာရီအတွင်း စက်ရုံ အရောက်ပို့နိုင်မှသာ သတ်မှတ်ဈေးနှုန်း ရမည်ဖြစ်ရာ ကြံခုတ်ရာသီတွင် နယ်မြေအေးချမ်းမှု မရှိပါက လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ ရင်ဆိုင်ရနိုင်ကြောင်း ကြံစိုက် တောင်သူများက ပြောသည်။

ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းထိစပ်ဒေသမှ ကြံတောင်သူ ဦးမျိုးဝင်းက “ကြံကခုတ်ပြီး ၄၈ နာရီကျော်တာနဲ့ ချဉ်တတ်တဲ့ အလေ့ရှိတော့ ခုတ်ပြီး ၂၄ နာရီအတွင်း စက်ရုံကို အရောက်ပို့ နိုင်ဖို့လိုတယ်၊ ၃၈ နာရီကျော်သွားရင် သိပ်အဆင်မပြေ တော့ဘူး၊ လမ်းပန်းဆက်သွယ်ရေးကလည်း နယ်မြေအခြေအနေအရ သွားဆိုရင် သွား၊ ရပ်ဆိုရင် ရပ်ထားကြရတော့ ကြံရာသီချိန်မှာ အဲဒီလို အခက်အခဲတွေလည်း ကြုံလာနိုင်တယ်” သုံးသပ်ပြောသည်။

၂၀၂၁-၂၂ခုနှစ် ကြံရာသီတွင် ၁ တန်လျှင် ကျပ် ၅ သောင်းမှ အမြင့်ဆုံး ကျပ် ၆ သောင်း ၈ ထောင်ခန့်သာ ပေါက်ဈေးရှိခဲ့ ပြီး ယခုသတ်မှတ်ဈေးမှာ အမြင်ဆုံးဖြစ်ကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်က ကြံ ၁တန်လျှင် ၄သောင်း ၂ထောင်ကျပ် ခန့် ပေါက်ဈေး ရှိခဲ့ကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတဦးက“အခုက အမြင့်ဆုံး သတ်မှတ်ဈေးပါ၊ ဒီအပေါ်မှာတော့ တွက်ခြေကိုက်တဲ့သူလည်း ရှိနိုင်သလို မရှိတဲ့သူလည်း ရှိနိုင်တယ်၊ အဲဒါတွေက ဘယ်အပေါ်မှာ မူတည် သလဲဆိုရင် ရာသီဥတုကောင်းလို့ ကြံတဧကမှာ တန် ၄၀ အထက် ထွက်တဲ့သူတွေဆိုရင် တွက်ခြေကိုက်ကြတယ်၊ အချို့ သွင်းအားစုလည်း မထည့်နိုင်၊ ရာသီဥတုလည်း မကောင်းဘူး၊ စိုက်ပျိုးချိန်လည်း နောက်ကျ အဲဒီလို တောင်သူတွေ ဆိုရင် တော့ ကြံထွက်နှုန်းလျော့ပြီး တွက်ခြေမကိုက်နိုင်ကြတော့ဘူးပေါ့”ဟု ပြောသည်။

ကြံဈေးနှုန်းမှာ ပြည်တွင်းသကြားဈေးကွက်အပေါ် တည်နေပြီး စက်ရုံများက ကြံဝယ်ရာတွင် သကြားဈေးကို အခြေခံ၍ ဝယ်ယူကြရာ ပြည်တွင်း၌ သကြား ၁ ပိသာလျှင် ၁၆၀၀ ကျပ်ခန့် ဈေးရှိချိန်က ကြံ ၁ တန် အခြေခံဈေး ကျပ် ၆သောင်းခွဲ ဈေးရသော်လည်း ယခုအခါ သကြား ၁ ပိသာ ၂၄၀၀ ကျပ်ခန့်တွင် အခြေခံဈေးနှုန်း ၁သိန်း ဝန်းကျင်ရရှိမှသာ ကြံတောင်သူ များ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း၊ ကြံ ၁ တန်လျှင် သကြား ၆၆ ပိသာခန့် ထွက်ရှိကြောင်း သိရသည်။

RelatedPosts

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
148
အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

30 December 2025
482
မွန် လုပ်ငန်းရှင် ၁၅ ဦးကို အခွန်ရှောင်မှုဖြင့် စစ်ကော်မရှင် ဖမ်းဆီးစစ်ဆေး

မွန် လုပ်ငန်းရှင် ၁၅ ဦးကို အခွန်ရှောင်မှုဖြင့် စစ်ကော်မရှင် ဖမ်းဆီးစစ်ဆေး

24 December 2025
2.7k

ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအုပ်စုမှ ကြံစိုက်တောင်သူ ဦးလီလီထွန်းက “လက်ရှိ အခြေအနေ အရ ကြံ ၁ တန် ကျပ် ၁သိန်း ၁ သောင်း ဝန်းကျင် ဖြစ်သင့်တယ်ဆိုပေမယ့် ကိုက်ကိုက် မကိုက်ကိုက် တောင်သူနဲ့ ကုမ္ပဏီ ကတော့ အဆင်ပြေသလိုပဲ လုပ် နေကြတာ၊ ကြံတောင်သူတွေဆီက ဈေးပြတ်နဲ့ ဝယ်တာဆိုတော့ တောင်သူတွေ က စက်ရုံ အရောက်ပို့ရတာ၊ ကြံတောင်သူ အနေနဲ့ တွက်ခြေကိုက်မယ့် ဈေးနှုန်း ညှိနှိုင်းဆောင်ရွက်ခွင့် မရှိတာပဲ၊ လှောင်ထားလို့ရတဲ့ သီးနှံမဟုတ်တော့ သူတို့ ဖြတ် တဲ့ ဈေးနှုန်းနဲ့ ရောင်းနေကြရတာပါပဲ”ဟု ပြောသည်။

ယခုကဲ့သို့ ဈေးနှုန်း ပုံသေသတ်မှတ်သည့် စနစ်မကျင့်သုံးခင်ကမူ ပြည်တွင်း သကြားဈေးပေါ်မူတည်၍ နှုန်းရှင် စနစ်ကို ကျင့် သုံးခဲ့ကြောင်း၊ ဥပမာအားဖြင့် ကြံ ၁ တန်လျှင် အမြင့်ဆုံးဈေး ၆ သောင်းခန့် ရှိစဉ်က သကြားဈေးကွက်အတွင်း၌ ၁ပိသာ ၅၀ ကျပ်ခန့် ဈေးတက်လျှင် ကြံ ၁ တန်အပေါ် ၁၀၀၀ ကျပ်နှုန်း တိုးပေးခဲ့သည့် စနစ်ကို ကျင့်သုံးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတဦးကလည်း “ဈေးအရှင်ဆိုတာက သကြား ဈေးနဲ့ တွက်ချက်ပြီးမှ ကြံကို ဈေးဖြတ်ပေးတာမျိုးပေါ့၊ ဥပမာ ဈေးကွက်ထဲမှာ သကြားဈေးတက်သွားတယ်ဆိုရင် ကြံအခြေခံ သတ်မှတ်ဈေးနှုန်းထက် ၁ ထောင်ကနေ ၅ ထောင်လောက်အထိ တိုးပေးတာမျိုးပေါ့၊ အဲဒီလိုပဲ သကြားဈေးကျ သွားရင် ဈေးလျှော့ မပေးရဘဲ သတ်မှတ်ထားတဲ့ အခြေခံဈေးနှုန်းအတိုင်း ပေးရတာမျိုးပေါ့၊ သကြားဈေးနှုန်း အတက်အကျပေါ်မှာ မူတည်ပြီးတော့ ဈေးအရှင် သတ်မှတ်ပေးတာမျိုးပေါ့”ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ကြံကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန် တိုင်း၊ မန္တလေးတိုင်းတို့တွင် စိုက်ပျိုးပြီး ကြံစိုက် ၁ ရာသီလျှင် ၁၃ လခန့် ကြာပြီး ကြံအမျိုးအစားပေါ်မူတည်ကာ စတင်စိုက်ချိန်မှ စက်ရုံသို့ ပိုပြီးချိန်အထိ တဧကလျှင် ကျပ် ၁၅ သိန်းမှ ၂၂ သိန်းခန့်ထိ ကုန်ကျမှုရှိသလို တဧကလျှင် အနည်းဆုံး တန်ချိန် ၂၀ မှ ၅၀ ခန့်ထိ ထွက်ရှိကြောင်း သိရသည်။

You may also like these stories:

မူဝါဒကောင်း ရှိလာရင်တော့ ကြံ၊ သကြားလောက ဖွံ့ဖြိုးလာပါလိမ့်မယ်

MEC ပိုင် သကြားစက် ကြံဈေးလျှော့ချဝယ်ယူမှု သက်ဆိုင်ရာသို့ တင်ပြမည် ဟုဆို

အခြေခံစပါးဈေး တင်း ၁၀၀ လျှင် ၅ သိန်းကျပ် သတ်မှတ်ကြောင်း အစိုးရကြေညာ

တပတ်အတွင်း စစ်ကိုင်းတိုင်းမှ ရွာ ၂၀ ကျော် စစ်တပ်မီးရှို့

Your Thoughts …
Tags: ကြံစစ်ကိုင်းပဲခူးတိုင်းမကွေးတိုင်းရှမ်းပြည်မြောက်ပိုင်းသကြား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

“ဆင်ဖြူရှင်”ကို စစ်ကောင်စီ အကူအညီတောင်း

“ဆင်ဖြူရှင်”ကို စစ်ကောင်စီ အကူအညီတောင်း

by ဟိန်းထူးဈာန်
24 August 2024
16.5k

ဆင်ဖြူရှင်စစ်ဆင်ရေးကို စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းဦးဆောင်မည်ဖြစ်ကြောင်း သတင်းရင်းမြစ် အများအပြား ပြောသည်။

မုန်တိုင်ပင်ရွာ လူသတ်မှု၌ တာဝန်ရှိသူ တိုင်းမှူး ဖြစ်လာ

မုန်တိုင်ပင်ရွာ လူသတ်မှု၌ တာဝန်ရှိသူ တိုင်းမှူး ဖြစ်လာ

by ဧရာဝတီ
6 August 2023
15.1k

ပြီးခဲ့သည့်နှစ် မေလအတွင်းက စကခ- ၄ လက်အောက်ရှိ ခြေမြန်တပ်ရင်း (ခမရ ၇၀၈)သည် ရေဦးမြို့နယ် မုန်တိုင်ပင်ရွာမှ အရပ်သား ၂၆ ဦးကို သတ်ဖြတ်ခဲ့ရာ ယင်းဖြစ်စဉ်တွင် ဗိုလ်မှူးချုပ် ကြည်သိုက် တာဝန်ရှိကြောင်း ပြောဆို မှုများ...

စစ်ကောင်စီ ဝန်ထမ်းများ ထွက်ပြေးကုန်ပြီး တရုတ် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်း

စစ်ကောင်စီ ဝန်ထမ်းများ ထွက်ပြေးကုန်ပြီး တရုတ် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်း

by ဧရာဝတီ
30 October 2023
13.8k

တိုက်ပွဲများကြောင့် လမ်းများ ပိတ်နေသဖြင့် ကုန်သွယ်ရေးဇုန်များအပါအဝင် ရှမ်းမြောက်ပိုင်းရှိ ကုန်စည်ဒိုင်များတွင်လည်း အရောင်းအဝယ်များ ရပ်ဆိုင်းနေကြောင်း

“၁၀၂၇ စစ်ဆင်ရေး” စစ်ကိုင်းအထက်ပိုင်း ဝင်ရောက်လာ

“၁၀၂၇ စစ်ဆင်ရေး” စစ်ကိုင်းအထက်ပိုင်း ဝင်ရောက်လာ

by ဧရာဝတီ
30 October 2023
11.9k

ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင်အနောက်ဘက် တောင်ရိုးတလျှောက်တွင် စစ်ဆင်ရေး စတင်သည့် အောက် တိုဘာ ၂၇ ရက်က စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်အဖွဲ့ဝင် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး

နေပြည်တော်ကို ဦးတည်ချက်ထားပြီး တော်လှန်ရေးထိုးစစ် တနိုင်ငံလုံးကျယ်ပြန့်လာနိုင်

နေပြည်တော်ကို ဦးတည်ချက်ထားပြီး တော်လှန်ရေးထိုးစစ် တနိုင်ငံလုံးကျယ်ပြန့်လာနိုင်

by ဧရာဝတီ
10 November 2023
11k

စစ်ကောင်စီဆန့်ကျင်ရေး "၁၀၂၇ စစ်ဆင်ရေး" သည် စစ်ကိုင်းတိုင်းသို့ တိုးချဲ့ပြီး တနိုင်ငံလုံးသို့ ကျယ်ပြန့်လာနိုင်ကြောင်း ခုခံတော်လှန်ရေးတပ်များနှင့် သုတေသီများက ပြောသည်။

၁၀၂၇ စစ်ဆင်ရေးကို တနိုင်ငံလုံး တိုးချဲ့မည်ဟု ညီနောင်မဟာမိတ်များ ကြေညာ

၁၀၂၇ စစ်ဆင်ရေးကို တနိုင်ငံလုံး တိုးချဲ့မည်ဟု ညီနောင်မဟာမိတ်များ ကြေညာ

by ဧရာဝတီ
10 November 2023
10.2k

နောက်ထပ်မြို့များကိုလည်း တော်လှန်ရေး အင်အားစုများက သိမ်းပိုက်မည်ဖြစ်ကြောင်းလည်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

Next Post
၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့က အူကီယာရှိ ကူတူပါလောင် ဒုက္ခသည်စခန်းတွင် ကျင်းပသော ၂၀၁၇ ခုနှစ် မြန်မာစစ်တပ် အကြမ်းဖက် နှိမ်နင်းမှု နှစ်ပတ်လည် ပထမဆုံးအကြိမ် အခမ်းအနားကို တက်ရောက်လာသည့် ရိုဟင်ဂျာ ဒုက္ခသည်များ / AFP

မြန်မာ လူ့အခွင့်အရေးမဟာမိတ်ဖွဲ့ရန် ရိုဟင်ဂျာများ စုစည်း

ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးကျောင်းသားများ နေပြည်တော်တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြနေစဉ်  / ဧရာဝတီ

စစ်ကောင်စီကို ဒူးမထောက်တဲ့ CDM ကျန်းမာရေး ဝန်ထမ်းများ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved