• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တပတ်အတွင်း စစ်ကိုင်းတိုင်းမှ ရွာ ၂၀ ကျော် စစ်တပ်မီးရှို့

by ဧရာဝတီ
22 November 2022
in သတင်း
A A
ပြီးခဲ့သည့်ရက်ပိုင်း ခင်ဦးမြို့နယ်အတွင်းက မီးရှို့ခံရသည့်ရွာများနှင့် စစ်ဘေးရှောင်ပြည်သူများ  / CJ

ပြီးခဲ့သည့်ရက်ပိုင်း ခင်ဦးမြို့နယ်အတွင်းက မီးရှို့ခံရသည့်ရွာများနှင့် စစ်ဘေးရှောင်ပြည်သူများ / CJ

3k
VIEWS
Share on FacebookShare on Twitter

လက်နက်ကိုင်တော်လှန်ရေး အားကောင်းရာ ဒေသဖြစ်သော စစ်ကိုင်းတိုင်းတွင် ၁ ပတ်အတွင်း မြို့နယ် ၇ ခုမှ ကျေးရွာပေါင်း ၂၃ ရွာကို အာဏာသိမ်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသသတင်းရင်း မြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက်မှ ၂၁ ရက်ထိ စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၇ ခု ဖြစ်သော ကျွန်းလှ၊ မြောင်၊ ခင်ဦး၊ ရွှေဘို၊ ကန့်ဘလူ၊ စစ်ကိုင်းနှင့် ဝက်လက်မြို့နယ်တို့မှ ကျေးရွာပေါင်း ၂၃ ရွာရှိ နေအိမ်များကို စစ်ကောင်စီ တပ်ဖွဲ့ဝင် များက ဝင်ရောက် မီးရှို့ခဲ့ခြင်း ဖြစ်သည်။

96 Soldier အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုဇေယျာလွင်က “ခြေလျင်စစ်ကြောင်းဝင်တဲ့ ရွာတိုင်းကို မီးရှို့ကိုရှို့ရမယ်ဆိုတဲ့ မူဝါဒမျိုး ရှိပုံရတယ်။ အညာဒေသမှာ တော်လှန်ရေး စဖြစ်ပြီ ဆိုကတည်းက ရှို့ခဲ့လိုက်ကြတာ အခုထိ ရှို့နေတုန်းပဲ။ ဒါပေမဲ့ ဒီကာလမှာကတော့ များများစားစား လက်ရဲဇက်ရဲနဲ့ ပိုရှို့လာတယ်လို့ ပြောလို့ရတယ်” ဟု ပြောသည်။

မီးရှို့ခံရသည့် မြို့နယ်များအနက် ခင်ဦးမြို့နယ်တွင် ၃ ရက်အတွင်း နေအိမ်ပေါင်း ၄၀၀ နီးပါး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၁၇ ရက်မှ စတင်၍ အင်အား ၇၀ ခန့်ပါ စစ်ကြောင်း ၂ ကြောင်းသည် ခင်ဦးမြို့နယ်တွင် တရွာဝင်တရွာထွက် ဝင်ရောက်စီးနင်းခဲ့ပြီး အိမ်ခြေ ၃၀၀ ကျော် ရှိသော ပေါင်းလဲကုန်ရွာ၌ နေအိမ် ၁၃၆ လုံးအား မီးရှို့ဖျက်ဆီးမှုတွင် အသက် ၈၀ ကျော် ဒေါ်ချစ်စု မီးလောင် သေဆုံးခဲ့ကာ အသက် ၅၀ နှစ်အရွယ် ဦးဆန်းဝင်းဆိုသူမှာလည်း လက်နက် ကြီးထိမှန် သေဆုံးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီ၏ တပ်မ ၆၆ လက်အောက်ခံ တပ်ဖွဲ့ဝင်များပါသည့် အဆိုပါ စစ်ကြောင်းသည် ခင်ဦးမြို့နယ်ထဲတွင် နေ့စဉ် စစ်ကြောင်းထိုးပြီး လက်ပံကြီးရွာမှ နေအိမ် ၉၀၊ မဒေါင်းကြီးရွာမှ ၇၅ လုံး၊ ရွှေကာရွာမှ ၆၂ လုံး၊ ဆီဆုံလေးရွာမှ ၈ လုံး၊ နှဲတွင်းရွာမှ ၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကာ နိုဝင်ဘာ ၂၁ ရက်က ရှို့ခဲ့သည့် စောကြီးနှင့် သေနပ်စိန်ရွာမှ ပျက်စီးမှု အခြေ အနေများကိုမူ မသိရှိရသေးပေ။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.9k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

နေအိမ်များ မီးထဲသို့ ပါသွားသည့် ဒေသခံများမှာ မိမိတို့အိမ်၏ ပြာပုံများကို ရှင်းလင်းရေးများ လုပ်ဆောင်နေပြီး နီးစပ်ရာ ရွာများနှင့် ဘုန်းကြီးကျောင်းများ၌ ခိုလှုံနေထိုင်နေရကြောင်း သိရသည်။

ပေါင်းလဲကုန်းရွာမှ ရွာခံတဦးက “အိမ်ထဲ ဝင်သွားရင် ကျွန်းတံခါးတခုကလွဲပြီး ကျန်တာ ဘာမှမရှိတော့ဘူး။ ပြာပုံပဲ ရှိတော့တာ။ အကုန်လုံးကိုပတ်ပြီး မီးသင်းခံလိုက်ရတာပဲ။ သက်သက်ရှို့သွားတာ သူတို့ စိတ်ဆန္ဒအရ လုပ်သွားတာ။ အဝတ်အစား ဘာမှန်း မသိဘူး။ စောင်လည်းမပါ အလွတ်ပြေးခဲ့ရတာ။ ထမင်းအိုးဘာအိုး ဘာမှကို မကျန်ဘူး” ဟု ပြောသည်။

၎င်းမှာ သူပိုင်အိမ် သာမက သူ၏ ဆွေမျိုးသားချင်းများ အိမ်များလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီသည် ၂၀၂၁ နှစ်ကုန်ပိုင်းမှ စတင်ကာ စစ်ကိုင်းတိုင်းအတွင်း ကျေးရွာများကို တရွာဝင်တရွာ ထွက် မြေလှန်မီးတိုက်စနစ်ဖြင့် မီးရှို့ခဲ့သည့်အနက် ၂၀၂၂ ခုနှစ် ဧပြီ၊ မေနှင့် ဇွန် ၃ လသည် နေအိမ်ပျက်စီးမှု အရေ အတွက် အများဆုံးလများ ဖြစ်ခဲ့ပြီး အဆိုပါ ၃ လအတွင်း နေအိမ်ပေါင်း ၁၂,၀၀၀ ကျော် ဖျက်ဆီးခံခဲ့ရကြောင်း Data for Myanmar က ထုတ်ပြန်ထားသော အချက်အလက်များအရ သိရသည်။

စစ်ကောင်စီ တပ်ဖွဲ့များသည် ဩဂုတ်လ နောက်ပိုင်းတွင်လည်း စစ်ကိုင်းတိုင်းအတွင်း ကျေးရွာများကို ဆက်လက် မီးရှို့နေခဲ့ရာ အထူးသဖြင့် ပွင့်လင်းရာသီဖြစ်သည့် ယခု အောက်တိုဘာနှင့် နိုဝင်ဘာလများအတွင်း ပိုမိုမြင့်တက်လာ ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ပြောဆိုလျက်ရှိပြီး အချက်အလက်အသေးစိတ်ကိုမူ ဧရာဝတီက အတည် ပြုနေဆဲ ဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်း ခင်ဦးမြို့နယ်အတွင်းက မီးရှို့ခံရသည့်ရွာများနှင့် စစ်ဘေးရှောင်ပြည်သူများ / CJ

ပြီးခဲ့သည့် ၁ ပတ်တာအတွင်းက ရရှိသည့် စာရင်းများအရ ခင်ဦးမြို့နယ်ရှိ ပေါင်းလဲကုန်း၊ လက်ပံကြီး၊ မဒေါင်းကြီး၊ ရွှေကာ၊ ဆီဆုံလေး၊ နှဲတွင်း၊ စောကြီး သေနပ်စိတ်၊ စစ်ကိုင်းမြို့နယ်ရှိ တောင်ရင်း (မြောက်)၊ တောင်ရင်း (တောင်)၊ စဉ့် ကိုင် (တောင်)၊ စဉ့်ကိုင် (မြောက်)၊ ရွာသစ်၊ တလိုင်း၊ ကျောင်းဖြူ၊ အုန်းသဇင်၊ တရှောက်အိုက့်ဒိုင်၊ ကျွန်းလှမြို့နယ်မှ ခဝါသည်ရွာ၊ မြောင်မြို့နယ်ရှိ နဂါးပေါက်ရွာ၊ ရွှေဘိုမြို့နယ်ရှိ လိပ်ရကုန်း၊ ဝက်လက်မြို့နယ်က ထန်းကြီး၊ ကျောက်ဖြူ၊ ကန့်ဘလူ ကျောက်တိုင်ရွာတို့ကို စစ်ကောင်စီတပ်များက ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁ လလုံးတွင် နိုင်ငံအနှံ့ နေအိမ်၊ အဆောက်အအုံပေါင်း ၁,၅၁၀ လုံးထက်မနည်းကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည့်အနက် စစ်ကိုင်းတိုင်းတွင် ၁,၁၂၄ လုံးထက်မနည်း ရှိနေကြောင်း သုတေသန အဖွဲ့တခု ဖြစ်သည့် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က ထုတ်ပြန်ထားသည်။

ISP-Myanmar က အချက်အလက်အရ အာဏာသိမ်းပြီးနောက် နိုင်ငံတွင် နေအိမ်နှင့် အဆောက်အအုံပေါင်း ၃၈,၅၆၈ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံရသည့်အနက် ၇၀ ရာခိုင်နှုန်းမှာ စစ်ကိုင်းတိုင်းတွင် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ စစ်တပ်က ဖိနှိပ်နေသည့် အညာဒေသသည် လက်ရှိ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်နေသော ကချင်၊ ချင်း နှင့် ရခိုင် စသည့် ဒေသများနှင့်လည်း ဆက်စပ်နေသည့်အတွက် စစ်ကောင်စီ၏ ရှေ့တန်းပစ်မှတ် ဖြစ်လာခဲ့ခြင်း ဖြစ် ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ပြောဆိုသည်။

တကောင်းနိုင်ငံရေးလေ့လာမှုအင်စတီကျု အမှုဆောင်ဒါရိုက်တာ ကိုရဲမျိုးဟိန်းက “အညာက စစ်ရေးစစ်ရာ မဟာဗျူ ဟာအရ အရေးပါတဲ့နေရာလို့ မြင်တယ်။ မြန်မာပြည် မြေပြန့်ဖြစ်သလို တချို့ ပြောကြတယ် ကချင်စစ်နယ်ဝန်း၊ ချင်းစစ် နယ်ဝန်းနဲ့ ၂၀၂၀ မတိုင်ခင်ထိ လက်နက်ကိုင်တော်လှန်ရေး ကြီးကြီးမားမား ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်ကို ဆက်စပ်ပေး နိုင်တဲ့ အဓိကကျတဲ့နေရာ ဖြစ်တယ်။ အဲဒီ ဒေသကြီးတခုလုံး ဆက်သွားမယ်ဆိုရင် မြန်မာပြည်ရဲ့ အနောက်ဘက် စင်္ကြန်ကြီးတခု ပေါ်ပေါက်လာမယ်လို့ တချို့ ပညာရှင်တွေ သုံးသပ်ကြတာ ရှိတယ်” ဟု ဇွန်လက ဧရာဝတီနှင့် အင်တာ ဗျူးစဉ် ဖြေထားသည်။

ထို့ပြင် စစ်ကောင်စီတပ် အပြင်းအထန် မီးရှို့တိုက်ခိုက်နေသည့် အညာဒေသက ပြည်သူများသည် ပြည်သူ့ကာကွယ် ရေးတပ်များကို အားပေးထောက်ခံသူများဆိုသည့် ယူဆချက်ဖြင့် မထောက်ခံဝံ့အောင် အကြောက်တရား ရိုက်သွင်း ကာ အကြောင်းမဲ့ မီးတိုက်သည့် စစ်ဆင်ရေးလုပ်ခြင်း ဖြစ်သည်ဟူ၍လည်း ဒေသခံများနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ က ယူဆထားသည်။

ပြီးခဲ့သည့်ရက်ပိုင်း ခင်ဦးမြို့နယ်အတွင်းက မီးရှို့ခံရသည့်ရွာများနှင့် စစ်ဘေးရှောင်ပြည်သူများ / CJ

ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက “အဓိက ဒေါက်တိုင် ပြည်သူတွေကို ထိုးနှက်ပြီး ပြာပုံအတိ ဖြစ်သွားအောင် လုပ်တာ။ မီးရှို့မယ် ဆိုတာကို အစီအစဉ်ချပြီး လုပ်တာ။ ဗျူဟာလည်း ပါတယ်။ မင်းတို့ ရွာတွေကို မီးရှို့တယ်။ ဘယ်မှာလဲ မင်းတို့ပြောတဲ့ လေယာဉ်ပစ်လက်နက်တွေ၊ PDF တွေ ဘယ်မှာလဲ။ မင်းတို့ ကျေးရွာကာကွယ် ရေးအဖွဲ့တွေ ရွာကို မကာကွယ် မစောင့်ရှောက်နိုင်ဘူးလားဆိုတဲ့ ပြည်သူတွေဘက်က အတွေးတွေ ပေါ်လာအောင် မီးရှို့ ပြတာပေါ့လေ။ ပြည်သူတွေနဲ့ သွေးခွဲပြတာပေါ့” ဟု ဆိုသည်။

ကိုဇေယျာလွင်ကလည်း “ဒီလို မီးရှို့ခြင်းက ဘာကို ပြနေလဲဆိုတော့ တွေ့လား မင်းတို့ ကြည့်ထား PDF တွေကို ထောက်ခံလို့ကတော့ မင်းတို့ ရွာတွေ၊ အိုးအိမ်တွေ အကုန်လုံး ဖျက်ဆီးပစ်မယ်ပေါ့။ မီးရှို့တာက သူတို့ အပြစ်မဟုတ် ဘဲနဲ့ PDF တွေကို ထောက်ခံလို့ ရှို့ရပါတယ်ဆိုတဲ့ ဖိနှိပ်တဲ့ လုပ်ဆောင်မှုလို့ မြင်ပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ အိုးအိမ်များကို မီးရှို့ ဖျက်ဆီးနေခြင်းသည် လူ့အခွင့်အရေးကြေညာစာတမ်းပါ လူတိုင်းအသက်ရှင်ခွင့်၊ လုံခြုံ ခွင့် ဆိုသည့် အချက်များကို စစ်တပ်က ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းလည်း ဖြစ်သည်။

ထိုသို့ စစ်ကောင်စီတပ်က လုပ်ဆောင်နေမှုများနှင့် ပတ်သက်၍ နေအိမ် မီးရှို့ဖျက်ဆီးခံရသည့် ပေါင်းလဲကုန်း ဒေသခံ က “သူတို့ ဘာအတွက် လုပ်နေတာလည်းလို့ပဲ မေးချင်တော့တယ်။ မြန်မာပြည်ကြီးကို ပြာကျစေချင်နေ တာလား။ နိုင်ငံအတွက် လုပ်နေတာလား။ သူတို့ ကောင်းစားရေး အတွက်လား။ နောက်က လိုက်နေတဲ့လူတွေက ဦးနှောက် မရှိတော့ဘူးလား၊ သူတို့ မိသားစုတွေ မရှိတော့ဘူးလား။ သူတို့ လူတွေရော ဟုတ်သေးရဲ့လား။ ကိုယ်ကောင်းစားဖို့ သူများမိသားစု လိုက် ဖျက်ဆီးနေတာလား” ဟု ပြောဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်း စစ်ပြေးဒုက္ခသည် ၁ ဒသမ ၆ သန်းကျော် ရှိလာပြီး စစ်ကိုင်းတိုင်းသည် နေရပ် စွန့်ခွာထွက်ပြေးသူ အများဆုံး ဒေသလည်း ဖြစ်ကာ ပြည်တွင်း စစ်ပြေးဒုက္ခသည် အရေအတွက် စုစုပေါင်း၏ ၄၁ ရာခိုင်နှုန်း ရှိကြောင်း ISP-Myanmar က ဆိုထားသည်။

You may also like these stories:

စစ်ကိုင်းတွင် အရပ်သားများသတ်ဖြတ်ခံရပြီး ကျေးရွာများပါ မီးရှို့ခံနေရ

ဧရာဝတီမြစ်ရိုးတလျှောက်ကရွာများအား စစ်တပ်က စီးနင်းဖျက်ဆီး

စစ်ကောင်စီ၏ ဖြတ်လေးဖြတ် မီးရှို့စနစ် ဘာကြောင့် ကျရှုံးနေသနည်း

Your Thoughts …
Tags: စစ်ကိုင်းတိုင်းစစ်ကောင်စီတပ်စစ်ဘေးရှောင်တပ်မ ၆၆မီးရှို့
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

by ဧရာဝတီ
22 September 2023
16.7k

ယာယီသမ္မတအနေဖြင့် စက်တင်ဘာ ၂၀ ရက်နေ့ကကျင်းပခဲ့သည့် ပြည်ထောင်စုနှင့် ပြည်နယ်ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် (FSCC) အစည်းအဝေးတွင် ယခုကဲ့သို့ သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

by Matthew B. Arnold
20 November 2023
12.2k

၁၀၂၇ စစ်ဆင်ရေးသည် မစဉ်းစားမဆင်ခြင်ဘဲ အခွင့်ကောင်းယူသည့် ဆုံးဖြတ်ချက် မဟုတ်ဘဲ တရုတ်က လှုံဆော်သည့် စစ်ဆင်ရေးဖြစ်သည်ဟုလည်း စာရေးသူ မယုံကြည်ပေ။

ကောလင်းကို စစ်ကောင်စီ ပြန်ထိန်းချုပ်

ကောလင်းကို စစ်ကောင်စီ ပြန်ထိန်းချုပ်

by ဧရာဝတီ
13 February 2024
11.4k

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၏ အဓိကကျသောနေရာများအား ယနေ့တွင် စစ်ကောင်စီက ဝင်ရောက်နေရာယူ၍ ပြန်လည် ထိန်းချုပ်

ဝိုင်းမော်နှင့် မိုးမောက်အကြား စစ်ကောင်စီတပ် ပိတ်မိနေ

ဝိုင်းမော်နှင့် မိုးမောက်အကြား စစ်ကောင်စီတပ် ပိတ်မိနေ

by ဧရာဝတီ
25 August 2023
11.2k

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်နှင့် မိုးမောက်မြို့နယ်ကြား၊ မြစ်ကြီးနား-ဗန်းမော်ကားလမ်းအနီးရှိ ရွာအချို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပိတ်မိနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီကို ပြောသည်။

နေပြည်တော်ကို ဦးတည်ချက်ထားပြီး တော်လှန်ရေးထိုးစစ် တနိုင်ငံလုံးကျယ်ပြန့်လာနိုင်

နေပြည်တော်ကို ဦးတည်ချက်ထားပြီး တော်လှန်ရေးထိုးစစ် တနိုင်ငံလုံးကျယ်ပြန့်လာနိုင်

by ဧရာဝတီ
10 November 2023
11k

စစ်ကောင်စီဆန့်ကျင်ရေး "၁၀၂၇ စစ်ဆင်ရေး" သည် စစ်ကိုင်းတိုင်းသို့ တိုးချဲ့ပြီး တနိုင်ငံလုံးသို့ ကျယ်ပြန့်လာနိုင်ကြောင်း ခုခံတော်လှန်ရေးတပ်များနှင့် သုတေသီများက ပြောသည်။

၁၀၂၇ စစ်ဆင်ရေးကို တနိုင်ငံလုံး တိုးချဲ့မည်ဟု ညီနောင်မဟာမိတ်များ ကြေညာ

၁၀၂၇ စစ်ဆင်ရေးကို တနိုင်ငံလုံး တိုးချဲ့မည်ဟု ညီနောင်မဟာမိတ်များ ကြေညာ

by ဧရာဝတီ
10 November 2023
10.2k

နောက်ထပ်မြို့များကိုလည်း တော်လှန်ရေး အင်အားစုများက သိမ်းပိုက်မည်ဖြစ်ကြောင်းလည်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

Next Post
စစ်တွေမြို့  / ဧရာဝတီ

စစ်တွေ ဘုန်းကြီးကျောင်းတိုက်များမှ ဖမ်းခံရသူ ၉ ဦးအနက် ၄ ဦး ပြန်လွတ်

သူပေးတဲ့ ဘွဲ့တွေက တိုင်းဖျက်ပြည်ဖျက် ဆုတွေပဲ (ရုပ်/သံ)

သူပေးတဲ့ ဘွဲ့တွေက တိုင်းဖျက်ပြည်ဖျက် ဆုတွေပဲ (ရုပ်/သံ)

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.9k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved