• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

စစ်ကောင်စီ၏ ဖြတ်လေးဖြတ် မီးရှို့စနစ် ဘာကြောင့် ကျရှုံးနေသနည်း

by ဧရာဝတီ
26 October 2022
in ဆောင်းပါး
A A
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ အိမ်များကို စစ်ကောင်စီက မီးတင်ရှို့နေစဉ်  / The Chinland Post

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ အိမ်များကို စစ်ကောင်စီက မီးတင်ရှို့နေစဉ် / The Chinland Post

25.7k
VIEWS
Share on FacebookShare on Twitter

အမည်ဆိုးကျော်ကြားလှသည့် ၎င်းတို့၏ ဖြတ်လေးဖြတ် စနစ်ကို ပြန်လည်ကျင့်သုံးသည့် အနေဖြင့် စစ်ကောင်စီသည် တနိုင်ငံလုံးကျယ်ပြန့်သည့် စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုကို အင်အားချည့်နဲ့သွားအောင် လုပ်ဆောင်ရာတွင် ထိုဆန့်ကျင်ရေး အင်အားစုများ၏ အမာခံ ဒေသများမှ အရပ်သားအိမ်များအား မီးရှို့တိုက်ခိုက်မှုများကို နေ့စဉ်နီးပါး ပြုလုပ်နေသည်။

လွန်ခဲ့သော ၂ ပတ်အတွင်း စစ်ကောင်စီတပ်များသည် လက်နက်ကိုင် တော်လှန်ရေး အင်အားစုများ၏ အမာခံဒေသဖြစ်သော စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်း အနည်းဆုံး ရွာပေါင်း ၂၀ ကို မီးရှို့ခဲ့သည်။

စစ်ကောင်စီ၏ နောက်ဆုံးမီးရှို့တိုက်ခိုက်မှုများအတွင်း အိမ် ရာပေါင်းများစွာ မီးလောင်ကုန်ပြီး ထောင်ပေါင်းများစွာသော ဒေသခံများသည် အိုးမဲ့အိမ်မဲ့များ ဖြစ်ကုန်သည်။

မြန်မာစစ်တပ်သည် ဖြတ်လေးဖြတ်စနစ်ကို ယခင်စစ်အုပ်စုဖြစ်သော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် ၁၉၇၀ ပြည့်နှစ်များက စတင်အသုံးပြုသည်။ ရည်ရွယ်ချက်မှာ တိုင်းရင်းသား လက်နက်ကိုင်တပ်များကို ရိက္ခာ၊ ငွေကြေး၊ သတင်းနှင့် တပ်သားသစ် စုဆောင်းမှု ဖြတ်တောက်ရေး ဖြစ်ပြီး ထိုစနစ်သည် ဆိုးရွားသော အကျိုးဆက်များကို မကြာခဏဖြစ်စေသည်။

မြန်မာစစ်တပ်သည် ဖြတ်လေးဖြတ်စနစ်ကို ယခင်စစ်အုပ်စုဖြစ်သော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် ၁၉၇၀ ပြည့်နှစ်များက စတင်အသုံးပြုသည်။ ရည်ရွယ်ချက်မှာ တိုင်းရင်းသား လက်နက်ကိုင်တပ်များကို ရိက္ခာ၊ ငွေကြေး၊ သတင်းနှင့် တပ်သားသစ် စုဆောင်းမှု ဖြတ်တောက်ရေးအတွက် ဖြစ်ပြီး ထိုစနစ်သည် ဆိုးရွားသော အကျိုးဆက်များကို မကြာခဏဖြစ်စေသည်။

ပုန်ကန်မှုဖြစ်ပွားရာ ဒေသများမှ ကျေးရွာများကို အကြိမ်ကြိမ် စီးနင်းတိုက်ခိုက်ခြင်းနှင့် မီးရှို့ခြင်းဖြင့် ဒေသခံများက တော်လှန်ရေးအင်အားစုများကို မထောက်ခံအောင် တားဆီးနိုင်မည်၊ ၎င်းတို့၏ အသက်သွေးကြောကို ဖြတ်တောက်နိုင်မည်ဟု ယူဆပြီး စစ်ကောင်စီသည် ထိုနည်းလမ်းကိုပင် ပြန်လည် အသုံးချနေသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ပြီးခဲ့သည့် မေလအစောပိုင်းက မီးတင်ရှို့ခံရပြီးနောက် ကျန်ခဲ့သည့် မြင်ကွင်း / CJ

စစ်ကောင်စီသည် ၎င်းတို့၏ ပထမဆုံး မီးရှို့တိုက်ခိုက်မှုကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုအပြီး လွန်ခဲ့သောနှစ်ဇွန်လက မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စတင်ပြုလုပ်သည်။ စစ်ကောင်စီတပ်များသည် အင်းမကျေးရွာ အနီးမှ ဒေသခံတော်လှန်ရေးတပ်များက ခြုံခိုက်တိုက်ခိုက်သည်ကို တုံ့ပြန်သောအားဖြင့် ထိုရွာမှ အိမ် ၂၄၀ လုံးကို မီးရှို့သည်။

ထိုသို့ အစုလိုက်အပြုံလိုက် မီးရှို့တိုက်ခိုက်ခြင်းကို ပြည်တွင်းပြည်ပ ပြစ်တင်ရှုတ်ချမှုများ ခံရပြီးနောက် စစ်ကောင်စီက ထိုမီးရှို့မှုအတွက် တာဝန်မရှိကြောင်း ကျယ်ကျယ်လောင်လောင် ပြောသော်လည်း ခိုင်မာသော အထောက်အထားများနှင့် မျက်မြင်သက်သေများ၏ ပြောကြားချက်များက ၎င်းတို့နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။

စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်ကောင်စီအပေါ် ပြည်သူ့ခုခံစစ်ကို လွန်ခဲ့သောနှစ် စက်တင်ဘာလက ကြေညာလိုက်သောအခါ စစ်ကောင်စီတပ်များသည် တော်လှန်ရေး အင်အားစုများကိုသာမက အရပ်သား ပစ်မှတ်များကိုပါ မီးရှို့သည့်တိုက်ခိုက်မှုများ၊ တရားမဲ့သတ်ဖြတ်မှုများနှင့် အမြောက်များ၊ လေကြောင်း တိုက်ခိုက်မှုများဖြင့် သိမ်းကြုံးတိုက်ခိုက်မှုများကို အရှိန်မြှင့်တင်လိုက်သည်။

စီးနင်းတိုက်ခိုက်မှုနှင့် မီးရှို့တိုက်ခိုက်မှုများကို ကျူးလွန်ချိန်အတွင်း စစ်ကောင်စီတပ်များသည် ရွှေ၊ ငွေကြေး၊ ပရိဘောဂ၊ လျှပ်စစ်ပစ္စည်းများကို အမြဲတမ်းလုယူရုံသာမက မွေးမြူထားသော တိရစ္ဆာန်များကိုလည်း သတ်ဖြတ် စားသောက်သည်။ အစားအသောက်၊ ဆန်နှင့် ဒေသခံများ ၎င်းတို့အသက်မွေးဝမ်းကြောင်းအတွက် အသုံးပြုရသည့် မျိုးစေ့၊ စိုက်ပျိုးရေးစက်ယန္တရားနှင့် ယာဉ်များကိုလည်း မီးရှို့ဖျက်ဆီးသည်။

ယခုနှစ် သြဂုတ်လ ၂၅ ရက်နေ့အထိ တနိုင်ငံလုံးမှ အရပ်သားနေအိမ်နှင့် ဘာသာရေး အဆောက်အအုံပေါင်း ၂၈,၄၃၄ ခုကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးကြောင်း စစ်ကောင်စီက အရပ်သားပိုင်ဆိုင်မှုများအား ဖျက်ဆီးမှုများကို မှတ်တမ်းတင်နေသည့် Data for Myanmar အဖွဲ့၏ စာရင်းအရ သိရသည်။

ယခုနှစ် သြဂုတ်လ ၂၅ ရက်နေ့အထိ တနိုင်ငံလုံးမှ အရပ်သားနေအိမ်နှင့် ဘာသာရေး အဆောက်အအုံပေါင်း ၂၈,၄၃၄ ခုကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးကြောင်း စစ်ကောင်စီက အရပ်သားပိုင်ဆိုင်မှုများအား ဖျက်ဆီးမှုများကို မှတ်တမ်းတင်နေသည့် Data for Myanmar အဖွဲ့၏ စာရင်းအရ သိရသည်။

သို့သော် စစ်ကောင်စီတပ်များ၏ အခြားသော မီးရှို့တိုက်ခိုက်မှုများကို အတည်မပြုနိုင်သေးသောကြောင့် အမှန်တကယ် စာရင်းသည် ထိုထက်မက များပြားကြောင်း ထိုအဖွဲ့က ယူဆသည်။

အဆိုးရွားဆုံး ဖျက်ဆီးခံရခြင်းများသည် တော်လှန်ရေးအင်အားစုများ အမာခံဒေသ စစ်ကိုင်းတိုင်းတွင်ဖြစ်ခဲ့ပြီး ထိုတိုင်းတွင် လူနေအိမ်ပေါင်း ၂၀,၁၅၃ ကို စစ်ကောင်စီတပ်များက မီးရှို့ခဲ့သည်။ စစ်ကိုင်းတိုင်းရှိ မြို့နယ် ၃၇ ခုအနက် ၃၁ ခုတွင် စစ်ကောင်စီက မီးရှို့တိုက်ခိုက်ဖျက်ဆီးမှုများ ပြုလုပ်သည်။

စစ်ကိုင်းတိုင်းအနီး အခြားခုခံရေး အမာခံဖြစ်သော မကွေးတိုင်းတွင် စစ်ကောင်စီတပ်ကြောင့် လူနေအိမ်ခြေ ၅,၄၁၈ လုံး ဆုံးရှုံးသည်။

မြန်မာနိုင်ငံအတွင်း မီးရှို့တိုက်ခိုက်ခံရမှု တည်နေရာပြ မြေပုံ / Data for Myanmar

တတိယအဆိုးရွားဆုံး ဆုံးရှုံးသော ဒေသသည် ချင်းပြည်နယ်ဖြစ်ပြီး အိမ်ပေါင်း ၁,၄၇၄ လုံးကို စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်။

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် စစ်ကောင်စီတပ်က လူနေအိမ်နှင့် ဘာသာရေးအဆောက်အအုံ ၁,၃၀၀ အနက် အားလုံးနီးပါးကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာနှင့် ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်း မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ပြာပုံအတိ ဖြစ်နေသည်။

စစ်ကောင်စီတပ်သည် ယခုနှစ် ဧပြီလမှ ဇွန်လအတွင်း ကြီးထွားလာသော ခုခံရေးအင်အားစု တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် မီးရှို့တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်ကာ ထို ၃ လအတွင်း လူနေအိမ်ပေါင်း ၁၅,၀၀၀ ကို မီးရှို့လိုက်သည်။

လွန်ခဲ့သောနှစ် စစ်အာဏာသိမ်းပြီးနောက် ယခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့အထိ ခန့်မှန်းခြေ လူပေါင်း ၁ သန်း ၁ သောင်း ၇ ထောင်သည် စစ်ကောင်စီ အကြမ်းဖက်မှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရကြောင်း ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ ရန်ပုံငွေအဖွဲ့ (Unicef) ၏ စာရင်းများအရ သိရသည်။

ထိုသို့နေရပ်စွန့်ခွာ ထွက်ပြေးရသူများအနက် ထက်ဝက်ကျော်သည် စစ်ကိုင်းတိုင်းမှဖြစ်ပြီး စုစုပေါင်း ၅၄၅,၂၀၀ ဦးရှိကြောင်း Unicef က ဖော်ပြသည်။

မည်သည့်အရပ်သားကိုမဆို ပစ်မှတ်ထားသော စနစ်တကျ တိုက်ခိုက်မှုများသည် နိုင်ငံတကာ ဥပဒေအရ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုမြောက်သည်။

ထိုသို့ မီးရှို့တိုက်ခိုက်မှုများ ကျူးလွန်နေသည်မှာ တနှစ်ကျော်ကြာသောအခါ စစ်ကောင်စီ၏ မီးရှို့စစ်ဆင်ရေး ရည်မှန်းချက်များဖြစ်သည့် ရိက္ခာ၊ ရန်ပုံငွေ၊ သတင်းအချက်အလက်နှင့် လူသစ်စုဆောင်းမှု ဖြတ်တောက်ရေး ရည်မှန်းချက်များ အောင်မြင်ခြင်း ရှိ၊ မရှိ မေးခွန်းထုတ်ရမည်ဖြစ်သည်။

ထိုသို့ မီးရှို့တိုက်ခိုက်မှုများ ကျူးလွန်နေသည်မှာ တနှစ်ကျော်ကြာသောအခါ စစ်ကောင်စီ၏ မီးရှို့စစ်ဆင်ရေး ရည်မှန်းချက်များဖြစ်သည့် ရိက္ခာ၊ ရန်ပုံငွေ၊ သတင်းအချက်အလက်နှင့် လူသစ်စုဆောင်းမှု ဖြတ်တောက်ရေး ရည်မှန်းချက်များ အောင်မြင်ခြင်း ရှိ၊ မရှိ မေးခွန်းထုတ်ရမည်ဖြစ်သည်။

စစ်ကောင်စီပစ်မှတ်များကို မဆုတ်မနစ် တိုက်ခိုက်မှုများနှင့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင် ခုခံရေးအင်အားစုများ အနှံ့အပြားပေါ်လာခြင်းကြောင့် စစ်ကောင်စီရည်မှန်းချက်များ လုံးဝ မအောင်မြင်ကြောင်း အဖြေရသည်။ ထိုမျှသာမကသေးဘဲ တော်လှန်ရေး တိုက်ခိုက်မှုများသည် အရပ်သားများကို ပိုမိုညီညွတ်စေပြီး စစ်ကောင်စီကို ပြတ်ပြတ်သားသား တိုက်ခိုက်စေသည်။

အရပ်သားနေအိမ်များကို စစ်ကောင်စီက ပိုမို မီးရှို့တိုက်ခိုက်လေလေ ပြည်သူများ ပိုပုန်ကန်လေလေဖြစ်ကြောင်း စစ်ကိုင်းတိုင်းမှ တော်လှန်ရေးအင်အားစုဝင်တဦးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။ ပိုင်ဆိုင်သမျှ အရာရာဆုံးရှုံးသွားသူများသည် တော်လှန်ရေးအင်အားစုသို့ ပူးပေါင်းကြကြောင်း သူကပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Nayt Thit ၏ Why Myanmar Junta’s ‘Four Cuts’ Arson Strategy is Failing to Quell Resistance ကို ဘာသာပြန် ဖော်ပြသည်။)

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
94
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
384
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
606

You may also like these stories:

၁၀ ရက်အတွင်း ရေစကြို ရေလယ်ကျွန်းဒေသမှ အိမ် ၁၈၀ ကျော် မီးရှို့ခံရ

မြေလှန်မီးတိုက် အစုလိုက် အသတ်ခံရမှုများကြောင့် အိမ်မပြန်ရဲကြတော့သူများ

မြောင်မြို့နယ်တွင် ၅ ရက်အတွင်း နေအိမ် ၄၀၀ ခန့် မီးရှို့ခံရ

စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေကို စစ်ကောင်စီ မီးတိုက်ရှို့

၁ နှစ်ကျော်အတွင်း ခင်ဦးမြို့နယ်မှ အိမ် ၁၄၀၀ ကျော် မီးရှို့ခံရ

Your Thoughts …
Tags: NUGစစ်ကောင်စီဆန့်ကျင်ရေးအင်အားစုပြည်သူ့ခုခံစစ်ဖြတ်လေးဖြတ် မီးရှို့စနစ်မီးရှို့တိုက်ခိုက်မှုလူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဆန္ဒပြနေသည့် လုပ်သားများ / Myanmar Labour News

Adidas ဖိနပ်ချုပ်စက်ရုံလုပ်သားများ ဆန္ဒပြ

အောက်တိုဘာ ၂၅ ရက်နေ့က ကော့ကရိတ် အာရှလမ်းပေါ်အခြေအနေ

တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေး ထိခိုက်လာ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved