• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေကို စစ်ကောင်စီ မီးတိုက်ရှို့

by ဧရာဝတီ
21 May 2022
in သတင်း
A A
အာဏာသိမ်း စစ်တပ်နှင့် ပျူစောထီးများ မီးရှို့သွားသည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က ကျေးရွာများ  / CJ

အာဏာသိမ်း စစ်တပ်နှင့် ပျူစောထီးများ မီးရှို့သွားသည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က ကျေးရွာများ / CJ

3.4k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်း စစ်ကောင်စီတပ်များသည် ခုခံတော်လှန်စစ် အားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများအား စီးနင်းဝင်ရောက်ပြီး ရွာလုံးကျွတ်မီးရှို့ခြင်း၊ စစ်ကြောင်းထိုးခြင်းများ ဆက်တိုက်ပြုလုပ်ကာ ဖိနှိပ်မှုများ ပိုတိုးလုပ်ဆောင် လာနေကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

အထူးသဖြင့် စစ်ကိုင်းတိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အားကောင်းရာ မုံရွာမြို့အခြေစိုက် အနောက်မြောက် တိုင်းစစ်ဌာနချုပ် (နမခ) ရှိရာ စစ်ကိုင်းတိုင်းတောင်ပိုင်းအတွင်းမှ မြို့ရွာများဘက်သို့ စစ်ကောင်စီတပ်က ယခု မေလ အတွင်း သိသိသာသာ ဖိနှိပ်လာနေခြင်း ဖြစ်ကြောင်း ယင်းဒေသရှိ ကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။

ပုလဲမြို့နယ်တဝိုက်သို့ ထိုးဖောက်ရာ လမ်းကြောင်းအသီးသီးရှိ မြို့များရွာများတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားနေသလို ရေဦးနှင့် ခင်ဦးမြို့နယ် တဝိုက်ကိုလည်း စစ်အင်အား ထောင်နှင့်ချီအသုံးပြုပြီး ၎င်းတို့ စစ်ကြောင်းထိုးရာ လမ်းတလျှောက်ရှိ ကျေးရွာများကိုလည်း မီးရှို့ဖျက်ဆီးနေကြောင်း ဒေသ သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
4
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
9
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
89

ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ရေဦးကို အထိုင်ချပြီးတော့ ခင်ဦးနဲ့ ရေဦးကို ပတ်ထိန်းတဲ့ ပုံစံမျိုး ပေါ့။ အထက်ကနေ အောက်ဆင်းလာမှာစိုးလို့။ နမခကို ကြိုပြီးတော့ ကာကွယ်ထားတဲ့ ပုံစံမျိုး။ နမခကို လက်လွှတ် ဆုံးရှုံးရမှာစိုးလို့” ဟု ဧရာဝတီသို့ ပြောသည်။

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းအတွင်းက ခင်ဦးနှင့် ရေဦးမြို့နယ်ကို နယ်မြေစိုးမိုးနိုင်ရန်အတွက် ကြိုးပမ်းနေခြင်း ဖြစ်ပြီး စစ်ကိုင်းတိုင်းမှ တပ်များသာမက မန္တလေးဘက်မှ ဆင်းလာသည့်တပ်များသည် ရွှေဘိုမှတဆင့် အနီးဝန်းကျင် မြို့နယ်များသို့ စစ်ကြောင်းထိုးနေခြင်း ဖြစ်ကြောင်း သိရသည်။

ဒေသခံများ၏ ပြောပြချက်အရ စစ်ကိုင်းတိုင်းအတွင်း ကျေးရွာများအား ဝင်ရောက်စီးနင်းနေသည့် တပ်မများမှာ တပ်မ ၇၇၊ ၉၉၊ ၃၃ အပါအဝင် အခြားတပ်ရင်း၊ တပ်မများနှင့်အတူ ခမရ ၁၆ တို့ ဖြစ်ပြီး လက်နက်ကိုင် ပျူစောထီးအဖွဲ့များ လည်း ပါဝင်ကြောင်း ဆိုသည်။

အာဏာသိမ်း စစ်တပ်နှင့် ပျူစောထီးများ မီးရှို့သွားသည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က ကျေးရွာများ (ဓာတ်ပုံ – CJ)

စစ်ကိုင်းတိုင်းအတွင်းရှိ တန့်ဆည်၊ ရေဦး၊ ဒီပဲယင်း၊ ခင်ဦး၊ ယင်းမာပင်၊ ပုလဲ၊ ချောင်းဦး၊ မြင်းမူ၊ မြောင်၊ ရွှေဘိုနှင့် ဝက် လက်တို့တွင် စစ်ကောင်စီတပ်များသာမက ၎င်းတို့၏ လက်အောက်ခံများဖြစ်သည့် လက်နက်ကိုင် ပျူစောထီးများ သည် ကျေးရွာများအား စီးနင်းဝင်ရောက်လျက်ရှိပြီး ဒေသခံများ၏ ပစ္စည်းများကို လုယက်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်း များ လုပ်ဆောင်လျက် ရှိသည်။

ထို့ပြင် စစ်ကောင်စီ တပ်ဖွဲ့များသည် ဗိုလ်နဂါး ဦးဆောင်သည့် ပုလဲမြို့နယ်ကို ထိုးဖောက်နိုင်ရန်အတွက် အနီးစပ်ဆုံး ဖြစ်သည့် ယင်းမာပင်ခရိုင်ကို ဖိအားပေးနေကြောင်းလည်း ယင်းမာပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။

ပုလဲမြို့နယ်ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ဝင်များ အထိုင်ချရာ ဇီးဖြူကုန်းကျေးရွာကို မေ ၁၀ ရက်က ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပြီး ယင်းတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည်မှာ ၄ ကြိမ်တိုင်ရှိပြီ ဖြစ်သည်။

ယင်းမာပင်မြို့နယ် ဖိုလ်ဝင်တောင် တကြောတွင်လည်း မေလ ၁၀ ရက်၊ ည ၁၁ ခွဲမှ နောက်တနေ့ နံနက် ၁၀ နာရီခန့် အထိ စစ်ကောင်စီ တပ်ယာဉ်တန်းနှင့် ဒေသပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

အာဏာသိမ်း စစ်တပ်နှင့် ပျူစောထီးများ မီးရှို့သွားသည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က ကျေးရွာများ (ဓာတ်ပုံ – CJ)

“အဲဒီနေရာမှာ ခြေပြတ်လက်ပြတ်တွေ ပုံနေအောင် တွေ့ရတယ်” ဟု ယင်းမာပင်မြို့နယ် PDF အဖွဲ့ဝင်တဦးက ပြော သည်။

အဆိုပါ တိုက်ပွဲများတွင် အရေးနိမ့်နေသည့် စစ်ကောင်စီသည် ကျေးရွာများသို့ဝင်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီးရုံ သာမက ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများကိုပါ ပြုလုပ်ကြောင်း ဒေသခံများက ဆိုသည်။

မေလအတွင်း ရေဦးမြို့နယ်ရှိ မူးသာကုန်း၊ ပေကြီး၊ စည်သာမြေ၊ နှောကုန်းရွာ၊ အင်ပင်၊ ချမ်းသာရွာ၊ ဆီဆုံရွာ၊ သံသည် ရွာနှင့် မုံတိုင်ပင်ရွာ စသည့် ကျေးရွာများကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး နေအိမ်များအား မီးရှို့ခဲ့သည့် အပြင် မုံတိုင်ပင်ကျေးရွာနှင့် အနီးတဝိုက်တွင် သတ်ဖြတ်ခံထားရသည့် ဒေသခံ ၃၆ ဦးအထိ တွေ့ရှိထားကြောင်း ဒေသခံများထံမှ သိရသည်။

အာဏာသိမ်း စစ်တပ်နှင့် ပျူစောထီးများ မီးရှို့သွားသည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က ကျေးရွာများ (ဓာတ်ပုံ – CJ)

ယင်းမာပင်မြို့နယ် PDF အဖွဲ့ဝင်တဦးက “PDF တွေကို နိုင်အောင် မတိုက်နိုင်တဲ့ အခါကျတော့ ပြည်သူတွေကို ရက် စက်ပြတာပဲ။ ဒါက သူတို့ ထွက်ပေါက်တခုပဲ” ဟု ပြောဆိုသည်။

အလားတူ ခင်ဦးမြို့နယ်တွင်လည်း သိမ်တော်၊ အင်းပတ်၊ ကံကြီးကုန်း၊ မြို့သစ်၊ မန်ကျီးအုပ်၊ သက်သာပန်းတောင်း၊ ကားဆိပ်ရွာ၊ မြင်းကျနှင့် တဲစု စသည့် ကျေးရွာများမှ နေအိမ်များကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် မေ ၁၅ ရက်မှစတင်ကာ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မြစ်သာမြစ်အရှေ့ဘက်ကမ်းရှိ လယ်ခြား၊ ကုက္ကိုလ်၊ ရှားတော စသည့် ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာစဉ်တောက်လျှောက် မီးရှို့ခဲ့ပြီး ယနေ့ (မေ ၁၉ ရက်) တွင်လည်း လယ်ခြားရွာသို့ ပြန်လည်ရောက်ရှိလာကာ ကျန်ရှိနေသေးသော နေအိမ်များကို ဆက်လက် မီးရှို့နေကြောင်း လယ်ခြားရွာ ဒေသခံများက ပြောသည်။

အာဏာသိမ်း စစ်တပ်နှင့် ပျူစောထီးများ မီးရှို့သွားသည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က ကျေးရွာများ (ဓာတ်ပုံ – CJ)

ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကိုအိစိုးက “ဒီရက်ပိုင်းအတွင်းမှာ တိုက်ပွဲဖြစ်တာတော့ မရှိဘူး။ စစ် ကောင်စီတပ်က ရွာတွေကို ဝင်ပြီးတော့ မီးရှို့နေတယ်။ ရိုးရိုးမီးရှို့တာ မဟုတ်ဘူး။ တော်လှန်ရေးတပ်ဖွဲ့ကို ထောက်ပံ့ တယ်ဆိုပြီး ရွာလုံးကျွတ်ကို မီးရှို့ဖျက်ဆီးနေတာ။ တချို့ရွာဆို စစ်ကောင်စီတပ်သားတွေရဲ့ မိဘအိမ်တွေပါ မကျန်ဘူး။ တောက်လျှောက် မီးရှို့မှုတွေ လုပ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။

လွတ်လပ်သော သုတေသနအဖွဲ့တခု ဖြစ်သည့် Data for Myanmar အဖွဲ့၏ စာရင်းများအရ စစ်ကိုင်းတိုင်းတွင် မတ် လအတွင်း နေအိမ် ၁၂၇၈ လုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ပြီး ဧပြီလတွင် ၂၅၁၂ လုံးကို မီးရှို့ခဲ့ ကြောင်း ဆိုထားသည်။

အဆိုပါ ဖြစ်စဉ်များအနက် ဧပြီလတွင်း မီးရှို့ခံရမှုတွင် ခင်ဦး၊ မင်းကင်း၊ မြင်းမူနှင့် ဝက်လက်မြို့နယ်များတွင် အများဆုံး ဖြစ်ပြီး နေအိမ် ၂၀၀ နှင့် ၅၀၀ ကြားတွင် ရှိခဲ့ကြောင်း သိရသည်။

You may also like these stories:

မုံတိုင်ပင်ရွာတွင် အလောင်းများ ထပ်တွေ့၊ သတ်ခံရသူ ၃၀ ကျော် ရှိလာ

၁ နှစ်ကျော်အတွင်း ခင်ဦးမြို့နယ်မှ အိမ် ၁၄၀၀ ကျော် မီးရှို့ခံရ

အရာတော်၊ ရွှေဘို၊ ခင်ဦးမြို့နယ်များတွင် ၄ရက်အတွင်း အိမ် ၁၃၀၀ ကျော် မီးရှို့ခံရ

Your Thoughts …
Tags: စစ်ကိုင်းတိုင်းစစ်ကောင်စီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
“တော်လှန်ရေးဆိုသည်မှာ’’ ရုပ်သံတွင် ပါဝင်ကြသူများ  / PV Tv

ချစ်ခြင်းမေတ္တာ၊ ဉာဏ်ပညာနဲ့ တော်လှန်တဲ့ တော်လှန်ရေးဖြစ်ဖို့ အမြဲလိုလားပါတယ်

၂၀၂၂ ခုနှစ် မတ်လအတွင်း အိန္ဒိယ သမုဒ္ဒရာ နိုင်ငံစုံ ရေတပ်များ စစ်ရေးလေ့ကျင့်မှု  IMEX 22 တွင် တွေ့ရသော ရေတပ်သင်္ဘောများ / AFP

အိန္ဒိယသမုဒ္ဒရာကို တရုတ်ထိန်းချုပ်ရေးတွင် မြန်မာဆိပ်ကမ်းများ အရေးပါ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved