• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြေလှန်မီးတိုက် အစုလိုက် အသတ်ခံရမှုများကြောင့် အိမ်မပြန်ရဲကြတော့သူများ

by ဧရာဝတီ
29 May 2022
in သတင်း
A A
ရေဦးမြို့နယ်၊ နှောကုန်းကျေးရွာရှိ နေအိမ် ၈ လုံးကို စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးခဲ့ / ပကဖ(ရေဦး)

ရေဦးမြို့နယ်၊ နှောကုန်းကျေးရွာရှိ နေအိမ် ၈ လုံးကို စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးခဲ့ / ပကဖ(ရေဦး)

7.4k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီတပ်သားတွေ ထွက်သွားပြီး နာရီပိုင်းအတွင်းမှာပဲ မီးငြှိမ်းဖို့ ကိုဒီမို တယောက် စွန့်စားပြီး ရွာကို ပြန်ဝင် လာတယ်။ ဒီလိုနဲ့ မီးငြှိမ်းရင်း မီးလောင်ပြင် ကြားမှာ ဦးခေါင်းခွံ ဖွေးဖွေးတွေကို ဘွားကနဲ တွေ့လိုက်ရလို့ တုန်လှုပ် သွားမိတယ်။

ပတ်ဝန်းကျင်ကို လေ့လာလိုက်တဲ့အခါမှာ ကိုဒီမို ထပ်မံတွေ့တာက သွေးကွက်တွေနဲ့ ကြိုးအပိုင်းအစတွေကို ပါပဲ။

“အစောပိုင်းက မတွေ့ရဘူး နောက်ပိုင်း အိမ်ထဲ မီးငြှိမ်းရင်းနဲ့မှ တွေ့ရတာ။ ဒီလို သတ်ထားခဲ့မယ်လည်း မထင်ဘူး။ ကြိုးတုပ်ပြီးတော့ ပစ်သတ်ထားတဲ့ ပုံမျိုးပဲ။ ကြိုးစတွေရယ် မျက်နှာကို စည်းတဲ့ ပုဆိုးစုတ်တွေ တွေ့ရတယ်။ အိမ်ထဲ မှာက အရိုးစုတွေ တွေ့ရတယ်” လို့ ကိုဒီမိုက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဖမ်းသွားတဲ့ ဒေသခံတွေကို သတ်ကာ မီးရှို့လိုက်ပြီလို့ ကိုဒီမိုတို့ ဒေသခံတွေ နားလည် လိုက်ပါပြီ။

မေ ၉ ရက် နံနက်စောစောပိုင်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ပစ်ပြီး သူတို့ မုံတိုင်ပင် ရွာထဲကို ဝင်လာတယ်။ ဒေသခံတွေ ရှောင်ချိန်တိမ်းချိန် ရအောင် စောင့်ကြည့်ပေးတဲ့ ကင်းစောင့် ၂ ယောက်ဟာလည်း စစ်တပ်က ပစ်တဲ့ လက်နက်ကြီးထိပြီး သေဆုံးပါတယ်။

စစ်ကြောင်းဝင်လာပြီ ဆိုတဲ့ သတင်းကြောင့် ရွာခံတွေလည်း လွတ်ရာကို ရှောင်သူက ရှောင်ကြပေမယ့် မပြေးနိုင်သူ သက်ကြီးရွယ်အိုနဲ့ အမျိုးသမီးတွေကိုတော့ စစ်တပ်က သူတို့စခန်းချတဲ့ ဘုန်းကြီးကျောင်းမှာ ဖမ်းထားလိုက်တယ်။ ဘုန်ကြီး ၃ ပါးကိုတော့ လူဝတ်ကာ အမျိုးသားတချို့နဲ့ အတူ ဓားစာခံအနေနဲ့ ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။

ရေဦးမြို့နယ် မုံတိုင်ပင်ကျေးရွာမှ အစုလိုက်မီးရှို့သတ်ဖြတ်ခံထားသည့် ဒေသခံပြည်သူများ (ဓာတ်ပုံ- CJ)

အဲဒီနောက် စစ်တပ်က ရွာထဲမှာ၂ ရက်ကြာ တပ်စွဲပြီး မေ ၁၁ ရက် မနက်ခင်းမှာတော့ မုံတိုင်ပင်ရွာကနေ ပြန်ထွက် သွားခဲ့ပါတယ်။

စစ်ကြောင်း ထွက်သွားပြီ ဆိုတာနဲ့ မနီးမဝေးက စောင့်ကြည့်နေတဲ့ ဒေသခံတွေလည်း ရွာထဲကို ပြန်ဝင်လာကြတာပေါ့။ အဲဒီအခါ မုံတိုင်ပင်ရွာက မီးလောင်နေတဲ့ အိမ် ၄ လုံးမှာ အလောင်းတွေကို ဟိုတစု ဒီတစုစီ တွေ့ရတာပါပဲ။ ဒါအပြင် အနီးက ရွာဖြစ်တဲ့ အင်ပင်မှာလည်း အိမ် ၁ လုံးမှာ အလောင်းတွေ တွေ့ခဲ့ရပြန်တယ်။

“အစက ကြားတာ ဓားစားခံအဖြစ် ခေါ်သွားတယ်ပေါ့။ ဒီလို သတ်လိမ့်မယ်လည်း မထင်ဘူး။ တခြား ရွာရောက်ရင် တော့ ပြန်လွှတ်ပေးလိမ့်မယ် ထင်ထားတာ၊ ကိုယ့်ရွာကို မီးငြှိမ်းရင်နဲ့မှ သွေးကွက်တွေ တွေ့တော့ ဒါက ဓားစာခံ ခေါ်သွားတာ မဟုတ်ဘူး။ သတ်ပြီး မီးရှို့ အလောင်းဖျောက်ထားပါလား ဆိုပြီး တွက်လို့ ရသွားတာ” လို့ ကိုဒီမိုက ဆိုပါတယ်။

ဒီလို အိမ်ထဲမှာ မီးရှို့ထားခဲ့တဲ့ အလောင်းတွေသာမက သေနတ်နဲ့ ပစ်လို့ လမ်းမပေါ်တွေမှာ လဲကာ သေဆုံးနေသူတွေ၊ ခန္ဓာကိုယ်ကို အပိုင်းပိုင်း ခုတ်ထားလို့ ခါးလယ်က ပြတ်နေတဲ့ အလောင်းတွေ၊ ခြေထောက်တွေပါ ပြတ်နေတဲ့ အလောင်းတွေကိုလည်း ဒေသခံတွေက ကောက်ယူ သဂြိုဟ်ပေးခဲ့ရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဒေသခံတွေကို အစုလိုက် သတ်ဖြတ်ရုံသာမက ရွာထဲမှာ တအိမ်တက်ဆင်း အဖိုးတန် ပစ္စည်းတွေကို ယူဆောင်ကာ မသယ်နိုင်တဲ့ ပစ္စည်းတွေကို ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရေဦးမြို့နယ်က မုံတိုင်ပင်ရွာကလို အစုလိုက် အပြုံလိုက် သတ်ခံရတဲ့ ဖြစ်စဉ်တွေ စစ်ကိုင်းတိုင်းထဲမှာ မနည်းတော့ပါ ဘူး။

ဒေသခံတွေ အနေနဲ့ကလည်း ဒီလို ပစ်သတ်ခံရတာ ဖမ်းဆီးနှိပ်စက် မီးရှို့သတ်ခံရတာတွေကြောင့် စစ်ကောင်စီ စစ်ကြောင်းလာပြီ ဆိုတာနဲ့ စိုးရိမ်ထိတ်လန့်ကာ တိမ်းရှောင်နေကြရပါတယ်။

စစ်ကောင်စီဟာ အကြမ်းဖက် လုပ်ရပ်တွေကို ကျုးလွန်ရင်း ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ လုပ်လာတာဟာ အခုဆိုရင် လူပေါင်း ၁၇၀ နီးပါး သတ်ဖြတ်ခံထားရပြီလို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က ထုတ်ပြန်လာပါတယ်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မုံတိုင်ပင်ရွာမှာဆိုရင် အလောင်း ၂၈ လောင်း တွေ့ရှိခဲ့တယ်လို့ NUG က ထုတ်ပြန်ထား ပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ခုနှစ် ဇူလိုင်လကနေစပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ် နဲ့ ကယားပြည်နယ်တို့က ပြည်သူတွေကို အစုအလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ လုပ်လာတာဟာ စစ်ကိုင်းတိုင်းထဲ မှာ အများဆုံး ဖြစ်တယ်ဆိုတာ မေလ၂၅ ရက်က NUG ထုတ်ပြန်လာတဲ့ သေဆုံးမှု စာရင်းတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်းမှာ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲက ယင်း၊ ကုန်းသာ၊ ကြက်ချောင်းတောတိုက်နဲ့ တောင်ပေါက်ရွာတို့က ဒေသခံ ပြည်သူ ၄၀ ကျော်ကို အစုလိုက် သတ်ဖြတ်ခဲ့ပါတယ်။

ဒါ့ပြင် ဒီဇင်ဘာလအတွင်းမှာ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ဒုန်းတောကျေးရွာက အသက်မပြည့်သေးတဲ့ လူငယ် ၄ ဦး အပါအဝင် ဒေသခံ ၁၀ ဦး၊ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာမှာ အမျိုးသမီး၊ ကလေးငယ် တွေ ပါဝင်တဲ့အပြင် Save the Children က ဝန်ထမ်း ၂ ဦးပါ အပါ ပြည်သူ ၄၉ ဦးကို စစ်ကောင်စီတပ်က မီးရှို့ သတ်ဖြတ်ခဲ့ပါတယ်။

Save the Children က ဝန်ထမ်းတွေပါ သတ်ဖြတ်ခံလိုက်ရတဲ့ ဖရူဆိုမြို့နယ်က အစုလိုက် သတ်ဖြတ်မှုကို စစ်ကောင် စီက သူတို့လက်ချက်မဟုတ်ဘူးလို့ ငြင်းချက်ထုတ်ပါတယ်။

အဲဒီဖြစ်စဉ်ကို စစ်ကောင်စီက ထုတ်ပြန်ရာမှာ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး မော်တော်ယာဉ် ၇ စီးကို မိမိတို့ တပ်ဖွဲ့ ဝင်တွေက စစ်ဆေးဖို့ ရပ်ခိုင်းပေမယ့် မရပ်တဲ့အတွက် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီးနောက် ကျည်နဲ့ ဗုံးသီးတွေ ထိမှန်လို့ ရှေ့ဆုံး ကားပေါ်ပါ စက်သုံးဆီ ပေါက်ကွဲမီးလောင်ရာက တဆင့် တခြားယာဉ်များ မီးကူးစက်ခဲ့တယ်၊ ယာဉ် ပေါ်ပါသူတွေကို ကယ်ဖို့ ကြိုးစားပေမယ့် ပစ်ခတ်မှုတွေကြားမှာ ဖြစ်လို့ မကယ်နိုင်ခဲ့ဖူးလို့ ဆိုထားပါတယ်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
32
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
26
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
208

ဒါပေမယ့် အဲဒီဖြစ်စဉ်ကို ပြည်သူ့အာဏာ ဖီဆန်ရေး လှုပ်ရှားမှု CDM မှာ ပါဝင်နေကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထား တဲ့ ကရင်နီပြည်နယ် ရဲဌာန(KSP) ကလည်း စုံစမ်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

မီးလောင်ပျက်စီးပြီး မြေပေါ်မှာ ပြာကျနေတဲ့ အလောင်းတွေကိုတော့ မသယ်နိုင်ပေမယ့် Light Truck နဲ့ Canter ကားတို့အပေါ်မှာ အပုံလိုက် မီးရှို့ခံထားရတဲ့ လူတွေထဲမှာ ရုပ်အလောင်း ပုံမပျက်ဘဲ ကျန်နေသေးတဲ့ သူတွေမှာ လက်နောက်ပြန် ကြိုးတုပ်ထားတာတွေ ပါးစပ်နဲ့ မျက်စိကို အဝတ်နဲ့ စည်းထားတာတွေ တွေ့ရှိရတယ်လို့ KSP ရဲ့ စုံစမ်းမှုမှာ တွေ့ရှိခဲ့ရပါတယ်။

ဒါတွေအပြင် ၂၀၂၂ ခုနှစ်ထဲမှာ ဆိုရင် ချင်းပြည်နယ်၊ မတူပီမြို့နယ်က ဒေသခံ ၁၁ ဦး၊ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဘဒတ္ထိုင်း ကျေးရွာမှာ ၈ ဦး၊ စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ သားအမိ ၃ ဦးကို စစ်ကောင်စီတပ်က မီးရှို့ သတ်ဖြတ်ခဲ့ပါသေးတယ်။

အာဏာသိမ်း စစ်တပ် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည့် မှတ်တမ်းပုံများ / KSP

ကလေးမြို့နယ်က သားအမိ ၃ ယောက်ကဆိုရင် သူတို့ နေထိုင်တဲ့ တဲမှာပဲ ညလုံးပေါက် ဖမ်းဆီးခံထားရပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ တဲနဲ့အတူ ကြိုးတုပ်ပြီးတော့ မီးရှို့ခဲ့တယ်။ ဒေသခံတွေနဲ့ မိသားစုတွေကတော့ မသေ ဆုံးခင်မှာ အဓမ္မပြုကျင့်ခံရတဲ့ အခြေအနေ ဖြစ်တယ်လို့ ဆိုထားပါတယ်။

လက်နက်မဲ့ ပြည်သူတွေကို တနေရာတည်း၊ တချိန်တည်းမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်တဲ့ အခြေအနေက ဆို ရင် သာမန် လူ့အခွင့်အရေး ချိုးဖောက်မှု မဟုတ်တော့ဘဲ လူမျိုးသုဉ်း သတ်ဖြတ်မှု(Genocide)၊ စစ်ပွဲဆိုင်ရာ ရာဇဝတ် မှု (War Crimes) နဲ့ လူသားမျိုးနွယ် တခုလုံးအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု(Crimes Against Humanity) တွေထဲမှာ အကျုံးဝင်နေတာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီလို ဆိုးရွားတဲ့ ရာဇဝတ်မှုတွေကို ကိုယ်ထိလက်ရောက် ကျူးလွန်သူတွေ၊ ကျူးလွန်ဖို့ စေခိုင်းသူတွေကို ပြစ်ဒဏ်တွေ ပေးနိုင်ဖို့ တိကျသေချာတဲ့ အချက်အလက်တွေ ရရှိထားပြီး ဖြစ်သလို ပြစ်ဒဏ်ချမှတ်နိုင်ရေးကို ဆက် လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန က ဆိုထားပါတယ်။

တကယ်တော့ ဒီလုပ်ရပ်တွေဟာ War Crimes လို့ ကမ္ဘာက ခေါ်ကြတဲ့ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုတွေသာ ဖြစ်ပါတယ်။

ဒီအတွက် တိုက်ရိုက်ကျူးလွန်တဲ့ တပ်ဖွဲ့ဝင်တွေသာမက ကျူးလွန်ခွင့်ပြုထားတဲ့ ထိပ်ပိုင်းပုဂ္ဂိုလ်တွေအနေနဲ့လည်း တာဝန်ခံရမှာဖြစ်ပြီး နောင်တချိန် အသွင်ကူးပြောင်းမှု တရားမျှတရေးကို ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ကရင်နီလူ့ အခွင့် အရေး အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ကိုဗညားက သုံးသပ်ပြောဆိုပါတယ်။

“ကျနော်တို့ ပြည်နယ်မှာ ဖြစ်သွားတဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုဟာ Crimes Against Humanity တင်မက ဘူး။ War Crimes ပါ ကျူးလွန်တာ ဖြစ်တယ်။ ဒီအမှုနဲ့ သက်ဆိုင်တဲ့ လူတွေကတော့ ဒါကို တိုက်ရိုက်ကျူးလွန်တဲ့ တပ်ဖွဲ့ဝင်တွေ ဖြစ်နိုင်သလို War Crimes တွေ ကျူးလွန်ဖို့ အတွက် ဘေးကနေ အားပေး အားမြှောက် ပြုလုပ်ပေး နေတဲ့ ထိပ်ပိုင်းခေါင်းဆောင် မင်းအောင်လှိုင်က အစ အကျိုးသက်ရောက်မှုရှိတယ်။ သူတို့ကို တရားစွဲဆိုလို့ ရသလို အပြစ်ဒဏ်ပေးလို့ ရတယ်”လို့ သူကဆိုပါတယ်။

“ဒီ War Crimes ဖြစ်နေတဲ့ အချက်အလက်တွေ စုဆောင်းရမယ်။ သက်သေတွေကို စုဆောင်းပြီးတော့ အချက် အလက်တွေ ရှာရမယ်။ ကိုယ့်နိုင်ငံထဲမှာ ပြစ်မှုကျူးလွန်သူကို လက်ရှိအချိန်မှာ ဖမ်းဆီး အပြစ်ပေးလို့ မရရင်တောင်မှ နိုင်ငံတကာမှာ ရှိနေတဲ့ နိုင်ငံတကာ တရားရုံးတွေမှာ တရားစွဲနိုင်ပါတယ်”လို့ ကိုဗညားက ဆက် ပြောပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးသူဟာ ဆိုရင် ၁၈၆၁ ဦး ထိ ရှိလာပြီး ဖမ်းဆီးခံ ထားရသူ ၁၀၇၆၉ ဦး ရှိပြီဆိုတာကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန် တဲ့ စာရင်းအရ သိရပါတယ်။

AAPP ရော NUG က စာရင်းတွေဟာဆိုရင် လက်လှမ်းမီသလောက် စာရင်းတွေ ဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုများနိုင် ပါသေးတယ်။ စစ်မက်ဖြစ်ပွားနေရာ ဒေသတွေမှာ စစ်ကောင်စီက ဖုန်းလိုင်းတွေ အင်တာနက်တွေ ဖြတ်တောက်ထား တာကြောင့်လည်း သတင်း စီးဆင်းမှုတွေ ပြတ်တောက်နေတာ ရှိပါတယ်။

ခုဆိုရင် စစ်ကောင်စီဟာ နေ့စဉ်ရက်ဆက် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအတွင်းက ရွာတွေထဲကို ဝင်ပြီး ရွာလုံးကျွတ် မီးရှို့နေတာတွေ လုပ်ဆောင်နေဆဲ ဖြစ်တဲ့အတွက် သူတို့တွေ ပြန်သွားလို့ ဒေသခံတွေ ရွာထဲပြန်ဝင်လာရင် တောင် မိမိတို့အိမ်ကို ပြာပုံအဖြစ်သာ ပြန်တွေ့ကြရပြီး နေစရာ အိမ်ဆိုတာ မရှိတော့ပါဘူး။

“စစ်တပ်က လာပြီလို့ သတင်းကြားရင်ကို ကျနော်တို့က ရွာကို ပြန်မကပ် ရဲသလို၊ ကပ်ပြီးတဲ့ လူတွေကလည်း ပြန် ပြန်ထွက်ပြီး ရှောင်ကြ တိမ်းကြတာ။ လုံမယ် ထင်တဲ့ နေရာလေးတွေကို မုံတိုင်ပင်ရွာရဲ့ ဖြစ်စဉ်ကို ကြည့်ပြီးတော့ သတင်းရတယ် ဆိုရင်ကိုပဲ ကြောက်အားကြီး ကုန်ကြတာ” လို့ ရေဦးမြို့နယ်ဒေသခံတဦးက ပြောပါတယ်။

ဆုံးရှုံးသွားတဲ့အိမ်အတွက် ကြေကွဲနာကြည်းနေပေမယ့်လည်း အသက်နဲ့ ခန္ဓာတည်မြဲရေးအတွက် ရွာတွေထဲမှာလည်း မနေရဲကြတော့သလို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာရင် ဖမ်းဆီး သတ်ဖြတ်ခံရမယ့်အရေးကို တွေးပြီး စိုးရိမ် ထိတ်လန့်မှုတွေ ကြီးစိုးနေကြတဲ့အတွက် ဘေးလွတ်ရာကိုပဲ စစ်ဘေးဒုက္ခသည်အဖြစ် ပြေးလွှား တိမ်းရှောင်နေရပါပြီ။

You may also like these stories:

မြောင်မြို့နယ်တွင် ၅ ရက်အတွင်း နေအိမ် ၄၀၀ ခန့် မီးရှို့ခံရ

ရွှေဘို၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း ၂၇ ရွာမှ စစ်ရှောင်များ အကူအညီလိုအပ်နေ

စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေကို စစ်ကောင်စီ မီးတိုက်ရှို့

မုံတိုင်ပင်ရွာတွင် အလောင်းများ ထပ်တွေ့၊ သတ်ခံရသူ ၃၀ ကျော် ရှိလာ

၁ နှစ်ကျော်အတွင်း ခင်ဦးမြို့နယ်မှ အိမ် ၁၄၀၀ ကျော် မီးရှို့ခံရ

Your Thoughts …
Tags: စစ်ကိုင်းစစ်ကောင်စီရေဦး၊ မုံတိုင်ပင်အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ပေါက်မြို့နယ်က စစ်ရှောင်တွေ ရိက္ခာပြတ်ပြီး ဖွတ်စာဥတွေ စားနေရ (ရုပ်/သံ)

ပေါက်မြို့နယ်က စစ်ရှောင်တွေ ရိက္ခာပြတ်ပြီး ဖွတ်စာဥတွေ စားနေရ (ရုပ်/သံ)

ကရင်ပြည်နယ်၊ တောတွင်းတနေရာတွင် ဓာတ်ပုံဆရာ ကိုဂျက် (အမည်လွှဲ) စစ်သင်တန်း တက်နေစဉ်

သေနတ်ကိုင် တော်လှန်ရေးသမား တဖြစ်လဲ သတင်းဓာတ်ပုံဆရာ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

19 hours ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved