• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဧရာဝတီမြစ်ရိုးတလျှောက်ကရွာများအား စစ်တပ်က စီးနင်းဖျက်ဆီး

by ဧရာဝတီ
21 November 2022
in သတင်း
A A
စစ်ကောင်စီ စီးနင်းဖျက်ဆီးခဲ့သော သုံးဆယ်ပေးကျေးရွာအား Google Map မှမြင်တွေ့ရပုံ

စစ်ကောင်စီ စီးနင်းဖျက်ဆီးခဲ့သော သုံးဆယ်ပေးကျေးရွာအား Google Map မှမြင်တွေ့ရပုံ

3.4k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်ရိုးတလျှောက်ရွာများသို့  စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုး ဝင်ပြီး သုံးဆယ်ပေးကျေးရွာရှိ နေအိမ်များအား မီးရှို့ခဲ့သဖြင့် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ သုံးဆယ်ပေးကျေးရွာသည် အိမ်ခြေ ၁ ထောင်ခန့်ရှိပြီး နိုဝင်ဘာ ၁၉ ရက်နေ့တွင် အင်အား ၅၀ ခန့်ပါသော စစ်ကောင်စီတပ်က တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ဝင်ရောက်စီးနင်းပြီး  ၂၀ ရက်နေ့တွင် ရွာလုံးကျွတ်နီးပါး မီးရှို့သွားကြောင်းသိရသည်။

RelatedPosts

စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

11 January 2026
3
ရန်ကုန်နဲ့ မန္တလေးက မဲရုံတွေ လုံခြုံရေးအထပ်ထပ်ချ (ရုပ်/သံ)

ရန်ကုန်နဲ့ မန္တလေးက မဲရုံတွေ လုံခြုံရေးအထပ်ထပ်ချ (ရုပ်/သံ)

11 January 2026
3
အခုရွေးကောက်ပွဲက ခြောက်ခြောက်ကပ်ကပ်ပါပဲ (ရုပ်/သံ)

အခုရွေးကောက်ပွဲက ခြောက်ခြောက်ကပ်ကပ်ပါပဲ (ရုပ်/သံ)

11 January 2026
14

စစ်ကြောင်းထိုးမှုကြောင့် သုံးဆယ်ပေးကျေးရွာအပြင် ကုန်းတန်းလေး၊ ကျွဲခြံကုန်း၊ မြသီတာ၊ ရွာသားအေးစသည့် ကျေးရွာများမှ ဒေသခံ တသောင်းခန့်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ဒေသခံတဦးက “၁၉ ရက်နေ့ မနက်ပိုင်းက ၄၀ မမ၊ ၆၀ မမ လို လက်နက်ကြီးတွေနဲ့ အရင်ထုပြီးမှ သုံးဆယ်ပေးရွာကို ဝင်စီးတာ၊ ရွာကို ဝင်စီး ပြီးတော့ လိုချင်တာတွေကို စိတ်ကြိုက် မွှေနှောက်ရှာဖွေပြီး မနေ့က မီးရှို့သွားတာ၊ သူတို့ ဝင်လာကတည်းက ရွာသားတွေက ကြောက်ပြီး အကုန်ပြေးကြရတာပဲ၊ မီးလောင်ဆုံးရှုံးမှုက ဘယ်လောက်ရှိမယ်ဆိုတာ အတိအကျ မသိရသေး ပေမယ့် ရွာလုံးကျွတ်နီးပါး ရှိနိုင်တယ်လို့ ခန့်မှန်းရတာပဲ”ဟု ပြောသည်။

လက်ရှိ စစ်ကောင်စီ စစ်ကြောင်းထိုးနေသော မတ္တရာမြို့နယ်သည် မန္တလေးမြို့နှင့် မိုင် ၃၀ ခန့်သာ ကွာဝေးပြီး ဧရာဝတီမြစ်ရိုးတလျှောက်ရွာများမှာ မန္တလေးမြို့ဧရိယာမှ မိုင် ၂၀ ခန့်သာ ကွာဝေးကြောင်း သိရသည်။

သုံးဆယ်ပေးကျေးရွာ မီးရှို့ခံနေရပုံကို အဝေးမှ လှမ်းမြင်ရစဉ် (ဓာတ်ပုံ – ပုသိမ်ကြီး)

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အင်အား ၄၅၀ ခန့်ပါသော စစ်ကောင်စီတပ်များက နိုဝင်ဘာ ၁၄ ရက်နေ့မှ စတင်ကာ အဆိုပါ ဧရာဝတီမြစ်ရိုးတလျှောက်သို့ စစ်ကြောင်းထိုးနေခြင်း ဖြစ်ပြီး  မည်သည့် တပ်ရင်း၊ တပ်ဖွဲ့ဆိုသည်ကို  အတည်မပြုနိုင်သေးကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

ဒေသတွင်း PDF တပ်ဖွဲ့ဝင်တဦးက “ဧရာဝတီ မြစ်ရိုးတလျှောက်က ကျေးရွာတွေထဲကို စစ်တပ်က စစ်ကြောင်း ၃ ကြောင်း ခွဲပြီး ထိုးစစ်ဆင် ပတ်မွှေနေတာ၊ မြစ်ရိုးက ရွာတွေ အကုန်နီးပါး ပြေးနေကြရတယ်၊ အချို့ရွာတွေဆိုရင် အဖမ်းခံရတဲ့ သူတွေလည်း ရှိတယ်၊ သုံးဆယ်ပေးရွာ မီးရှို့ခံရတာကို အဝေးကနေ မြင်နေရတာပဲရှိတယ်၊ ရွာထဲကို ဒီနေ့အထိ ပြန်မကပ်နိုင်ကြသေးတော့ အသေးစိတ်အခြေအနေတွေကိုတော့ မသိရသေးဘူး”ဟု ပြောသည်။

စစ်ကောင်စီတပ်များ၏ ထိုးစစ်ဆင် စစ်ကြောင်းထိုးမှုကြောင့် မြစ်ရိုးကျေးရွာများဖြစ်သည် မာရဘင်၊ ပင်းယျ၊ တောပု၊ ရွာတော်၊ ရှင်လှ၊ အေးကျွန်း၊ မိုးကြိုး၊ ဟင်္သာ၊ ရွာသစ်၊ ရေလည်ကျွန်း စသည့် ကျေးရွာများမှ ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေကြရပြီး အများစုမှာ ဧရာဝတီမြစ်အတွင်းရှိ ကျွန်းများ၊ သောင်များပေါ်၌ ယာယီခိုလှုံနေကြသလို နီးစပ်ရာ ကျေးရွာများနှင့် ဘေးလွတ်ရာနေရာများတွင် ခိုလှုံနေကြကြောင်း သိရသည်။

အဆိုပါစစ်ကြောင်းသည် ဧရာဝတီမြစ်ရိုးတလျှောက် ကျေးရွာများအပြင် ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ စစ်ကိုင်းတိုင်း၊ ဝက်လက် နှင့် စစ်ကိုင်းရှိ မြစ်ကမ်းနားကျေးရွာများသို့လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

ယခုအခါ မတ္တရာမြို့နယ်အတွင်းရှိ တောင်ခေါင်း၊ ဇီးဖြုူပင်၊ ကျောက်ဆည်လေး၊ ကင်းရွာ၊ မြောင်းဦး၊ ကျပ်ပြင် စသည့်ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့များ အထိုင်ချတပ်စွဲထားသဖြင့် ဒေသခံများအနေဖြင့် သတိဖြင့် နေထိုင်ကြရန်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – မတ္တရာမြို့နယ် (ပကဖ) က အသိပေးထုတ်ပြန်ထားသည်။

You may also like these stories:

စစ်ကောင်စီ၏ ဖြတ်လေးဖြတ် မီးရှို့စနစ် ဘာကြောင့် ကျရှုံးနေသနည်း

ထောင်ချီသော တပ်ကူများကို နိုင်ငံအထက်ပိုင်းသို့ စစ်ကောင်စီပို့နေ

Your Thoughts …
Tags: စစ်ကြောင်းထိုးတိမ်းရှောင်မီးရှို့ဧရာဝတီမြစ်ရိုး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဝိုင်းမော်နှင့် မိုးမောက်အကြား စစ်ကောင်စီတပ် ပိတ်မိနေ

ဝိုင်းမော်နှင့် မိုးမောက်အကြား စစ်ကောင်စီတပ် ပိတ်မိနေ

by ဧရာဝတီ
25 August 2023
11.2k

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်နှင့် မိုးမောက်မြို့နယ်ကြား၊ မြစ်ကြီးနား-ဗန်းမော်ကားလမ်းအနီးရှိ ရွာအချို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပိတ်မိနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီကို ပြောသည်။

ကောလင်းကို မြေပြင်မှသာမက ဝေဟင်ကပါ ထိုးစစ်ဆင်နေ

ကောလင်းကို မြေပြင်မှသာမက ဝေဟင်ကပါ ထိုးစစ်ဆင်နေ

by ဧရာဝတီ
6 February 2024
8.8k

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မဟာမိတ်တပ်များ သိမ်းပိုက်ထားသည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အား ပြန်လည်သိမ်းပိုက်နိုင်ရေး စစ်ကောင်စီက မြို့တောင်ဘက်နှင့် မြောက်ဘက် နှစ်ဖက်ညှပ်ပြီး အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသလို လေကြောင်းတိုက်ခိုက်မှုများပါ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မန္တလေးနန်းတွင်း တိုက်ခိုက်ခံရအပြီး လူငယ် ၁၀ ဦးခန့် စစ်တပ်ဖမ်းထား

မန္တလေးနန်းတွင်း တိုက်ခိုက်ခံရအပြီး လူငယ် ၁၀ ဦးခန့် စစ်တပ်ဖမ်းထား

by ဧရာဝတီ
25 December 2023
5.9k

မန္တလေးမြို့တွင် လူ ၁၀ ဦးကျော်ထိ ဖမ်းဆီးခြင်းများပြုလုပ်ခဲ့သလို ပုသိမ်ကြီးမြို့နယ် မန္တလေးမြို့ အနောက်ဘက်ခြမ်း ဧရာဝတီမြစ်ဘေးကျေးရွာများသို့ စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းနေ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

by ဧရာဝတီ
17 May 2025
5.8k

ယာယီအပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီတပ်သည် နိုင်ငံတဝန်း နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်မှုအပြင် မြေပြင် စစ်ကြောင်းများပါထိုးပြီး ကလေးများ အပါအဝင် အရပ်သားပြည်သူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်နေသည်။

မတ္တရာကို အင်အားသုံး စစ်ကြောင်းထိုးနေ၍ PDF စခန်းအချို့ ယာယီဆုတ်ခွာ

မတ္တရာကို အင်အားသုံး စစ်ကြောင်းထိုးနေ၍ PDF စခန်းအချို့ ယာယီဆုတ်ခွာ

by ဧရာဝတီ
7 October 2024
5.1k

စစ်တပ်က နယ်မြေစိုးမိုးရေးအတွက် စစ်ကြောင်းထိုးလာမှု ကြောင့် သုံးဆယ်ပေးကျေးရွာမှ စတင် ဆုတ်ပေးထားရပြီး ယခုအခါစစ်တပ်က ယင်းရွာတွင် လက်နက်ကြီး အထိုင်ချထားကြောင်း

ကား ၃စီး မီးရှို့ခံရမှု စစ်တပ်က ဒေသခံများကို လျော်ကြေးတောင်း

ကား ၃စီး မီးရှို့ခံရမှု စစ်တပ်က ဒေသခံများကို လျော်ကြေးတောင်း

by ဧရာဝတီ
8 May 2024
4.1k

ပြီးခဲ့သည့် မေလ ၃ ရက်တွင် တော်လှန်ရေးတပ်ဖွဲ့များက ရေးမြို့နယ်အတွင်းရှိ ကုလားကုတ်ကျွန်းကို တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက လမိုင်းမြို့မှ အိမ်စီးကား ၃ စီးဖြင့် စစ်ကူစေလွှတ်ခဲ့ပြီး အဆိုပါကားများ ကူးတို့ဆိပ်ကျေးရွာထဲ ရပ်ခဲ့ချိန်တွင် တော်လှန်ရေးတပ်ဖွဲ့များက မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း

Next Post
ယခု နိုဝင်ဘာလ ၂၆ ရက်မှ စတင်၍ ခရမ်းမြို့နယ်ရှိ ကျေးရွာများတွင် ဆိုင်ကယ်စီးနင်းခွင့် ပိတ်သိမ်းလိုက်သည်

ခရမ်းတွင် အုပ်ချုပ်ရေးမှူးများ သတ်ခံနေရ၍ ကျေးရွာများ၌ပါ ဆိုင်ကယ်စီးခွင့် ပိတ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက နေပြည်တော်တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြနေသည့် ကျန်းမာရေးလုပ်သားများ  / ဧရာဝတီ

သူနာပြုဆရာမ ဒေါ်ပိုးသန္တာအောင် စစ်ကြောရေးတွင် သေဆုံး

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved