• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

စစ်ကောင်စီ ငရဲခန်းများ တာဝန်ခံ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး

by ဧရာဝတီ
11 October 2022
in ဆောင်းပါး
A A
၂၀၂၁ ခုနှစ်၊ မတ်လက ဗီဒီယိုကွန်ဖရင့်မှတဆင့် ကျင်းပသည့် ၁၈ ကြိမ်မြောက် အာဆီယံ စစ်ထောက်လှမ်းရေး အစည်းအဝေး တက်ရောက်နေသည့် ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး  / Cincds

၂၀၂၁ ခုနှစ်၊ မတ်လက ဗီဒီယိုကွန်ဖရင့်မှတဆင့် ကျင်းပသည့် ၁၈ ကြိမ်မြောက် အာဆီယံ စစ်ထောက်လှမ်းရေး အစည်းအဝေး တက်ရောက်နေသည့် ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး / Cincds

19.9k
VIEWS
Share on FacebookShare on Twitter

စစ်အုပ်ချုပ်ရေး ဆန့်ကျင်သည့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို လွန်ခဲ့သောနှစ်တွင် စ၍ သွေးချောင်းစီး ဖြိုခွဲနေသည်နှင့် တပြိုင်နက် စစ်ကောင်စီသည် အာဏာသိမ်းဆန့်ကျင်သူများအား ဖမ်းဆီးပြီး အထူးဖြင့် စစ်ကြောရေး ပြုလုပ်စဉ် ရက်စက်ကြမ်းကြုတ်မှုများ စတင်ကျင့်သုံးခဲ့သည်။ ထိုစစ်ကြောရေးများကို ယခင် ဗိုလ်ချုပ်ကြီး ခင်ညွန့် ဦးဆောင်သည့် အမည်ဆိုးဖြင့်ကျော်ကြားသော စစ်ထောက်လှမ်းရေးဌာနကို ဆက်ခံသည့် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး (စရခ/ OCMSA) က အဓိက လုပ်ဆောင်သည်။

စစ်ထောက်လှမ်းအဖွဲ့ဝင်များကဲ့သို့ပင် စရခ အဖွဲ့ဝင်များသည် ဖမ်းဆီးထားသူများထံမှ သတင်းရယူရန် ညှဉ်းပန်းနှိပ်စက်သည့်နည်းကို အသုံးပြုရာတွင် ကျွမ်းကျင်ကြသည်။ စစ်ကြောရေး ပြုလုပ်နေစဉ် အကျဉ်းသား သေဆုံးသည်ကိုပင် ဂရုမစိုက်ဘဲ စစ်မေးကြသည်။ စရခ၏ ညှဉ်းပန်းနှိပ်စက်နည်းများတွင် ဆူပွက်နေသောအရည် သို့မဟုတ် ဓာတုဆေးရည်များကို စစ်မေးခံရသူ၏ ပါးစပ်မှ ဝမ်းဗိုက်အတွင်းသို့ လောင်းထည့်ခြင်းနှင့် စစ်တပ်ကို ဆန့်ကျင်သူ မည်သူကိုမဆို ခြိမ်းခြောက်ရန် ထိုသို့ ပုံစံပျက်ယွင်းနေသော အလောင်းများကို မိသားစုထံ ပြန်ပို့ခြင်းလည်း ပါဝင်သည်။ အခြား နည်းလမ်းများတွင် ယောကျ်ားချင်း မုဒိန်းကျင့်ခြင်းလည်း ပါဝင်ကြောင်း စရခ၏ စစ်ကြောမှုကို ခံရသည့် Frontier Myanmar သတင်းသမားတဦး၏ မကြာသေးမီက ဖွင့်ဟပြောဆိုချက်အရ သိရသည်။

အာဏာသိမ်းပြီးနောက် မြန်မာတွင် စစ်တပ်က ဖမ်းဆီးထားစဉ် သတ်ဖြတ်ခံရသူ ရာချီရှိသကဲ့သို့ ထောင်နှင့်ချီသည့် ဖမ်းဆီးခံထားရသူများကိုလည်း စရခ အဖွဲ့ဝင်များက ညှဉ်းပန်းနှိပ်စက်နေသည်ဟု ယူဆရသည်။ လွန်ခဲ့သောနှစ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီ စစ်ကြောရေးစခန်းများတွင် သေဆုံးသူ ၂၀၀ ကျော်အထိ မြင့်မားလာကြောင်း စင်ပြိုင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

စစ်ကောင်စီ၏ ဖမ်းဆီးမှု ခံရချိန်အတွင်း သေဆုံးသူ ၇၀၇ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မှတ်တမ်းတင်ထားသည်။ ထိုအရေအတွက်တွင် စစ်ကြောရေးစခန်းများနှင့် တနိုင်ငံလုံးမှ ထောင်များ၌ သေဆုံးသူများနှင့် လွှဲပြောင်းပေးအပ်ရန် စောင့်ဆိုင်းနေစဉ် ချုပ်နှောင်မှုအတွင်း သေဆုံးသူများ ပါဝင်သည်။ ထိုသေဆုံးသူများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDFs) တပ်ဖွဲ့ဝင်များ၊ ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များနှင့် ကျေးရွာများကို စစ်တပ်က ဝင်ရောက်စီးနင်းစဉ် ဖမ်းဆီးထားသည့် အရပ်သားများ ပါဝင်သည်။

ထိုစစ်ကြောရေး ငရဲခန်းများကို ကြီးကြပ်သည့်သူသည် စစ်ဘက်ရေးရာ လုံခြုံရေး အကြီးအကဲ၊ စစ်ကောင်စီ ငရဲခန်းများအကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဖြစ်သည်။

ရဲဝင်းဦး ဘယ်သူလဲ

စစ်ကောင်စီ မီဒီယာ ထုတ်လွှင့်မှုများတွင် သူသည် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် မကြာခဏ ပေါ်လာတတ်သော်လည်း သတိမထားမိကြပေ။

စစ်ကောင်စီ နံပါတ် ၂ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်းသည် စစ်ကောင်စီတွင် မင်းအောင်လှိုင်၏ အဓိက ကြံရာပါအဖြစ်သာ အများအပြားက မြင်ကြသည်။

သို့သော် ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် တော်လှန်ရေး လှုပ်ရှားမှုသတင်းများကို စစ်ကြောရေး ငရဲခန်းများတွင် ရယူပေးသည့်အတွက် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ ပိုမိုယုံကြည်ခံလာရသည်။

၂၀၂၁ ခုနှစ်က ၁၈ ကြိမ်မြောက် အာဆီယံ စစ်တပ်အကြီးအကဲများ စည်းဝေးပွဲတွင် တွေ့ရသည့် ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး (ယာစွန်) နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် / Cincds

ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ လူယုံဖြစ်ရုံသာမက သူ့မိသားစု၏ လူယုံလည်း ဖြစ်သည်။ ရဲဝင်းဦး ဇနီး ဒေါ်နီလာသည် အခြားဗိုလ်ချုပ်ဇနီးများကဲ့သို့ပင် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ပိတ်ဆို့ အရေးယူခံရသူများ စာရင်းတွင် ပါဝင်သည်။

သူသည် စစ်တက္ကသိုလ် (DSA) အပတ်စဉ် ၃၀ နှင့် ခေတ်ပြိုင် ဗိုလ်သင်တန်း (OTS) အပတ်စဉ် ၇၇ မှဆင်းသူ ဖြစ်သည်။

ရဲဝင်းဦးသည် လွန်ခဲ့သော ၁၀ နှစ်ခန့်က ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် စစ်ဦးစီးမှူး ပထမတန်းအဖြစ် ခန့်အပ်ခံရစဉ်ကပင် မင်းအောင်လှိုင်တို့ မိသားစုနှင့် ရင်းနှီးသူဖြစ်သည်။

သူနှင့် သူ့ဇနီးသည် မင်းအောင်လှိုင်ဇနီး ဒေါ်ကြူကြူလှ၏ အချစ်တော်များဖြစ်သည်။ မင်းအောင်လှိုင် မိသားစုနှင့် ထိုသို့ နီးကပ်သည့် ဆက်ဆံရေး ရှိသောကြောင့်ပင် ရဲဝင်းဦးသည် ရာထူးအတက်မြန်ပြီး စစ်ဆေးတက္ကသိုလ် ကျောင်းအုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ထို့နောက်တွင် စရခ ခေါင်းဆောင်ဖြစ်လာသည်။

“သူက စစ်တပ်မှာ ဘာမှ ထူးထူးချွန်ချွန် ပြောင်ပြောင်မြောက်မြောက် လုပ်ခဲ့တဲ့မှတ်တမ်း မရှိဘူး။ မင်းအောင်လှိုင်ရဲ့ လူယုံမို့လို့ ရာထူးတက်လာတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် မြန်မာအခြေစိုက် စစ်ရေးသုတေသီတဦးက ပြောသည်။

စစ်တက္ကသိုလ် DSA ကျောင်းဆင်းများ လွှမ်းမိုးထားသည့် စစ်ခေါင်းဆောင်ပိုင်းတွင် ရဲဝင်းဦးသည် တဦးတည်းသော OTS ဗိုလ်သင်တန်းကျောင်းဆင်းဖြစ်သည် ဆိုသည့်အချက်က သူ့အပေါ် မင်းအောင်လှိုင် မည်မျှ ယုံကြည်သည်ကို ပြသနေသည်။

သူသည် စစ်ကောင်စီ၏ တွဲဘက်အတွင်းရေးမှူးလည်း ဖြစ်သည်။ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် သူ၏လက်ရုံး စစ်ကောင်စီအတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးထက်ပင် ပိုမိုယုံကြည်ပုံရသည်။

နိုင်ငံတကာ သံတမန်များနှင့် တွေ့ဆုံသောအခါ မင်းအောင်လှိုင်သည် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို သူ့အနားတွင် မထားဘဲ ရဲဝင်းဦးကိုသာ ထားသည်။

စစ်ကောင်စီထိန်းချုပ် မီဒီယာများ၏ ညပိုင်းသတင်းများတွင် ရဲဝင်းဦးသည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ပြောသမျှ လိုက်မှတ်နေသည်ကို တွေ့ရသည်။

ရဲဝင်းဦးသည် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်များကို စစ်ကောင်စီက တိုက်ခိုက်ရာတွင် မှတ်သားစရာ မည်သည်ကိုမျှ မစွမ်းဆောင်ခဲ့သော်လည်း လွန်ခဲ့သောနှစ်က အာဏာသိမ်းမှုတွင် သူသည် ထူးခြားသော အခန်းမှပါဝင်သည်။ မင်းအောင်လှိုင်အတွက် သူ၏ အကြီးမားဆုံး အကျိုးဆောင်မှုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်များကို ဖမ်းဆီးရာတွင် ကြီးကြပ်ခြင်းဖြစ်သည်။

ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းတို့သည် နေပြည်တော်ရှိ သမ္မတအိမ်တော်နှင့် မြနန်းဘုံသာလမ်းမှ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်များကို ဝင်ရောက်စီးနင်းရာတွင် ဦးဆောင်သူများဖြစ်သည်ဟု ဖြုတ်ချခံ သမ္မတ ဦးဝင်းမြင့်က စစ်ကောင်စီထိန်းချုပ် တရားရုံးသို့ ပြောသည်။

၂၀၂၁ ခုနှစ်၊ ဇွန်လအထိ စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံရသည့် နိုင်ငံရေးအကျဉ်းသားများ

ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ စစ်မှုထမ်း မှတ်တမ်းတွင် ရှေ့တန်း၌ တိုင်းရင်းသားလက်နက်ကိုင်များကို တိုက်ခိုက်သည့် တာဝန်ထမ်းဆောင်မှု မရှိသလောက်ပင်ဖြစ်သည်။ သို့သော် လက်နက်မဲ့ ဆန္ဒပြသူများကို နှိပ်စက်ရာတွင် သူသည် လူစိတ်ကင်းမဲ့ကြောင်း ပြသနိုင်သည်။

စစ်ကြောရေး ငရဲခန်းများ

စစ်ကောင်စီက ဖမ်းဆီးထားသူ အရေအတွက်သည် လွန်ခဲ့သောလအထိ ၁၂၅၃၄ ဦးခန့်ရှိကြောင်း AAPP ၏ စာရင်းများအရ သိရသည်။ ထိုသူများကို ဖမ်းဆီးသူမှာ ရဲဝင်းဦး၏ ကွပ်ကဲမှုအောက်မှ စစ်သားများဖြစ်သည်။

စစ်ကောင်စီ စစ်ကြောရေးတွင် သေဆုံးခဲ့သည့် ပထမဆုံး NLD ပါတီဝင် ဦးခင်မောင်လတ်

သေဆုံးမှုအများအပြားတွင် ဖမ်းဆီးခံရသူများသည် ညတွင်းချင်းသေဆုံးပြီး နောက်နေ့နံနက်တွင် အလောင်းလာယူရန် စစ်တပ်က မိသားစုကို အကြောင်းကြားသည်။ စစ်ကောင်စီသည် ထိုကိစ္စများကို မသိကျိုးကျွံပြုကာ ထိုသေဆုံးမှုများအတွက် တာဝန်ရှိသည့် တပ်ဖွဲ့ဝင်များကို အရေးယူခြင်း မရှိပေ။

စစ်ကြောရေး ငရဲခန်းများတွင် အမျိုးသားများပင် လိင်ပိုင်းဆိုင်ရာ စော်ကားခံရသည်။ Frontier Myanmar သတင်းသမား ကိုရဲမွန်ကို ရန်ကုန် နိုင်ငံတကာလေဆိပ်တွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလက ဖမ်းဆီးပြီးနောက် စစ်ကြောရေးတွင် စစ်ကောင်စီစစ်သားများက ရိုက်နှက်ပြီး မုဒိန်းကျင့်သည်။ အမျိုးသမီးများကို ဆိုလျှင် ပြောရန်ပင် မလိုတော့ပေ။

၂၀၂၁ ခုနှစ်၊ မေလအတွင်း စစ်ကြောရေးတွင် အသတ်ခံရသည့် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ ကိုစိုးမိုးလှိုင် (ခ) ကိုမဲကြီး

မင်းအောင်လှိုင်၏ နားနှင့် မျက်စိ

စစ်အာဏာသိမ်းမှုဆန့်ကျင်သူ အင်အားစုများကို ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းသည်ကို စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က အပြည့်အဝ ထောက်ခံမှုပေးခြင်းဖြင့် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရထံမှ သူ၏ အာဏာသိမ်းမှုကို ခိုင်မာစေသည်။

စစ်ကောင်စီခေါင်းဆောင်သည် စစ်ကောင်စီကို ဆန့်ကျင်သည့် ပြည်သူများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ NUG ၊ PDF နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြောင်း ထောက်လှမ်းရန်အတွက် စရခကို အားကိုးနေရသည်။

ထိုကိစ္စများထက် ပိုမိုအရေးကြီးသော ကိစ္စမှာ ရဲဝင်းဦးသည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို တပ်တွင်းပုန်ကန်မှုများမှ ကာကွယ်ပေးရာတွင် အဓိကအခန်းမှ ပါဝင်နေခြင်းဖြစ်သည်။

“ရဲဝင်းဦးဟာ ပြည်တွင်း ပြည်ပနဲ့ တပ်တွင်းက ထောက်လှမ်းရေးသတင်းတွေကို ကိုင်တွယ်တယ်” ဟု စရခ သတင်းရင်းမြစ်တခုက ပြောသည်။

အစည်းအဝေးတခုမှ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး

ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့်အတူ အစိုးရအဖွဲ့ အစည်းအဝေးအားလုံး၊ သံတမန်များနှင့် ဆွေးနွေးပွဲအားလုံးနှင့် ပြည်တွင်း ပြည်ပ ခရီးအားလုံးတွင် လိုက်ပါရသည်။ မင်းအောင်လှိုင် ယခင် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်နှင့် သွားရောက်တွေ့ဆုံစဉ်ကလည်း ရဲဝင်းဦး လိုက်ပါသွားသည်။

စရခ ဒုခေါင်းဆောင်မှာ ဗိုလ်ချုပ် တိုးရီ ဖြစ်သည်။

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
148
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
483
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
1.7k

စစ်အာဏာသိမ်းပြီးနောက် စရခကို ဌာနခွဲနှစ်ခု ခွဲလိုက်ပြီး အထက်မြန်မာနိုင်ငံဆိုင်ရာ ဌာနခွဲနှင့် အောက်မြန်မာနိုင်ငံဆိုင်ရာ ဌာနခွဲဖြစ်သည်။ အထက်မြန်မာနိုင်ငံဌာနခွဲကို ဗိုလ်ချုပ် အောင်ကျော်ကျော်က ဦးဆောင်ပြီး အောက်မြန်မာနိုင်ငံဌာနခွဲကို ဗိုလ်ချုပ် ကျော်ကျော်လွင် ဦးဆောင်သည်။

စစ်အာဏာသိမ်းပြီးနောက် စရခသည် မကောင်းဆိုးရွားဂိုဏ်းဖြစ်လာပြီး အဓိကတာဝန်ရှိသူမှာ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပင်။

You may also like these stories:

စစ်ကောင်စီ စစ်ကြောရေးတွင် သတ်ဖြတ်ခံရသူ ၃၀၀ နီးပါးရှိလာ

ဖမ်းဆီးခံရသည့် စဉ့်ကိုင်ဒေသခံများထဲမှ ၂ ဦး စစ်ကြောရေးတွင်သေဆုံး

နိုင်/ကျဉ်းတချို့ နှိပ်စက်သတ်ခံရမှု အထောက်အထားများ ရထားဟု HRW ဆို

စစ်ကြောရေးတွင် NLD ပါတီဝင်တဦး အသတ်ခံရပြန်

အရွယ်မရောက်သေးသူများအား စစ်ကောင်စီ နှိပ်စက် သတ်ဖြတ်ဟု UN ဆို

Your Thoughts …
Tags: AAPPNLDNUGPDFsစစ်ကောင်စီစစ်ကြောရေးစစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးစရခညှဉ်းပန်းနှိပ်စက်မှုမင်းအောင်လှိုင်ရဲဝင်းဉီးလိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုအရပ်သားများကို သတ်ဖြတ်မှုအာဏာသိမ်းမှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ကလေးများ ပြန်ပြောပြသော လက်ယက်ကုန်း လူသတ်ပွဲ

ကလေးများ ပြန်ပြောပြသော လက်ယက်ကုန်း လူသတ်ပွဲ

ဘီပီအိုင်ထုတ် မြွေဆိပ်ဖြေဆေးများ / Dr Khin Maung Lwin၏ facebook မှ ကူးယူဖော်ပြသည်

ကန့်ဘလူစစ်ရှောင်များ မြွေဆိပ်ဖြေဆေး ရရန် ခက်ခဲနေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved