• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာစစ်ဘေးရှောင်များကို လူသားချင်းစာနာမှု အကူအညီပေးရန် ထိုင်းစဉ်းစားနေ

by ဧရာဝတီ
19 January 2024
in သတင်း
A A
မြန်မာစစ်ဘေးရှောင်များကို လူသားချင်းစာနာမှု အကူအညီပေးရန် ထိုင်းစဉ်းစားနေ

၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်းက ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်တွင် ခိုလှုံနေသော မြန်မာဒုက္ခသည်များကို ထိုင်းတာဝန်ရှိသူများက လာတွေ့စဉ် / Royal Thai Army

707
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံသည် မြန်မာစစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများအကြား လက်နက်ကိုင် ပဋိပက္ခကြောင့် စစ်ဘေးဒဏ်ခံရသူများကို လူသားချင်းစာနာမှု အကူအညီပေးရန် စဉ်းစားနေသည်ဟု ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြသည်။

ထိုအစီအစဉ်ကိုသိသော သတင်းရင်းမြစ်များကို ကိုးကားပြီး ဘန်ကောက်ပို့စ်က ထိုင်းအာဏာပိုင်များသည် မြန်မာအကျပ်အတည်းအတွက် အဖြေရှာရန် မြန်မာစစ်ကောင်စီ ခေါင်းဆောင်များ၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲများ ကျင်းပနေသည်ဟု ဖော်ပြသည်။

ထိုင်းဝန်ကြီးချုပ် မစ္စတာ ဆက်ထာ ထဝီစင်သည် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပန်ပရီ ဘာဟစ်ဒါ နုကာရာ၊ စစ်တပ်ခေါင်းဆောင်များနှင့် ရေရှည်တွင် ထိုင်းနိုင်ငံကို အကြီးအကျယ် ရိုက်ခတ်နိုင်သည့် အိမ်နီးချင်းမြန်မာတွင် ဖြစ်ပွားနေသောပဋိပက္ခကို ဆွေးနွေးခဲ့သည်ဟု ထိုသတင်းရင်းမြစ်က ဘန်ကောက်ပို့စ်သို့ ပြောသည်။

ထိုင်းနိုင်ငံသည် မြန်မာနှင့် နယ်နိမိတ် ၂၄၀၀ ကီလိုမီတာကျော် ထိစပ်နေသည်။

မြန်မာမှ အခြေကျပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့် စစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမှ စတင်ပြီး စစ်ကောင်စီကို တိုက်ခိုက်နေသည်။ နယ်စပ်အနီးတွင် တိုက်ပွဲများဖြစ်သောအခါ ဒုက္ခသည်များ ထိုင်းနိုင်ငံသို့ ထွက်ပြေးကြသည်။

အာဏာသိမ်းပြီးနောက်တွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည် မြန်မာ့ငြိမ်းချမ်းရေးအတွက် အစီအစဉ်တခု အဆိုပြုခဲ့သော်လည်း စစ်ကောင်စီသည် ထိုအစီအစဉ်ကို မလိုက်နာပေ။ ဘုံသဘောတူညီချက် ၅ ချက်ဟုခေါ်သည့် ထိုအစီအစဉ်တွင် မြန်မာသို့ လူသားချင်းစာနာမှု အကူအညီပေးရေးလည်း ပါဝင်သည်။

ထိုင်းဝန်ကြီးချုပ် မစ္စတာ ဆက်ထာ ထဝီစင်၏ ခေါင်းဆောင်မှုအောက်တွင် ထိုင်းနိုင်ငံသည် မြန်မာမှ ထိခိုက်လွယ် လူမှုအသိုက်အဝန်းများအတွက် လူသားချင်းစာနာမှု အကူအညီပေးခြင်းဖြင့် အထက်ပါ ဘုံသဘော တူညီချက်အတွက် ဆောင်ရွက်ရန် စဉ်းစားနေသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
45
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
36
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
55

“ထိုင်းအစိုးရက နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် မြန်မာရှိ ထိခိုက်လွယ်သူတွေကို ကူညီဖို့ မြန်မာစစ်ကောင်စီနဲ့ ညှိနှိုင်းပြီး စစ်တပ်က လိုအပ်တဲ့ အထောက်အပံ့ပေးမယ်” ဟု ထိုရင်းမြစ်က ပြောကြောင်း ဘန်ကောက်ပို့စ်က ကိုးကားဖော်ပြသည်။

နှစ်နိုင်ငံ နယ်စပ်တလျှောက်မှ တိုက်ပွဲများကြောင့် နေရပ်စွန်ခွာရသည့် ပြည်သူများအတွက် လူသားချင်းစာနာမှု အကူအညီကို ကြီးကြပ်ရန် မြန်မာနှင့် ပူးတွဲလုပ်ငန်းအဖွဲ့ ထူထောင်မည်ဟု ထိုင်းနိုင်ငံက ဒီဇင်ဘာလတွင် ကြေညာသည်။

မစ္စတာ ပန်ပရီ၏ အဆိုအရ မြန်မာသည် နိုင်ငံအတွင်း တိုက်ပွဲကြောင့် ထိခိုက်သူများအတွက် သယ်ယူ ပို့ဆောင်ရေး၊ ဆေးဝါးနှင့် စားနပ်ရိက္ခာ လမ်းကြောင်းဖြစ်မည့် ဌာနသစ်တခု၏ အသေးစိတ်များကို ဆွေးနွေးရန် သူ၏ဝန်ကြီးဌာနသို့ လုပ်ငန်းအဖွဲ့တခု မစေလွှတ်သေးကြောင်း သိရသည်။

လုပ်ငန်းအဖွဲ့ဖွဲ့ရန် ကြေညာပြီးနောက် ထိုလူသားချင်းစာနာမှု လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းရာတွင် လိုအပ်နေသူများကို ကူညီရန်သာမက ထိုင်းနိုင်ငံ၏ အကျိုးစီးပွားများကို အကျိုးရှိစေရန် သေနင်္ဂဗျူဟာကျကျ စီစဉ်ရမည်ဟု ကျွမ်းကျင်သူများ သတိပေးသည်။ ထိုသို့မလုပ်လျှင် အစီအစဉ်သည် စစ်ကောင်စီက အသုံးချမည့် ခြေလှမ်းများဖြစ်လာမည့် အန္တရာယ်ရှိကြောင်း ကျွမ်းကျင်သူများ သတိပေးထားသည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ထိုင်းဗိုလ်ချုပ်ကြီး ကစ်တီဆက် ဘွန်ပရာသမ်ချိုင်နှင့် နေပြည်တော်တွင် ဇန်နဝါရီလ ၁၆ ရက်နေ့က တွေ့ဆုံသည်။ ဗိုလ်ချုပ်ကြီး ကစ်တီဆက်သည် ထိုင်းဘုရင့်တပ်မတော် စစ်ဦးစီးချုပ်ရုံး အကြံပေးအဖွဲ့ ဥက္ကဋ္ဌနှင့် စစ်တပ်စစ်ဆင်ရေးဌာန၏ အိမ်နီးချင်းနိုင်ငံများနှင့် ညှိနှိုင်းရေးဌာန အကြီးအကဲဖြစ်သည်။

၎င်းတို့သည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ပူးပေါင်းဆောင်ရွက်မှု၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်တလျှောက် အကြမ်းဖက်မှု တိုက်ဖျက်ရေးတို့ကို ဆွေးနွေးသည်ဟု စစ်ကောင်စီမီဒီယာက ဖော်ပြသည်။ ထိုသတင်းများတွင် လူသားချင်းစာနာမှု အကူအညီပေးရေးသည် ဆွေးနွေးမှုများတွင် ပါဝင်သည်ဟု မဖော်ပြပေ။

ဘန်ကောက်ပို့စ်တွင် မကြာသေးမီက ရေးသားသည့် အတွေးအမြင်ဆောင်းပါး၌ မစ္စတာ ပန်ပရီက “ဒီလကုန်ရင် နှစ်နိုင်ငံ အလုပ်အဖွဲ့အစည်းအဝေးကို ကျနော်တို့ ကျင်းပပြီး ဒီအားထုတ်မှုတွေ အမြန်ဆုံးစတင်ဖို့ မျှော်လင့်တယ်” ဟု ပြောခဲ့သည်။

“လူသားချင်းစာနာမှု အကူအညီပေးရေးကို စောင့်ကြည့်လေ့လာဖို့ အာဆီယံ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှု ညှိနှိုင်းရေးဌာန (AHA) ကို ဖိတ်ခေါ်ဖို့ ကျနော်တို့ အဆိုပြုထားတယ်” ဟုလည်း ၎င်းက ပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Thailand Mulls Providing Humanitarian Aid to Victims of War in Myanmar: Report ကို ဘာသာပြန်သည်။)

You may also like these stories:

မြန်မာစစ်တပ်ရန်မှ ကာကွယ်ပေးရန် ထိုင်းအရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

လူသားချင်းစာနာမှု အကူအညီများ စစ်ကောင်စီသို့ မပေးရန် NUG နှင့် မဟာမိတ်များ ကန့်ကွက်

မြန်မာအရေးနှင့် ထိုင်းဝန်ကြီးချုပ်သစ် အဆက်ပြတ်နေသည်

NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

မြန်မာ့စစ်မီး ဟပ်ခံရတဲ့ ထိုင်းနယ်စပ်ရွာလေး

Your Thoughts …
Tags: စစ်ကောင်စီစစ်ဘေးရှောင်စစ်အာဏာသိမ်းမှုတော်လှန်ရေးအင်အားစုထိုင်းဒုက္ခသည်ဘုံသဘောတူညီချက် ၅ ချက်အာဆီယံ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
သေနတ်မောင်းတင်ထားသည့် ဟိုင်ဂင် အပစ်ရပ် သဘောတူညီချက်

သေနတ်မောင်းတင်ထားသည့် ဟိုင်ဂင် အပစ်ရပ် သဘောတူညီချက်

လောက်ကိုင်တွင်လက်နက်ချခဲ့သည့် ဗိုလ်မှူးချုပ်​များနေရာ အစားထိုးခန့်အပ်

လောက်ကိုင်တွင်လက်နက်ချခဲ့သည့် ဗိုလ်မှူးချုပ်​များနေရာ အစားထိုးခန့်အပ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved