• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သေနတ်မောင်းတင်ထားသည့် ဟိုင်ဂင် အပစ်ရပ် သဘောတူညီချက်

by ဧရာဝတီ
19 January 2024
in သတင်း
A A
သေနတ်မောင်းတင်ထားသည့် ဟိုင်ဂင် အပစ်ရပ် သဘောတူညီချက်

TNLA တိုက်ခိုက်သိမ်းပိုက်လိုက်သည့် နမ့်ခမ်းမြို့ စခန်းသစ်ကုန်း မြင်ကွင်းများ (ဓာတ်ပုံ - မိုင်းခြိူဝ်းဇာရ်)

4.9k
VIEWS
Share on FacebookShare on Twitter

တရုတ်နိုင်ငံကြားဝင်စေ့စပ်မှုဖြင့် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား အပစ်အခတ်ရပ်စဲမှု ပြုလုပ်ထားသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း၏ မြေပြင်အခြေအနေမှာ သေနတ် ပြန်မပေါက်ဖို့ အာမခံချက် မရှိပေ။

မြောက်ပိုင်းမဟာမိတ်တပ်များသည် ဇန်နဝါရီလ ၁၁ ရက်နေ့က စပြီး ရောက်ရှိနေသည့် နေရာများတွင် ဆက်မတိုက်ဘဲ ရပ်ထားကြသည်။ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ကျန်ရှိနေသေးသည့် စစ်ကောင်စီ၏ လက်ကျန် တပ်များသည်လည်း တပ်အပြင် ခေါင်းမထွက်ရဲသည့် အခြေအနေဖြစ်သလို မြောက်ပိုင်းမဟာမိတ်တပ်များကလည်း သေနတ်မောင်းတင်ပြီး စောင့်ကြည့်နေသည့် အနေအထားဖြစ်သည်။

ညီနောင် မဟာမိတ် အဖွဲ့၏ ထုတ်ပြန်ချက်အရ အပစ်ရပ်သဘောတူမှု ပြုလုပ်ပြီးနောက်ပိုင်း ၎င်းတို့နှင့် မြေပြင်တိုက်ပွဲများ မရှိသေးသော်လည်း စစ်ကောင်စီက လက်နက်ကြီးဖြင့် ကျေးရွာများဘက်သို့ ပစ်ခတ်တိုက်ခိုက်မှုများရှိနေသည်ဟု ဆိုသည်။

“၁၀၂၇ စစ်ဆင်ရေး” ၇၇ ရက်မြောက်နေ့ဖြစ်သည့် ဇန်နဝါရီ ၁၁ ရက်နေ့တွင် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီအကြား တရုတ် နိုင်ငံ၊ ကူမင်းမြို့တွင် တွေ့ဆုံပြီးနောင် နှစ်ဖက်အပစ်အခတ်ရပ်စဲထားရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။

ထိုအပစ်ရပ်သဘောတူပြီးနောက် ရှမ်းပြည်မြောက်ပိုင်းဒေသတွင် ညီနောင်မဟာမိတ်သုံးဖွဲ့၏ မြေပြင်ထိုးစစ်ဆင်မှုများ ရပ်တန့်နေခဲ့သော် လည်း ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)ပူးပေါင်းကာ နမ့်ဖက်ကာ၊ မိုးမိတ်တို့တွင် ထိုးစစ်ဆင်သကဲ့သို့ နောင်ချို၊ မိုးကုတ်တို့တွင်လည်း စစ်ရေးလှုပ်ရှားမှုများ ဆက်ရှိနေသည်။

KIA သည် ဒီဇင်ဘာနောက်ဆုံးပတ်ကတည်းက ထိုးစစ်ဆင်နေသည့် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာကျေးရွာရှိ စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ- ၁၂၃ တပ်အား အရှိန်မြှင့်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ယနေ့အထိ နှစ်ဖက်တိုက်ပွဲများပြင်ထန်နေသည်။

နမ့်ဖက်ကာတိုက်ပွဲတွင် စစ်ကောင်စီ၏ ဂျက်ဖိုက်တာတိုက်လေယာဉ်တစင်းအား ဇန်နဝါရီ ၁၆ ရက်နေ့က ပစ်ချနိုင်ခဲ့ပြီး တိုက်လေယာဉ်မှူး နှစ်ဦးသေဆုံးခဲ့သည်။ ထိုပစ်ချခံရသည့် တိုက်လေယာဉ်သည် တရုတ်နိုင်ငံထုတ် FTC 2000G အမျိုးအစားဖြစ်ကြောင်း လွတ်လပ်သော သတင်းဌာနများက ဖော်ပြထားသည်။

KIA ဘက်ကမူ ပစ်ချလိုက်သည့် လေယာဉ်အမျိုးအစားနှင့် ဖြစ်စဉ်အသေးစိတ်အား ထုတ်ဖော်ပြောဆိုခြင်းမရှိသေးဘဲ လက်ရှိတွင် လေ ယာဉ်ပျက်ကျရာနေရာသို့ KIA အနေဖြင့် နယ်မြေရှင်းလင်းရေးမလုပ်နိုင်သေးသည့်အပြင် စစ်ကောင်စီဘက်က ဇန်နဝါရီ ၁၆ ရက်ညပိုင်း၌ စစ်ကြောင်းထိုးလာသည့်အတွက် ကြားဖြတ်တိုက်ခိုက်ခဲ့သေးကြောင်း KIA ပြောခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

TNLA တိုက်ခိုက်သိမ်းပိုက်လိုက်သည့် နမ့်ခမ်းမြို့ စခန်းသစ်ကုန်း မြင်ကွင်းများ (ဓာတ်ပုံ – မိုင်းခြိူဝ်းဇာရ်)

၎င်းက “ နမ့်ဖက်ကာမှာရှိတဲ့ စစ်တပ်ကို အပြီးတိုင်သိမ်းနိုင်ခြင်းမရှိသေးဘူး၊ ဆက်ပြီးတော့မှ တိုက်ပွဲဝင်ဖို့ အဆင့်သင့်ဖြစ်တယ်၊ စောင့် ကြည့်နေတဲ့အနေအထားပေါ့၊ ပျက်ကျတဲ့လေယာဉ်ရဲ့ နေရာကိုလည်း သွားဖို့အဆင်မပြေသေးဘူး” ဟု ပြောသည်။

နမ့်ဖက်ကာထိုးစစ်ဆင်မှုနှင့်တပြိုင်နက် မိုးမိတ်မြို့သိမ်းတိုက်ပွဲကိုလည်း ယနေ့ ဇန်နဝါရီ ၁၈ ရက်နေ့ မနက်ပိုင်းကစတင်ပြီး KIA နှင့် ရှမ်း မြောက်အခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မိုးမိတ်ခရိုင် K-PDF တပ်ရင်းတို့က တိုက်ခိုက် လျက်ရှိသည်။

တိုက်ပွဲတွင် မိုးမိတ်ရဲစခန်းနှင့် ရွှေဇာလီဘက်ရှိ တပ်စခန်းတခုတို့အား KIA ပူးပေါင်းအဖွဲ့က ထိန်းချုပ်နိုင်ခဲ့ပြီး ကျန်ရှိသည့် တပ်စခန်းနှင့် ဗျူဟာကုန်းအား ဆက်လက်တိုက်ခိုက်နေကြောင်း ဒေသတွင်းသတင်းများက ဖော်ပြထားသော်လည်း KIA ဘက်က အတည်ပြုပြောဆို ခြင်းမရှိသေးပေ။

KIA ပူးပေါင်းအဖွဲ့သည် မိုးမိတ်မြို့အား ဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှု များ ပြုလုပ်နေကြောင်း မိုးမိတ်ဒေသခံတဦးက ဧရာဝတီသို့ပြောသည်။

မိုးမိတ်မြို့အား ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း ဇန်နဝါရီ ၁ ရက်နေ့က မိုးမိတ်မြို့နယ်၊ မန်ပတ်ကျေးရွာ ဘုရားတောင်ကုန်းရှိ တပ်စခန်းနှင့် ဇန်နဝါရီ ၁၁ ရက်နေ့တွင် အုန်းချောရွာသစ် ရေအားလျှပ်စစ်ဓာတ်အားခွဲရုံတို့အား သိမ်းပိုက်နိုင်ခဲ့ကြောင်း မိုးမိတ်ခရိုင် K-PDF တပ်ရင်းက ပြောထားသည်။

ရှမ်းမြောက်ဒေသတွင် ညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့် အပစ်အခတ်ရပ်စဲထားချိန်းတွင် နိုင်ငံရေးမဟာမိတ်ဖြစ်သော KIA အနေဖြင့် ရှမ်း မြောက်ဒေသတွင်း ထိုးစစ်အရှိန်မြှင့်လာခြင်းဖြစ်သည်။

ဗိုလ်မှူးကြီးနော်ဘူက “ သူတို့(ညီနောင်မဟာမိတ်အဖွဲ့) အပစ်အခတ်ရပ်စဲရေးလုပ်တာတော့ ကြားပါတယ်၊ စာချုပ်စာတမ်းထဲပါတဲ့ အချက် အလက်တွေတော့ မသိရပါဘူး၊ ကျနော်တို့အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို ဆက်လုပ်နေတာပါ” ဟု ပြောသည်။

TNLA တိုက်ခိုက်သိမ်းပိုက်လိုက်သည့် နမ့်ခမ်းမြို့ စခန်းသစ်ကုန်း မြင်ကွင်းများ (ဓာတ်ပုံ – မိုင်းခြိူဝ်းဇာရ်)

KIA နှင့် ယာယီအပစ်ရပ်ထားသော ညီနောင်မဟာမိတ်သုံးဖွဲ့သည် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC)အဖွဲ့ဝင် နိုင်ငံရေးမဟာမိတ်များဖြစ်ပြီး လက်ရှိ KIA က ထိုးစစ်ဆင်နေသည် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာနှင့် မိုးမိတ်မြို့နယ်တို့တွင် ညီနောင်မဟာ မိတ်အဖွဲ့ဝင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တပ်များလည်း လှုပ်ရှားမှုရှိသည်။

လက်ရှိရရှိထားသော ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီအကြား အပစ်အခတ်ရပ်စဲသဘောတူညီချက်သည်ပင်လျှင် မြေပြင်ထိုးစစ် များအား အရှိန်လျော့ကျစေသော်လည်း အငြင်းပွားမှုများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများရှိနေဆဲဖြစ်သည်။

အပစ်ရပ်သဘောတူညီချက်သည် ရှမ်းမြောက်ဒေသရှိ စစ်တပ်စခန်းကုန်းများအား ညီနောင်မဟာမိတ်အဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခြင်း မလုပ်ရန်နှင့် စစ်ကောင်စီဘက်ကလည်း ရှမ်းမြောက်ဒေသရှိ ညီနောင်မဟာမိတ်သုံးဖွဲ့က ထိန်းချုပ်သိမ်းပိုက်ထားသော နေရာများအား လေကြောင်း၊လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းမပြုရန်ဖြစ်သည်။

ထို့အပြင် တရုတ်-မြန်မာနယ်စပ်ရှိ တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံအတွင်းရှိ တရုတ်ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လုံခြုံရေးအား မထိခိုက် စေရန် နှစ်ဖက်အဖွဲ့အစည်းများ သဘောတူခဲ့ကြသည်ဟု ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်ထားသည်။

“ရှမ်းမြောက်ဒေသအတွင်း မိမိတို့နှင့် စစ်ကောင်စီအကြား ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကို ရပ်တန့်စေရမည့် အပစ်အခတ်ရပ်စဲရေးကို ရှောင်လွှဲမရသည့် အနေအထားအောက်တွင် ပြုလုပ်ခဲ့ရသည်” ဟု အပစ်အခတ်ရပ်စဲရေး နှစ်ရက်မြောက်နေ့တွင် ညီနောင်မဟာမိတ်အဖွဲ့ က ထုတ်ပြောသည်။

ထို့အပြင် စစ်ကောင်စီအနေဖြင့် ရရှိထားသည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အား ချိုးဖောက်ကာ နမ့်ဆန်၊ နမ္မတူ၊ ကျောက်မဲ၊ ကွတ်ခိုင်၊ လားရှိုး၊ မိုးကုတ်၊ နောင်ချိုမြို့နယ်တို့အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားကျေးရွာများနှင့် TNLA တပ်ဖွဲ့ဝင်များရှိရာ နေရာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း TNLA က ပြောထားသည်။

အပစ်ရပ်သဘောတူညီမှုအပြီး ဇန်နဝါရီ ၁၃ ရက်နေ့တွင် ကျောက်မဲမြို့အနီး TNLA တပ်စွဲထားသည့် ငြိမ်းချမ်းရေးကုန်းအား စစ်ကောင်စီ က ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဆုတ်ခွာပေးခဲ့ရသည့်အပြင် ဇန်နဝါရီ ၁၆ ရက်နေ့ကလည်း ကိုးကန့်ဒေသအတွင်း ကျန်ရှိနေသည့် စစ် ကောင်စီတပ်ဖွဲ့ဝင်အချို့က ကချင်တောင်အနီးရှိ MNDAA တပ်စွဲထားရာနေရာသို့ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းလည်း ညီနောင်မဟာမိတ်အဖွဲ့က ပြောထားသည်။

TNLA တိုက်ခိုက်သိမ်းပိုက်လိုက်သည့် နမ့်ခမ်းမြို့ စခန်းသစ်ကုန်း မြင်ကွင်းများ (ဓာတ်ပုံ – မိုင်းခြိူဝ်းဇာရ်)

အပစ်ရပ်သဘောတူညီမှုချိုးဖောက်ကာ တိုက်ခိုက်နေကြောင့် ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထုတ်ပြန်ချက်များနှင့်ပတ်သက်ပြီး စစ်ကောင်စီ ဘက်က တုံ့ပြန်ပြောဆိုခြင်းတော့ မရှိသေးပေ။

အရပ်သားပစ်မှတ်ထားသော စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် လူထု၏ထိခိုက်နစ်နာမှု မြှင့်မားလာသည့်နှင့်အမျှ စစ်ရေးအရ ပိုမိုတင်းမားသည့်အခြေအနေဖြစ်လာနိုင်ပြီး အပစ်ရပ်စဲရေး သဘောတူညီမှုမှာလည်း အချိန်တိုအတွင်း ပယ်ပျက်သွားနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောသည်။

၎င်းက “သူတို့(စစ်ကောင်စီ)ဘာတွေပဲ သဘောတူညီလာလာ၊ သူ့တပ်တွေက အခွင့်အရေးရရင် ရသလောက် လေကြောင်းထိုးစစ်ရော၊ အမြောက်နဲ့ ပစ်ခတ်မှုရောလုပ်တဲ့အတွက် ပြည်သူလူထုရဲ့ ထိခိုက်နစ်နာမှုတွေ မြင့်တက်လာတယ်။ အဲဒီလိုမြင့်တက်လာတဲ့အခြေအနေက တင်းမာမှုကို ပိုပြီးတော့ဆိုးဝါးစေမှာ။ ဒါကြောင့် ဒီသဘောတူညီချက်ဟာ အဓိပ္ပါယ်လည်းမရှိ ရေရှည်လည်းမခံနိုင်တဲ့ ကိစ္စဖြစ်ပါတယ်” ဟု ပြောသည်။

တရုတ်နိုင်ငံ၏ ဖိအားပေးမှုကြောင့် ပေါ်ပေါက်လာသည့် အပစ်ရပ်ရေးသည် လက်တွေ့တွင် ခိုင်မာသည့်နယ်မြေပိုင်းခြားမှုသဘောတူ ညီချက်များလည်း မပါရှိသည့်အတွက် ထိုကဲ့သို့ ပစ်ခတ်မှုများ၊ အငြင်းပွားမှုများရှိနေမည်ဖြစ်သော်လည်း လတ်တလောတွင် ညီနောင် မဟာမိတ် သုံးဖွဲ့နှင့် ထိုးစစ်ဆင်တိုက်ပွဲကြီးများ ဖြစ်လာနိုင်ဖွယ်မရှိသေးကြောင်း စစ်ရေးလေ့လာသူတဦးက သုံးသပ်သည်။

၎င်းက “ ကိုးကန့်(MNDAA)ရော TNLA ရောက သိမ်းပြီးတဲ့နယ်မြေတွေကို အုပ်ချုပ်ရေးစနစ်ထူထောင်ဖို့လိုတယ်။ အချိန်တခုလိုတယ်။ တရုတ်ဖိ အားကြောင့် မဖြစ်မနေအပစ်ရပ်ရတဲ့အခြေအနေကို အသုံးချမှာပေါ့။ နောက်တခုက စစ်တပ်က ပြန်လည်ထိုးစစ်မဆင်နိုင်သေး တဲ့အတွက်ကြောင့်မလို့ တိုက်ပွဲတော့ မဖြစ်နိုင်သေးဘူးပြောတာဖြစ်တယ်။ စစ်ကောင်စီတပ်သာ ပြန်လှန်ထိုးစစ်ဆင်နိုင်တဲ့အခြေအနေရှိ ရင် မုချပြန်တိုက်ကြလိမ့်မယ်”ဟု ပြောသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
416
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
149
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
63

လက်ရှိတွင် MNDAA အနေဖြင့် ကိုးကန့်ဒေသတွင်း စစ်ကောင်စီနှင့် ဒေသဦးစီးအဖွဲ့ဟောင်းတို့က ထုတ်ပြန်ခဲ့သည့် စစ်အုပ်ချုပ်ရေး အပါ အဝင် အမိန့်ဥပဒေများအား ပယ်ဖျက်ကြောင်းကြေညာကာ အုပ်ချုပ်ရေးလုပ်ငန်းများဖော်ဆောင်နေသည့်အပြင် TNLA ကလည်း သိမ်း ပိုက်ထားသည့် မြို့များတွင် အုပ်ချုပ်ရေးယန္တရားများ ဖော်ဆောင်နေပြီဖြစ်သည်။

TNLA တိုက်ခိုက်သိမ်းပိုက်လိုက်သည့် နမ့်ခမ်းမြို့ စခန်းသစ်ကုန်း မြင်ကွင်းများ (ဓာတ်ပုံ – မိုင်းခြိူဝ်းဇာရ်)

ထိုသို့ သိမ်းပိုက်နယ်မြေများတွင် ညီနောင်မဟာမိတ်အဖွဲ့၏ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးဖော်ဆောင်မှုများအား စစ်ကောင်စီဘက် နည်းမျိုးစုံဖြင့် အနှောက်အယှက်ပေးကာ စစ်ရေးပြင်ဆင်မှုများပြုလုပ်နိုင်ကြောင်းလည်း CDM ဗိုလ်ကြီးတဦးဖြစ်သူ ကိုလင်းထက်အောင် သတိပေးသည်။

၎င်းက “စစ်တပ်အနေနဲ့ အပစ်အခတ်ရပ်စဲတဲ့ကာလတွေမှာ နယ်မြေထိန်းချုပ်ရေးကိစ္စတွေ၊ ခံစစ်ပြင်ဆင်တဲ့ကိစ္စတွေ၊ တဖက်ရဲ့ စစ်ပြင် ဆင်မှုတွေကို နှောက်ယှက်မယ့်ကိစ္စတွေ လုပ်လေ့လုပ်ထရှိတယ်။ ညီနောင်မဟာမိတ်သုံးဖွဲ့ရရှိထားတဲ့ မြို့တွေ၊ အုပ်ချုပ်ရေးတွေ တခြားသော တရားဥပဒစေိုးမိုးရေးဆိုင်ရာ ကိစ္စရပ်တွေလုပ်တဲ့အခါ စစ်ရေးအရမဟုတ်တောင် အနှောက်အယှက်တွေ အများကြီးပေးမှာသေချာတယ်။ စစ်တပ်ရဲ့ ချိုးဖောက်မှုတွေ တခုပြီးတခုဖြစ်လာမယ်လို့ မြင်မိပါတယ်” ဟု ပြောသည်။

ထို့ပြင် ရှမ်းမြောက်ဒေသတွင်စစ်ရှုံးနေသည့် စစ်ကောင်စီအနေဖြင့် နယ်မြေပေါင်းစုံတွင် ယခုထက်ပိုမို ရှုံးနိမ့်မည့်အနေအထားရှိသည့် အတွက် တော်လှန်ရေးတပ်ဖွဲ့အသီးသီးအနေဖြင့် စစ်ကောင်စီအား တတ်နိုင်သမျှ တောက်လျောက်ဖိအားပေးနေဖို့ လိုကြောင်းလည်း ၎င်းက တိုက်တွန်းသည်။

လတ်တလောတွင် ညီနောင်မဟာမိတ်အဖွဲ့အနေဖြင့် ရှမ်းမြောက်ဒေသတွင် ထိုးစစ်ဆင်မှုများဖော်ဆောင်ခြင်းမရှိသော်လည်း ထိုဒေသ တွင်း KIA ဦးဆောင်သော ထိုးစစ်ဆင်မှုများ ပေါ်ပေါက်လာပြီး တိုက်ပွဲများငြိမ်သက်သွားခြင်းမရှိပေ။

ထို့အပြင် စစ်ကောင်စီအနေဖြင့်လည်း ရှမ်းပြည်မြောက်ပိုင်ရှိ ညီနောင်မဟာမိတ်အဖွဲ့နှင့် ကြီးမားသည့် မြေပြင်တိုက်ပွဲမရှိသော်လည်း အဖွဲ့ဝင်ဖြစ်သည့် ရက္ခိုင့်တပ်တော်(AA)နှင့် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများပြင်ထန်နေသည့် လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တိုက် ခိုက်မှုများ တိုးမြှင့်ပြုလုပ်လျက်ရှိသည်။

ထို့ကြောင့် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီကြား အပစ်ရပ်သဘောတူညီချက်သည် အပြန်အလှန် ပစ်ခတ်အငြင်းပွားမှုများဖြင့် ကျိုးပျက်သွားသွားနိုင်ပြီး ညီနောင်မဟာမိတ်သုံးဖွဲ့နှင့်အတူ PDF များ ပူးတွဲတိုက်ပွဲဝင်နေသည့် ဒေသများတွင် ထိုးစစ်ဆင်မှုများ တိုးမြှင့် လာနိုင်ကြောင့် နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။

ဦးသိန်းစိုးနိုင်က “ မကြာခင် ပြင်ဦးလွင်နဲ့ မန္တလေးတိုင်းကို စစ်ရေးအရ တိုက်ခိုက်မှုတွေ ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြော သည်။

ညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့်လည်း အပစ်အခတ်ရပ်စဲပြီး ၅ ရက်မြောက်နေ့တွင် “၁၀၂၇ စစ်ဆင်ရေး”နှင့်အတူ စစ်ရေး၊ နိုင်ငံရေးရည် မှန်းချက်များအတိုင်း ဆက်လက်အကောင်အထည်ဖော်လျက်ရှိကြောင်း ထုတ်ဖော်ပြောထားသည်။

Your Thoughts …
Tags: AAMNDAATNLAဟိုင်ဂင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post
လောက်ကိုင်တွင်လက်နက်ချခဲ့သည့် ဗိုလ်မှူးချုပ်​များနေရာ အစားထိုးခန့်အပ်

လောက်ကိုင်တွင်လက်နက်ချခဲ့သည့် ဗိုလ်မှူးချုပ်​များနေရာ အစားထိုးခန့်အပ်

မိုးမိတ်တိုက်ပွဲ ပြင်းထန် မြို့အဝင်အထွက် စစ်တပ် ပိတ်ဆို့

မိုးမိတ်တိုက်ပွဲ ပြင်းထန် မြို့အဝင်အထွက် စစ်တပ် ပိတ်ဆို့

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved