• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

ဖာပွန် ခလရ ၁၉ နှင့် စစန ၆၄၂ တို့ကို KNU သိမ်းပိုက်

by ဧရာဝတီ
31 March 2024
in သတင်း
A A
ဖာပွန် ခလရ ၁၉ နှင့် စစန ၆၄၂ တို့ကို KNU သိမ်းပိုက်

ဖာပွန်မြို့ရှိ စစ်ကောင်စီတပ်စခန်းများ သိမ်းဆည်းရရှိထားစဉ်/ CJ

4.8k
VIEWS
Share on FacebookShare on Twitter

ကရင်ပြည်နယ်၊ ဖာပွန်မြို့ရှိ ခလရ ၁၉၊ စစ်လက်နက်ပစ္စည်းတပ် (စစန) ၆၄၂ တပ်စခန်းများကို ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ပူးပေါင်းတပ်များက မတ်လ ၃၀ ရက်တွင် သိမ်းပိုက်ရရှိထားပြီး ဗျူဟာကုန်းအပါအဝင် လက်ကျန်တပ်ရင်းများအား ဆက်လက် ထိုးစစ်ဆင်နေကြောင်း သိရသည်။

ဖာပွန်မြို့ရှိ စစ်ကောင်စီတပ်ရင်းများရှိရာလမ်းကြောင်းများကို ဝိုင်းရံပိတ်ဆို့ပြီးနောက် ထိုးစစ်ဆင်နေသည်မှာ ၁၀ ရက် ကျော်ပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ စစ်ဆင်ရေးနှင့် ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ မူတြော်သစဥ်ကလည်း ဖာပွန် မြို့တောင်ဘက်တွင် အခြေချသည့် စဗခ (၁) ရတခ လက်အောက်ခံ တပ်ရင်းစခန်းများ တည်ရှိရာ မယ်တရိုး၊ ဝေမှုံ၊ တံ ခွန်တိုင်၊ ဝေဆာတို့နှင့် ကူးလူးဆက်သွယ်ရေးလမ်းအားလုံးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များက မတ်လ ၁၉ ရက်မှစပြီး ပိတ်ဆို့ဖြတ်တောက်ထားကြောင်း ထုတ်ပြန်သည်။

ကေအဲန်ယူတပ်မဟာ ၅ ရှေ့တန်းသတင်းအရင်းအမြစ်က “ပစ္စည်းက လက်နက်ငယ်ချည်းပဲ ၁၀၀ ကျော်လောက် ရရှိထားတယ်။ ပွိုင့်ဖိုက် ၂ လက်နဲ့ လက်နက်ကြီး ၂ လက်၊ တပ်ရင်းတရင်း တရင်း သိမ်းရင်တော့ အဲဒါတွေက ပုံမှန် ရပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဖာပွန်အခြေစိုက်ဗျူဟာနှင့် ခမရ ၃၄၀၊ ၃၄၁၊ ၄၃၄ တပ်များကျန်ရှိနေပြီး စစ်ကောင်စီက Y 12 လေ ယာဥ်ဖြင့် ဗုံးသီးများ တောက်လျောက် ကြဲချ၍ စစ်ကူပေးနေသည်။

ဖာပွန်မြို့ရှိ စစ်ကောင်စီတပ်စခန်းများ သိမ်းဆည်းရရှိထားစဉ်/ CJ

ကေအဲန်ယူ တပ်မဟာ ၅ ရှေ့တန်းသတင်းအရင်းအမြစ်က “အဲဒီ Y 12 က ၁၉ ၊ ၂၀ ထဲက လာကြဲနေတာ အခုထိပဲ။ နေ့ ဘက်၊ ညဘက် လာတယ်။ သူက တခါလာရင် ၃ နာရီ၊ ၄ နာရီလောက်ကြာတယ်။ ဗုံးကြဲတယ် အသားကုန်ပဲ” ဟု ပြော သည်။

လက်ရှိ ထိုးစစ်ဆင်နေသည့်တပ်ရင်းများနှင့် သိမ်းပိုက်ရရှိထားသော တပ်ရင်းများသည် ဖာပွန်မြို့ပြင်မှ တမိုင်၊ နှစ်မိုင် ခန့် အကွာအဝေးတွင်ရှိပြီး မြို့ထဲရှိ စစ်ကောင်စီ တပ်စွဲထားသည့်နေရာများကို အစောပိုင်းရက်များကတည်းက ပူးပေါင်း တပ်များ သိမ်းပိုက်ရရှိထားသည်ဟု သိရသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
32
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
26
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
208
ဖာပွန်မြို့ရှိ စစ်ကောင်စီတပ်စခန်းများ သိမ်းဆည်းရရှိထားစဉ်/ CJ

ကာကွယ်ရေး ရဲဘော်တဦးက “မြို့ ပေါ်မှာက စကစတွေ မရှိတော့ဘူး။ မြို့က တပ်မဟာ ၅ အောက် ပြန်ရောက်သွားပြီ” ဟု ပြောသည်။

ဖာပွန်မြို့ စစ်ဆင်ရေးအတွင်း ပူးပေါင်းတပ်များက မြို့ပေါ်ဒေသခံများကို ရပ်ကွက်၂ မြို့မရွှေကျောင်း၌ စုဝေးစေ၍ ပြီးခဲ့သောရက်ပိုင်းတွင် ကားများဖြင့် ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့သည်ဟု ရပ်ကွက် ၂ ၌ ဆွေမျိုးများရှိနေသည့် ဒေသခံအမျိုးသမီးတဦးက ပြောသည်။

ဖာပွန်မြို့ရှိ စစ်ကောင်စီတပ်စခန်းများ သိမ်းဆည်းရရှိထားစဉ်/ CJ

၎င်းက “ကမမောင်းမြို့ဘက်ကို ရွှေ့ပေးတယ်လို့သိရတယ်။ လမ်းကဘယ်လမ်းကြောင်းက လာလဲတော့ မသိရသေးဘူး။ ဖုန်းက ကမမောင်းရောက်မှရမှာဆိုတော့ အဆက်အသွယ်က အခုထိမရသေးဘူး” ဟု ပြောသည်။

ဖာပွန်မြို့ အနောက်ဘက်ခြမ်းရပ်ကွက်အပါအဝင် ရပ်ကွက် ၅ ခု၊ ဒေသခံ ၄၀၀၀ နီးပါးရှိပြီး မြို့တွင်း၌ ပိတ်သူများ ရှိနေသည့်သတင်းများ မကြားရဟု ၎င်းက ပြောသည်။

ဖာပွန်မြို့ရှိ စစ်ကောင်စီတပ်စခန်းများ သိမ်းဆည်းရရှိထားစဉ်/ CJ

ဖာပွန်မြို့ အစောပိုင်း စစ်ဆင်ရေးရက်များ၌ စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်း များနှင့် ဒရုန်းဗုံးသီးများကြဲချခြင်းများ ဆက်တိုက်ပြုလုပ်သဖြင့် အရပ်သားပြည်သူ ၂ ဦး ထိခိုက်သေဆုံးမှုရှိခဲ့သလို နေအိမ်များလည်း ပျက်စီးခဲ့ရကြောင်း မူတြော်သတင်းစဥ်က မတ်လ ၂၆ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။

Your Thoughts …
Tags: KNUခလရ ၁၉ဖာပွန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

by ဧရာဝတီ
24 January 2024
21.8k

ဇန်နဝါရီ ၂၁ ရက်မှစတင်ကာ BGF တပ်များအနေဖြင့် စစ်တပ်နှင့်ပူးတွဲစစ်ဆင်ရေးဝင်နေသည့် ရှေ့တန်းစခန်းများမှ ပြန်လည်ဆုတ်ခွာခဲ့ကာ ဌာနချုပ်ရှိရာ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ဒေသနှင့် တပ်ရင်းစခန်းများတွင် ပြန်လည်စုဖွဲ့ထားပြီး တစုံတရာ ထပ်မံ ညွှန်ကြားမှု မရှိသေးကြောင်း

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

by ဧရာဝတီ
27 August 2023
20.8k

တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

စစ်ကောင်စီ ရဟတ်ယာဉ် KNU ပစ်ချ၊ လိုက်ပါလာသည့် ၄၄ တပ်မမှူး သေဆုံး

စစ်ကောင်စီ ရဟတ်ယာဉ် KNU ပစ်ချ၊ လိုက်ပါလာသည့် ၄၄ တပ်မမှူး သေဆုံး

by ဧရာဝတီ
29 January 2024
17.6k

တပ်မ ၄၄ ၏ တပ်မမှူးအသစ် ဗိုလ်မှူးကြီး အေးမင်းနောင်သည် သင်္ကန်းညီနောင်ဗျူဟာသို့ လာရောက် မည့်သတင်းကို ရရှိထားသည့်အတွက် ကော်ဘရာစစ်ကြောင်းမှ အချိန်ယူ၍ အသင့်စောင့်ဆိုင်းခဲ့ပြီး ပစ်ချနိုင်ခဲ့ခြင်း

Next Post
စက်ယန္တရားဖြင့် ရှေးဟောင်းကန်များ တူးဖော်ခြင်းက ပုဂံအမွေအနှစ်ကို ထိခိုက်

စက်ယန္တရားဖြင့် ရှေးဟောင်းကန်များ တူးဖော်ခြင်းက ပုဂံအမွေအနှစ်ကို ထိခိုက်

ပြည်သူများ၏ မတူသော စိတ်ကူးနှင့် ရန်ကုန်က အိမ် ၂ အိမ်

ပြည်သူများ၏ မတူသော စိတ်ကူးနှင့် ရန်ကုန်က အိမ် ၂ အိမ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

19 hours ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved